Phoenix Script

Phoenix Script

共有する

Photos from Phoenix Script's post 18/01/2026

ဒီနေ့တော့ ဂျပန်မှာ တစ်ခါမှသွားမတက်ဖူးခဲ့တဲ့ စာပေဟောပြောပွဲ သွားတက်ခဲ့တယ်ပေါ့လေ။ ပေါ့ပေါ့ပါးပါးပဲ သွားခဲ့ပြီး ဂျပန်မှာမြန်မာတွေစုပြီး စာပေဟောပြောပွဲ သေးသေးလေးတစ်ခုလုပ်တယ်လို့ပဲ ထင်ခဲ့တာ။ ဘယ်ဟုတ်မလဲ NHKကရိုက်ကူးရေးတွေကအစ ဘာသာပြန်အဆုံး သေချာလေးလုပ်ထားတာ တွေ့ခဲ့ရတယ်။

ဆရာမ မသီတာ(စမ်းချောင်း) မှာခဲ့တဲ့အတိုင်း စာတွေဖတ်နိုင်ဖို့ရယ်၊ မတူညီတဲ့ အမြင်တွေ ဖလှယ်တဲ့အခါ ကောင်းမွန်စွာ နားလည်ပြီး ဖလှယ်နိုင်ဖို့ရယ်၊ သွားကြားထိုးတံမဖြစ်အောင်တော့ ဆက်ပြီးကြိုးစားရဦးမယ်။

တချို့တွေကျ မြန်မာတစ်ခေါက် ဂျပန်တစ်ခေါက် နားထောင်ရတာ တစ်မျိုးဖြစ်တယ်လို့ ပြောပေမယ့် ကိုယ်ကတော့ ၂ခေါက်စလုံး သေချာလေးနားထောင်ခဲ့တယ်။ ဘာသာပြန်အစ်မကလဲ အရမ်းတော်ပဲ။ တော်တော်အတွေ့အကြုံရှိတဲ့လူလို့ထင်တယ်။ 💯

ဆရာမနှင့်တကွ စာပေဟောပြောပွဲ ဖြစ်မြောက်အောင် ကူညီကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

#စာပေဟောပြောပွဲဂျပန်

Photos from Phoenix Script's post 15/01/2026

ပိတ်ရက်တုန်းက ဂျပန်စာ listening ကောင်းအောင် anime တွေပြန်ကြည့်နေတာ 薬屋のひとりごと(The Apothecary Dairies) ကို ကြိုက်လွန်းလို့ အစကနေ အခုထွက်ထားတဲ့အထိ နောက်တစ်ခေါက်ပြန်ကြည့်ပြီးသွားပြီ။ manga နဲ့ novel တောင်ဝယ်ဖတ်ချင်တာ စွဲပြီးပိုက်ဆံကုန်မှာစိုးလို့။ အခု prime account တောင် အသိအစ်မဆီက ကုန်းဆင်းထားတာ 🤭

အခုလက်ရှိတော့ prime မှာ trending ဖြစ်နေတဲ့ Golden Kamuy အသုံးအနှုန်းတွေကခက်တော့ မနည်းလိုက်နားထောင်ရတယ်။ မင်းသားက စစ်သားဆိုတော့ စစ်တပ်နဲ့ဆိုင်တဲ့အသုံးအနှုန်းတွေရယ်၊ မင်းသမီးက Hokkaido နယ်စပ်လူမျိုးစုကဆိုတော့ သူတို့လူမျိုးသုံးတဲ့အသုံးအနှုန်းတွေပါတယ်။

အလုပ်က ဂျပန်စာပဲဆို ITနဲ့ဆိုင်တာပဲပြောဖြစ်နေပြီး ကိုယ့်ဘာသာကိုယ် ဝေါဟာရမကြွယ်ဝတဲ့သူလို့ ထင်လာတာမို့။ အပန်းလည်းဖြေရင်း လေ့လာရင်းနဲ့ ကြည့်ဖြစ်တယ်။ စိတ်ဝင်စားရင်တော့ ကြည့်ကြည့်။

15/01/2026

ဒါလေးမဖတ်ခင် ယခုအကြောင်းအရာမှာ ဘယ်သူ့ကိုမှ စောင်းမြောင်းပြောဆိုလိုခြင်း မရှိပါကြောင်း… ✌️

