MC Foundation Library_NTL

MC Foundation Library_NTL

Share

Photos from MC Foundation Library_NTL's post 24/01/2021

ယနေ့ TAG သင်တန်းတွင် နတ်တလင်းမြို့ Nobel Care Education Center မှ Founder & Principal ဖြစ်သူ Teacher May@ ဆရာမ ဒေါ်မေသန္တာဦးမှ " အမျိုးသမီးများအတွက် ပညာရေးနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ " ခေါင်းစဉ်ဖြင့် TAG သင်တန်းသူများကို လာရောက် ဟောပြောဆွေးနွေးပေးပါတယ်။
ယခုလို ကျွန်တော်တို့ရဲ့ MC Foundation Library သို့
လာရောက်‌ေဟာ‌ေပြာဆွေးနွေးပေးပါသော ဆရာမကို
TAG သင်တန်းသူများကိုယ်စားနှင့် စာကြည့်တိုက်ကော်မတီက
ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဆရာမ၏ ပညာရေးလုပ်ငန်းများနှင့် ပရဟိတဆောင်ရွက်ချက်များလည်း ယခုထက်မက ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းလည်းတောင်းအပ်ပါသည်။
ဆရာမသည် နတ်တလင်းမြို့တွင် Education Center တစ်ခု ဖွင့်လှစ်ထားပြီး မူကြိုက‌ေလးသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများကို ဦးဆောင်သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အဆင့်ပညာတက်ရောက်သင်ယူရန် အခက်အခဲရှိသူများကို ကူညီထောက်ပံ့‌ေပး‌ေနသူလည်းဖြစ်ပါသည်။ ထို့အပြင် နတ်လင်းမြို့နယ်တွဲလက်များပရဟိတအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ပရဟိတလုပ်ငန်းများအပြင် နတ်လင်းမြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါသည်။



#တွဲလက်များပရဟိတအဖွဲ့

Photos from MC Foundation Library_NTL's post 16/01/2021

မြို့နယ် ပြန်/ဆက် ဦးစီးဌာမှူးမှ TAG သင်တန်းသူများနှင့်
စာကြည့်တိုက်တွင်တွေ့ဆုံးပြီး သတင်းရယူပေးခဲ့ပါတယ်။
သင်တန်းဖွင့်ပွဲတွင်လည်း စာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းပေးခဲ့ပြီး စာကြည့်တိုက်ကော်မတီနာယကကြီး ဆရာကြီးဦးဝင်ထင်မှ လက်ခံခဲ့ပါတယ်။
ယခုလိုသင်တန်းဖွင့်ပွဲ့သို့ မအားမလပ်သည့်ကြားမှ တက်ရောက်ချီးမြှင့်ပေးပြီး စာအုပ်တွေလှူပေးခဲ့တဲ့ ဦးစီးမှု အန်တီ ဒေါ်လဲ့ဝါမြင့်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

Photos from MC Foundation Library_NTL's post 02/01/2021

နှစ်သစ်တွင် စာအုပ်အလှူ လက်ခံရရှိခြင်း။

မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များအား စာအုပ်များထောက်ပံ့လှူဒါန်းပေနေသော Save the Library စာကြည့်တိုက်များကွန်ရက်မှ မနေ့ကရုံးခန်းဖွင့်လှစ်ပွဲ၌ မြန်မာစာအုပ်(၅၅) အုပ်နှင့် English Book (၅)အုပ်ကို ကျွန်တော်တို့စာကြည့်တိုက်သို့ လှူဒါန်းပေပါတယ်။

ယခုလိုလှူဒါန်းပေးသော Save the Library မှ ကိုမောင်မောင်စိုးနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နှစ်သစ်တွင် ကျန်းမာပျော်ရွှင်၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေကြောင်း ဆုတောင်း‌ေမတ္တာပို့သ‌ေပးပါတယ်။
Save the Library ကြီးလည်း ယခုထက်မကပို၍ပို၍ တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။

Want your organization to be the top-listed Government Service in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bagoda Street
Bago