Second Books

Second Books

Share

15/09/2022

သူများကို အကြံပေးတဲ့နေရာမှာ
ကျွန်တော်က လူတော် တစ်ယောက်ပါ။

ကျွန်တော်ကိုယ်တိုင်လုပ်တဲ့နေရာမှာတော့
ကျွန်တော်ဟာ လူညံ့။

- The story of Sai

09/09/2022

ပျော်ရွှင်နေမှ မဟုတ်ပါဘူး
မင်းအကြောင်းတွေးတိုင်းလည်း
ကိုယ် အမြဲပြုံးပါတယ်...

× Tristan Pyne

08/09/2022

🌼မိမိကိုယ်ကို အဆုံးစီရင်မယ်လို့ စဉ်းစားတဲ့အခါ...🌼

“ငါ့ဘဝဟာ အဓိပ္ပာယ်မရှိတော့ဘူး”၊ “ငါဘာအတွက် ရှင်သန်နေတာလဲ”၊ “ငါဟာ လူပိုတစ်ယောက်ပါပဲ၊ သေသွားတာပဲကောင်းမယ်” လို့ တွေးဖူးကြမှာပါ။ ကိုယ်ကျတော့ တစ်ရက်တစ်လေအဆင်မပြေတာပဲဖြစ်ဖြစ်၊ အချိန်အတိုင်းအတာတစ်ခုထိအဆင်မပြေတာပဲဖြစ်ဖြစ် ကြံ့ခိုင်အောင် နေမယ်ဆိုပြီး အားတင်းပေမယ့် တစ်ချို့သူတွေအတွက်တော့ ဘယ်သူ့ကိုမှ အသိမပေးတော့ဘဲ အဆုံးစီရင်သွားကြတာတွေလည်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်တွေးနေတဲ့အတိုင်း ကိုယ်နဲ့သက်ဆိုင်နေတဲ့ မိဘ၊ သူငယ်ချင်း၊ ချစ်သူ၊ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြားသူတွေလည်း ဒီအတိုင်းတွေးနေတာလည်း ရှိတယ်။ အခုတလောဆိုရင် လူတွေရဲ့ ကြံ့ခိုင်မှုဟာ ပိုပြီးလျော့နည်းလာတာနဲ့အမျှ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အဆုံးသတ်ချင်တဲ့စိတ်တွေဟာ ပိုပြီး များလာနေပါပြီ။ ဒါဆိုဘာဆက်လုပ်ကြမလဲ။

၁. ကိုယ့်ကိုယ်ကိုယ် ကူညီဖို့ကြိုးစားပါ

ကိုယ်ကိုယ်တိုင်ဟာ တစ်စုံတစ်ခုကြောင့် အဆင်မပြေဖြစ်မိလို့ အဆုံးစီရင်ဖို့တွေးနေမိပြီဆိုရင် အရင်ဦးဆုံး သတိပြုမိဖို့ (Awareness) လိုအပ်ပါတယ်။ အဆုံးစီရင်ဖို့ တွေးမိတဲ့နေရာမှာ နှစ်မျိုးရှိတတ်ပါတယ်။ ပထမတစ်မျိုးက Passive Suicidal Ideation ပါ။ Passive Suicidal Ideation ဆိုတာဟာ အဆင်မပြေမှုတစ်ခုခုကြောင့် “သေလိုက်ရင်ကောင်းမှာပဲ” လောက်သာတွေးနေမိတတ်ပြီး နောက်ရက်ရောက်ပြီဆိုရင် ကိုယ်လုပ်စရာရှိတာကို ဆက်ပြီး လုပ်ကြတာမျိုးပါ။ ကိုယ့်ဘဝကို ပြန်ပြီး အာရုံစိုက်ကြပါတယ်။ ဒုတိယတစ်မျိုးကတော့ Active Suicidal Ideation ပါ။ ဒါကျတော့ အတွေးနဲ့တင် ရပ်သွားတာမျိုးမရှိဘဲ Su***de လုပ်ဖို့ သေချာ Plan ချထားမယ်၊ ဘယ်နေ့ဘယ်ချိန် ဘယ်လိုမျိုးအဆုံးစီရင်မယ်ဆိုပြီး တွက်ချက်ထားမယ်၊ အဆုံးမစီရင်ခင် လုပ်စရာရှိတာတွေကိုပါ ဦးစားပေးပြီး လုပ်တတ်ကြပါတယ်။ ဒီနေရာမှာ Passive ဖြစ်နေလို့ ပေါ့ပေါ့တန်တန်တော့ မတွေးသင့်ပါဘူး။ တစ်ချို့တွေကျတော့ Passive ကနေ Active အဆင့်ကိုလည်း အချိန်မရွေး ကူးပြောင်းနိုင်လို့ပါ။

