Road To Success e-Bike Rental Service

Road To Success e-Bike Rental Service

Share

Photos from Myanmar.Travel's post 12/12/2020

🥰

30/07/2020

E bike စျေးလေးတွေအရမ်းလျော့ထားတယ်နော်
1စီး=6000
3စီးအထက်ဆိုdiscountရှိပါတယ်
ပုဂံမြို့သစ်အတွင်းfree deliveryရှိပါတယ်
တစ်ရက်ကြို bookingလုပ်ပေးပါနော်
Ph-09962006550

22/07/2020

ခရီးထွက်မဲ့သူတွေကြိုတင်စီစဥ်လို့ရအောင် ပါ 😊😊

1-8-2020 သည် Eid ဖြစ်ပါသောကြောင့်
အစိုးရရုံးပိတ်ရက်သည်

1-8-2020 စနေ/eid
2-8-2020 Sunday
3-8-2020 ဓမ္မစကြာအခါတော်နေ့
4-8-2020 သည် eid အစားထိုးရုံးပိတ်ရက် ဖြစ်ပါကြောင်း

Credit
09962006550

07/08/2019

E bike ငှါးသွားတဲ့ Zaw Dan La အဖွဲ့​ကျေးဇူးပါ😍😍😍

Road to success e-bike rental service က​နေ
E Bike သပ်​သပ်​ငှါးချင်​တာပဲဖြစ်​ဖြစ်
Accommodation ပဲဖြစ်​ဖြစ်
Bus Ticket ပဲဖြစ်​ဖြစ်
ဆက်​သွယ်​လိုက်​ပါ
09962006550, 09977284623📞📞

ပုဂံမြေမှစားသောက်ဆိုင်များ 14/07/2019

🍽🍜ပုဂံမြေမှစားသောက်ဆိုင်များ🍔🍲

ပုဂံရောက်လို့ မြန်မာဘူဖေးရှာနေသူများ၊ မြန်မာစာ စားတာများပြီး ငြီးငွေ့သူများ၊ အစားအပြင် အသောက်လေးပါလိုအပ်သူများ၊ ပုဂံမြေကစားသောက်ဆိုင်တွေစုစည်းပြီးရေးပေးလိုပါတယ်။

ကျွန်တော့်ကို Instagram မှာ follow လုပ်မယ်ဆို - www.instagram.com/a.toe

Credit : ဒီ Postအတွက်ကူညီပေးခဲ့တဲ့ မဖြိုးပနဲ့ မသန္တာ ကိုအထူးထူးကိုကျေးဇူးတင်ပါတယ်။

မြန်မာဘူဖေး
ပုဂံမြေရောက်ရင် အနည်းဆုံး ၁ ခါလောက်တော့ မြန်မာဘူဖေးသွားကိုသွားစားရမယ်။ အရံဟင်း ၁၀ မျိုးကနေ အမျိုး ၂၀ ကျော်ထိချပေးလို့။ ဆိုင်ပေါ်မူတည်ပြီး ၁ ယောက် ၃၅၀၀ -၅၀၀၀ ကောက်ကျတယ်။ ဘူဖေးဆိုင်တွေအများကြီးထဲက ကျွန်တော်ကြိုက်တဲ့ဆိုင်တချို့ကိုရွေးချယ်ထားပါတယ်။

ရိုးရာ
ဒီဆိုင်မိုက်တဲ့အချက်က အရံဟင်း ၂၀ လောက်ချပေးတယ်။ ဆိုင်က သွပ်မိုးတွေနဲ့ပဲကာထားတော့ နေ့လည်ဆိုရင် နည်းနည်းတော့ပူတယ်။
၁ ယောက် - ၅၀၀၀

လိပ်စာ - သီရိပစ္စာယာ ၄ လမ်း၊ ရွှေရာစုနှင့် ပြည့်ဝစားသောက်ဆိုင်လမ်းကြား၊ သီရိပစ္စယာရပ်ကွက်၊ ညောင်ဦး

နှမ်းဖတ်ချဉ်
အရံဟင်း ၁၀ မျိုးလောက်ချပေးပါတယ်။ ဒီဆိုင်နာမည်အတိုင်း သူ့နှမ်းဖတ်ချဉ်စားလို့ကောင်းတယ်။ ဒီဆိုင်မှာ ကိုယ်ပိုင်ကြိတ်တဲ့ဆီလဲရောင်းသေးတယ်။
၁ ယောက် - ၃၅၀၀
လိပ်စာ - https://goo.gl/maps/yqhJPGNbqMPKt1Be9

