CHIT MA Collection - Italia
26/09/2024
ဒီမှာက ဆောင်းတွင်းရောက်ခါနီးဆို စောင်တွေကို လျှော်ဖို့တန်းစီရတယ် ။ ပိတ်ရက်ဆိုပိုဆိုးတယ်။ တော်ရုံ အနွေးထည် စောင်ထူတွေဆို ခဏခဏမလျှော်ကြပါ။ တစ်နှစ်မှာ ၁ ခါ ၂ ခါသာလျှော်ကြပါတယ်။ ဘာလို့လည်းဆိုရင် ဆောင်းတွင်းမှ ခြုံကြပါတယ်။ ခြုံရင်လည်း တိုက်ရိုက် ခန္တာကိုယ်ပေါ် ခြုံသာမဟုတ်ပဲ အထဲမှာ အပါးတစ်လွာအမြဲခံတော့ အထဲကအပါးတစ်လွာကိုသာ မကြာခဏလျှော်ပါတယ်။ အနွေးထည်လည်း ကားမောင်းတုန်းခဏဝတ်ပြီး ရောက်တဲ့နေရာမှာက အနွေးအတွက် heater ဖွင့်ထားတော့ တစ်နေကုန်မဝတ်ထားကြပါ။ ထမင်းစားရင်လည်း အပေါ်က အနွေးထည်ချွတ်ကြပါတယ်။ ထမင်းစားခန်း အိပ်ခန်း သပ်သပ်စီ အဝတ်အစားခွဲထားတော့ အနွေးထည်ကို ဘက်ပေါင်းစုံနေရာစုံမဝတ်ကြ မသုံးကြပါ။ ကားပဲအသုံးပြုကြတော့ ဖုန်တွေပေတာလည်းမရှိသလောက်ပါ။ အနံ့အသက်လည်း အရမ်းဂရုစိုက်ပါတယ်။ နေသိပ်မပူ ချွေးတွေသိပ်မထွက် အေးတဲ့နေရာဒေသဆိုတော့ အဝတ်အစားလည်း အနံ့အသက် သိပ်မရှိပါ။ ရေလည်းနေ့တိုင်းမချိုးလည်းရပါတယ်။ အမြဲမချိုးကြပါ။ တစ်ခါတုန်းကကိုယ်တွေရှမ်းပြည်မှာတုန်းက အရမ်းအေးတော့ ရေနေ့တိုင်းမချိုးတာကို မန်းလေးဘက်က မိတ်ဆွေတွေက ညစ်ပါတ်တယ်ထင်ကြတာ။ တကယ်တမ်းက နေ့တိုင်းချိုးဖို့မလွယ်ပါ။ အရင်ခေတ်ကိုယ်ငယ်ငယ်တုန်းက ရှမ်းပြည်နယ်ဘက်မှာတင်မကပဲ မြန်မာတစ်နိုင်ငံလုံး ရေမီးအစုံမရှိ ဖုန်းမရှ်ိတဲ့ခေတ် မီးမရှိတော့ ရေပူတည်လို့မရ မီးသွေးနဲ့ ရေပူတည်ပြီးချိုးရင်လည်း မီးမွေးနေရ အိုးကြီးတွေတည်ရ ရေကိုနေပူလှမ်းရင်လည်း နေက တော်ရုံမထွက် တကယ်အေးတဲ့နေရာနေဖူးရင် ရေနေ့တိုင်းမချိုးကြတာကို နားလည်လက်ခံတတ်လာမှာပါ။ တစ်ခါက အညာဘက်က ရှမ်းပြည်ကို လာလည်တာအရမ်းချမ်းလို့ဆိုပြီး တစ်ပါတ်လောက်မချိုးကြဘူး ။ ကိုယ်တွေအေးတဲ့နေရာမွေးလာတဲ့သူတောင် နေ့တိုင်းမချိုးနိုင်ကြတာ ပူတဲ့ဒေသသူတွေအတွက် ပိုဆိုးတာပေါ့။ အဲ့ခေတ်က ဖုန်းတွေမရှိကြ ဗဟုသုတနဲကြတာပေါ့ ကားတွေလည်းသိပ်မပေါတော့ တော်ရုံ ရှမ်းပြည်ဘက်ရောက်တာ တစ်မြို့နဲ့တစ်မြို့သွားလည်တာလည်း အခုလောက်မလွယ်မပေါတော့ တစ်နယ်ဒေသ တစ်နယ်အကျင့် ပုံစံအလေ့အထလည်းမသိကြတော့ ရေနေ့တိုင်းမချိုးရင် ညစ်ပါတ်တယ်ထင်ကြကုန်တာ။ ပူတဲ့ဒေသကြတော့ အရမ်းပူတော့ နေ့တိုင်းချိုးလည်းလွယ်တယ်။ အခုခေတ်တော့ လွယ်တာပေါ့ရေပူတွေရှိကြတော့ ကြိုက်တဲ့အချိန်ချိုးပဲ။ ဟိုအရင်ကတည်းက ရေပူရှိပြီး တိုးတတ်တဲ့နိုင်ငံတွေတောင် ရေနေ့တိုင်းချိုးချင်မှချိုးကြတယ် အိပ်ယာဝင် ခြေလက် ဆေး ကြောကြတာ။ ဘယ်သူမှ ညစ်ပါတ်တယ်လို့မထင်ကြဘူး။ အဓိက အမြဲ ဆေးကြောသန့်စင်နေကြရင် အဆင်ပြေတယ်။ ခေါင်းလည်းနေ့တိုင်းမလျှော်ကြဘူး။ နေ့တိုင်းလျှော်တိုင်း မကောင်းပါ ခေါင်းဆံပင်ဦးရေက။
25/09/2024
ဒီဥရောပမှာ ကိုယ်ပိုင်အလုပ်လုပ်ချင်တယ် လုပ်မယ်လို့ပြောရင် သူတို့က အံ့ဩကြတယ် ကိုယ့်ကိုပိုက်ဆံအရမ်းရှိတယ်ထင်သွားကြတာ။ ဘာလို့လဲဆို ဒီမှာက ကိုယ်ပိုင်အလုပ်မလုပ်ချင်ကြဘူး တော်ရုံပိုက်ဆံတတ်နိုင်ရင်တောင် မလုပ်ချင်ကြဘူး။ ကိုယ်ကလည်း သူတို့ကို ပြန်အံ့ဩတယ် ဘာလို့လဲပေါ့ ။ နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့မှ ပိုသိလာတာက ဒီမှာက ကိုယ်ပိုင်အလုပ်က ထင်သလောက်မလွယ်ပါ။ မြန်မာပြည်လို အရင်းအနှီးနဲနဲနဲ့ ကွမ်းယာဆိုင်ဖွင့် ကိုယ်ပိုင်ဆိုင်လေးဖွင့်မရပါ။ ဆိုင်သေးသေးကြီးကြီး အခွန်တွေဆောင်ရတယ်။ ဆိုင်ခန်းခဈေးကြီးတယ်။ အခွန်ခဈေးကြီး ဆိုင်ခန်းခဈေးကြီး အလုပ်သမားအကူခေါ်ရင်လည်း မြန်မာပြည်လို ပေါပေါပေးများများခိုင်းလို့မရပါ။ တန်ရာတန်ရာ သူအခြေခံလစာ အတိအကျပေးရတယ် အချိန်ပိုလုပ်ရင် အချိန်ပိုပေးရတယ် စနေ တနင်္ဂနွေလုပ်ရင် ၂ဆ ၃ဆပေးရတယ်။ ဝန်ထမ်းနေမကောင်းရင် သူတို့ဆေးစရိတ်မဖြေစ်မနေပေးရတယ် စာချုပ်မှာကတည်းကထည့်ရေးရတာပါ ဝန်ထမ်းအခွင့်အရေး ဥပဒေတွေအကုန်လိုက်နာရတယ်။ တစ်ပါတ်မှာ အနဲဆုံး ၁ ရက်ပေးနားရတယ် ။ မနားခိုင်းလို့ မရပါ တိုင်လို့ရတယ်။ ၁ နှစ်၁ ခေါက် holidays အတွက် သွားလည်ဖို့နားဖို့သပ်သပ် ခွင့် အနဲဆုံး ၂ ပါတ်ပေးရတယ် တစ်ချို့အလုပ်က ၁ လပေးတယ် အဲ့ဒီအတွက်လစာနှုတ်လို့မရ အပြည့်ပေးရတယ်။ ကျန်တဲ့ ခွင့်တွေကိုယ်စီရှိသေးတယ်။ New year မဖြစ်မနေ လစာတစ်လစာ အပိုပေးရတယ်။ ဥပမာ ၁ နှစ်မှာ ၁၂ လစာမှာ နှစ်ဝက်မှာ ၁ လစာအပိုရပြီး နှစ်ကုန်မှာ နောက်ထပ်၁ လစာအပိုထပ်ရတယ် စုစုပေါင်း ၁၄လစာရတယ်။ ၂ လစာအပိုပေါ့။ ၂ လစာအပိုမရတဲ့နေရာဆို အနဲဆုံး ၁ လစာတော့အပိုရကြတယ် တစ်နစ်ပြီးတိုင်း ။ တစ်ချို့က ၁ နှစ်မှာ ၁၃ လစာ ပေးတယ်။ ၁ လစာက အပိုရတယ်။ ဒီမှာက ဝန်ထမ်းလုပ်ရင် သူများအလုပ်လုပ်ရင် ပင်စင်ရှိတယ်။ ကိုယ်ပိုင်အလုပ်လုပ်ရင် ပင်စင်မရှိ။ သူများအလုပ်လုပ်တယ်ဆိုတာက အစိုးရဝန်ထမ်းမဟုတ်ပါ။ သန့်ရှင်းရေးလုပ်လည်း ပင်စင်ရှိတယ်။ လူတိုင်းပင်စင်ရှိတယ် ကိုယ်ပိုင်အလုပ်ကလွဲပြီး။ ဒါကြောင့် ကိုယ်ပိုင်အလုပ်မလုပ်လည်း ဒီနိုင်ငံမှာက စားနိုင်သောက်နိုင်စုနိုင် လည်နိုင်ပါတ်နိုင်ကြတယ်။ အခြေခံလစာက လောက်ငှအောင်ပေးထားပြီးသား အခွင့်အရေးတွေလည်းအများကြီးရှိတော့ ကိုယ်ပိုင်အလုပ်မစဉ်းစားကြတော့တာ။ ကိုယ်ပိုင်အလုပ်က တစ်ခုတော့ကောင်းတယ် နားချင်တဲ့အချိန်နား သွားချင်တဲ့အချိန်သွား။ ကိုယ်သွားရင်ရ ကိုယ်နားရင် ဝင်ငွေရော့။ ကိုယ်ဖျားရင် ကိုယ်အိတ်ထဲကထုတ်ရတယ်။ ပင်စင်အတွက် ကိုယ်တိုင် စုရမယ်။
18/09/2024
ကိုယ်နေတဲ့ ကွန်ဒိုမှာ အိမ်တစ်အိမ်က သားသားလေးမွေး။ ဘယ်အိမ်လဲတော့မသိ ဒီမှာက ကလေးမွေးရင် အဲ့လိုလေးချိတ်ပြီး အသိပေးကြတယ်။ ယောကျာ်းလေးဆို အပြာ။
မိန်းကလေးဆို ပန်းရောင်။
💙💙💙💙💙
ရေဘေး စစ်ဘေး
ငတ်ဘေး မီးဘေးမှ အားလုံးကင်းဝေးပြီး အမြန်ဆုံး အဆင်ပြေပါစေ တို့မွေးရပ်မြေ ပြည်သူပြည်သားအပေါင်းတို့🙏🙏🙏
22/05/2024
ကြားထဲအလုပ်များပြီး ပေစ့်ဖက် မလှည့်နိုင်ဖြစ်နေတယ်။ အီတလီမှာ အိမ်ငှားအကူအညီတောင်းရင် မီလန်ကလွဲပြီး ဘယ်မှာမှ မကူညီမလိုက်ကြည့်ပေးဖြစ်တော့ပါ။ အိမ်လည်း လိုက်မကြည့်ပေးအား တော့ပါ။ အခုက အီတလီမှာလည်း မြန်မာတွေ အရင်ထက်ယှဉ်ရင် ရှိလာပြီဖြစ်တဲ့အတွက် နီးစပ်ရာပဲ အကူအညီတောင်းကြပါ အရင်ကတော့ မြန်မာအရမ်းနဲပြီး အသိမရှိကြလို့ အစ်မရေ ကူညီပါအုံးဆိုလို့ အားနာတာကော အခက်အခဲဖြစ်မှာစိုးလို့ အကူအညီလာတောင်းကြရင်း စလုပ်ဖြစ်ခဲ့တာ။ ဒီနှစ်ကတော့ ဘယ်သူ့ကိုမှ မကူညီနိုင်တော့လို့ စာပို့ပြီး မေးတဲ့သူတွေလည်းရှိတော့ ဒီကနေ တစ်ခါထဲ အသိပေးချင်တာပါ။ အားလုံးအဆင်ပြေကြပါစေ။ မြန်မာပစ္စည်းတွေတော့ နောက် တင်ပေးပါ့မယ် စာလေးတွေလည်းတင်ပေးသွားမယ် ပုံက မရိုက်ဖြစ်သေးလို့ပါ။ လိုအပ်ရင် စာပို့ထားပါရှင့်။
Clicca qui per richiedere la tua inserzione sponsorizzata.
Digitare
Contatta l'azienda
Indirizzo
Milan