Knowledge Zone
27/07/2025
ကိုယ့်အိမ်မှာ ဒယ်အိုးအပျက် /ထမင်းအိုးအပျက်/ လျှပ်စစ်ပစ္စည်းနဲ့ပတ်သတ်ပြီ ပျက်နေတာတွေရှိရင် ဆိုင်မှာသွားပြင်မယ့်အစား ကိုယ့်ဘာသာကိုယ်အရင် ဒီဆော့ဝဲလ်လေးနဲ့ပြင်ကြည့်သင့်ပါတယ်။ ဒီဆော့ဝဲလ်က လျှပ်စစ်ပစ္စည်းနဲ့ပတ်သတ်တာမှန်သမျှအတွက် ပြုပြင်နည်းအားလုံးကိုပြထားပေးတာကြောင့် ပိုက်ဆံအကုန်ခံမယ့်အစား ကိုယ့်ဘာသာအရင်ပြင်ကြည့်လိုက်ပါ။
ဆော့ဝဲလ်ကိုဒီမှာဒေါင်းယူပါ ==> https://yoyar.nextworm.com/learn-electrical-engineering/
အားလုံးအဆင်ပြေကြပါစေ...
20/04/2025
မော်လမြိုင် မုပွန်/ကျောက်တန်း ဝက်/ဆိတ်/အမဲ သ-တ်ရုံမှာ အမဲ သားရေ တွေ အသားတွေ အရိုး စည်းကမ်းမဲ့စွာနှင့် ပစ်ထားကြပါတယ်။
သားရေပုံမှာဆိုရင် ကြည့်လို့မကောင်းလောက်အောင် လောက်တွေပါ တက်နေပြီးတော့ သုဿန် မှာလည်း နေလို့မနိုင်အောင် နံစော်နေပါတယ်။အခုဆိုရင် ကျောက်တန်းဖက်ကို ပါ အနံ့အသက်တွေက ရောက်လာပြီဖြစ်ပါတယ်။
ဒီအချိန်က ထက်ကိုပိုဆိုးမှာက ကျောင်းဖွင့်ရာသီပါ။
ကျောင်းဖွင့်တဲ့အချိန်ရောက် ရင် ကလေးတွေရဲ့ ကျန်းမာရေးကိုပါ စိတ်ပူရပါတယ်။
စည်းပွားရေး လုပ်တယ်ဆိုတာ သူတစ်ပါးကို မထိခိုက်ဖို့ အရေးကြီးပါတယ်။
အမှိုက်တွေကို စည်းကမ်းရှိရှိ စွန့်ပစ်ဖို့လိုပါတယ်။
ပုံ-သ-က်ေ-သ နှင့်တကွ တင်ပေးလိုက်ပါတယ်။
တာဝန်ရှိသော လူကြီးမင်းများ အမြန်ဆုံးကြည့်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်။ အများရဲ့ ကျန်းမာရေးအတွက် အခုလိုမျိုး တင်လိုက်ရခြင်းဖြစ်ပါတယ်။
ရက်စွဲ -
၂၀ရက် ဧပြီ ၂၀၂၅
12/07/2024
မကြာခင်မှာ ဝါဝင်တော့မှာဆိုတော့
ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်တဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေပါ
စိပ်ရမဲ့ ရက်လေးတွေ သတ်မှတ်ပြီးပါပြီ
ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့မှ
သီတင်းကျွတ်လပြည့်နေ့)ထိဖြစ်ပါတယ်။
သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်နော်
စိပ်ရမဲ့ နေ့ရက်များ
______
(၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
20 . 7 . 2024 မှ
28 . 7 . 2024 အထိ
______
အရဟံ သိဒ္ဓိ (၉)ပတ်
29 . 7. 2024 မှ
6 . 8 . 2024 အထိ
______
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
7 . 8 . 2024 မှ
15 . 8 . 2024 အထိ
________
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
16 . 8 . 2024 မှ
24 . 8 . 2024 နေ့အထိ
________
သုဂတော သိဒ္ဓိ (၉)ပတ်
25 . 8 . 2024 မှ
2 . 9 . 2024 နေ့အထိ
______
လောကဝိဒူ သိဒ္ဓိ (၉)ပတ်
3 . 9 . 2024 မှ
11 . 9 . 2024 နေ့အထိ
______
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
12 . 9 . 2024 မှ
20 . 9 . 2024 နေ့အထိ
______
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
21 . 9 . 2024 မှ
29 . 9 . 2024 အထိ
______
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
30 . 10 . 2024 မှ
8 . 10 . 2024 အထိ
_____
ဘဂဝါ သိဒ္ဓိ (၉)ပတ်
9 . 10 . 2024 မှ
17 . 10 . 2024 အထိ
______
ပြီးပါပြီ 🙏🙏🙏
03/07/2024
နေရာတွေမှားပြီး ပြိုင်မိတဲ့အခါ
:::::::::::::::::::::::::::::::::::::::::::::::::::
တစ်ခါတလေမှာ ကျွန်တော်တို့ ရှုံးရတယ်ဆိုတာဟာ ကျွန်တော်တို့ မတော်လို့ မဟုတ်ပါဘူး...