ရွှေတိုင်းကျော်
အရံဟင်း ၁၈ မျိုးလောက်ချပေးပါတယ်။ နေရာတော်တော်ကျယ်ပြီး သပ်သပ်ရပ်ရပ်ရှိလို့ နိုင်ငံခြားသားတွေကို ခေါ်သွားဖို့ အဆင်ပြေပါတယ်။
၁ ယောက် - ၄၀၀၀
လိပ်စာ - ပုဂံမြို့သစ်လမ်းမကြီးပေါ် ပုဂံမြို့ သစ်ဈေးရဲ့ မျက်နှာချင်းဆိုင်

မြန်မာထမင်းဟင်းဆိုင်

မျိုးမျိုး (ထမင်းဆီစမ်း)
ဆိုင်ဖွင့်ထားတာ နှစ်ပေါင်း (၃၀) ကျော်ပြီလို့သိရတယ်။ ပုံမှန်မြန်မာဘူဖေးဆိုင်လိုတော့မဟုတ်ဘူး။ ဟင်းပွဲတွေအကုန်ချပေးတယ်၊ ပြီးမှကျတာရှင်း။
ဒီဆိုင်က ထမင်းဆီဆမ်းနှဲ့ဗမာ ကြက်ကြော်ကတော့နာမည်ကြီး။
လိပ်စာ - https://goo.gl/maps/mTXartbEan87a5n49

လမင်းသစ်
ပုံမှန်ဘူဖေးဆိုင်တွေလို ဟင်းပွဲတွေကပြင်ပြီးသား မဟုတ်ဘဲ မှာမှပဲဟင်းချက်တာဆိုတော့ ဟင်းပူပူနွေးနွေးလေးစားရတဲ့ဆိုင်ပါ။ အရိပ်လဲကောင်းတော့ နေ့လည်စာ သွားစာရင်ကောင်းတဲ့ဆိုင်။ ပုံမှန်ဆို အညာမှာ ငါးပိချပေးနေကျမဟုတ်ဘူး။ ဒီဆိုင်မှာတော့ ခရမ်းသီးချက်ကော ငါးပိကော ချပေးတယ်။
လိပ်စာ - နွယ်နီလမ်း၊ ပုဂံမြို့သစ်

နန္ဒာစားသောက်ဆိုင်
နန္ဒာစားသောက်ဆိုင်လဲဖွင့်ထားတာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပါပြီ။ မြန်မာ့ရုပ်သေးပွဲကြည့်လို့ရတဲ့နေရာတွေသိပ်မရှိတော့တဲ့အချိန်မှာ ဒီဆိုင်မှာ ညနေစာစားရင်း ကြည့်လို့ရပါတယ်။ နိုင်ငံခြား tour တွေအသွားများတဲ့နေရာဆိုပေမဲ့ ကလေးတွေဗဟုသုတရအောင် ခေါ်သွားသင့်တဲ့နေရာပါ။

လိပ်စာ - မိန်းလမ်းမကြီး၊ ဝက်ကြီးအင်းရပ်ကွက်၊ ညောင်ဦး

ဇီးပင်အောက်ကအကြော်ဆိုင်
အခုပုဂံမှာ အရမ်းနာမည်ကြီးနေတဲ့အကြော်ဆိုင်ပါ။ အကြော်၁ ပွဲ ၅၀၀ ပါပဲ။ ဒီအကြော်ဆိုင်ရဲ့အသက်က သူ့ကိုယ်ပိုင် အချဉ်ပဲ။ အညာမှာဆိုတဲ့အတိုင်း မကျည်း၊ ပူစီနံတို့နဲ့အချဉ်စပ်ထားတာမိုက်မှမိုက်။ နေ့လည်တွေဆို အရမ်းပူတော့ ညနေစောင်းဆိုရင် ပိုထိုင်လို့တော့ကောင်းတယ်။ ဖုန်တော့နည်းနည်းထူတယ်။

လိပ်စာ - ရွှေဆံတော်ဘုရားအကျော်က တောင်ဂူနီ မြောက်ဂူနီနားလေးမှာ နေ့လည် ၁ နာရီကနေ ည ၇နာရီထိဖွင့်ပါတယ်။