မနေ့ကအဆက်လေး အလုပ်လဲနည်းနည်းပါးတော့ စကားစမြည်ပြောဖြစ်ကြတယ်။ ဂျပန်ပိတ်ရက် ခရီးတွေဘာတွေသွားဖြစ်လဲ မေးကြည့်တော့…

ပိတ်ရက်တွေလဲ ဘယ်မှမသွားဖြစ်ဘဲ သောက်ပဲသောက်နေတာတဲ့။ အလုပ်နဲ့ အိမ်နဲ့ပဲ အချိန်ကုန်၊ ကြာလာတော့ ဘဝကြီးက ပျော်ဖို့မကောင်းတော့ဘူးတွေ ဖြစ်လာကြတာ။ အဲ့ဒီလိုလူမျိုးတွေက ကိုယ့်ပတ်ဝန်းကျင်မှာလဲ တော်တော်များလာတယ် ပြောရမယ်။

တကယ်တော့ ပျော်ရဖို့ မွေးဖွားလာမှမဟုတ်တာလေ။ အခုနောက်ပိုင်း ပျော်ရဖို့ဆိုပြီး အထူးတလည် တွေးမနေတော့ဘူး၊ ရှိနေတဲ့အရာတွေကို နဂိုအတိုင်းလက်ခံလိုက်တဲ့အခါ ပိုစိတ်ချမ်းသာလာတယ်။ အဲ့ဒီအခါ ပိုက်ဆံအကုန်အကျမများရင်တောင် ကိုယ့်ဘဝကြီးက ပိုနေပျော်လာတယ်။

အဲ့ဒါနဲ့ “ဂျပန်မှာနေတာလဲ ကြာပြီဆိုတော့ PR (သို့) နိုင်ငံသားပြောင်းဖို့ မလုပ်ဘူးလား”တဲ့ လာမေးတော့။ “စဉ်းစားနေတုန်းပဲလို့… ငါပြောင်းလိုက်ရင်ကော ကောင်းတဲ့အရာ ရှိလို့လား”လို့ ပြန်မေးလိုက်တာ“မရှိဘူးလေ”တဲ့ ပြန်ပြောတယ်။ 😬

ဘာကြောင့်လဲဆိုတော့ PRဆို ဘယ်အလုပ်ပဲဖြစ်ဖြစ် လုပ်လို့ရတာမှန်​ပေမယ့် ကိုယ်ကဒီအလုပ်ကလွဲ ဘာအလုပ်မှမလုပ်ချင်သလို part time လဲမလုပ်နိုင်ဘူး။ နိုင်ငံသားဆို passport လေးပြောင်းသွားတာလောက်ပဲ နိုင်ငံခြားခရီးသွားချင်တဲ့သူတွေအတွက်လောက်ပဲ ကောင်းတာ။ အရင်က နိုင်ငံသားပြောင်းဖို့ စဉ်းစားနေပေမယ့် အခုအချိန်မှာ ခရီးသွားချင်တဲ့စိတ်တွေလဲ သိပ်ရှိမနေတော့ ပြောင်းဖို့ တက်တက်ကြွကြွရှိမနေဘူး။ ပြီးတော့ ငါဒီမှာတစ်သက်လုံး အခွန်ပေးပြီး အလုပ်လုပ်ရမှာကိုတွေးရင်းနဲ့ ပြောင်းဖို့ အတော်စဉ်းစားနေရတယ်။ ပြောင်းတဲ့လူတွေလည်း သူတို့အတွက် ပိုကောင်းတဲ့အချက်တွေရှိလို့ ပြောင်းတာဖြစ်ပါလိမ့်မယ်။

သူက အိမ်ဝယ်ရင်တော့ cash down 0 လေတဲ့။ အင်း အဲ့ဒါတော့သိပေမယ့် ငါတစ်ယောက်တည်းနေတာ အိမ်ဝယ်စရာလိုလို့လား။ ပြီးတော့ အတိုးမပေးချင်လို့ တချို့ဂျပန်တွေတောင် အိမ်မဝယ်ကြတဲ့လူတွေရှိကြတယ်။ ကိုယ့်အတွက်မလိုဘဲနဲ့ မဝယ်ချင်သေးဘူးလေ။

