Myanmar.VOM

Myanmar.VOM

Share

Photos from Myanmar.VOM's post 12/04/2026

လူသားချင်းစာနာမှု ကူညီ​ရေး ရန်ပုံ​ငွေ ၂၀၂၆ မြန်မာသင်္ကြန်ပွဲ​တော်မှာ မြန်မာ​ဒေါ့ဘုန်းမှ စမူဆာပဲရည်သုပ်ဖြင့် ပါဝင် အားဖြည့်ခဲ့ပါတယ်💪
အစမှ အဆုံးတိုင် စု​ပေါင်းကူညီလုပ်​ဆောင်​ပေးခဲ့ကြတဲ့ ​​ဒေါ့ဘုန်းမန်ဘာ မိသားစုဝင် တစ်ဦးတစ်​ယောက်ချင်းစီကို ​ကျေးဇူးအများကြီးတင်ပါတယ်😍
ဝယ်ယူအား​ပေးခဲ့ကြတဲ့ ​အမျိုးများအားလုံးကိုလည်း ​ကျေးဇူးအထူးပါ🥰
မြန်မာနှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
လိုရာ ဆန္ဒများ ပြည့်ဝပါ​စေ​ကြောင်း မြန်မာ​ဒေါ့ဘုန်းမိသားစုမှ ဆု​တောင်း​မေတ္တာပို့သလိုက်ပါတယ်🙏
#미얀마닷봄

#미얀마청년

Photos from Myanmar.VOM's post 22/03/2026

မြန်မာ့ရပ်ရွာ​ဒေသ ပြန်လည်ထူ​​ထောင်​ရေးအတွက် Myanmar.VOM စိုက်ပျိုး​ရေးအဖွဲ့ရဲ့ စိုက်ပျိုး​ရေး စတင်ပါပြီ🎉🎉🎉🎉🎉
မ​​​နေ့က (၂၁.၀၃.၂၀၂၆) မန်ဆူ​ကျေးရွာ စု​ပေါင်းချိတ်ဆက်စိုက်ခင်းရဲ့ စိုက်ပျိုး​ရေးပွဲ​တော်မှာ အတူ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ရိုးရာတူရိယာအဖွဲ့၏ မြိုင်ဆိုင်သော အကြိုဖျော်ဖြေမှုနှင့် အတူ ​ပင်မအခမ်းအနားအဖြစ် သဘာဝတရား (မိုးကောင်းကင်၊ မြေကြီး၊ လေ၊ မိုး) ကို ကျေးဇူးတင်ရှိကြောင်း ဂါရဝပြုပွဲ ၊ ​စွမ်းအင်ပြပွဲ- ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်၊ လေအားသွင်း) လျှပ်စစ်ထုတ်စက် တပ်ဆပ်ခြင်းတို့ကို စု​ပေါင်းလုပ်​ဆောင်ခဲ့ကြပါတယ်။
ထို့​နောက်မှာ​တော့ အဖွဲ့အသီးသီးက ယူ​ဆောင်လာကြတဲ့ အစားအစာများ ​ဝေမျှသုံး​ဆောင်ပြီး (Myanmar.VOM ကလည်း မြန်မာ့လက်ဖက်သုပ်နှင့် လက်ဖက်ရည်ကို ပြင်ဆင် ယူ​ဆောင်သွားခဲ့တာပါ😊) ကိုယ်စီ စိုက်ခင်း​တွေကို ​မြေ​ဆွေးဖြူး၊မြေတူးဆွ၊​မြောင်း​ဖော် စသဖြင့် စိုက်ပျိုးရန် အသင့်ဖြစ်​နေ​စေဖို့ ​ဆောင်ရွက်ခဲ့ကြပါတယ်။
ဓါတု​ဗေဒပစ္စည်း ဘာတစ်ခုမှ အသုံးမပြုပဲ သဘာဝ​မြေသြဇာများသာ အသုံးပြုပြီး စိုက်ပျိုးကြမှာ ဖြစ်ပါတယ်။ Myanmar.VOM အ​နေနဲ့ စိုက်ပျိုး​ရုံပဲမဟုတ်ပဲ ကိုရီးယား သဘာဝစိုက်ပျိုး​ရေးနည်းပညာရှင်တို့ရဲ့ နည်းစနစ်​တွေကိုပါ လက်​တွေ့သင်ယူလုပ်​ဆောင်သွားမှာဖြစ်ပါတယ်။ သင်ယူ​လေ့လာထားတဲ့ နည်းပညာ​​တွေကို ရပ်ရွာ​ဒေသပြန်လည်ထူ​​​ထောင်​ရေးမှာ အကျိုးရှိစွာ အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်💪💪💪