မိုးမိုးဝင်း (မုန့်ဟင်းခါးဆိုင်)
အညာအရည်ကျဲမဟုတ်ဘဲ ရန်ကုန်လို မုန့်ဟင်းခါးရနိုင်တဲ့နေရာ။ သူတို့မုန့်ဟင်းခါးကို ရန်ကုန်မုန့်ဟင်းခါးလို့တောင်ခေါ်တာ။ ဆန်ပြားသုပ်၊ ဆီချက်၊ နန်းကြီးသုပ်တွေလဲကောင်းတယ်။

လိပ်စာ - လမ်းမတော် ၃ လမ်း၊ ဝတ်မှုန်သစ် မိုတယ်ဘေး၊ ညောင်ဦး

River Front Restaurant
ပုဂံဆိုင်တွေမှာရနေကျပုံစံမျိုး - မြန်မာ၊ ယိုးဒယား၊ တရုတ်စာ တွေရတယ်။ ဒီဆိုင်အဓိကလာသင့်တဲ့အချက်က သူ့ view ပါ။ ဧရာဝတီမြစ်ကမ်းမေးတင် view မလို့ ညနေ sunset အချိန်တွေမှာ အေးဆေးလာ chill ရမဲ့နေရာလေး။

လိပ်စာ - https://goo.gl/maps/LyFb3m1z8S25ph3G9

မျိုးကြီးထန်းရည်ဆိုင်
အညာဒေသပီပီ ထန်းရိပ်အောက်မှာဖွင့်ထားတဲ့ဆိုင်ပါ။ ထန်းရည် အချို၊ ထန်းရည် အခါး၊ ချိုခါးအရောလဲရတယ်။ လက်ဖက်သုပ်၊ ငုံးကြော်၊ ကြက်ကြော်အပြင် ကြွက်ကြော်ပါရတယ်။

လိပ်စာ - ကျန်စစ်သားလမ်း၊ ညောင်ဦး

တခြားအစားအသောက်
Feel Restaurant
ဖွင့်ထားတာတော့ ၁နှစ်လောက်ပဲရှိပါသေးတယ်။ စားနေကျ ရင်းနှီးပြီးသားဆိုင်မှာ စားတတ်တဲ့သူတွေအတွက်အတော်ပဲ။ ဆိုင်တိုင်းမှာရတဲ့ မြန်မာ၊ တရုတ်၊ ယိုးဒယားစာ အစုံရှိတယ်။
လိပ်စာ - လေဆိပ်လမ်း၊ အောင်မြေသာဘုန်းတော်ကြီးကျောင်းဘေး၊ ညောင်ဦး

The Little Thai Kitchen
ပုဂံရဲ့တခုတည်းသော ယိုးဒယားစာ သီးသန့်ရတဲ့ဆိုင်။ ကျွန်တော့အတွက် ပုဂံမှာ အများဆုံးစားဖြစ်တဲ့ဆိုင်ပါ။ ၅ ခါထက်မနည်းဘဲ။ မြန်မာထမင်းဟင်းတွေကြီးပဲ စားရတာ ငြီးငွေ့လာတဲ့အခါ အနောက်တိုင်းစာလဲမစားချင်ဘူးဆိုရင် ဒီဆိုင်ကိုအမြဲပြေးပြေးလာတာပါ။ ပေးရတဲ့ဈေးနဲ့ ပါတဲ့ portion နဲ့ တန်တယ်လို့ပြောလို့ရပါတယ်။ မှာရင် နည်းနည်းတော့ကြာတယ်။

လိပ်စာ - အမှတ်၇၊ မိန်းလမ်းမကြီး၊ ဝက်ကြီးအင်းရပ်ကွက်၊ ညောင်ဦး

Indian Hut Restaurant
ကုလားစာကောင်းကောင်းစားချင်ရင်တော့ ဒီဆိုင်ကအကောင်းဆုံးပါပဲ။ ရန်ကုန်ကနေလာဖွင့်တဲ့ ဆိုင်ခွဲပါ။ မြောက်ပိုင်း ကုလားစာတွေရပြီး နံပြား၊ တိုရှည်၊ ကြက်ကင် တွေကောင်းတယ်။

လိပ်စာ - သီရိပစ္စယာ ၄ လမ်း၊ ညောင်ဦး

The Sanon Training Restaurant
Sanon ဆိုတာ MYDI (Myanmar Youth Development Institute) ကနေ ဦးစီးဖွင့်လှစ်ထားတဲ့ လူမှုစီးပွားရေးလုပ်ငန်း (Social Enterprise)တခုပါ။ အခွင့်မသာတဲ့ အနာဂတ်လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့နေရာပါ။ သူ့မှာ အနောက်တိုင်းနဲ့ မြန်မာစာ ၂ မျိုးလုံးရပါတယ်။ Menu ကအမြဲပြောင်းနေတတ်လို့ သူတို့ website ဝင်ပြီး ကြည့်လို့ရပါတယ်။ ဒီဆိုင်က ပုံမှန် ပုဂံကဆိုင်တွေထက်တော့ဈေးကြီးတယ်။

