Perfume Heaven

Perfume Heaven

Share

05/09/2025

ကနေ့ ဆုံးပါးသွားတဲ့Giorgio Armani က Profumo ကိုဖန်တီးတဲ့သူမဟုတ်ပါဘူးနော်

Designer Giorgio Armani ဆုံးတာပါ

Profumo ကိုဖန်တီးတဲ့သူကတော့ Alberto Morillas ပါ
Designer brandရေမွှေးတွေက သူတို့ကိုဖန်တီးပေးတဲ့ ရေမွှေးပညာရှင်က သပ်သပ်ပါ

29/07/2025

Night Out ပဲခနခနထွက်နေတယ်
ဒီရေမွှေးမပါပဲဒီတိုင်းထွက်တယ်ဆိုရင်တော့
ဆားမပါတဲ့ဟင်းတခွပ်ကိုစားနေရသလိုဖစ်မာပေါ့

tryကြည့်လို့ အနားကပ်လာတဲ့သူတွေဆီက compliments မရရင်ကြိုက်တာပြော 😁😏

⭐ Rating အနေနဲ့ကတော့ 4.5/5 ပေးပါတယ်

23/07/2025

Hello I'm back
Scent တစ်ခုစီချင်းစီနဲ့ memory နဲ့ tag မိဘူးကြလားဗျ

ကျနော်တို့နေ့စဥ်ဘဝလှုပ်ရှားသွားလာနေမှူတွေ သတိရစရာတွေနဲ့ကြုံကြိုက်တဲ့အခိုက်အတန့်နဲ့
ရနံ့တခုခုကို တခါတလေတွဲမှတ်မိတတ်ကြပါတယ်

ဥပမာ ငယ်ငယ်တုန်းကလျှော်နေကြခေါင်းလျှော်ရည်တို့ဆပ်ပြာနံ့တို့ပြန်ရရင် ငယ်ဘဝကိုသတိရသွားတာမျိုး၊
ရည်းစားစာပေးတုန်းကဖျန်းပေးတဲ့ရေမွှေးနံ့ကိုပြန်ရရင် အချစ်ဦးကိုသတိရသွားတာမျိုး 😜 စသည်ဖြင့်အနံ့တစ်ခုခုကို ကိုယ်ပြန်ရလိုက်တဲ့အချိန်မှာ အဲ့အနံ့ရခဲ့တဲ့အချိန်က Memory လေးတွေကိုပြန်ပြန်ပီးမှတ်မိတတ်ကြပါတယ်

အဲ့တာမျိုးသင်ကြုံဖူးလိမ့်မယ်ဆိုရင်တော့ သင်လဲscent နဲ့ပတ်သတ်ပီး ပါရမီပါလာတဲ့သူတစ်ယောက်ဖစ်နိုင်ပါတယ်

ကျနော်ကိုယ်တိုင်လဲ အဲ့လိုအခိုက်အတန့်မျိုးရအောင် တစ်ချို့special occasionမျိုးမှာ အရမ်းကြိုက်တဲ့ရေမွှေးမျိုးကိုသုံးတတ်ပါတယ်
နောင်တချိန်အဲ့အနံ့လေးပြန်ရတိုင်း အဲ့အချိန်လေးကိုပြန်သတိရစေချင်လို့ပါ

ကျနော့်အတွက်လုံးဝအမှတ်ရစေမယ့်အကြိုက်ဆုံးနဲ့Full bottle collection ထဲကဆိုရင်တော့ ရေမွှေးJourney စခဲ့တဲ့ Versace Eros ပါပဲ ဘယ်ချိန်ပြန်ရရ တက်ကြွလန်းဆန်းပီးအရမ်းပျော်စရာကောင်းခဲ့တဲ့ 2019အချိန်ကိုအမြဲသတိရစေတဲ့ရေမွှေးပါ
ဒုတိယတစ်ခုက Dior Homme Intense ပါ
အဲ့အချိန်က Covid ကြောင့်နယ်မာရောက်နေတဲ့အချိန်ပါ နယ်ဖက်ကဆောင်းတွင်းဆိုတော်တော်အေးတော့ Dior Homme Intense ကတော့အကြိုက်ဆုံးနဲ့အဆွတ်ဖြစ်ဆူံးပါပဲ
ခုချိန် Dior Homme Intenseအနံ့ပြန်ရတိုင်း နယ်မာနေတုန်းကအချိန်ကိုသတိရပီး နယ်ကအိမ်ကိုပြန်ချင်နေတုန်းပါပဲ

ကိုယ့်လူတို့ရော ဘယ်လိုရေမွှေးမျိုးရရင် ဘယ်လိုအချိန်မျိုးကိုသတိရတတ်ကြလဲ . . .

