Aunglan Media Group
16/06/2024
ကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား
စမ်းသပ်နည်းတွေရှိတယ်
မီတာခနဲ့ ချိန်ပြီး သုံးချင်လား
ဒါလေးသိမှဖြစ်မယ်..
ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင်
အဲ့ ၅၀ဖိုးပဲ သုံးချင်တယ်
အိမ်က မီးချောင်း ဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့..
မီတာမှာ တစ်ယူနစ်တက်အောင်
ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာ သုံးရင်
တက်လဲ သုံးရမလဲ.
ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လား. TV လေး တစ်နေ့မှ တစ်နာရီလောက် ကြည့်တာ ငွေအားဖြင့် ဘယ်လောက်ကုန်သွားလဲ..
စက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောက်တက်သွားမလဲ.
တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေက စက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ် ထင်နေတာ ဘယ်လိုပြန်ပြောပြရပါမလဲ..
စတာတွေကို လူအများရှင်းအောင် နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲ ပြောကြည့်ချင်ပါတယ်.
မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင် မီတာမှာ တစ်ယူနစ် 1 unit တက်မယ် (အော်တိုပိတ်ပိတ်သွားချိန်မပါ).
ဘာဖြစ်လို့လဲဆိုတော့
မီးပူဟာ Watt 1000 ရှိလို့..
Watt 1000 ရှိတဲ့ပစ္စည်းကို
တစ်နာရီကြာအောင်သုံးရင်..
တစ်ယူနစ် တက်တယ်
အဲ့ဒါက ဖော်မြူလာပဲ
1000 watt တစ်နာရီ = 1 unit
တစ်နာရီကို unit ဘယ်လောက်တက်တယ် သိရင်..
နှစ်နာရီသုံးတယ်ဆို ၂ နဲ့မြောက်ပေါ့
သုံးနာရီသုံးတယ်ဆို ၃ နဲ့မြောက်ပေါ.
အလွယ်လေး မခက်သေးဘူးနော်..
ဒါဆို ကိုယ်မီးပူတိုက်နေတာ ဘယ်နှစ်နာရီဆို ဘယ်နှစ်ယူနစ်တက်မလဲ သိပြီပေါ့..
ဟုတ်ပြီ ကျွန်တော် ကျွန်မ ခုသုံးနေတဲ့ ပစ္စည်းက watt 1000 မှ မဟုတ်တာဗျာ.
အိမ်မှာ လေးပေ မီးချောင်း တစ်ချောင်း ထွန်းထားတယ် အဲ့လေးပေ မီးချောင်းက Watt 40 ပဲ ရှိတာ..
ဘယ်နှစ်နာရီ ထွန်းထားရင် တစ်ယူနစ်တက်မလဲ ပိုက်ဆံဘယ်လောက် ကုန်မလဲ
ဟုတ်ပြီ ကျွန်တော်တို့ သိချင်တာ ၃ မျိုး ရှိတယ်၊ မီတာမှာ unit ဘယ်လောက် တက်သွားလဲ အချိန်တစ်ခုအားဖြင့် ထွန်းထားတယ် ငွေဘယ်လောက် ကုန်သွားပြီလဲ..
တစ်ယူနစ် မီတာမှာ တက်အောင် ဘယ်လောက်ကြာကြာ သုံးရမလဲ စတဲ့ အချိန်ရယ် ငွေရယ် ယူနစ်တက်သွားတာရယ်.
အဲ့မှာ ငွေကုန်ကြေးကျ တွက်တာက မီတာယူနစ်တက်သလောက် ငွေကုန်တာမို့ မီတာယူနစ် ဘယ်လောက် တက်သလဲ ဆိုတာကိုပဲ အရင်တွက်ရမယ်.
ပြီးမှ တစ်ယူနစ်မီတာခနဲ့ မြောက်ပေါ့ ဟုတ်ပြီ ပြောနေတာတွေ ရှုပ်တယ်
အလွယ်ပဲပြောမယ်ဗျာ
ကိုယ်သုံးမယ့်ပစ္စည်းရဲ့ Watt ကို
1000 နဲ့စားရင် တက်သွားမယ့် ယူနစ်ရမယ်..
