Bago Daily Snippet

Bago Daily Snippet

Share

02/05/2022

ဖြူးမြို့နယ်ဇေယျဝတီမြို့ EPCရုံးရှေ့ မှာ ၂.၅.၂၀၂၂ရက်နေ့ ည ၁၀နာရီခွဲ အချိန်ခန့်တွင် ဗုံးကွဲ။
ပျောက်ကျားရဲဘော်များ အန္တရယ်ကင်းစွာ လွတ်မြောက်ရာ နယ်မြေ ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရ။

https://www.facebook.com/102647535555001/posts/156799260139828/

Photos from Bago Daily Snippet's post 23/04/2022

သဲကုန်းမြို့မှာ ကြိုတင်ထုတ်ပြန်ခြင်းမရှိပဲ မှတ်ပုံတင်နဲ့ ဆေးလက်မှတ်ပါမှ မြို့အဝင်အထွက်လုပ်ခိုင်း

သဲကုန်း၊ ဧပြီ ၂၃၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ မြို့အဝင်အထွက်ဂိတ်တွေကို ကြိုတင်ထုတ်ပြန်တာမျိုးမရှိပဲ မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီက မှတ်ပုံတင်နဲ့ ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်မပါရင် အဝင်အထွက်မလုပ်ခိုင်းတာကြောင့် ‌‌စျေးသူစျေးသားတွေအနေနဲ့ အခက်အခဲတွေ့နေရတယ်လို့ ‌ဒေသခံတဦးဆီက သိရပါတယ်။

သဲကုန်းမြို့နဲ့ ဆင်မြှီးဆွဲ မြို့အဝင်အတွက်တွေမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေချထားပြီး မနေ့ကစလို့ ဖမ်းဆီးတာတွေ လုပ်နေခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သဲကုန်းမြို့ဝင်ကိုအဓိကထားပြီး စစ်ဆေးတယ်။ မှတ်ပုံတင်ကတ်နဲ့ ကိုဗစ်ဆေးထိုးပြီးကတ်ပါမှသာ ဝင်ခွင့်ထွက်ခွင့်ပြုပြီး၊ Covid ဆေးလက်မှတ်မပါရင် နောက်တခါပါမှ ဝင်ရမယ်ဆိုပြီး ကြိမ်းမောင်းတယ်။ တခြားမြို့တွေမှာ အခုလို စကစဟာလုပ်တာမရှိပဲ ဝက်ပုတ်၊ ပေါင်းတလည်လမ်းမကြီး ၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲမြို့တွေ အဓိကထားစစ်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မြို့အနှံ့လိုက်စစ်ဆေးနေတာကြောင့် ရွာလည်စျေးသည်တွေနဲ့ စျေးဝယ်ထွက်သူတွေ ရှောင်မောင်းနေရတာကြောင့် အချိန်နှောင့်နှေးမှုတွေ ဖြစ်နေရတယ်လို့ ပြောပါတယ်။

အဲ့ဒီလို စစ်ဆေးဖမ်းဆီးတာတွေကို ကြိုတင်အသိတာမျိုးမရှိပဲ ဌာနတွင်းသတင်းတွေအရ မြို့ပေါ်နေပြည်သူတွေသာ သိထားပြီး ကျေးရွာဘက်က ပြည်သူတွေမသိရပဲ ဆဲဆိုကြိမ်းမောင်း‌တာတွေ ခံနေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

21/04/2022

ဖြူးမြို့တွင် ယနေ့ည ၉နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ပွား...

"ဆေးရုံ ရှေ့ ကျောင်းရှေ့ စစ်တပ်ဝန်းထဲ ပစ်နေတာ
အချက်ပေါင်း 20 ကျော်တယ်"လို့ ဒေသခံတစ်ဦးထံမှာသိရ...

