Bagan Arch

Bagan Arch

Share

Photos from Bagan Arch's post 06/08/2024

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိရှေးဟောင်း‌အဆောက်အအုံ(၉)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ရန် ဆောင်ရွက်လျက်ရှိခြင်း
****************************************
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာနမှအဆောက်အဦ ဦးစီးဌာန (လျှပ် စစ်)၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ စီမံကြီးကြပ်လမ်းညွှန်မှုနှင့် ဆက်စပ်ဌာနများ၊ ဘုရားဂေါပကအဖွဲ့များ တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် သဘာဝ ဘေးအန္တရယ်ကာကွယ်ရေးလုပ်ငန်းစဉ်တစ်ခုအနေဖြင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံ(၁၁)ဆူအား မိုးကြိုးလွှဲတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
၂၀၂၄ ခုနှစ် သြဂုတ်လ(၂)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်စပ်ဌာနများ၊ သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့များတို့သည် ရှေးဟောင်းအဆောက်အအုံ(၉)ဆူ ဖြစ်သည့် လောကနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ငှက်ပစ်တောင်ဘုရား၊ရှင်အဇ္ဈဂေါဏဘုရား၊မင်းနန်သူလေးမျက်နှာဘုရား၊မင်္ဂလာစေတီဘုရားနှင့် စေတနာကြီးဘုရားတို့တွင် မိုးကြိုးလွှဲတပ်ဆင်ခြင်း လုပ်ငန်းစဉ်များအား စတင် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

Photos from Bagan Arch's post 29/05/2024

ရှေးဟောင်းဝတ္ထုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ် ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း
*********************
ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်များ၊ ယဉ်ကျေးမှုနှင့်ရှေးဟောင်း အမွေအနှစ်များ၊ ဘူမိသွင်ပြင်အနေအထားနှင့် ပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့် ရှောက်ရန်၊ ရေမြေတောတောင်သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများအား စနစ်တကျထိန်းသိမ်း၍ပညာပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် သက်ဆိုင်ရာဌာနများမှ ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို တည်ထောင်ရန် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးမြို့၊ ဗျတ္တလမ်း၊ လင်းဟိုတယ်လုပ်ငန်းပိုင်ရှင်ဖြစ်သည့် ဒေါက်တာထွန်းလှအောင်နှင့်ဇနီးဒေါ်တင်တင်မာတို့မှ ပုပ္ပါးတောင်တဝိုက်မှရရှိသော ကျောက်ဖြစ် ရုပ်ကြွင်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၏အသိပညာပေးမှုအရ ထိန်းသိမ်းစောင့်ရှောက်ရမည့် အသိကိုရရှိပြီး အများပြည်သူကြည့်ရှုလေ့လာနိုင်ရန်နှင့် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို အထောက်အကူဖြစ်နိုင်စေရန် ရည်ရွယ်၍ ဧရာဝတီကျောက်လွှာစုတွင်တွေ့နိုင်သော နို့တိုက် သတ္တဝါကျောက်ဖြစ် ရုပ်ကြွင်းနှင့် အင်ကြင်းပင်ကျောက်ဖြစ်ရုပ် ကြွင်း (၁၄၀)ခုအား ထိန်းသိမ်း၍ ပြတိုက်အနေဖြင့် ထိန်းသိမ်းထားမှုကို သက်ဆိုင်ရာဌာနမှ Geosite အဖြစ်ထည့်သွင်းနိုင်ရေး သဘောထားတောင်းခံမှုအရနှင့် လင်းဟိုတယ်မှလည်း ကိုယ်ပိုင်ထိန်းသိမ်း ပြသလိုပါသဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ်ထုတ်ပေးပါရန် "ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး" နည်းဥပဒေပါ ပုံစံ(၃) ဖြင့် တင်ပြလျှောက်ထားလာခြင်းအား ဥပဒေနှင့် အညီဖြစ်စေရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)က ကွင်းဆင်းစစ်ဆေး၍ “ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး" နည်းဥပဒေပါ ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ် ပုံစံ(၄)ဖြင့် ထုတ်ပေးခဲ့ပါသည်။
လင်းဟိုတယ်လုပ်ငန်းပိုင်ရှင်အား လက်မှတ်ပေးအပ်သည့်အခမ်းအနားကို ၂၈-၅-၂၀၂၄ ရက်နေ့ မွန်းလွဲ (၁၅:၀၀) အချိန်တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ဌာနခွဲ အရာထမ်းများ၊ မန္တလေးတိုင်းဒေသကြီး အမွေအနှစ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ လင်းဟိုတယ်ပြတိုက်နှင့် သက်ဆိုင်သူများ တက်ရောက်ခဲ့ပါသည်။

Photos from Bagan Arch's post 24/04/2024

မိုခါမုန်တိုင်းဒဏ်သင့် ရှေးဟောင်းအ‌ဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပြီးစီးခြင်း
**************************************
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် (၁၃.၅.၂၀၂၃)ရက်နေ့မှ (၁၅.၅.၂၀၂၃)ရက်နေ့ထိ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး (၃)ရက်အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ (၁၅.၇၅) လက်မ အထိ ရှိခဲ့ပါသည်။ အဆိုပါမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများအနက် (၅၉)ဆူတွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာ၏ လမ်းညွှန်ချက်ဖြင့် ပုဂံဌာနခွဲက အရေးပေါ် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ထိခိုက်မှုရှိခဲ့ သည့် (၅၉)ဆူအနက် (၉)ဆူမှာ ဂေါပကရှိသော ရှေးဟောင်းအဆောက်အအုံများဖြစ်သဖြင့် ဂေါပက ရန်ပုံငွေဖြင့်လည်းကောင်း၊ (၅၀)ဆူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းခဲ့သည့် ရန်ပုံငွေဖြင့် လည်းကောင်း ဌာန၏ အဆင့်ဆင့်စီမံခန့်ခွဲကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရာ တွင် မူလလက်ရာနှင့် မူလစံတန်ဖိုးများ ထိခိုက်ပျက်ယွင်းမှု မရှိစေရေး UNESCO Guideline, Conservation Guideline, ပြုပြင်ထိန်းသိမ်းရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သော ရှေးဟောင်းအဆောက်အအုံ(၅၉)ဆူ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို (၂၀.၅.၂၀၂၃)ရက်နေ့မှ စတင်၍ စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ရာ (၃၀.၇.၂၀၂၃) ရက်နေ့ တွင် လုပ်ငန်းများအား (၁၀၀)ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ‌ဌာနအနေဖြင့် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ရေရှည် တည်တံ့ခိုင်မြဲ စေရန် အတွက် (Conservation Procedure)နှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Want your organization to be the top-listed Government Service in Bagan?
Click here to claim your Sponsored Listing.

Telephone

Address


Bagan

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00