ပြီးတော့ အဲ့တစ်ယောက်က အတင်းပြောသွားသေးတယ်။ End year party တုန်းက နိုင်ငံသားပြောင်းထားတဲ့သူက သူ့ကိုယ်သူဂျပန်လူမျိုးပါ(私は日本人です)ဆိုပြီး လာပြောတယ်တဲ့။ ရုပ်ကြည့်တော့ ဂျပန်နဲ့လဲမတူဘဲ အတင်းဂျပန်ဆန်နေလို့ “မင်း မူးနေလား” ဆိုပြီး ပြန်ပြောလိုက်တယ်တဲ့။ 🤭 ပြီးတော့ ထပ်ပြောလိုက်သေးတယ်။ ရုပ်ကြည့်တော့လဲ ဘယ်ကလဲဆိုတာသိတယ်၊ ဂျပန်အသံထွက်ကလဲ ဂျပန်မဆန်ဘဲ အတင်းဂျပန်လုပ်နေတာ။ ဘာဖြစ်တယ် 見た目も発音も日本人にしてから日本人と言ってဆိုပြီး ပြောနေလို့ နင်တော်တော်ပြောတတ်တယ်လို့ ပြန်ပြောပြီး ရယ်ပဲရယ်နေနိုင်တော့တယ်။ 😆

နိုင်ငံပဲပြောင်းသွားတာကို လူမျိုးတွေအထိလိုက်ပြောင်းနေကြတာ။ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသားတို့၊ မြန်မာနွယ်ဖွား ဂျပန်နိုင်ငံသားတို့ပဲရှိတယ်။ အခုက ဂျပန်နွယ်ဖွား ဂျပန်လူမျိုးတွေ ဖြစ်နေကြပြီ။ နိုင်ငံသားပြောင်းလို့ အဆင့်မြင့်သွားတယ်ထင်ရပေမယ့် ကိုယ့်နိုင်ငံဘယ်ကလဲဆိုတာ ပြောပြဖို့ ရှက်ရွံ့မနေသင့်ဘူးလေနော်…

#စပ်မိစပ်ရာ

14/01/2026

ရုံးလေးတစ်ခါတစ်လေတက်တယ် လောကဓံရဲ့အတွန်းအထိုးတွေ သိပ်ခံရတာပဲ။ မနက်ကတည်းက ခရီးသွားအချင်းချင်း ပြဿနာတက်နေလို့တဲ့ ဪ ဒုက္ခ… ရုံးသွားချိန်ကြီး ရန်ဖြစ်ကြတယ်ဆိုတော့ ရုံးမသွားချင်လို့များလားနော် 🤭 ရထားကမထွက်နိုင်ဘဲ ၁၀မိနစ်လောက်ရပ်နေတာရယ်၊ ရထားလိုင်းအလွှဲအပြောင်းလုပ်နေတာနဲ့ ၁၅မိနစ်လောက် ကြာသွားတယ်။ အမြဲ အိမ်ကစောထွက်တတ်လို့ တော်သေးတယ်။

ညနေဘက် အလုပ်လုပ်နေရင်း ဘေးကတစ်ယောက်က ဘဝကြီးက ပျင်းဖို့ကောင်းတယ် (人生がつまらない)ဆိုပြီး လာပြောပြီး သူကမွန်ကုဖြစ်ချင်တာတဲ့ ဪ ဘာလဲ မွန်ကု? မွန်ကု? ဆိုပြီးတွေးရင်း…

အရင်က ဂူဂျွန်ဖြိုးကားထဲမှာ မင်းသားက monkey ကိုအသံမပီတော့ မွန်ကီး မွန်ကီးဆိုပြီး သူငယ်ချင်းတစ်ယောက် ပြောပြဖူးတာ သတိရသွားတာနဲ့ “နင် မျောက်ဖြစ်ချင်တာလား”လို့ ရယ်ကျဲကျဲနဲ့ ပြန်ပြောလိုက်တာ ခွက်ထိုးခွက်လန်ရယ်ပါလေရော 🤭

ပြီးမှ Google မှာပုံရှာပြီးပြတယ် မွန်ကုဆိုတာက monk ကိုပြောတာ၊ ဘုန်းကြီးဝတ်ချင်တယ်လို့ပြောတာတဲ့။ ကိုယ်က မွန်ကုတော့ မသိဘူး お坊さんပဲသိတယ်လို့ပြန်ပြောတော့၊ ငါ့ကိုမျောက်ဖြစ်စေချင်နေတာလား ဘယ်တွေထိတွေးလိုက်တာလဲတဲ့လေ 🤣🤣

