Perfect Laundry Service-Bago

Perfect Laundry Service-Bago

Share

15/10/2023

ချစ်မိတ်ဆွေများ..ရှင်..
ယနေ့..တနင်္ဂနွေနေ့မှ..စပြီးအဝတ်လျှော်ဆိုင်ပြန်ဖွင့်ပါပြီနော်..။...မနက်ကတည်းက..ဆိုင်စဖွင့်ချိန် ခုနှစ်နာရီဝန်းကျင်တည်းက....စလျှော်ပေးနေတာ ..ကြောင့်အလုပ်မအားရတာကြောင့်..အခုမှပို့စ်တင်ပေးရပါတယ်ရှင်။
ရေစိုထားတဲ့ စောင်၊အိပ်ရာခင်း၊ ခြင်ထောင်များကိုဦးစားပေးအရင်လျှော်ပေးနေပါတယ်နော်..။..နောက်ရက်တွေမှာလည်း မီးလာတဲ့အခြေနေပေါ်မူတည်ပြီး အားလုံးကိုအဆင်ပြေအောင်အလှည့်ကျလေး လျှော်ပေးပါမယ်ရှင်။..........ရက်အနည်းငယ်ကြာမှာကိုလည်းသီးးခံပေးကြပါ။
လိုအပ်သူများ...ဖုန်းဆက်ပါနော်။.(09790154771..).ကမာနတ် ရွာလယ်လမ်းမ။

Photos from Perfect Laundry Service-Bago's post 14/12/2022

ဆိုင်အတွက်သုံးနေကျအမွှေးဆီက ဒီမှာမရောင်းလို့ရန်ကုန်သွားတိုင်း ဝယ် ခဲ့နေကြပါ။ လက်က အလေးကြီးလည်းမသယ်နိုင်တော့ တခါဝယ်မှ သုံးဘူးလောက်။...............
ဒီခါ မသယ်နိုင်တာက စျေးနှုန်းပါ။ ရင်ဘက်ကြီးဖိ လေကိုတဝရှုပြီး သက်ပြင်းလုံးကြီး ချပြီးသကာလ နှစ်ဘူးသာဝယ်နိုင်ပါတော့တယ်။
...ဘယ်လိုတွေစျေးကြီးငြား Perfect Laundry ရဲ့ trade mark လိုမျိုး..ဆိုင်စဖွင့်ကတည်းကသုံးလာရတာမို့.....သုံးရမှာပါ။
ချစ်မိတ်ဆွေတို့ရဲ့ အဝတ်ထည်များ သန့်ရှင်းမွှေးပျံ့နေစေဖို့ စိတ်ချယုံကြည်စွာ ဖြင့် Perfect မှာ အပ်နှံပါ။.....
မှတ်ချက်။ ။ မကြာ မကြာ သေ၊ ခဏ ခဏ သေ ၊ ....တော်တော်ကြာ ကြာ မလာ မလာ......တဲ့လျှပ်စစ်မီးရဲ့ ဒုက္ခ..ကိုသီးခံနိုင်မှ အပ်ကြပါ လို့😁😁😁

06/12/2022

ချစ်မိတ်ဆွေများ အားလုံး မင်္ဂလာပါ..။
လျှပ်စစ်မီးကိုသာ အသုံးပြုပြီးလုပ်နေရတဲ့ laundry လုပ်ငန်းဟာ အခုလို မကောင်းတဲ့စံနစ်ကြီးထဲမှာ အင်မတန်မှ အခက်ခဲတွေ ဖြစ်ပါတယ်..။
ကိုယ့်ရဲ့ customer တွေကို အချိန်မီ အဝတ်တွေပြန်ပို့ပေးနိုင်ဖို့ ညပိုင်း လေးနာရီလောက်လာမဲ့မီးကို စောင့်ပြီး အလုပ်လုပ်...၊ နေ့ခင်းပိုင်း လေးနာရီလောက် လာတဲ့မီးကို စောင့်ပြီး အလုပ် လုပ်။ တခါတရံ နှစ်နာရီလောက်သာလာ။.......ကြာလာတေ့လူက အိပ်ချိန်မမှန်တော့..ဂါ ပြီးစိတ်တွေတို..၊ ....သွေးတွေတိုး....။...မူမမှန်တဲ့ စိတ်ကို အတင်းလိုက်ထိန်းနဲ့.....ရူးချင်နေပါပြီ။................မီးက ပေးတဲ့ဒုက္ခကတော့....အားလုံးဘဲကြုံတွေ့ ခံစားနေကြရတာဆိုတော့...အဝတ်ထည်များ အလျင်မြန် မပြီးနိုင်လို့.....ချစ်မိတ်ဆွေများ..သီးခံပေးကြပါရှင်။.......
...

Photos from Perfect Laundry Service-Bago's post 29/09/2022

စီးပွားရေးလုပ်ငန်းတိုင်းမှာ ကိုယ့်ရဲ့စားသုံးသူ (customer) အပေါ် ထားရှိရမည့်ကျင့်ဝတ်တွေရှိတယ်..။
အဲ့ ကျင့်ဝတ်တွေကို... အများက ပြဌာန်းစရာမလိုပါဘူး။ ကိုယ်တိုင်ကျင့်သုံးရတာပါ။
Perfect ကိုယုံကြည်လို့ အလုပ်ပေးကြတဲ့ထမင်းရှင်တွေအပေါ် အမြဲစောင့်ထိန်းတဲ့ ကျင့်ဝတ်လေးတစ်ခုမို့ ချစ်မိတ်ဆွေများ စိတ်ချ လက်ချ အလုပ်အပ်နှံကြပါရှင်။.. ..........သန့်ရှင်းသပ်ရပ် စျေးနှုန်းသက်သာ Perfect Laundry ပါ။...

Want your business to be the top-listed Clothing Store in Bago?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bago City
Bago
839