ဒါကြောင့် ကိုယ့်ရဲ့ အခြေအနေကို အရင်ဆုံးတော့ ဆန်းစစ်ကြည့်ပါ။ " ကိုယ့်ရဲ့ ဒီအတွေးဟာ ဘယ်အချိန်ကတည်းကနေ စပြီဖြစ်နေတာလဲ၊ ကိုယ်ဟာ ဘာကြောင့် အဆုံးစီရင်ဖို့တွေးနေမိတာလဲ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ထဲမှာ အကြာကြီးခံစားနေမိတဲ့ ဒဏ်ရာမျိုးရှိမိတယ်ဆိုရင် ဘာတွေကြောင့် ဖြစ်နေမိလဲ" စတဲ့ မေးခွန်းလေးတွေကို ကိုယ်တိုင်ဖြေကြည့်လို့ရမလား လို့ ကြိုးစားကြည့်ပါ။ တစ်ချို့သူတွေအတွက်ဆိုရင် စိတ်ကျဝေဒနာခံစားနေရတဲ့အတွက် ဖြေဖို့တောင် ခက်ခဲမှုရှိနေမယ်ဆိုရင်လည်း Professional Help (စိတ်ကျန်းမာရေးပညာရှင်) စီ ကို အမြန်ဆုံး ဆက်သွယ်ပြီး အကူအညီခံယူသင့်ပါတယ်။

၂. တစ်ပါးသူကို နားထောင်ပေးပါ

တစ်ခါတစ်လေကျရင် ကိုယ်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဟာ သူတို့ Su***de လုပ်တော့မယ်ဆိုပြီး ရင်လာဖွင့်တတ်ကြတာမျိုးဖြစ်ဖြစ် ကြုံဖူးကြမှာပါ။ နောက်ဆုံးအနေနဲ့လည်းဖြစ်ချင်ဖြစ်သွားနိုင်သလို၊ ဘယ်သူ့ကိုမှမပြောပြနိုင်လို့ ကိုယ့်စီရောက်လာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုကြုံတဲ့အခါ များသောအားဖြင့် လန့်သွားတတ်ကြတယ်။ “အဲ့လို မလုပ်နဲ့”၊ “မင်းလုပ်တာ မှားနေပြီ… တစ်ကိုယ်ကောင်းမဆန်နဲ့ကွာ”၊ “မင်းရူးနေလား" ၊“မင်းထက်ဆိုးတဲ့သူတွေတောင်ရှိနေသေးတယ်၊ သူတို့ကိုဖြစ်ဖြစ် ကြည့်ပါဦး”၊ “နက်ဖြန်ဆို ကောင်းသွားမှာပါ” စသဖြင့် ဝေဖန်တတ်တဲ့ လေသံနဲ့ဖြစ်ဖြစ် စိုးရိမ်နေတဲ့ လေသံနဲ့ဖြစ်ဖြစ် ပြောပြတတ်ကြတယ်။ အဓိကတော့ သူ့ကို ရှင်သန်စေချင်တဲ့ ကိုယ့်ရဲ့ စေတနာဟာ ကိုယ်ပြောလိုက်တဲ့စကားမှာတော့ မပါသွားပါဘူး။ သူ့ဘက်ကနေကြည့်ရင် သူ့ကိုယ် ဝေဖန်တယ်၊ အပြစ်တင်နေတယ်၊ မျှော်လင့်ချက်အမှားတွေကို မရရအောင် ပေးနေတယ်ဆိုပြီးပဲ တွေးမိသွားနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးအနေနဲ့ တစ်စုံတစ်ယောက်က ရင်ဖွင့်လာပြီဆိုရင် နှလုံးသားနဲ့ နားထောင်ပေးပါ။ သူ့အတွက် ဒီလိုမျိုးရင်ဖွင့်ပြောပြဖို့ ဘယ်လောက်ထိခက်ခဲမိခဲ့မလဲဆိုတာကို ကိုယ်ချင်းစာကြည့်ပါ။ ကိုယ့်ဘက်ကကြည့်ရင် သူအဆုံးစီရင်စရာမလိုအပ်ဘူးလို့ ထင်မြင်နေပေမယ့် သူ့ဘဝကို ကိုယ်ဟာ ရှင်သန်ခဲ့တဲ့သူမဟုတ်ပါဘူး။ သူ့ရဲ့ မပြောပြနိုင်တဲ့ နားကြည်းမှုတွေ၊ သောကတွေကို ထုတ်ဖော်ပြချင်မှ ထုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ဟာ မဝေဖန်ဘဲ စာနာစိတ်ရှိရှိနဲ့ နားထောင်ပေးမယ်ဆိုရင် “အနည်းဆုံး ငါ့ကို နားထောင်ပေးတဲ့သူတော့ ရှိပါလား” ဆိုပြီး သူ့စိတ်ထဲမှာ အဆုံးစီရင်ဖို့တွေးတဲ့ အတွေးတွေဟာ လျော့နည်းလာနိုင်ချေရှိပါတယ်။

