By Generations FM

By Generations FM

Share

30/07/2024
02/07/2024

ယူတီကာကရင်အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုနှင့် မေးမြန်းချက်

၁၃ နှစ်အရွယ် ကရင်လူငယ် ပစ်သတ်ခံရမှုအပေါ် ယူတီကာကရင်အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုနှင့် မေးမြန်းချက်

---------------
“အမှုကပြည်နယ် စုံစမ်းဖော်ထုတ်ရေး AG လက်ထဲမှာရှိပြီး ” ယူတီကာကရင်အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒို

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ် ပြည်နယ်၊ ယူတီကာမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့ ညပိုင်းက အသက် ၁၃ နှစ်အရွယ် ကရင်လူငယ် စောညမွှေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပစ်ခတ်ရာ သေဆုံးမှု ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့မှု၊ နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်၍ Karen Organization of Utica အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုနှင့် ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ယူတီကာမှာ ၁၃နှစ်အရွယ် ကရင်လူငယ် စောညမွှေး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ ။ ။ ဖြစ်စဉ်က ဘယ်လိုဖြစ်လာလဲဆိုရင် အဲဒီကလေးက သူ့သူငယ်ချင်းတစ်ယောက်နဲ့ ည ၁၀နာရီကျော်မှာ စက်ဘီးစီးတယ်။ အဲမှာရဲက သူတို့ကို စစ်ဆေးဖို့ ရပ်ခိုင်းလိုက်တယ်။

သိရတာကတော့ ရဲကအခုလို ရပ်ခိုင်းတဲ့အကြောင်းအရင်းကတော့ နှစ်ချက်သုံးချက်ရှိတယ်။ အဲဒီ မတိုင်ခင် ၂ ရက်လောက်က ဒီဒေသမှာ ဓားပြမှုနဲ့ပတ်သက်ပြီး လူငယ်တွေ ဖမ်းခံရတာရှိတယ်။ လက်နက်တွေ၊ ဓားတွေနဲ့ ဖမ်းဆီးရမိတာရှိတယ်။ ဒါကြောင့် ရဲတွေက အင်အားဖြည့်ပြီး ကင်း လှည့်လာတယ်။ သူတို့ကအဲဒီမှာ စက်ဘီးစီးတာက လမ်းလယ်ခေါင်မှာစီးတယ်။ အမှန်ဆိုရင် စက်ဘီး ဆိုရင် လမ်းဘေးဘက်မှာစီးရမယ်ဆိုတော့ ရဲက သူတို့လမ်းလယ်ခေါင်မှာစီးတာကိုရပ်ခိုင်းလိုက်တာ ဖြစ်တယ်။

ရဲက သူတို့ကို ရပ်ခိုင်းပြီးတော့ ခန္ဓာကိုယ်မှာ ဘာပါလဲ စစ်မှာပေါ့၊ အဲဒီအချိန်မှာ သူကပြေးတယ်၊ ပြေးတဲ့အချိန်မှာရဲကလည်း သူ့နောက်ကိုလိုက်တယ်။ အဲမှာ ရဲက သူ့ကို ပေးလှဲကျပြီးတော့ နှစ်ချက် သုံးချက် ထိုးလိုက်တယ်။ ရဲက ၃ ယောက်ရှိတယ်။ နောက်ဆုံးတစ်ယောက်ရောက်တဲ့အချိန်မှာ သေနတ်အသံမြည်လာတော့ သူက အဲမှာသေဆုံးသွားတယ်။

ကင်မရာထဲက ပုံအရ ရဲသူ့ကို လိုက်တဲ့အချိန်မှာ သူက အနောက်ဘက် တစ်ချက်နှစ်ချက် ပြန်ကြည့်ပြီး ပြေးတယ်။ သူ့လက်ထဲမှာ သေနတ်တစ်လက်ပါတာကိုရဲတွေ့တော့ လက်ထဲမှာသေနတ်ပါတယ်ဆိုပြီးရဲက အော်ပြောပြီးတော့ အင်အားသုံးပြီး သူ့ကို ပစ်မိသွားတယ်။