လိပ်စာ - ပျူစောထီးလမ်း၊ ပုဂံသံတဲဟိုတယ်ဘေး၊ ညောင်ဦး

The Moon (Vegetarian) Restaurant
သတ်သတ်လွတ်သမားများအတွက် အရမ်းတန်ဖိုးရှိတဲ့ဆိုင်ပါ။ Menu မှာပါသမျှ သတ်သတ်လွတ်ကြီးပဲ။ မြန်မာဟင်း၊ အနောက်တိုင်းစာ ၂ မျိုးလုံးရပါတယ်။ သတ်သတ်လွက် Burger လဲရှယ်ကောင်းဆိုပဲ။

လိပ်စာ - Shop 1 - ပုဂံမြို့ဟောင်း၊ မင်းအိုချမ်းသာ ဘုရားအနီး
Shop 2 - အမှတ် ၄ လမ်း၊ ပုဂံမြို့သစ်

Weather Spoon
Weather Spoon မှာ burger တွေကောင်းတယ်။ Club Sandwich, Veggie Burger, Signature Fresh Salad သိပ်ကောင်း။ ပြီးတော့ cocktails တွေကောင်းသလိုတန်လဲတန်တယ်။

လိပ်စာ - သီရိပစ္စယာ ၄ လမ်း၊ ညောင်ဦး

La Pizza
သစ်သားမီးလင်းဖိုနဲ့ချက်တဲ့ အီတလီ style ပီဇာအပါးရတဲ့ဆိုင်ပါ။ ကြက်၊ ဝက်၊ အမဲအပြင် seafood pizza လဲရပါတယ်။ ထူးထူးခြားခြားဆို လက်ဖက် Pizza လဲရတယ်။

လိပ်စာ - Shop 1 - သီရိပစ္စယာ ၄ လမ်း၊ ညောင်ဦး /
Shop 2 ခရေလမ်း၊ ပုဂံမြို့သစ်

Bibo Bar & Bistro
သူ့မှာ ထူးထူးခြားခြား အစိမ်းရောင် Green Burger နာမည်ကြီးပါ။ သတ်သတ်လွတ် menu ကောင်းကောင်းလဲရှိတယ်။ အချိုပွဲအနေနဲ့ ကိုယ်ပိုင်လုပ်ရေခဲမုန့်တွေ Brownie တွေလဲရနိုင်တယ်။

လိပ်စာ - Shop 1 - သီရိပစ္စယာ ၄ လမ်း၊ ညောင်ဦး
Shop 2 - ခရေလမ်း၊ ပုဂံမြို့သစ်

Bagan ZAY
သီချင်းကောင်းကောင်း cocktail ကောင်းကောင်းရတဲ့ဆိုင်ပါ။ သူတို့ Happy Hour ကိုသွားရင်ပိုတန်တယ်။ အစားအသောက်အနေနဲ့ အနောက်တိုင်း နဲ့ ဗမာစာကို fusion လုပ်ထားတဲ့ပုံစံတွေရတယ်။

လိပ်စာ - သီရိပစ္စယာ ၄ လမ်း၊ ညောင်ဦး

Harmony BBQ
ကိုရီးယား Kimchi ထမင်းကြော်၊ ယိုးဒယားထမင်းကြော်တို့ထူးထူးဆန်းဆန်းရတယ်။ ဈေးအတော်တန်တဲ့ဆိုင်ပါ။ ရန်ကုန်မှာလိုပဲ အသားလဲစုံစုံလင်လင်ရတယ်။ လူငယ်အထိုင်များတဲ့ဆိုင်ပါ။ စည်ဘီယာလဲရှိတယ်။

လိပ်စာ - မိန်းလမ်းမကြီး၊ ဝက်ကြီးအင်းရပ်ကွက်၊ ညောင်ဦး

Black Bamboo
နေပူချိန် သစ်ရိပ်ဝါးရိပ်ထဲမှာ အေးဆေးနားလို့ကောင်းတဲ့ဆိုင့်ပါ။Homemade ရေခဲမုန့်၊ dessert၊ အသီးဖျော်ရည်ကောင်းကောင်းရတယ်။ အခြား အီတလီစာမျိုးစုံလဲရတယ်။

