Orphan school - bago

Orphan school - bago

Share

26/04/2026

ပင်ပန်းနေလို့ပါ ပိုစ့်တွေကောင်းကောင်းမရေး
နိုင်လို့ပါနော် သည်းခံပေးကြပါ။

မနက်ဖြန်မှတ်တမ်းလေးနဲ့တကွစီစစ်ပြီး
တင်ပေးပါမယ်နော် ကျေးဇူးဥပကာအထူးတင်
ရှိပါတယ်။

Photos from Orphan school - bago's post 23/04/2026

အနာဂတ်အတွက် ပျိုးခင်း​ငယ်တစ်ခု...

အရောင်စုံ အသွေးစုံနဲ့ပန်းများသဖွယ်
ပညာရပ်တွေသင်ကြားလေ့လာနေကြသော
မောင်ငယ် ညီမငယ်တွေ...

လိုအပ်ချက်တွေများ သောကတွေပွားမနေရဘဲ
ပညာရေးစိတ်အေးချမ်းသာစွာ သင်ယူနိုင်ဖို့
နိုင်သည့်ဝန်ဖြင့် ကူညီခြင်း မေတ္တာ။

လူသားအချင်းချင်း ရိုင်းပင်းမျှဝေကြပြီး..
လူ့အဖွဲ့အစည်းအတွက် ဝိုင်းဝန်းပုံဖော်ကြရမယ့်
လူသား သစ္စာ။

ဒါနသီလ ဘာဝနာ အတွက်လည်း ဖြစ်စေရဲ့...

ကျောင်းရှိ သံဃာတော်များနှင့် ကလေးသူငယ်များအတွက်
လိုအပ်ရာသုံးနိုင်ရန်
နဝကမ္မအတွက် ကုသိုလ်ပြုငွေ....၁၀၀,၀၀၀ကျပ်။

စေတနာရှင်အမည်...နော်မူဆဲအယ်(ခေါ်)
မီးငယ်လေး ၏ ၃၃နှစ်ပြည့်မွေးနေ့ပါ တဲ့။

လူနတ်အများလည်း ကြည်နူးစွာသာဓုခေါ်စေသော်။

ကုသိုလ်ရှင်နှင့်တကွ...မိသားစုများ
စိတ္တကာယ နှစ်ဖြာစလုံး အေးငြိမ်းချမ်းသာကျန်းမာကြပါစေ။

လုပ်ငန်းစီးပွားများလည်း အဆင်ပြေချောမွေ့ကြပါစေ။

နေ့ရက်တိုင်းတွင် ပြုံးပန်းဆင် ရွှင်လန်းနိုင်ကြပါစေ။

အမ တ နိဗ္ဗာန်သို့ သွားရာလမ်းဖြစ်သော....
မဂ်တရား ဖိုလ်တရားများကို ရှာဖွေတွေ့ရှိနိုင်ကြသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာရုံးလမ်း၊ဆည်မြောင်း အုန်းတောဘက်ခြမ်း
Bago