ကဲ… ဘဝကြီးက ပျော်ဖို့မကောင်းဘူးဆိုတဲ့သူတွေထဲမှာ မျောက်ဖြစ်ချင်တဲ့သူတွေ ရှိကြလား 🤭🙋🏻‍♀️

#စပ်မိစပ်ရာ

Photos from Phoenix Script's post 11/01/2026

ရုံးလေး ၃ရက်ပိတ်တယ် ပထမရက်ကတော့ လိမ္မာခဲ့ပါတယ်။ Gym သွား၊ စျေးဝယ်စရာ ဝယ်နဲ့၊ အစားအသောက်လေးကို ထိန်းထိန်းသိမ်းသိမ်းစား 🌝

အဲ့မှာလေ သူများတွေ Shabu Shabu စားတယ်ဆိုပြီး လှမ်းပြောကြတာ အားကျတာနဲ့ ဒုတိယနေ့ ညနေချိန်းထားတာရှိတာတောင် မနက်နိုးကတည်းက Shabu Shabu သွားစားတယ် 🍲

ညနေက အခုတလော နာမည်ကြီးနေတဲ့ မိုးကုတ်သူမှာသွားစားဖို့ ချိန်းထားတာ။ New Year ပိတ်ရက် သွားစားတဲ့သူတွေ ၂နာရီလောက် တန်းစီစောင့်ရတယ်ပြောလို့ အခုမှပဲ ရောက်ဖူးတော့တယ်။ 🙋🏻‍♀️

ညနေ ၅နာရီဆိုင်ဖွင့်တာကို ၄ခွဲလောက်အရောက်သွားပြီး
တန်းစီထားတာ။ ၅နာရီကျတော့ ဆိုင်ထဲဝင်လို့ရပြီ။ နောက်မှာတန်းစီနေတဲ့သူတွေလဲ အများကြီးပဲ။ နည်းနည်းစောသွားလို့ ကံကောင်းသွားတယ်။ ဟင်းပွဲတွေလဲ သိပ်မစောင့်ရဘူး။ Service လဲကောင်းတယ်။ အကြိုက်ဆုံးကတော့ မာလာဟင်းပဲ။ အရင်ရန်ကုန်ရုံးနားမှာ မာလာဟင်း၊ မြေအိုးမြီးရှည် စားခဲ့တာတောင် သတိတွေပြန်ရသွားတယ်။ မစားရတာ ၅-၆နှစ်လောက်ရှိခဲ့ပြီလေ 🥹

စားဖူးတဲ့အသိတွေပြောကြတာ တို့ဖူးနဲ့ဆိုင်တာတွေက နည်းနည်းပဲစိမ်းနံ့လေး ကျန်တယ်လို့ပြောတယ်။ တို့ဖူးကြော်စားတော့ သတိထားမိတယ်။ အဲ့ဒါလေး ပြင်လိုက်ရင် ပိုအဆင်ပြေသွားမယ်လို့ထင်ပါတယ်။ 😊

အပြန်ပိုက်ဆံရှင်းတော့ အံ့ဩသွားတာ ၅ပွဲလောက်မှာစားတာတောင် ၆၀၀၀လောက်ပဲကျတယ်။ ပျော်တာပေါ့ 👏 နောက်လဲသွားစားဦးမယ်

အပြန်တီတီချစ်က ဖာလူဒါထိုင်သောက်မလို့ပဲ လူကျနေတာနဲ့ ပါဆယ်ဆွဲပြီး အိမ်ပြန်။ ရက်ကူးသွားရင် မကောင်းတော့မှာစိုးလို့ ပြန်ရောက်တာနဲ့ ဖာလူဒါလေးသောက် 😋 မနက်ဖြန်တော့ ဒန်ပေါက်လေးစား ဗိုက်ကားတော့မယ် 🤣

08/01/2026

“အကြွားသန်ကြသူများ” 🌚

ကြွားပါတယ် ကိုယ်တွေလဲ ၂၀ကျော်လောက်က
ဂျပန်ရောက်စ မစားဖူး၊ မသွားဖူးတော့
ကြွားခဲ့ဖူးတယ် 😅