ကိုယ့်ရဲ့ နားထောင်ပေးခြင်းဟာ "မင်းအတွက် ငါရှိတယ်" ဆိုတဲ့ ခံစားချက်ကို ပေးစေပါတယ်။

၃. မေးခွန်းမေးပါ

လူအများစုဟာ တစ်ခြားသူတွေရဲ့ အကြောင်းကို သေချာစွာမသိဘဲ ကိုယ့်ဘာသာ ကောက်ချက်ဆွဲတတ်ကြတယ်။ အဆုံးစီရင်ချင်တယ်ဆိုပြီး တစ်စုံတစ်ဦးဟာ ကိုယ့်စီရင်ဖွင့်ပြီဆိုရင် သူ့ရဲ့ အခြေအနေကို ကိုယ့်အမြင်နဲ့ ကောက်ချက်တွေ မဆွဲမိပါစေနဲ့။ အကောင်းဆုံးဟာ သူ့ရဲ့ အခြေအနေ (Sucidal Risk) ကို နားလည်နိုင်ဖို့ မေးခွန်းမေးပါ။ သူဟာ အခုချက်ချင်း Su***de လုပ်တော့မယ်သူလား၊ သူ့ဘေးမှာ သူ့ကိုလုံခြုံမှုပေးတဲ့ တစ်စုံတစ်ဦးရှိလား၊ သူ Su***de လုပ်ချင်တဲ့ အကြောင်းပြချက်လေးတွေဟာ ဘာလေးတွေဖြစ်နေသလဲ၊ Su***de Attempt လုပ်ဖူးတဲ့သူတစ်ဦးလား၊ Self-harm လုပ်ခဲ့ဖူးတဲ့သူတစ်ဦးလား စသဖြင့် မေးခွန်းလေးတွေ မေးပြီး ကူညီပေးနိုင်ပါတယ်။ Su***de Plan ရှိမယ်ဆိုလည်း ဘာလေးတွေဖြစ်နေသလဲ ဆိုတာကို နားထောင်ပေးပါ။ သူ့ရဲ့ အပြုအမူလေးတွေ၊ အပြောအဆိုလေးတွေကိုလည်း အကဲခတ်ကြည့်ပါ။ Suicidal Symptoms တွေရှိနေပြီလားဆိုတာကိုလည်း အကဲခတ်ကြည့်ပါ။

မေးခွန်းမေးပေမယ့် သူ့အနေနဲ့ မဖြေချင်မိသေးဘူး ဆိုရင်လည်း အချိန်ယူပေးပြီး နားထောင်ပေးပါ။ Professional Help (စိတ်ကျန်းမာရေး ပညာရှင်) လိုအပ်လာပြီဆိုရင်လည်း ကိုယ့်အနေနဲ့ သိထားတဲ့ သတင်းအချက်အလက်တွေကို ဝေမျှပေးဖို့ မမေ့ပါနဲ့နော်။