Have a good scent!

02/07/2024

ရာသီဥတုအေးလာရင် လက်ကအလိုလိုသူ့ဆီရောက်မိနေတဲ့ရေမွှေး

ယောကျ်ားဆန်တဲ့ရနံ့ ၊ confidence ရှိရှိနဲ့ gentleman ဆန်ဆန် type မျိုးရမယ့်ရေမွှေး

အနံ့ကချောကလတ်ဆန်တယ်ပဲပြောပြော၊မိတ်ကပ်နံ့လို့ပဲပြောပြော အရမ်းမိုက်တဲ့ Iris နံ့ကတော့ classic ဆန်ပီးဆွဲဆောင်မှုအရမ်းရှိပါတယ်

Dior Homme Intense

19/06/2023

ရန်ကုန်မှာမိုးအေးအေးလေးနဲ့မထင်မှတ်ပဲ ကြိုက်မိသွားတဲ့ Coach for men

ဒီရေမွှေးက fresh type ဖြစ်ပြီးနွေပူပူမှာအရမ်းမိုက်တဲ့အနံ့မျိုးပါ
ဒါပေမယ့်မိုးအေးတဲ့အချိန်မှာ ထုတ်ဆွတ်ကြည့်တော့မထင်မှတ်ပဲကြိုက်မိသွားတဲ့အချက်က အဖွင့်မှာရတဲ့ Pear notes ကြောင့်ပါ
သူ့အနံ့ကအေးနေတဲ့အချိန်မှာပိုချိုသွားပြီး middle notes က Cardamom နဲ့ Geranium တို့ပေါင်းသွားတဲ့အခါမှာအေးအေးလေးနဲ့ စိတ်ကြည်စေတဲ့ခံစားမှုမျိုးခံစားရမှာပါ
base notes က Amber နဲ့vetiverကြောင့် အပိတ်ကိုတော့ woody ဆန်ဆန်လေးနဲ့အရမ်းမိုက်ပါတယ်

fresh type ရေမွှေးကို အေးတဲ့အချိန်မှာဆွတ်ပီးကြိုက်မိသွားတဲ့ Review လေးပါ . . . .

22/05/2023

Longlasting လဲဖစ် ရာသီဥတုမရွေး နေရာမရွေးသုံးလို့အဆင်ပြေပြီး လူကြိုက်များတဲ့ Profumo ကို 10% Off နဲ့ Perfume Heaven မှာ နှစ်ပတ်တိတိ Disount ချပေးနေပါတယ်နော်

Magnetic Cap နဲ့ Old batch မို့လို့ အသစ်ထွက်တဲ့ ပုလင်းတွေထက် Performance ပိုကောင်းပါတယ်

ဒီလောက်ကောင်းတဲ့ရေမွှေးကို ဒီဈေးနဲ့ရောင်းပေးမှာဆိုတော့ ဒီထက်တန်တဲ့ဈေးမရှိတော့ဘူးနော်

မူရင်းဈေး 5ML - 23000 KS
10ML- 40000 KS

Promotion price (10%Off) 5ML - 20700 KS
10ML - 36000 KS

(Full size ပုလင်းထဲကနေ Decant ခွဲရောင်းပေးတာပါ ၊Mini မဟုတ်ပါ ၊ 💯Authentic ဖြစ်ကြောင်းအာမခံပါသည်)

Photos from Perfume Heaven's post 13/05/2023

Dior Backstage Eyepaletteရောက်ပါပြီ
US sephora20%offတုန်းက ရထားတာလေး
မူရင်းဈေး ၂သိန်းကျော်ကို
ခု sale priceနဲ့ 158000နဲ့ ရပါမယ်ရှင်
ရက်ရက်စက်စက်လှသောနော်
instock

Want your business to be the top-listed Beauty Salon in Ahlone?
Click here to claim your Sponsored Listing.

Website

Address


Ahlone
11121