#미얀마닷봄
#미얀마청년 #농업팀
#미얀마지역사회복원

Photos from Myanmar.VOM's post 09/03/2026

မ​နေ့က (၂၀၂၆.၀၃.၀၈) Myanmar.VOM ရဲ့
၂၀၂၆ ခုနှစ်၊ ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

တည်ထောင်ခဲ့တဲ့ (၁) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ပါ ပိုပြီးတော့ အဓိပ္ပာယ်ရှိခဲ့တဲ့ မျက်နှာစုံညီ အစည်းအဝေးဖြစ်ခဲ့ပြီး Myanmar.VOM လှုပ်ရှားမှုပုံရိပ်များ ပါဝင်တဲ့ မှတ်တမ်းရုပ်သံကိုလည်း အတူတကွ ကြည့်ရှုခံစားခဲ့ကြပါတယ်။

Myanmar.VOM ပူးတွဲဥက္ကဋ္ဌ မကေသွယ်အောင် ရဲ့
နွေးထွေးတဲ့ အဖွင့်အမှာစကားနဲ့အတူ အခမ်းအနားကို စတင်ခဲ့ကာ ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအရေးရဲ့ ဝါရင့်စီနီယာ ဆရာဦးဇေမင်းမှ ဂုဏ်ပြုစကား ပြောကြားပေးခဲ့သလို၊ မဲဆောက်မှာရှိတဲ့ အဖွဲ့ဝင်တွေဆီကလည်း ဗီဒီယိုနဲ့ ဂုဏ်ပြု နှုတ်ခွန်းဆက်စကားတွေ ပေးပို့လာခဲ့ကြပါတယ်~

အစည်းအဝေးရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အစီအစဉ်များအပေါ် ဆွေးနွေးအတည်ပြုခြင်းကို Myanmar.VOM ပူးတွဲဥက္ကဋ္ဌ မဝေနွယ်နှင်းစိုးမှသဘာပတိအဖြစ် တာဝန်ယူကာ ကောင်းမွန်စွာ ဦးဆောင်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် လှုပ်ရှားမှုတွေကို ပြန်လည်သုံးသပ်ပြီး ၂၀၂၆ ခုနှစ် ခြေလှမ်းသစ်တွေကို အသင်းဝင်တွေအားလုံး တညီတညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။

အစည်းအဝေးအပြီးမှာတော့ ကိုရီးယားနဲ့ မြန်မာအသင်းဝင်တွေ အတူတူ ပျော်ပျော်ပါးပါး ပါဝင်ခဲ့ကြတဲ့ ဉာဏ်စမ်းမေးခွန်း အစီအစဉ်လေးလည်း ရှိခဲ့ကာ Myanmar.VOM ရဲ့ လှုပ်ရှားမှုတွေအကြောင်းကို ဖြေဆိုရင်း အားလုံးပဲ တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြပါတယ်။

ပူး​ပေါင်းပါဝင် ပံ့ပိုး​ပေးကြတဲ့ မန်ဘာ​တွေ​ကြောင့် Myanmar.VOM ရဲ့ ၂၀၂၆ ခုနှစ်ဟာ ပိုပြီးတော့ မျှော်လင့်ချက်တွေ ပြည့်နှက်နေပါတယ်။
အားလုံးကို စိတ်ရင်းနဲ့ ​ကျေးဇူးတင်ပါတယ်🙏
မြန်မာ့ ရပ်ရွာ​ဒေသ ပြန်လည်ထူထောင်ရေးအတွက် အမြဲတမ်း Myanmar.VOM က ဆက်လက် ကြိုးစားသွားပါ့မယ်💪💪💪

#미얀마닷봄 #1주년
#정기총회 #미얀마청년
#지역사회복원

Want your organization to be the top-listed Non Profit Organization in Incheon?
Click here to claim your Sponsored Listing.

Address


인천시 부평구 경인로 957 3층
Incheon

Opening Hours

Saturday 10:00 - 17:00
Sunday 10:00 - 17:00