အခုကလေးတွေ အသက်၂၀ကျော်တွေ
အလုပ်လုပ်နိုင်လို့ သွားနိုင်လာနိုင်ကြွားနိုင်ကြရင်လဲ
ဪ… ငယ်တုန်းပဲ ကြွားကြပါစေဆိုတဲ့စိတ်နဲ့ 😌

ဟော အခုလူကိုကြည့်တော့ ငယ်ကလဲ မငယ်တော့
ရွယ်တူ၃၀ကျော်တွေ ကြွားရင် အင်!! ဆိုပြီး
မျက်လုံးလေး ကလယ်ကလယ်နဲ့
ကြည့်ပဲကြည့်နေနိုင်တော့တယ်
မရင့်ကျက်တာလား ဘာလား
ဘာတွေအတန်းရှင်းလိုချင်တာလဲဆိုပြီး 👀
ပြည့်တဲ့အိုးတွေက ဘောင်ဘင်မခတ်ဘူးလေနော်

ဘုရားတရားလုပ်ရမယ့်အရွယ် ကြွားနေရင်တော့
ဂလု… မျိုချလိုက်တယ် မပြောတော့ပါဘူးလေ…

အမေငယ်ငယ်က အဘွားကမှာခဲ့ဖူးတာ
ခုထိမှတ်မိတယ် “မှန်တိုင်းလဲ မပြောရဘူး၊
လူတိုင်းမှာ အားနည်းချက်ရှိတယ်” တဲ့လေ

ဒါနဲ့ ဂျပန်မှာ ၁လ၊ မြန်မာမှာ ၁နှစ်ကတော့
ဟုတ်တယ်
ငါဆောင်ရတဲ့ အခွန်နဲ့ကုန်ကျစရိတ်တွေလေ 🌚

ပုံကတော့ ပြောချင်တာပြောပြီး ပြေးပုန်းတဲ့ပုံပါ 🫣

#ရေးချင်တာလျှောက်ရေး

Photos from Phoenix Script's post 30/12/2025

၂၀၂၅ရဲ့ နောက်ဆုံးနေ့လေးမှာ အဖိုးတန်စာတွေ ဖတ်နေပြီနော်… ☺️ မှာထားပြီး ရောက်လာတာကတော့ ကြာနေပြီ၊ စာအုပ်က yokohama ဘက်မှာ ခရီးတစ်ထောက် ဝင်နားနေတာနဲ့ ဟိုတစ်နေ့ကမှ လက်ထဲရတော့တယ်။ 😇

ဒီနှစ်တွေထဲ ဘယ်လိုစိတ်ဓာတ်တွေနဲ့ အလုပ်တွေ
လုပ်ခဲ့လဲ၊ စာတွေရေးခဲ့လဲဆိုတာ ဖတ်ပြီးသင်ယူချင်ပါတယ်။ 📚

#ချန်ဂင်တို့စခန်း

23/12/2025

၂၀၂၅မှာ
🙋🏻‍♀️ လုပ်သင့်တာတွေလဲ လုပ်ခဲ့တယ်။
🙋🏻‍♀️ လုပ်ချင်တာတွေလဲ လုပ်ခဲ့တယ်။
🙋🏻‍♀️ တာဝန်ဝတ္တရားတွေလည်း ကျေခဲ့တယ်။

၂၀၂၆အတွက်
🌚 အထူးတလည် ဘာမှမရှိဘူး။
🌚 မတည်နိုင်တဲ့ကတိတွေလည်း မပေးဘူး။
🌚 ဘယ်သူ့အပေါ်မှာမှ မျှော်လင့်ချက်တွေမရှိဘူး။

🌝 အပူပေးတဲ့သူဆို ရှောင်မယ်။
🌝 မလိုအပ်တဲ့တာဝန်တွေ ဝန်ပိခံပြီး မယူတော့ဘူး။
🌝 ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ မလုပ်ရင် မရဘူး။ ဒီအတိုင်းလေးပဲ ဆက်သွားမယ်… 🌻

21/12/2025

ဒီနေ့ လမ်းလျှောက်နေတုန်း ဂျပန်မှာနေရတာ ကိုယ့်ဘာသာကိုယ် အတော်မြင့်မြတ်တဲ့သူကြီးဖြစ်ကြောင်း တွေးမိသွားတယ်။ 😇

