Virtuous Tech
28/01/2026
"ဖုန်းနဲ့ Laptop တွေထက် ပိုအရေးကြီးလာတဲ့ 'နိုင်ငံပိုင် Cloud' စစ်ပွဲ စတင်ပြီ" 🌐🏗️
ကျွန်တော်တို့ မြန်မာတွေကြားမှာ AI အကြောင်းပဲ ပြောနေကြပေမဲ့၊ အခု ၂၀၂၆ ရဲ့ နောက်ကွယ်က အကြီးမားဆုံး နည်းပညာလှုပ်ရှားမှုက "Data Residency" (ဒေတာ နေထိုင်မှု အခွင့်အရေး) ဖြစ်ပါတယ်။
ဘာဖြစ်နေတာလဲ?
အရင်က ကျွန်တော်တို့ရဲ့ ဒေတာအားလုံး (ဓာတ်ပုံ၊ မှတ်ပုံတင်၊ ငွေကြေးအချက်အလက်) တွေဟာ အမေရိကန် ဒါမှမဟုတ် T-ရုတ်မှာရှိတဲ့ Cloud server တွေပေါ်မှာပဲ ရှိနေခဲ့တာပါ။ ဒါပေမဲ့ အခု ၂၀၂၆ မှာ အိန္ဒိယ၊ ယူအေအီး နဲ့ ပေါ်တူဂီ စတဲ့ နိုင်ငံတွေက သူတို့နိုင်ငံရဲ့ ဒေတာတွေကို သူတို့မြေပေါ်မှာပဲ သိမ်းဆည်းဖို့ "Sovereign Cloud" တွေကို ကိုယ်တိုင်တည်ဆောက်လာကြပါတယ်။
ဘာကြောင့် ဒါကို သိထားသင့်တာလဲ?
Microsoft တစ်ခုတည်းတင် အိန္ဒိယမှာ ဒေတာစင်တာတွေအတွက် ဒေါ်လာ ၁၇.၅ ဘီလီယံ သုံးစွဲနေပြီး ၂၀၂၆ အလယ်ပိုင်းမှာ အကြီးဆုံး Cloud Region ကြီးကို ဖွင့်လှစ်တော့မှာပါ။
ဒါဟာ Facebook သုံးတာထက် ပိုအရေးကြီးပါတယ်။ နိုင်ငံတစ်ခုရဲ့ အချက်အလက်တွေကို တခြားနိုင်ငံက ထိန်းချုပ်လို့မရအောင် ခြံစည်းရိုးခတ်လိုက်တဲ့ သဘောပါ။
အခုဆိုရင် IT လောကမှာ AI တင်မဟုတ်ဘဲ "Data Governance" နဲ့ "Cybersecurity Infrastructure" ပညာရှင်တွေဟာ ကမ္ဘာတစ်ဝန်းမှာ လစာအကောင်းဆုံးနဲ့ ဝယ်လိုအား အများဆုံး ဖြစ်လာနေပါတယ်။
"အချက်အလက် (Data) ဟာ ၂၁ ရာစုရဲ့ ရေနံပါပဲ" လို့ ပြောခဲ့ကြဖူးပါတယ်။ အခု ၂၀၂၆ မှာတော့ အဲဒီရေနံကို ကိုယ့်မြေထဲမှာပဲ ကိုယ်တိုင်တူးဖော် ထိန်းချုပ်နိုင်ဖို့ နိုင်ငံတိုင်းက ကြိုးစားနေကြပြီ ဖြစ်ပါတယ်။
27/01/2026
ဖုန်းထုတ်စရာမလိုဘဲ လေထဲမှာတင် အကုန်လုပ်လို့ရမယ့် 'AI Pin' နဲ့ 'Smart Ring' များ" 💍📱
အခု ၂၀၂၆ မှာ နည်းပညာက ကျွန်တော်တို့ရဲ့ လက်ဖဝါးထဲကနေ ခန္ဓာကိုယ်ပေါ်ကို အပြီးတိုင် ရောက်ရှိလာပါပြီ။ ဖုန်းတစ်လုံးလုံးကို အိတ်ကပ်ထဲက ထုတ်ကြည့်နေရတဲ့ ခေတ်က တဖြည်းဖြည်း မှေးမှိန်လာနေပါတယ်။
ဘာတွေက အစားထိုးလာတာလဲ?
အခုနောက်ဆုံးထွက်ထားတဲ့ AI Pin တွေဟာ အင်္ကျီမှာ တပ်ထားရုံပါပဲ။ Screen မပါပေမဲ့ သင့်လက်ဖဝါးပေါ်ကို Laser နဲ့ စာသားတွေ ပို့ပေးနိုင်သလို၊ သင်ပြောသမျှကို နားထောင်ပြီး တစ်ဖက်လူနဲ့ ဘာသာစကားမတူရင်တောင် ချက်ချင်း (Real-time) ဘာသာပြန်ပေးနေပါပြီ။
အရင်က ခြေလှမ်းတိုင်းတာလောက်ပဲ လုပ်နိုင်တဲ့ လက်စွပ်(Smart Rings)တွေက အခုဆိုရင် မျက်တောင်တစ်ချက်ခတ်တာ၊ လက်ချောင်းလေး လှုပ်လိုက်တာနဲ့ အိမ်က မီးချောင်းတွေ၊ TV တွေကို ထိန်းချုပ်နိုင်တဲ့အပြင် ငွေပေးချေမှု (Payment) တွေကိုပါ လက်ဝှေ့ယမ်းရုံနဲ့ လုပ်ဆောင်နိုင်နေပါပြီ။
ဘာကြောင့် ဒါကို သိထားသင့်တာလဲ?
