SNL

SNL

Share

26/04/2026

စာရေးဆရာကြီးဦးတင်ညွန့်ကို စစ်အုပ်စု ဖမ်းဆီးထား

RNA_ဧပြီ (၂၆)၊၂၀၂၆ ခုနှစ်။

နိုင်ငံရေး၊ သုတနှင့် ရသစာပေများ ရေးသားနေသူ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်ကို စစ်အုပ်စုက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နှင့် ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူများထံကသိရသည်။

သူ့ကို ပြီးခဲ့တဲ့၂၃ ရက်နေ့ မနက် ၂ နာရီက သန်လျင်က သူ့အိမ်မှာ လာဖမ်းသွားတာ။ အမျိုးသမီးတစ်ယောက်က တစ်တော့အွန်လိုင်းမှာတင်ရောင်းတဲ့စာအုပ် ၃ အုပ်နဲ့ပတ်သက်ပြီး ဆရာတင်ညွန့်ကို လာဖမ်းသွားတာ ဟု ဆရာတင်ညွန့်၏မိသားစုနှင့် နီးစပ်သူတစ်ဦးကအတည်ပြု ပြောသည်။

ဆရာတင်ညွန့်ကို စစ်အုပ်စုက ဖမ်းဆီးထားမှုသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့မှာ ရေးသားထုတ်ဝေခဲ့သည့် ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တို့နှင့် အဓိကဆက်စပ်နေကြောင်း ဆရာတင်ညွန့်နှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောဆိုထားသည်။

လူမှုကွန်ရက် Tiktok ၌ အမျိုးသမီးတစ်ဦးက ဆရာတင်ညွန့်၏ စာအုပ်များကို ပြီးခဲ့သည့် ရက်သတ္တပတ်က Liveလွှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ ယင်းအမျိုးသမီးအား Online Shopping လိုင်စင်မရှိဘဲ ဈေးရောင်းချမှုဖြင့် ဖမ်းဆီးထားသလို စာအုပ်ထုတ်ဝေခဲ့သူ ဆရာတင်ညွန့်၏ သားဖြစ်သူကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

စစ်အုပ်စု၏ ဖမ်းဆီးမှုကို ခံထားရသည့် စာရေးဆရာ ဦးတင်ညွန့်သည် ကျောင်းဆရာဟောင်းတစ်ဦးလည်းဖြစ်ခဲ့ပြီး၊ ရိုးမပေါ်မှာကျတဲ့ မျက်ရည် ဝတ္ထုရှည်ဖြင့် လူသိများထင်ရှားပြီး နိင်ငံရေး၊ နည်းပညာ၊ရသနှင့် သုတစာပေတို့အပါအဝင် စာအုပ်အများအပြား ရေးခဲ့သလို လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပဒေသာဆုတို့ကိုလည်း ရရှိထားသူ ဖြစ်သည်။

24/04/2026

လွှတ်တော်ဆိုတာ နိုင်ငံရေးသမားတွေပဲ နိုင်ငံ့ကောင်းကြိုးအတွက် ဆွေးနွေးရမယ် ငြင်းခုံရမယ် ထောက်ခံရမယ် ကန့်ကွက်ရမယ် ပြီးတော့ အဖြေရှာရမယ့် နေရာ ..

ဒီနေရာကိုရောက်လာတဲ့ စစ်သားတို့ ရဲတို့ဆိုတာ လုံခြုံရေးယူဖို့ ကင်းစောင့်ဖို့အတွက်ပဲ ဖြစ်ရမယ် ..
ကမ္ဘာပေါ်မှာ တိုးတက် ချမ်းသာတဲ့ နိုင်ငံတွေမှာ စစ်သားတွေ ရဲတွေ လွှတ်တော်ထဲမှာထိုင်ပြီး နိုင်ငံရေးသမားတွေအဆိုပြုသမျှ လုပ်သမျှကို ထိုင်ကန့်ကွက်နေတာမရှိဘူး ..
ရှိတဲ့နိုင်ငံကလည်း မတိုးတက်ဘူး မချမ်းသာဘူး

လွှတ်တော်ထဲဝင်ထိုင်ချင်လား ရတယ် တပ်ထဲကထွက် ရဲထဲကထွက် နိုင်ငံရေးသမားလုပ် ရွေးကောက်ပွဲဝင် ပြည်သူထောက်ခံရင် နိုင်ငံတော်သမ္မတအထိ လုပ်လို့ရတယ် ..
ပြည်သူမထောက်ခံရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မလုပ်နဲ့ ..

အဓိကကတော့ ကိုယ့်နေရာမှာနေ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပဲ

Ye Thar

20/04/2026

ပြည်သူတွေကို လမ်းဘေးရောက်အောင် ပို့တယ်ဆိုတာ ဒါမျိုးထင်တယ်။ နိုင်ငံတော်အစီအစဉ်နဲ့ လမ်းဘေးဝဲယာ အရိပ်ရနေရာတွေမှာ ဖုန်းအားသွင်းလို့ရအောင် စီစဉ်ပေးမှာတဲ့။ ကိုယ်တွေ လုပ်ကြံပြောနေတာမဟုတ်ဘူးနော်။ စကစ ဝန်ကြီးချုပ်ဆိုသူ ကိုယ်တိုင် ဟန်ကြီးပန်ကြီးနဲ့ လိုက်လံကြည့်ရှုစစ်ဆေးနေတာ။

17/04/2026

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့အား သတိုးမဟာသရေစည်သူဘွဲ့ အပ်နှင်းမည်ဖြစ်ကြောင်း သွားရောက်အကြောင်းကြားရာတွင် တဦးက အသက်ကြီး၍ ပကာသန မမက်တော့ဟု ငြင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Want your public figure to be the top-listed Public Figure in Batam?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Batam