နိဂုံးအနေနဲ့ လူသားတွေဟာ အဆင်မပြေမှုတွေကြားမှာပဲ ရှင်သန်နေရတဲ့သူတွေပါ။ မိမိရဲ့ ခံနိုင်ရည်ရှိခြင်းပေါ်မှာ မူတည်ပြီးဘဲ တစ်နေ့တာကို ဖြတ်ကျော်နေကြတာပါ။ ဒါကြောင့် ဖြတ်သန်းနေရတဲ့ ဘဝကြီးဟာ အင်မတန်ပင်ပန်းလာပြီဆိုရင် အကူအညီရယူဖို့ ဝန်မလေးမိပါစေနဲ့ လို့ မင်မင် အကြံပြုပါတယ်။

📕Su***de နဲ့ ပတ်သက်ပြီး ဖတ်လို့ရမယ့်စာအုပ်လေးတွေကို အောက်က Link မှ တစ်ဆင့် ကြည့်ကြည့်ပါနော်။

(https://www.choosingtherapy.com/su***de-books/)

📕ဒီစာအုပ်လေးတွေကိုလည်း မင်မင် Recommend ပါတယ်.

1. The Midnight Library by Matt Haig
2. The Last Time We Say Goodbye by Cynthia Hand
3. The Catcher in the Rye by JD Salinger

***de

21/07/2022

🌻မိုတီဗေးရှင်း စာအုပ်တွေကို ဖတ်တဲ့အခါ...🌻

အခုလို အဆင်မပြေမှုတွေနဲ့ နေရတဲ့ကာလမှာ ရှေ့ဆက်သွားဖို့ မိုတီဗေးရှင်းလေးတွေ လိုအပ်ပါတယ်။ ။ ဒါကြောင့် မိုတီဗေးရှင်းစာအုပ်လေးတွေဖတ်တဲ့အခါ ဖတ်သင့်တဲ့ပုံစံလေးတွေကို စုစည်းပြီး ရေးသားထားပါတယ်။

၁. ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို သတ်မှတ်ပါ

မိုတီဗေးရှင်း စာအုပ်တွေကို မဝယ်ခင်လေးမှာ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို သတ်မှတ်ပေးဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်က အလုပ်ပြုတ်သွားတယ်။ အလုပ်အသစ်ရှာတော့လည်း အဆင်မပြေတာတွေများနေတယ်။ ဒီလိုအခြေအနေမှာဆိုရင် ကိုယ့်ရည်ရွယ်ချက်ဟာ “ပတ်ဝန်းကျင်ကောင်းတဲ့နေရာတစ်နေရာမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်ချင်တယ်” ဖြစ်ရင် အလုပ်ရှာတဲ့အခါမှာ ကိုယ်နဲ့မသင့်တော်တဲ့အလုပ်တွေကို မလျှောက်တော့ဘူး။ အချိန်ကုန် လူပင်ပန်း သက်သာလိမ့်မယ်။ ထိုနည်းတူပါပဲ။ စာအုပ်ဝယ်တဲ့အခါ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို သတ်မှတ်ပြီးမှ သင့်တော်တဲ့ စာအုပ်ကို ရွေးချယ်ပြီး ဝယ်ပါ။ ကိုယ့်ရည်ရွယ်ချက်က အလေ့အကျင့်ကောင်းအသစ်တွေကို ဖန်တီးယူချင်တယ်ဆိုရင် အလေ့အကျင့်ကောင်းတွေအကြောင်းကို သိပ္ပံနည်းကျကျ ရေးသားထားတဲ့ လက်တွေ့ဆန်တဲ့ စာအုပ်မျိုးကို ရွေးချယ်ပြီး ဝယ်ဖို့အားပေးပါတယ်။