ဒါက မြို့လုံခြုံရေးရဲတွေရဲ့မှတ်တမ်းအရ သတင်းမှတ်တမ်းတွေအရပေါ့နော်။ အခင်းဖြစ်ပြီး တဲ့အချိန်မှာ သေနတ်ကို ပြန်စစ်ကြည့်လိုက်တော့ သေနတ်က ကစားစရာ သေနတ်အတုဖြစ်တယ်။ ကျည်ဆံ အစစ်မဟုတ်ဘူး။ လေနဲ့ပစ်ရတဲ့သေနတ်ဖြစ်နေတယ်။ ဖြစ်စဉ်က အဲလိုဖြစ်တာပါ။

မေး။ ။ အဲဒီလူငယ်က သေဆုံးသွားတယ်ဆိုတော့ ဘယ်နှစ်ချက်ပစ်လိုက်တာလဲ။ ဖြစ်စဉ်က ဘယ်ရက်၊ ဘယ်အချိန်မှာဖြစ်တာလဲ။
ဖြေ။ ။ ပစ်တာက တစ်ချက်ထဲပဲ ဘာဖြစ်လဲဆိုတော့ သေစေနိုင် တဲ့အနီးကပ်ကိုလာပစ်သွားတာဆိုတော့။ ဖြစ်စဉ်ကတော့ ဇွန် ၂၈ရက်နေ့ ည ၁၀ နာရီကျော်မှာဖြစ်တယ်။

မေး။ ။ ယူတီကာ ရဲတွေဘက်က အခင်းဖြစ်ပွားပြီးနောက် သတင်းစာရှင်းလင်းပွဲလုပ်တာရှိတယ် လို့သိရ တယ်။ သတင်းစာရှင်းလင်းပွဲက ပြီးဆုံးအောင် မလုပ်ဖြစ်ဘဲ ရပ်လိုက်ရတယ်လို့ ကြားတယ်။ ဘာကြောင့်လည်း ပြောပြပေးပါအုံး။
ဖြေ။ ။ ရဲတွေက သတင်းစာရှင်းလင်းပွဲလုပ်တာ မပြီးလိုက်ဘူး။ ဘာဖြစ်လဲဆိုရင်အဲဒီအချိန်မှာ လူထု တွေက ခံစားချက်အရမ်းပြင်းထန်တယ်။ ဝင်ပြီးပြောဆိုတာတွေများတော့ သူတို့က ပြီးအောင် မလုပ် လိုက်ရဘူး။ ဒါပေမယ့်ရဲဘက်ကတော့ သူတို့ ရဲခန္ဓာကိုယ်မှာတပ်ထားတဲ့ ကင်မရာတွေတော့ ချပြတာရှိတယ်။

ကျနော်တို့နေတဲ့ပြည်နယ်မှာ စည်းကမ်းချက်တစ်ခုရှိတာက ရဲတွေက ပြစ်မှုထဲမှာပါရင် ဒီမြို့ထဲမှာဖြစ်ရင် ဒီမြို့က အမှုရှာဖွေဖော်ထုတ်လို့ မရဘူး။ ရှာဖွေဖော်ထုတ်တာတွေက တခြားမြို့နယ်က လာပြီး အမှုဖော်ထုတ်ရတယ်၊ တရားစီရင်ရတာဖြစ်တယ်။ မြို့နယ်အဆင့် တရားစီရင်လို့မရဘူး။ ဒီနေ့ကတော့ သူတို့ အမှုဖွင့်ပြီး အမှုကပြည်နယ် စုံစမ်းဖော်ထုတ်ရေး AG (ရှေ့နေချုပ်-Attorney General)လက်ထဲမှာရှိပြီး။

မေး။ ။အခုလို အသက်မပြည့်သေးတဲ့ ကလေးသေဆုံးတာနဲ့ပတ်သက်ပြီး ဒေသတွင်းက လူထုတွေရဲ့ အမြင်နဲ့ ဘယ်လို ပြောဆိုနေကြတာရှိလဲ။ ပြောပြပေးပါ။
ဖြေ။ ။ လူထုတွေဘက်ကတော့ ခုနက ပြောသလိုဘဲစိတ်ခံစားချက် emotion အရမ်းများတဲ့အချိန်ဖြစ်နေတယ်။ စိတ်မကောင်းကြဘူး။ ဒီနေ့ညနေပိုင်းတုန်းက တွေ့ဆုံဆွေးနွေးမှုတစ်ခုလုပ်တယ်။ အဲမှာ သူတို့တွေပြောတာက စိတ်မကောင်းဘူး။ ရဲနှစ်ယောက်က ဖမ်းမိထားတာကို ကျန်တဲ့ရဲတစ်ယောက်က ဘာလို့ သူ့ကို ပစ်တာလဲပေါ့ သူ့မှာ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖမ်းမိပြီးဆိုရင် ပစ်စရာမလိုဘူး ဆိုပြီးပြောတယ်။