လိပ်စာ - သီရိပစ္စယာ ၄ လမ်း၊

ကော်ဖီ/ လက်ဖက်ရည်ဆိုင်

Mont Bagan Bakery & Cafe
ပုဂံမှာ ကော်ဖီဆိုင်လိုနေရာ အေးဆေးထိုင်ချင်ရင် သွားရမဲ့နေရာလေး။ ဆိုင်အခင်းအကျင်းက လှသလို ဈေးကလဲ မများဘူး။ Coffee အမျိုးမျိုး၊ Bakery မုန့်မျိုးစုံလဲရသလို Birthday Cake ကအစ ဒီဆိုင်မှာ မှာလို့ရတယ်။
ဆိုင်တည်နေရာက ပုဂံမြို့သစ် မြို့လယ်ဘုရားနားမှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ရှိပါတယ်

ဂွတ်ရှယ် လက်ဖက်ရည်ဆိုင်
ရန်ကုန်ပုံစံလက်ဖက်ရည်ဆိုင်ပါ။ မနက်စာအစုံ ကို သန့်သန့်ရှင်းရှင်းနဲ့ စားကောင်းတဲ့ဆိုင်ပါ။ ဒီဆိုင်ရဲ့ဟင်းပွဲအပြင်အဆင်ကိုသဘောကျမိတယ်။ မုန့်ဟင်းခါးဆိုအရည်သတ်သတ် အဖတ်သတ်သတ်ချပေးတယ်။
လိပ်စာ - လေဆိပ်မီးပွိုင့်ကနေ ညောင်ဦးသွားတဲ့လမ်း ညောင်ဦးဆေးရုံ မရောက်ခင်နားမှာ ရှိတယ်

ဒေါ်မှတ်ကြီး ခေါက်ဆွဲဆိုင် (မနက်စာ)
ခေါက်ဆွဲသုပ်၊ မုန့်တီသုပ်၊ မုန့်ဟင်းခါးသုပ် တို့ကို ပွဲကြီးပွဲသေးရပါတယ သူက ခေါက်ဆွဲအပေါ်ကို ဗမာကြက်သားအရည်ကျဲချက်ထားတာနဲ့ လောင်းပြီး သုပ်ပေးတာပါ။ ရွှေတောင်ခေါက်ဆွဲပုံစံမျိုး ဒါပေမဲ့ ရွှေတောင်တော့မဟုတ်ဘူး။ အစပ်မစားသူတွေတွက်တော့ နည်းနည်းစပ်ပါတယ်။ ၈း၃၀ - ၉း၀၀ နာရီလောက်ဆိုရင် ကုန်သလောက်ဖြစ်နေပြီမို့ စောစောသွားဖို့တော့လိုတယ်။
လိပ်စာ - https://goo.gl/maps/gbV5gjUZwgQgRYxc7

Date CafĂŠ
ပုံမှန် Italian coffee စေ့မသုံးပဲ စပိန်ကော်ဖီစေ့သုံးတဲ့ဆိုင်လေးပါ။ အခင်းအကျင်းကဘာမှသာမဟုတ်တာ ပုဂံမှာ အကောင်းဆုံး ကော်ဖီရနိုင်တဲ့ဆိုင်ဆိုရင်မမှားပါဘူး။ ကော်ဖီအပြင် အာလူးကြော်၊ကော်ပြန့်တွေလဲရတယ်။
ကျွန်တော့်ကို Instagram မှာ follow လုပ်မယ်ဆို - www.instagram.com/a.toe

ကျွန်တော့် company – lodggy အကြောင်းလဲမိတ်ဆက်ပါရစေ။
Lodggy က ဟိုတယ် Booking တွေစီစဉ်ပေးတဲ့ Service ပါနော်။ စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ မြန်မာအနှံ ဟိုတယ်၊တည်းခိုခန်းပေါင်း ၁၀၀၀ ကျော်နဲ့ချိတ်ဆက်ထားတယ်လေ။
ခရီးသွားလို့ ဟိုတယ်တွေ ဘွတ်ကင်လုပ်မယ်ဆို lodggy.com - 09 4444 38366 ဖြစ်စေ၊ Page Messenger ကိုလဲ ဆက်သွယ်နိုင်ပါတယ်နော်။

Want your business to be the top-listed Travel Agency in Bagan?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bagan