အိမ်ကိုအကြွေးနဲ့ဝယ်ပြီး အိမ်ပိုင်ရာပိုင် အိမ်ကြီးရှင်သမားတွေကျ အကြွေးရှိလို့ဆိုပြီး အခွန်တွေလျှော့ပေး။ အိမ်ထောင်ဖက် သားသမီးတွေရှိတဲ့သူတွေကျတော့လဲ ကလေးမွေးတဲ့အချိန် ထောက်ပံ့ကြေးရတာကတဖုံ၊ ကလေးရှိလို့ အခွန်တွေလျှော့ပေးတာကတစ်မျိုး။ တစ်ခါတစ်လေအကြွားကလဲ ခံရပါသေးတယ်။ 🥹

တစ်ကိုယ်တည်းသမား အိမ်ဌားသမားလေး၊ ပူစရာမရှိဘူးထင်လို့ အခွန်ကျတော့ လျှော့မပေး၊ ကိုယ်ရှာကိုယ်စား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရုံတင်မကဘူး၊ အခုတလောဟစ်ဖြစ်နေတဲ့ လူပျိုအပျိုအခွန်ဆိုလား နောက်နှစ်ထပ်ဆောင်ပြီး အကျိုးပြုမြင့်မြတ်ပြဦးမှာပါနော်။ 😌✌️ စဉ်းစားကြည့်လေ တစ်ယောက်တည်းနေပြီး သူများမွေးတဲ့ကလေးတွေပါ လိုက်ထောက်ပံ့ပေးနေရတာ တွေးကြည့်တာနဲ့တင် အတော်မြင့်မြတ်နေပြီ မဟုတ်လား။ 🤭

မပျော်ဘူးလား မေးတော့ ပျော်တာပေါ့၊ မြင့်မြတ်နေရတဲ့ဘဝမှာ အရမ်းတွေပျော်နေပြီ… 🥴

Photos from Phoenix Script's post 14/12/2025

12/6 ရက်နေ့တုန်းက ကိုယ်လဲမသုံးဘဲနဲ့ Pay Pay App ကနေ ငွေချေလိုက်တယ်ဆိုပြီး Noti တက်လာတယ်။

APPLE COM BILL ဆိုတဲ့နာမည်နဲ့ ဖြတ်သွားတဲ့ငွေက ယန်း၁၅၀တည်း ဘာမှပြောပလောက်တာ မရှိဘူး။ ဒါပေမယ့် အဲ့လောက်ငွေကနေစပြီး ခိုးခံရတဲ့အကျောက နပ်နေပြီမို့ ရှေ့အပတ်ကတည်းက Pay Pay ဘက်ကို chat ကနေ အကြောင်းကြားလှမ်းမေးကြည့်တယ်။ ဘာပြန်ပြောလဲဆိုတော့ အဖြေက “Apple ဘက်လှမ်းမေးကြည့်” တဲ့… 😐 သူတို့ဘက်မမေးခင်ကတည်းက ကိုယ်က Apple ဆီကလာတဲ့မေးလ်မှာ receipt ရှိ၊ မရှိ ရှာကြည့်ထားပြီးသား၊ ဒီအတောအတွင်း game ကနေ ဘာမှဝယ်ထားတာမျိုးလဲမရှိတော့ ကိုယ်မသုံးထားတာ သေချာတယ်။ ဒါပေမယ့် Apple ဘက်လှမ်းမေးမယ်ဆိုပြီး မေ့နေတာ ဒီနေ့ထင်ထားတဲ့အတိုင်း ထပ်ဖြစ်တယ်။

ဒီနေ့က Pay Pay SNS ကနေ online ငွေချေရင် confirm လုပ်တဲ့ password လှမ်းပို့တာ။ ငွေက ၁၅၀ မဟုတ်တော့ဘူး။ ဒီတစ်ခေါက်က ၂ဆ ၃၀၀ကျော်။ အဲ့ဒါနဲ့ ထပ်မေးရပြန်ကော… သူတို့ဘက်က ပိုက်ဆံမဖြတ်သွားသေးလို့ security အရပြဿနာမရှိဘူးတဲ့။ တကယ်လို့ ပြဿနာတက်မှာစိုးရင် ကဒ်အသစ်ထပ်လျှောက်ဖို့ စဉ်းစားခိုင်းတယ်။ ဖြေရှင်းချက်က အဲ့ဒါနဲ့တင် ပြီးသွားတာနော်… 🤧