တချို့လူငယ်ကတော့ ရဲစခန်းမှာသွားပြီး ဆန္ဒဖော်ထုတ်တာတို့ ဆန္ဒပြတာတို့လုပ်ချင်တယ်။ ဒါပေမယ့် သက်ကြီးပိုင်းတွေ၊ ဦးစီးဦးဆောင်မှုလုပ်တဲ့သူတွေကတော့ သူတို့ကို အကြံပေးတာပေါ့နော် ဆန္ဒဖော်ထုတ်ချင်ရင် ဖော်ထုတ်လို့ရတယ်။ ဒါပေမယ်ငြိမ်းငြိမ်းချမ်းချမ်းလုပ်ရမယ်။

ဘာဖြစ်လဲဆိုတော့ သေဆုံးသွားတဲ့ လူငယ်က အခုမှ ၁၃နှစ်ပဲရှိသေးတော့ သူ့ကို ကောင်းရာမွန်ရာ ငြိမ်းချမ်းစွာနဲ့ပဲ သွားစေချင်တယ်။ ဟိုးတနေ့ညတုန်းကတောင်မှ ဘယ်သူဦး ဆောင်လုပ်တာလဲတော့မသိဘူး ရဲစခန်းမှာသွားပြီး ဆန္ဒပြတာရှိတယ်။အကြီးကြီးတော့မဟုတ်ဘူး အချိန်ကလည်း မကြာဘူးအဲဒီမှာ ရဲကားတွေကို ပစ်ပေါက်တာတွေရှိတယ်လို့ ပြောတယ်။ ခနနေတော့ အားလုံးပျောက်သွားတယ်။

ဒီဖြစ်စဉ်ဖြစ်တော့ဒီမှာရှိတဲ့ လူမျိုးပေါင်းစုံက ကျနော်တို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ အများကြီး လာပြီးဝန်းရံပေးတာရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားမျှတမှုရှိရှိ အရေးယူလုပ်ဆောင်ပေးဖို့ နောက်နောင်မဖြစ်ဖို့အတွက်တော့ သူတို့လာပြီး ဝန်းရံထောက်ပံ့ပေးကြ ပါတယ်။

မေး။ ။ အဲဒီလူငယ်က အမေရိကန် ပြည်ထောင်စုကို ရောက်တာ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ ။ အမေရိကန်ကို သူတို့မိဘနဲ့ရောက်တာက ၉နှစ်ရှိပြီး သူလာတာက ဘယ်ဒုက္ခသည်စခန်းလဲတော့ကျနော်က မမှတ်ထားဘူး။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတစ်ခုကပဲ။ သူ့မှာက မောင်နှမ ၄ယောက်ရှိတယ်။ သူကတော့ ၃ယောက် မြောက်ပေါ့နော်။ သူက အခုမှ အလယ်တန်းပြီးထားတာ၊ အလယ်တန်းအဆင့် ကျောင်းဆင်းပွဲက ဇွန် ၂၆ရက်နေ့မှာ ကျောင်းဆင်းပွဲလုပ်တယ်။၂၈ ရက်နေ့မှာတော့ ပစ်သတ်ခံရတာဖြစ်တယ်။ ဖြစ်စဉ်ဖြစ်တဲ့ညမှာ သူနဲ့အတူ ပါသွားတဲ့သူ့သူငယ်ချင်းနဲ့ကစကားမပြောရသေးဘူး။ ကလေးရဲ့မိဘတွေက စကားပြောခွင့်မပေးသေးဘူး။ သူ့သူငယ်ချင်းက ကရင်လူမျိုးတော့မဟုတ်ဘူး ၊ ဗီယက်နမ်က ဖြစ်တယ်။ စုံစမ်းဖော်ထုတ်တဲ့အခါမှာတော့ သူ့ကိုတော့ လာမေးမှာပါ။ အခုတော့သူ့အမေက ကျနော်တို့နဲ့ မပေးတွေ့သေးဘူး။