(တစ်နာရီသုံးရင် အဲ့လောက်တက်မယ်လို့ ဆိုလိုတာ) အဲ့ Watt ကို 1000 နဲ့ စားတာကို ပြောင်းပြန် ပြန်တွက်လိုက်.
1000 ကို Watt နဲ့ပြန်စားလိုက် လို့ ပြောတာ အာ့ဆို unit မရတော့ဘူး မီတာမှာ တစ်ယူနစ်တက်အောင် ဘယ်လောက်ကြာကြာ သုံးလို့ရမလဲ ဆိုတဲ့ အချိန်ကို ရတယ်ဗျာ.
အဲ့တော့ ဒီလို မှတ် 1000 (နဲ့) စားရင် ယူနစ် ရတယ် ..1000 (ကို) စားရင် အချိန် ရတယ်
ဥပမာ အပေါ်က ၄ ပေမီးချောင်း Watt 40 အဲ့ Watt 40 ကို 1000 (နဲ့) စား 401000 = 0.04 unit ရတယ်
အဲဒါဟာ ၄ ပေမီးချောင်းကို တစ်နာရီထွန်းရင် မီတာမှာ တက်မယ့်ယူနစ် 0.04 ရတယ် unit ရပြီဆို ပိုက်ဆံသိချင်ရင်
တစ်ယူနစ်ကို ၅၀ ဆို 0.04 ၅၀ ပေါ.
တစ်ယူနစ်ကို ၇၀ဆို 0.04 ၇၀ ပေါ.
မြောက်ကြည့်ကြပေါ့..
နောက်တစ်နည်းက အပေါ်ကတွက်နည်းကို ပြောင်းပြန်လှန် 1000 (ကို) Watt 40 နဲ့စား 1000 40 = 25 နာရီ ရတယ် အဲ.ဒါက ၄ ပေ မီးချောင်းကို ၂၅ နာရီကြာအောင်ထွန်းမှ မီတာမှာ တစ်ယူနစ်ပဲ တက်မယ်လို့ ဆိုလိုတာပဲ
ဥပမာ ဘုရားစင်မှာထွန်းလေ့ရှိတဲ့
5 Watt မီးသီး အစိမ်းလေးကို ထွန်းမယ်ဆိုရင် 1000 5 = နာရီ ၂၀၀ လောက်ကြာအောင် ထွန်းထား မှ မီတာမှာ တစ်ယူနစ်ပဲ တက်မှာပါ..
အဲတော့ 1000 နဲ့စားတော့ ယူနစ်ပြ ပြောင်းပြန်လှန်တော့ အချိန်ရ
ဒါလေးနဲ့တင် အများပြည်သူ သိရတွက်ရ အဆင်ပြေလှ အင်း နည်းနည်း အဆင့်မြှင့်ကြည့်မယ်ဗျာ နာရီဝက်ပဲ မီးချောင်းထွန်းရင်ကောဗျာ..
၁၅ မီးနစ်ပဲ သုံးမယ်ဆိုရင်ကောဗျာ
အာ့ဆို နည်းနည်းလေးတော့ ရှုပ်ပြီဗျ
Watt ကို 1000 နဲ့စားလို့ ရတာကို နာရီဝက်ပဲ သုံးရင် 1/2 နဲ့ ထပ်မြောက်ဗျ ဘာလို့ဆို နာရီဝက်က
တစ်နာရီရဲ့ နှစ်ပုံပုံရင် တစ်ပုံဖြစ်နေလို့
၁၅မီးနစ်ပဲ သုံးတယ်ဆိုပြီး
၁၅နဲ့သွားမြှောက်လို့ မရဘူးဗျ
၁၅မီးနစ်သည် တစ်နာရီရဲ့ လေးပုံတစ်ပုံဖြစ်လို့ 1/4 နဲ့ ထပ်မြောက်ဗျ..