နည်းပညာဟာ "Invisible" (မမြင်ရတဲ့အရာ) ဖြစ်လာလေလေ၊ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံက ပိုပြီး လွတ်လပ်လာလေလေပါပဲ။ ဖုန်း Screen ကိုပဲ ငုံ့ကြည့်နေရတဲ့ လူနေမှုပုံစံကနေ ပတ်ဝန်းကျင်ကို ပိုအာရုံစိုက်နိုင်တဲ့ "Screenless Future" ကို ဦးတည်နေတာပါ။
နောက် ၅ နှစ်နေရင် ကျွန်တော်တို့ အားလုံး ဖုန်းကိုင်ကြဦးမလား? 🤔
ဒါမှမဟုတ် ဝတ်ဆင်ရုံနဲ့ အကုန်ပြီးမြောက်တဲ့ နည်းပညာတွေပဲ သုံးကြတော့မလား? 🤔
သင်ရော ဘယ်လိုထင်လဲ?🤷
23/01/2026
သင့်ကွန်ပျူတာ အတွက် မရှိမဖြစ် Application ၅ ခု"💻🚀
ကွန်ပျူတာကို ပိုမြန်၊ ပိုလန်းပြီး ပိုအသုံးဝင်အောင် လုပ်ပေးနိုင်တဲ့ အခမဲ့ Application တွေကို သိပြီးပြီလား? လူတိုင်းမသိသေးတဲ့ ဒီ (၅) ခုက သင့်ရဲ့ Productivity ကို ချက်ချင်း မြှင့်တင်ပေးမှာပါ။
1️⃣ Everything (Search Engine)
Windows ရဲ့ Search က နှေးလွန်းလို့ စိတ်ပျက်နေလား? "Everything" ကို သုံးကြည့်ပါ။ သင့်ကွန်ပျူတာထဲက ဘယ်ဖိုင်ကိုမဆို စာလုံးတစ်လုံးရိုက်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ရှာပေးနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး Search App ပါ။
2️⃣ PowerToys (Swiss Army Knife for Windows)
Microsoft ကိုယ်တိုင်ထုတ်ထားတဲ့ Tool ပါ။ ပုံတွေကို တစ်ပြိုင်တည်း Size ချုံ့တာ၊ ဘယ် App ရဲ့အပေါ်မှာမဆို Window တစ်ခုကို အမြဲတင်ထားတာ (Always on Top) စတဲ့ Powerful ဖြစ်တဲ့ Feature ပေါင်းများစွာ ပါဝင်ပါတယ်။
3️⃣Flux (Eye Care)
ညဘက် ကွန်ပျူတာသုံးရင် မျက်စိညောင်းတာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ Flux က နေဝင်ချိန်အလိုက် သင့်မျက်နှာပြင်ရဲ့ အရောင်ကို မျက်စိနဲ့အကိုက်ညီဆုံး အလိုအလျောက် ချိန်ညှိပေးပါတယ်။
4️⃣ShareX (The Ultimate Screen Capture)
Screen ရိုက်တာ၊ Video record လုပ်တာတင်မကဘဲ ပုံထဲက စာသားတွေကိုပါ ထုတ်ယူပေးနိုင်တဲ့ (OCR) အလွန်အစွမ်းထက်တဲ့ အခမဲ့ App ပါ။
5️⃣Unstoppable Copier
Error တက်နေတဲ့ Disk တွေ၊ ပျက်စီးနေတဲ့ ဖိုင်တွေကို အတင်းအကြပ် Copy ကူးယူချင်တဲ့အခါ ဒါကို သုံးပါ။ ပုံမှန် Windows က Copy ကူးမရတဲ့ ဖိုင်တွေကိုတောင် သူက ရအောင် ကူးပေးနိုင်ပါတယ်။
ဒီထဲက ဘယ် App ကို အကြိုက်ဆုံးလဲ? ဒါမှမဟုတ် သင်သုံးနေတဲ့ တခြားလန်းတဲ့ App တွေရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ပါဦး! 👇
"3 WINDOWS HACKS YOU NEED!"
Most people use Windows every day, but they don't know these 3 powerful shortcuts! 🤯 The first one (Windows + V) will change your life! Which one did you know already? 👇
22/01/2026
"သင့်ဖုန်းက သင့်ကို ပြန်ခိုင်းနေသလား?
ဒီ Setting တစ်ခုနဲ့ ဖုန်းစွဲတာကို ချက်ချင်းရပ်လိုက်ပါ" 📱🧠
ဖုန်းကို ခဏပဲကြည့်မယ်ဆိုပြီး ကိုင်လိုက်မိပေမဲ့ Facebook နဲ့ TikTok ထဲမှာ နာရီဝက်လောက် အချိန်ကုန်သွားတာမျိုး ခဏခဏ ဖြစ်နေလား?
အဲဒါ App တွေရဲ့ အရောင်အသွေးစုံလင်မှုက သင့်ဦးနှောက်ကို Dopamine ထွက်အောင် ဆွဲဆောင်နေလို့ပါ။ အဲတော့...
"Grayscale" Mode ကို ပြောင်းသုံးလိုက်ပါ။
ဘယ်လိုလုပ်ရမလဲ?
iPhone: Settings > Accessibility > Display & Text Size > Color Filters > On (Grayscale)
Android: Settings > Digital Wellbeing > Bedtime Mode သို့မဟုတ် Grayscale ကို ရှာဖွေပါ။
✅ရလဒ် - အချိန်ပိုထွက်လာမယ်၊ အာရုံစူးစိုက်မှု ပိုကောင်းလာမယ်။ စမ်းကြည့်လိုက်ပါ၊ တကယ်ထူးခြားပါတယ်။🤗
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
ウェブサイト
住所
Minato, Tokyo
100-8602