အခုနေတဲ့မြို့က လူမျိုးပေါင်းစုံရှိတယ်။ ဒုက္ခသည်အနေနဲ့လာနေတာကတော့ ကရင်လူမျိုး အများဆုံးပါပဲ။ အရင်တုန်းကတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဆိုမာလီယား အဲဒီကဒုက္ခသည်တွေ အများကြီးပါပဲ။ အခုပြန်များလာတာက ယူကရိန်းတို့ အာဖဂန်နစ္စတန်တို့ အသစ်တဖန်ပြန်များလာတာ လူမျိုးပေါင်းစုံအများကြီး ပါပဲ။

မေး။ ။ အဲဒီအမှုကိစ္စနဲ့ပတ်သက်ပြီး အဲဒီက ကရင်လူမှုအဖွဲ့အစည်းတွေက ဘာတွေလုပ်ဆောင်နေလည်း ရှင်းပြပေးပါ။
ဖြေ။ ။ ဒီအမှုနဲ့ပတ်သက်ပြီး လူငယ်တွေကတော့ ဒီကိစ္စကို ထိထိရောက်ရောက် လုပ်ဆောင်ပေးချင်တယ်။ မိသားစုဝင်တွေနဲ့ တွေဆုံပြီး မေးမြန်းတာတွေပေါ့။ ကျနော်တို့ကတော့ လိုအပ်တဲ့ ထောက်ပံ့မှုအပိုင်းတွေတော့ လုပ်ဆောင်ပေးတယ်။

အခုချိန်မှာတော့ ရှေ့နေရှာမယ်။ ဘာဖြစ်လဲဆိုတော့ ဒီအမှုကိုထိထိရောက်ရောက်ဖြစ်ဖို့က ရှေ့နေ ကောင်းကောင်းနဲ့ ရှာမှရမှာဖြစ်တယ်။ ဒီမှာရှိတဲ့ အင်္ဂလိပ်တွေကလည်း ကျနော်တို့ကို ကူညီ ဆောင်ရွက်ပေးတာအများကြီးပဲ။ ဘယ်ရှေ့နေကောင်းလဲဆိုတာတွေ။ ကျနော်တို့ ကရှေ့နေတွေနဲ့စကားပြောကြည့်တယ်။ ရှေ့နေ နှစ်ယောက်သုံးယောက်နဲ့တော့ စကားပြောထားတယ်။ ဒါပေမယ့် မရွေးရသေးဘူး။ အကောင်းဆုံးတစ်ယောက်ကို ရွေးမယ်။

ကျနော်တို့ လူမှုအဖွဲ့ဘက်ကတော့ ဒီမှာရှိတဲ့ အင်္ဂလိပ်သူငယ်ချင်းတွေကိုရှာပြီး ကောင်းကောင်းလေး စုံစမ်းဖော်ထုတ်ရမှာဖြစ်တယ်။ အသင်းအုပ်ဆရာတွေလား အများကြီးရှိတယ်ပြီးတော့ ဒီမှာရှိတဲ့ မြို့တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်မယ်ပေါ့။ သူ့ကိုပစ်သတ်တဲ့ရဲဟာ အပြစ်ရှိလား၊ မရှိလား၊ သူ့မှာ စည်းကမ်းဘယ်လောက်လိုက်နာမှုရှိလဲ အဲဒါတွေကတော့ AG လက်ထဲမှာရှိတာပေါ့နော်။

အခုဝိုင်းကူညီလုပ်ဆောင်ပေးတာ ကျနော်တို့ ယူတီကာ ကရင်အဖွဲ့အစည်းတစ်ခုထဲမကဘူး။ အမေရိ ကန်ဒေသအသီးသီးမှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေလည်း သူတို့ဘာတွေကူညီပေးရမလဲ ဘယ်လို ကူညီပေးရမလဲ ချိတ်ဆက်လာတာအများကြီး ရှိပါတယ်။

Photo: Lu Pway Doh FB and Social Media

26/06/2024
South Korea: One dead, 21 ‘unaccounted for’ as fire rages at lithium battery plant in Hwaseong 24/06/2024

တောင်ကိုးရီးယား နိုင်ငံ ရှိ လီသီယံ ဘတ်ထရီ စက်ရုံ မီးလောင် မှုတွင် အနည်းဆုံး တရုတ် နိုင်ငံသား ၁၈ဦး ခန့် သေဆုံး

South Korea: One dead, 21 ‘unaccounted for’ as fire rages at lithium battery plant in Hwaseong A large fire is currently burning at a lithium battery manufacturing plant in South Korea. One person has been confirmed dead, and at least 21 others are una...

Want your business to be the top-listed Media Company in London?
Click here to claim your Sponsored Listing.

Category

Address


London