My Library

My Library

Share

21/10/2021

ကြမ်းတမ်းသောနေ့ရက်များ

လောကကြီးဆိုတာ
မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။
အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။

ကိုယ့်ကို အလဲထိုးတဲ့လူတွေကသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မူ့
အကောင်းဆုံးပေးနိုင်တာပါ။

သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့
ကြိုးစားနေတာပါ။

ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့
အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယှဉ်သမား
တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင်
ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်းတိုင်းတော့ ရှိမယ်။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက
စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။

လူ့သက်တမ်းကပဲ အကန့်အသတ်ရှိတာပါ။
သင့် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ
အကန့်အသတ်မရှိပါဘူး။

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။
ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ
ဖောက်ကြရမှာပါ။

16/10/2021
15/10/2021

လေးကြိုးက
မြှားကိုမေးတယ်
"နောက်ကို ဘာလို့ဆုတ်တာလဲ''..တဲ့။

မြှားကဖြေတယ်..
"ရှေ့ကို တဟုန်ထိုးပြေးမယ်သူအတွက်
နောက်ဆုတ်တယ်ဆိုတာ
လက်လျော့တာမဟုတ်ဘူး
အရှိန်ယူတာပါ...''တဲ့။

လေးကြိုးက မြှားကိုမေးတယ်
" တကယ်လိုများ
သူမရှိရင်ရော..''တဲ့။

မြှားကလည်း လေးကြိုးကိုပြန်မေးတယ်
" တကယ်လို့များ
သူမရှိရင်ရော...'တဲ့။

နှစ်ဦးစလုံးတိုးတိုးလေး ရယ်လိုက်ကြတယ်။

" ရှင်ဒီကထွက်သွားရင်
ပြန်မလာတော့ဘူးမလား..''တဲ့
မြှားလေးက ဖြေတယ်
"ငါဟာ တစ်ခါသုံးဆိုတာ
မင်းသိနေတာပဲ..'' တဲ့။

"ကျွန်မကတော့ ရှင့်ကို အားကျတယ်
ရှင့်မှာ လွတ်လပ်မှု အပြည့်ရှိတယ်''. .တဲ့
" တကယ်လို့များ
အခွင့်သာရင်
ရှင့်လို တစ်ခါလောက် ပျံချင်တယ်''. .တဲ့။

" ငါဟာ နေပူ မိုးရွာထဲ ဆွေးမြေ့မှာ '' ပြောတော့...
" ကျွန်မလဲ ရှင့်လို လွတ်လွတ်လပ်လပ် ဆွေးမြေ့ချင်တာ...''တဲ့။

မြှားကနောက်ကို တဖြေးဖြေးဆုတ်ရင်း
" ငါသွားတော့မယ်..
ငါ့မျက်လုံးတွေက
ရှေ့ပဲကြည့်ခွင့်ရတာ...ကံကောင်းတယ်..''
" မင်းကို တဖြေးဖြေး ဝေးသွားတာ..
ငါမမြင်ရတော့ဘူးပေါ့..'' တဲ့။

" ကျွန်မ ဆုတောင်းပေးမယ် ရှင့် ဘာဆုလိုချင်လဲ.....''မေးတော့။
" ငါရဲ့ ဦးတည်ရာဟာ သက်ရှိ မဖြစ်ချင်ဘူး...'' တဲ့။

Want your business to be the top-listed Media Company in Delhi?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Address


Mahindra Park Road
Delhi