June's Kitchen
19/10/2025
ဒီနေ့တော့
ပဲဟင်းနဲ့ချာပါတီချက်ပါတယ်
ပဲက India Mart ကပဲအစိမ်းအမှုန့်ကိုသုံးပါတယ်
၂.၇၅ =၁၁၀၀၀ တစ်ထုတ်ကိုဈေးနှုန်းပါ
အခုဟင်းရည်က table spoon ၄ဇွန်းစာပါ
ဂျုံက တစ်ထုတ်ရဲ့တစ်ဝက်ကိုသုံးပါတယ် တစ်ထုတ် ၅၀၀၀ပါ
ပဲဟင်းရေကို ကျွန်မစမ်းချင်နေတာကြာပါပြီ
မလေးရှားကိုခေတ္တရောက်စဥ်စားခဲ့ဘူးပါတယ်
ဒီကိုရောက်တော့မလေးရှားဆိုင်မှာ မိတ်ဆွေခေါ်လို့သွားစားရင်း အဲ့ဟင်းရည်နဲ့ပြန်ဆုံပါတယ်
ကြိုက်လွန်းလို့ ကလေးတွေကိုလဲကျွေးမိပါတယ်
အခုဒီနေ့တော့ အမြင်နဲ့တင်ပဲလုပ်ကြည့်မယ်ဆိုပြီး
ပဲဟင်းလေးချက်ပါတယ် မြန်လည်းမြန် အလုပ်လဲမရှုပ် အချိန်ကုန်သက်သာပါတယ်
အခုမြင်နေရတဲ့ပုံကတော့ အိမ်က၂ယောက်မနိုးခင်ရိုက်ထားတာပါ နိုးလာရင်တော့ ပဲဟင်းနဲ့ချာပါတီ
အဖြစ်ကမတွေးရဲစရာပါပဲ😁
13/08/2025
ဒီနေ့တော့ လက်ဖက်ကို
ညက်နေအောင်လုပ်ပြီးနှပ်တာမဟုတ်ပဲ
အရိုင်းနှပ်ကလေး လုပ်ထားပါတယ်
ကြက်သွန်ဖြူ ငရုတ်အနီတောင့်
ငါးငံပြာရည် ဆား အချိုမှုန့်\အရသာမှုန့်
အချိုးအဆ သင့်တော်အောင်ထည့်ပြီး
မညက်တညက် လေး နှပ်ပါမယ်
တစ်ခါတစ်ရံ ထမင်းပူပူလေးနဲ့လည်း
တွဲစားလို့လိုက်ဖက်ပါတယ်
မြန်မာလူမျိုးတွေအတွက်တော့
ဘယ်နေရာရောက်ရောက်
မငြင်းနိူင်တဲ့ အစားအစာဖြစ်ပါတယ်
ကျန်းမာကြပါစေရှင်🧡🙏
#မြန်မာအစားအစာ
#လက်ဖက်
's Kitchen
သီးစုံပဲဟင်းဆိုတာ
အိမ်ရှင်မတိုင်းချက်တတ်တာမို့
ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး
ကျွန်မကတော့ဒီနေ့ စားသုံးသူလိုချင်တဲ့ပုံစံအတိုင်း
ချက်ထားတာပါ
ကျန်းမာကြပါစေရှင်
#အိမ်ချက်လက်ရာ
#မြန်မာအစားအစာ
's Kitchen
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Street 3, Dang Kor, Dang Kor, Cambodia, 120501
Phnom Penh
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |