The Rihli Voice
01/07/2026
မင်းတပ်မြို့အရှေ့ဘက်ကို စစ်ကောင်စီက နံနက်အစောပိုင်းတွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်
01, JULY, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့ အရှေ့ဘက်ရှိ နေရာများကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁ ရက်) နံနက်အစောပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးနှင့် Y-12 ဗုံးကြဲလေယာဉ်တို့ကို အသုံးပြု၍ အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
သတင်းများအရ နံနက် ၄ နာရီ ၂၉ မိနစ်၊ ၄ နာရီ ၃၄ မိနစ်၊ ၄ နာရီ ၃၇ မိနစ်နှင့် ၄ နာရီ ၄၂ မိနစ်ခန့်တို့တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီးဖြင့် မင်းတပ်မြို့ အရှေ့ဘက်ရှိ နေရာများကို စုစုပေါင်း လေးကြိမ် ဗုံးရှစ်လုံးကြဲချ၍ လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် နံနက် ၅ နာရီမှ ၅ နာရီ ၅၀ မိနစ်အတွင်း Y-12 ဗုံးကြဲလေယာဉ်က သုံးလုံးတွဲဗုံးများကို ၁၄ ကြိမ် ကြဲချခဲ့ပြီး၊ စုစုပေါင်း ဗုံးအလုံးရေ ၄၀ ကျော်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုနှင့် အရပ်သားထိခိုက်သေဆုံးမှု အခြေအနေများကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
News - SALAI RJ
Photo - Old Pic
30/06/2026
CDF-Hakha ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ချအလင်းဝင်
30, JUNE , 2026
ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် CDF-Hakha ထံသို့ စစ်ကောင်စီ၏ အပေါ့စားခြေလျင်တပ်မ (LID) လက်အောက်ခံ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း CDF-Hakha Support Team of North America က ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။
CDF-Hakha သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသက်အန္တရာယ်မကြုံမီ CDM ပြုလုပ်ကာ အလင်းဝင်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး အလင်းဝင်လာသူများအတွက် လုံခြုံရေးအာမခံချက်၊ တစ်ဦးချင်းလုံခြုံမှုနှင့် သွားရောက်လိုသည့်နေရာအထိ ပို့ဆောင်ပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အလင်းဝင်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံစွာ ရောက်ရှိလာနိုင်ရေးအတွက် ပြည်သူများအနေဖြင့်လည်း နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းကူညီပေးကြရန် CDF-Hakha Support Team of North America က တိုက်တွန်းထားသည်။
News - SALAI RJ
Photo - CDF - Hakha
30/06/2026
မင်းတပ်အရှေ့ခြမ်းကို Y-12 ဖြင့် ဗုံး ၂၄ လုံးကြဲတိုက်ခိုက်၊ ကန်ပက်လက်အရှေ့ခြမ်းကိုလည်း ဆက်လက်လေကြောင်းတိုက်ခိုက်နေ
30, JUNE , 2026
ယနေ့ နံနက် ၇:၀၀ နာရီမှ ၇:၃၀ နာရီအတွင်း စစ်ကောင်စီ၏ တံတားဦးလေတပ်မှ Y-12 ဗုံးကြဲလေယာဉ်ဖြင့် မင်းတပ်မြို့ အရှေ့ခြမ်းရှိ နေရာများကို ၃ လုံးတွဲဖြင့် ၈ ကြိမ်၊ စုစုပေါင်း ဗုံး ၂၄ လုံး ကြဲချကာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် နံနက် ၇:၃၈ နာရီမှစ၍ လက်ရှိအချိန်အထိ Y-12 ဗုံးကြဲလေယာဉ်က ကန်ပက်လက်မြို့နယ် အရှေ့ခြမ်းရှိ နေရာများကိုလည်း အနည်းဆုံး ၂ ကြိမ် လေကြောင်းတိုက်ခိုက်နေကြောင်း သိရသည်။
တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုနှင့် လူထိခိုက်သေဆုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များ ထပ်မံရရှိပါက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ဒေသ သတင်းတွေမှာ ဖော်ပြထားပါသည်။
News - SALAI RJ
Photo - Old Pic
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Aizawl
0389