အသုံးပြုချိန်က နာရီနဲ့ပဲ တွက်ရလို့ဗျ
မီးနစ်နဲ့တွက်ရင် killowatt hour ဆိုတဲ့ unit မရတော့လို့ပါ.
killowatt ဆိုတာကလည်း အခြားမဟုတ်ဘူးဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ watt ကို 1000 နဲ့ စားလိုက်တဲ့ဖြစ်စဉ်ကို ပြောတာဗျ
မူရင်းတန်ဖိုးက watt အာ့ဒါကို 1000 နဲ့စားလိုက်တော့ killowatt ဖြစ်လာတာပေါ. သဘောက resistor တန်ဖိုး ထောင်ကျော်တဲ့အခါ 1200 အုမ်းလို့ ဘယ်မှာခေါ်လို့လဲ..
1.2 K လို့ပဲ ခေါ်ကြတာ အဲ့ဒါလည်း 1000 နဲ့ စားလိုက်တာပဲလေ ကီလိုဖွဲ့လိုက်တယ်ဆိုပါစို့ဗျာ အဲ့ သဘောပဲ Watt ကို 1000 နဲ့စားလိုက်တာလည်း ကီလိုဖွဲ့လိုက်သလိုပဲမို့ killowatt ရယ်လို့ဖြစ်လာတာ.
အဲ့ကီလိုဝပ်ကို နာရီနဲ့ထပ်မြောက်လို့ ကီလိုဝပ်နာရီ KWh = unit တန်ဖိုးဖြစ်လာတာ အဲ့တော့ သုံးစွဲပစ္စည်းရဲ့ Watt ကို 1000 နဲ့စား သုံးစွဲချိန် နာရီနဲ့ မြောက် တစ်လကုန် မီတာဘယ်လောက်တက်လဲ သိချင်ရင် ရက်ပေါင်း ၃၀ နဲ့ ထပ်မြောက် မီတာမှာ တိုက်ကြည့်ပေါ့
မီတာအရမ်းလည်မြန်နေလို့ မသင်္ကာရင်မီးပူတစ်နာရီတိုက်လို့ တစ်ယူနစ်ပဲ တက်တယ်ဆို ပုံမှန်ပဲ ပေါ.အထဲကဖွဲ့စည်းပုံကြောင့် လည်နှုန်း နှေးတာမြန်တာ ကိုယ့်အလုပ် ဟုတ်ဘူးလေ
တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် ၅၀ကို မီးနစ် ၆၀နဲ့စား တစ်မီးနစ်ကို ပြား ၈၃ပြားလောက် ကျတယ်ပေါ. အဲ့တော့ ဘယ်လောက်ဖိုး သုံးမလဲ ကြာကြာသုံးရင် များများကုန်မယ် များများသုံးရင် မြန်မြန်ကုန်မယ် 1000(နဲ့) စားရင် unit ရမယ် 1000(ကို) စားရင် အချိန်ရမယ် ဒါလေး ပါပဲ.
မူးရင် 🙏🙏
10/06/2023
တရုတ်အသင်းအား ၅ ဂိုးပြတ် ရှုံးနိမ့်ပြီး မြန်မာအသင်း အရေးနိမ့် ခြေစစ်ပွဲ မအောင်မြင်
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ၏နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယနေ့ ဇွန် ၁၀ရက်၊ မြန်မာစံတော်ချိန် ည ၆ နာရီ ၃၀ မိနစ််က မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနှင့် တရုတ် ယူ-၂၀ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တရုတ် ယူ-၂၀ အမျိုးသမီးအသင်းက (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-မေဦးခင်၊ နောက်တန်း- ဖြူဖြူဝင်း၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ဝေဖူးအိမ်၊ အလယ်တန်း -မေသက်မွန်မြင့်၊ နှင်းပွင့်အေး၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်နှင့် ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြသည်။
ရာနူန်းပြည့် နိုင်ပွဲရထားသော တရုတ်အသင်းသည် အကောင်းဆုံးပုံစံကို ဆက်ထိန်းနိုင်ခဲ့ပြီး ပွဲချိန် ၈မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် Lu Jiayu က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးရယူခဲ့သည်။
ပွဲချိန် ၃၆ မိနစ်တွင်လည်း ထောင့်ကန်ဘောမှ တစ်ဆင့်ရရှိသည့် ဘောလုံးကို Jiang Chenjingက အနီးကပ် ပိတ်သွင်းခဲ့သဖြင့် ဒုတိယအနိုင်ဂိုး ရရှိခဲ့သည်။