ဖြစ်စဥ်အပြည့်အစုံကိုဆက်လက်စုံစမ်းနေပါသည်...။

Photos from Bago Daily Snippet's post 20/04/2022

ယနေ့ ညနေပိုင်း တောင်ငူမြို့
လေပြင်းတိုက်ခတ်ခံရမှုအခြေအနေ‼️

CrdPhotos

17/04/2022

ရွှေတောင်တွင် စစ်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်၊ ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်ရ

ဧပြီ ၁၇

ပဲခူးတိုင်း၊ရွှေတောင်မြို့တွင် စစ်တပ် ဂျက်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်လိုက်ပြီး ဒဏ်ရာရရှိသွားသဖြင့် ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်အချိန် အကြမ်းဖက်စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို ၎င်း၏ မွေးရပ်ဇာတိ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့သို့ ခေတ္တရောက်ရှိနေချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီကားများ စောင့်ကြပ်လျက် ပရဟိတကားတစ်စီးဖြင့် ဆေးကုသမှုခံယူရန် ရန်ကုန်ဘက်သို့ အရေးပေါ်ထွက်ခွါသွားကြောင်း သိရှိရသည်။

စစ်လေယာဉ်မှူးကို မိုင်းခွဲတိုက်ခိုက်ရန်စီစဉ်ထားခဲ့သော်လည်း မိသားစု နှင့် ကလေးသူငယ်များပါဝင်နေ၍ မိုင်းခွဲ တိုက်ခိုက်မှုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးအောင်ကိုဇော်သည် အမှတ် ၃၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၊ မင်္ဂလာဒုံလေတပ်စခန်းကဖြစ်ပြီး ချင်းပြည်နယ် ၊​ စစ်ကိုင်းတိုင်း ၊​ ကရင်ပြည်နယ် နှင့် မကွေးတိုင်းတို့ရှိ ပြည်သူ့ အသက်အိုးအိမ် တို့အား ဗုံးကြဲတိုက်ခိုက်နေသော Mi-35P နှင့် Mi-17 တောင်ပိုင်းလေတပ်ကွပ်ကဲဌာနချုပ်ရှိ ပိုင်းလော့စာရင်း ၅၄ ဦးထဲတွင် ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်

16/04/2022

ပြည်ခရိုင် တပ်ရင်း ၁နှင့် တပ်ရင်း၂ ပူးပေါင်း၍ အကြမ်းဖက်
စစ်ကောင်စီတပ်ဖွဲ့အား ဝင်ရောက်တိုက်ခိုက်

၂၀၂၂ ခုနှစ် ဧပြီလ ( ၁၆ ) ရက်

၂၀၂၂ ခုနှစ် ဧပြီလ (၁၅) ရက် မနေ့ နေ့လည်ပိုင်း ၂:၅၀ နာရီက
ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာ ဘုန်း
တော်ကြီးကျောင်းအနီးတွင် အင်အား ၁၆ ဦး ခန့်ဖြင့် တပ်စွဲထား
သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ပြည်ခရိုင် တပ်ရင်း
၃၆၀၁ တပ်ခွဲ ၂ တပ်စု ၅ နှင့် တပ်ရင်း ၃၆၀၂ ဘိုးတော်တပ်ခွဲတို့
ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်
ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွါးပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦး
စစ်ကူအဖြစ်ရောက်ရှိလာကာ ည ၉:၃၀ နာရီတွင် ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာ
သည် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ကလည်း မီးရှို့ဖျက်ဆီးခြင်း
ခံခဲ့ရပြီး ယခုအကြိမ်သည် အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယ
အကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေ
ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူလူထုအပေါ်
လက်နက်အားကိုး၍ အနိုင်ကျင့်နှိပ်စက်နေခြင်း ၊ ပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်တို့အား မီးရှို့ဖျက်ဆီးနေခြင်းတို့ကို
ပြင်းထန်စွာရှုတ်ချကြောင်း နှင့် ယခုထက်ပိုမိုပြင်းထန်သော
တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း
သတိပေးလိုက်သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့
ထုတ်ပြန်ထားသည်။



ပေါက်ရင်ယူ မပေါက်ရင်လှူ ကံစမ်းမဲ
https://www.facebook.com/280868577060446/posts/425300752617227/

Want your business to be the top-listed Media Company in Bago?
Click here to claim your Sponsored Listing.

Website

Address


Bago