ခေတ်သစ်ယုန်နဲ့လိပ် အပြေးပြိုင်ပွဲအကြောင်း သိပြီးပြီလား။ မသိသေးတဲ့လူတွေအတွက် ကျွန်တော် ပြောပြမယ်။
တစ်ခါတုန်းက ယုန်တစ်ကောင်ဟာ လိပ်တစ်ကောင်ကို အပြေးပြိုင်ဖို့ စိန်ခေါ်တယ်။
"ဟေ့ကောင် လိပ်၊ မင်းနဲ့ငါနဲ့ အပြေးပြိုင်ရအောင်
ပုံပြင်ထဲမှာ မင်းတို့လိပ်တွေက ငါတို့ယုန်တွေကို
နိုင်ထားတာဆိုတော့ မကျေနပ်ဘူး၊ ပြန်ပြိုင်ကြမယ်"
ဆိုပြီး စိန်ခေါ်တယ်။
စာရှည်မှာစိုးလို့ တိုတိုပြောရရင် ယုန်နဲ့လိပ်
အပြေးပြိုင်ကြတယ်ပေါ့။ ဒီအခါမှာတော့
ယုန်ကအိပ်မနေတော့ဘဲ တစ်ခါတည်း ပြေးတော့
အဲ့ဒီပြိုင်ပွဲမှာ ယုန်နိုင်သွားတယ်။
ဒါကို လိပ်က မကျေနပ်ဘူး။ မကျေနပ်တော့
ထပ်စိန်ခေါ်တယ်။
"ဟေ့ကောင် ငါမင်းနဲ့အတူ ကုန်းပေါ်မှာ အပြေးပြိုင်ပြီးပြီ၊ သတ္တိရှိရင် မင်းရေထဲဆင်းခဲ့ ငါနဲ့ ရေကူးပြိုင်မယ်"
ဆိုပြီး ထပ်စိန်ခေါ်တယ်။
ယုန်ကလည်း စိန်ခေါ်တာကို လက်မခံရင်
သူရဲဘောကြောင်တယ်အထင်ခံရမှာစိုးတဲ့အတွက်
လိပ်စိန်ခေါ်တာကို
လက်မခံချင် ခံချင်နဲ့ လက်ခံလိုက်တယ်။
ဒီပြိုင်ပွဲမှာတော့ လိပ်နိုင်သွားတယ်။ နိုင်မှာပေါ့။
ယုန်ကရေမှာနေတဲ့သတ္တဝါမှ မဟုတ်ဘဲ။ လိပ်ကတော့
ရေမှာလည်းနေတဲ့ သတ္တဝါဆိုတော့ ရေကူးတတ်တာပေါ့။
ပြောရရင် ယုန်နဲ့လိပ် နှစ်ခါပြိုင်တယ်။ တစ်ပွဲက
ကုန်းပေါ်မှာ တစ်ပွဲက ရေထဲမှာ။ ကုန်းပေါ်မှာ ပြိုင်တဲ့
ပြိုင်ပွဲမှာတော့ ယုန်နိုင်ပြီး
ရေထဲမှာ ပြိုင်တဲ့ပြိုင်ပွဲမှာတော့ လိပ်နိုင်တယ်။
ယုန်ရောလိပ်ရော နှစ်ပွဲပြိုင်တာမှ တစ်ယောက်တစ်ပွဲစီ
နိုင်ပြီး တစ်ယောက်တစ်ပွဲဆီရှုံးတယ်။ ယုန်ရောလိပ်ရော
ရှုံးနိမ့်တဲ့အခေါက်တိုင်းဟာ သူတို့မတော်လို့
ရှုံးတာမဟုတ်ပါဘူး။
မှာယွင်းတဲ့ပြိုင်ပွဲကို ပြိုင်မိလို့ ရှုံးရတာပါ။
လိပ်က အပြေးပြိုင်ရမှာ မဟုတ်ပါဘူး။ ရေကူးပြိုင်ရမှာပါ။ အဲ့လိုပဲ ယုန်ဟာလည်း ရေကူးပြိုင်ရမှာ မဟုတ်ပါဘူး။ အပြေးပြိုင်ရမှာပါ။
ပုံပြင်ထဲက ယုန်နဲ့လိပ်လိုပါပဲ ကျွန်တော်တို့ လူတွေဟာလည်း တစ်ခါတလေမှာ မှားယွင်းတဲ့ပြိုင်ပွဲတွေကို
ပြိုင်မိလို့ ရှုံးနိမ့် တတ်ကြပါတယ်။
တစ်ခါတလေမှာ ကျွန်တော်တို့ ရှုံးရတယ်ဆိုတာ
ကျွန်တော်တို့ မတော်လို့ မဟုတ်ပါဘူး။ ပြိုင်ပွဲမှားနေလို့ပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
41 Durumul-ro 8beon-gil
Incheon
404825