အမြင်ကပ်လို့ ငါ့ပိုက်ဆံမှားဖြတ်တဲ့ဟာကော ပြန်ရမှာလား မေးလိုက်တော့၊ ရှေ့တစ်ခေါက်က Apple ဘက်လှမ်းမေးခိုင်းတာလေတဲ့… သူတို့နဲ့မဆိုင်ဘူးဆိုပြီး ပြန်ပြောတယ်။ ကိုယ်လဲ “ငါ့အကောင့်မှာ Apple ဘက်က ငွေရှင်းတဲ့ receipt လဲရှိမနေဘူး၊ နင်တို့ Apple ကငွေဖြတ်သွားတာ ကျိန်းသေလား”လို့ ပြန်ပြောတော့မှ ဘာကြောင့်ဖြစ်သွားလဲဆိုတာ ပြန်ကြည့်ပေးမယ် ပြောသွားတယ်။ အပိုစကားတွေ သိပ်ပြောရတာပဲ။ 😒

အမှန်က ငွေဖြတ်တဲ့နေရာကြည့်ရင် အသိသာကြီးကို။ Appleအစစ်ဆို သူ့ icon နဲ့ Pay Pay App ကနေ receipt ကြည့်လို့ရတယ်ဆိုတာ ရှာရင်းဖွေရင်းနဲ့ တွေ့လာတာ။ အတုက icon တောင်မရှိ။ ပိုက်ဆံက ပြန်ရမယ် မရဘူးဆိုတာ မသေချာဘူးတဲ့။ ကဒ်လဲအသစ်ပြန်ပို့လိုက်မယ်ဆိုပြီး နောက်ဆုံးဖြစ်သွားတယ်။ ကျေးဇူး… 😏

#不審請求

08/12/2025

ဆောင်းဦး Momiji အချိန်ဆို အပင်လေးတွေသိပ်လှတာပဲ။ လူတွေဆိုလည်း လှတဲ့အပင်တွေနား ကြိတ်ကြိတ်ကိုတိုးနေတာ… တန်းစီပြီးရိုက်တဲ့လူကရိုက်၊ အတင်းလုပြီးရိုက်တဲ့သူကရိုက်နဲ့ အိုးးး လူပြတ်တယ်လို့ကို မရှိဘူး 🍁

တစ်ပင်ချင်းစီကိုလိုက်ကြည့်ကြည့် ဘာသွားတွေ့လဲဆိုတော့ အရွက်တွေရဲတောက်နေအောင် လှနေတဲ့အပင်တွေရှိသလို အရွက်တွေကြွေပြီး သစ်ကိုင်းခြောက်ပဲ ကျန်တော့တဲ့အပင်တွေ တွေ့ရတယ်။ သစ်ကိုင်းခြောက်အပင်တွေနားကျ မလှမပနဲ့မို့ ဘယ်သူမှမရှိ။

အဲ့လိုပဲ လူ့ဘဝဟာလဲ ချောတယ်၊ လှတယ်၊ ပိုက်ဆံရှိ နောက်ခံကောင်းတယ်၊ နာမည်ကြီးတယ်၊ သုံးနိုင်ဖြုန်းနိုင် ငွေရှာနိုင်တယ် အစရှိသဖြင့် အပေါ်ယံလူတွေအထင်ကြီးနေတုန်း ဝေနေတုန်းမို့ တရုန်းရုန်းရှိနေတတ်တာ သဘာဝပဲ။ ကြွေခါနီးအချိန် အနားမှာဘယ်သူမှမရှိတော့တဲ့အခါမှ တရားကျစရာကောင်းတာ။

အဲ့ဒါကြောင့် ဝေနေတုန်းမှာ လူအထင်ကြီးအောင် ဘာမှကြွားဝါမှုမလုပ်ဘဲ လူ့သဘောသဘာဝတွေသာ နားလည်ခဲ့ရင် ကြွေခါနီးမှာ အပေါ်ယံလူတွေရှိမနေလဲ ဝမ်းနည်းစရာတော့ မဟုတ်ဘူးလေနော်… 🍂

あなたの公人を公人のトップリストToshimaにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

ウェブサイト

住所


Japan
Toshima, Tokyo
170-0004