၂. တစ်ထိုင်တည်း မဖတ်ပါနဲ့

မိုတီဗေးရှင်း စာအုပ်တွေဟာ ရသစာပေတွေလို မဟုတ်ပါဘူး။ တစ်ထိုင်တည်း ဖတ်ချင်တဲ့ဆန္ဒရှိနေရင်လည်း တစ်ထိုင်တည်း ဖတ်သင့်တဲ့စာအုပ်တွေထဲမှာတော့ မပါဝင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိုတီဗေးရှင်း ဆိုတာဟာ ကိုယ့်အကြောင်းကို ပိုပြီးသိဖို့၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး Version အနေနဲ့ ပြုပြင်နိုင်ဖို့၊ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်မှုများစွာကို ဖန်တီးပေးနိုင်ဖို့အတွက်ရေးသားထားတာပါ။ ဒါကြောင့် မိုတီဗေးရှင်းစာအုပ်ကို ဖတ်တဲ့အခါ

• တစ်နေ့ကို အခန်းတစ်ခန်းလောက်ပဲ ဖတ်ပါ...

• အရေးအသားတွေကို ထောက်ရှုပါ...

• ကိုယ့်ဘဝနဲ့ ဘယ်လိုကိုက်ညီမှုတွေရှိနေသလဲဆိုတာကို စဉ်းစားပါ...

• ပြစ်တင်ဝေဖန်မှုတွေမရှိဘဲ ကရုဏာစိတ်နဲ့ ဖတ်ပါ...

• တစ်ခါတစ်လေ ပြန်ပြီးသားစာပိုဒ်ကိုပဲ ထပ်ခါထပ်ခါ ဖတ်ပြီး အနက်အဓိပ္ပာယ်ကို ရှာဖွေဖို့လည်း လိုအပ်ပါတယ်နော်။

၃. မှတ်တမ်းပြုစုပါ

မိုတီဗေးရှင်း စာအုပ်တွေကို ဖတ်တဲ့အခါမှာ ဖတ်ရှုတဲ့သူရဲ့ စိတ်ဆန္ဒပေါ်မှာမူတည်ပြီး အကျိုးရှိ၊ မရှိဖြစ်သွားမှာပါ။ လူတစ်ဝက်ကျော်လောက်တော့ စာအုပ်ကို အမြန်ဖတ်တယ်။ နှစ်ရက်၊ သုံးရက် ကြိုးစားပြီး ကျန်ရက်တွေမှာ ပျင်းသွားကြတယ်။ မေ့လျော့သွားကြတယ်။ ဒီလိုမျိုးမဖြစ်အောင် စာဖတ်သူတို့ရဲ့ အမူအကျင့်တွေနဲ့သာ သက်ဆိုင်တာပါ။ ဒါကြောင့် စာအုပ်ဖတ်ပြီးတိုင်း မှတ်တမ်းရေးဖို့ အားပေးပါတယ်။

ဥပမာအနေနဲ့ “အင်တာဗျူးတွေမှာ အကောင်းဆုံး ဘယ်လိုဖြေရမလဲ” ဆိုတာနဲ့ ပတ်သက်ပြီး စာဖတ်ထားတယ် ဆိုပါစို့။ ဖတ်ပြီးသားစာကို ဒီအတိုင်းမေ့သွားတာထက် ဖတ်ထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အရေးအသားနဲ့ မှတ်တမ်းရေးကြည့်ပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဆွေးနွေးကြည့်ပါ။ ဒီလိုလုပ်ပေးရင် ဖတ်လိုက်တဲ့စာဟာ ကိုယ့်အတွက် ပိုပြီး အကျိုးရှိမယ်။ မှတ်တမ်းရေးပြီး ပြုစုတဲ့အတွက် Long-term Memory ထဲကို ဝင်သွားပါမယ်။ နောက်ပိုင်းဆိုရင်လည်း ကိုယ့်အတွက်လိုအပ်တဲ့အချိန်မှာ ဖတ်ထားတဲ့စာတွေကို ပြန်ပြီး အသုံးချနိုင်ပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ ဖတ်ရှုထားတဲ့စာတွေကို နားလည်ရုံတင်မကဘဲ ကိုယ့်ရဲ့ လက်တွေ့ဘဝမှာ အသုံးချနိုင်တဲ့အထိ လက်တွေ့ကျင့်သုံးပါ။ အဆင်မပြေမှုတွေရှိနေလည်း ကိုယ့်ဘဝကို ကောင်းမွန်အောင်အမြဲတမ်း ပြုပြင်နေဖို့ တိုက်တွန်းပါတယ်။

Want your business to be the top-listed Shop in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


Bago
6101