ယင်းနောက် တရုတ်အသင်းက ဆက်လက်ဖိအားပေးခဲ့ပြီး ပွဲချိန် ၄၁ မိနစ်တွင် Huo Yuexin က ဖရီးကစ်မှ တိုက်ရိုက်ကန်သွင်းပြီး တတိယအနိုင်ဂိုးသွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းအနေဖြင့် ဂိုးရရှိရေးကြိုးစားခဲ့သော်လည်း တရုတ်အသင်း၏ သွင်းဂိုးများကို ဆက်လက်ခွင့်ပြုခဲ့ရပြီး စတုတ္ထဂိုးနှင့် ပဥ္စမဂိုးကို ပွဲချိန် ၆၉ နှင့် ၇၄ မိနစ်တွင် Zhao xinyue က သွင်းယူခဲ့သည်။
“ဒဏ်ရာတွေရှိနေတဲ့ကြားက အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ဒဏ်ရာတွေကောင်းလာရင် ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ။ ပွဲရလဒ်က ကျွန်မနဲ့ပဲ သက်ဆိုင်ပါတယ်။ ရူံးပွဲအတွက် ကျွန်မတစ်ယောက်တည်း တာဝန်ယူသွားမှာပါ” ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ယူ – ၂၀ အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ပြောသည်။
တရုတ် ယူ – ၂၀ အမျိုးသမီးအသင်း နည်းပြချုပ် Wang Junက ” မျှော်လင့်ထားတဲ့အတိုင်း ရာနူန်းပြည့် နိုင်ပွဲရလို့ ကျေနပ်မိပါတယ်။ ဒီအသင်းက ကစားသမားအချို့ဟာ တစ်ချိန်မှာ လက်ရွေးစင်အသင်းကြီးအတွက် အားထားရတဲ့သူတွေဖြစ်လာမှာပါ။ မြန်မာအသင်းနဲ့ ပွဲစဉ်ကို သေချာပြင်ဆင်ကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲ လာရောက်ကစားရာမှာ ဧည့်ဝတ်ကျေပွန်တဲ့ မြန်မာပြည်သူတွေနဲ့ MFF ကိုကျေးဇူး တင်ပါတယ်” ဟု ပြောသည်။
အစောပိုင်းယှဉ်ပြိုင်ကစားခဲ့သော တရုတ်(တိုင်ပေ)နှင့် နီပေါအသင်းတို့ပွဲစဉ်တွင် တရုတ်(တိုင်ပေ) အသင်းက (၅-၀) ဂိုးဖြင့်အနိုင်ရခဲ့သည်။
ထို့ကြောင့် အုပ်စု (B) တွင် တရုတ်အသင်းက ရမှတ် ၉ မှတ်ဖြင့် အုပ်စု ပထမ၊ တရုတ်(တိုင်ပေ) နှင့် မြန်မာတို့ရမှတ် ၄ မှတ်တူညီသော်လည်း ဂိုးကွာခြားချက်အသာဖြင့် တရုတ်(တိုင်ပေ)က အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်သွားခဲ့သည်။
ဒုတိယအဆင့် ခြေစစ်ပွဲအောင်မြင်ခဲ့သော အုပ်စု (A)မှ သြစတြေးလျ၊ ဗီယက်နမ်၊ အုပ်စု(B)မှ တရုတ်၊တရုတ်(တိုင်ပေ) တို့မှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
Popular News Journal
12/05/2023
မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဆီးဂိမ်းစ်မှာ ထိုင်းကို နိုင်ပြီး ဗိုလ်လုပွဲတက်
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက ထိုင်းအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်းမှာ ထိုင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့ပြီး နာကျင်အချိန်ပိုမှာ သွင်းတဲ့တစ်ဂိုးအပါအဝင် နောက်ထပ် ၃ ဂိုးသွင်းပြီး အနိုင်ရသွားခဲ့တာပါ။
ဗိုလ်လုပွဲကို မေလ ၁၅ ရက်မှာ ဗီယက်နမ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- MFF
BBC
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Aunglan