Vamos - Spain
26/07/2026
Spain သွားမယ့်သူတိုင်း သိထားသင့်တဲ့ Spanish စကားလုံး (၅) လုံး 🇪🇸
Spain မှာ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ နေထိုင်ဖို့ပဲဖြစ်ဖြစ် နေ့စဉ်အသုံးများတဲ့ Spanish စကားလုံးလေးတွေကို အရင်သိထားရင် ပိုအဆင်ပြေပါတယ်။
ဒီတစ်ပတ်အတွက် စကားလုံး (၅) လုံးကတော့👇
1. Hola (အိုလာ) – Hello / မင်္ဂလာပါ
2. Gracias (ဂရာစီယတ်စ်) – Thank you / ကျေးဇူးတင်ပါတယ်
3. Por favor (ပေါရ် ဖာဗောရ်) – Please / ကျေးဇူးပြု၍
4. Adiós (အဒီယို့စ်) – Goodbye / နှုတ်ဆက်ပါတယ်
5. Sí (စီ) – Yes / ဟုတ်ပါတယ်
ဒီစကားလုံးတွေက Spain မှာ နေ့တိုင်းကြားရပြီး အသုံးများတဲ့ အခြေခံ Vocabulary တွေပါ။ အသံထွက်လည်း လိုက်ဖတ်ကြည့်ပြီး မှတ်ထားလိုက်နော်။
နောက်တစ်ပတ်မှာလည်း Spanish Vocabulary (၅) လုံး ထပ်ပြီးမျှဝေပေးသွားမှာမို့ လက်မလွတ်ချင်ရင် Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ 🇪🇸
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို့ အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
24/07/2026
🧄 စပိန်မှာ ကြက်သွန်ဖြူအတွက် သီးသန့်ပွဲတော်တောင် ရှိတယ်ဆိုတာ သိကြလား? 😂
စပိန်နိုင်ငံမှာ အစားအစာနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ရိုးရာပွဲတော်တွေ အများကြီးရှိပါတယ်။
အဲဒီထဲက တစ်ခုကတော့ ကြက်သွန်ဖြူကို အဓိကထားကျင်းပတဲ့ Garlic Festival ဖြစ်ပါတယ်။
ဒီပွဲတော်မှာ ကြက်သွန်ဖြူကို အသုံးပြုထားတဲ့ ဒေသခံအစားအစာတွေကို ချက်ပြုတ်စားသောက်ကြပြီး၊ ရိုးရာလှုပ်ရှားမှုတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကြပါတယ်။ 🧄
သာမန်ဟင်းချက်ရာမှာ သုံးတဲ့ ပါဝင်ပစ္စည်းလေးတစ်ခုကိုတောင် စပိန်လူမျိုးတွေက ယဉ်ကျေးမှုတစ်ခုအဖြစ် ပြောင်းလဲပြီး ပျော်ရွှင်စရာအဖြစ် ကျင်းပကြတာက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုပါ။ 🇪🇸
📌 နောက်အပတ်တွေမှာလည်း အပတ်စဉ် သောကြာနေ့တိုင်း ခုလို စပိန်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကို ဝေမျှပေးသွားမှာဖြစ်လို စောင့်မျှော်ပေးကြပါဦးနော်။
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို့ အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးပြီး 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
24/07/2026
🇪🇸 စပိန်ဆိုတာ Fun အဖြစ်ဆုံးနိုင်ငံတွေထဲက တစ်ခုဆိုတာ သိပါသလား?
စပိန်ရဲ့ Daily life ဟာ Barcelonaက ရောင်စုံလမ်းမတွေ၊ Valenciaရဲ့ ပွဲတော်တွေ၊ Mediterranean ကမ်းခြေရဲ့ နေဝင်ချိန် အလှတရားတွေ၊ Madrid ရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ညတွေ နဲ့အတူ ပျော်စရာတွေနဲ့ ပြည့်နေရောပါပဲ။
🎉 La Tomatina ခရမ်းချဉ်သီးပစ်ပွဲတော်ကနေ မကြာခဏ ကျင်းပကြတဲ့ ပွဲတော်မျိုးစုံ၊ မြို့တော်လှလှ နဲ့ အရသာရှိတဲ့ စားစရာတွေ၊ ဂီသတေးသံတွေဟာ စပိန်နိုင်ငံရဲ့ အထူး signatureလို့ တင်စားလို့ရလောက်တဲ့ထိ သဘောမကျရ မနေနိုင်လောက်အောင် ဖြစ်စေမှာ သေချာပါတယ်။
💼 ဒါ့အပြင် စပိန်နိုင်ငံက Work-Life Balance ကို တန်ဖိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် — မိသားစုနဲ့အတူ အချိန်ကုန်ဆုံးတာ၊ သူငယ်ချင်းတွေ၊ ချစ်ရသူတွေကို အချိန်ပေးတာ၊ ကိုယ်ဝါသနာပါတဲ့ အရာတွေကို လုပ်နိုင်တာကြောင့် စပိန်လူမျိုးတွေဟာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါတယ်။
✈️ စပိန်မှာ ကျောင်းတက်ဖို့ ဒါမှမဟုတ် အလည်အပတ်သွားဖို့ စီစဥ်ထားတယ်ဆိုရင်တော့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပြီး၊ မမေ့နိုင်စရာ အမှတ်တရတွေကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ Vamos က အာမခံပါတယ်နော်။
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို့အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင် ။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
22/07/2026
Spain PR ရပြီးနောက် အပြောင်းအလဲများ
Spain မှာ ကျောင်းတက်ဖို့ စဉ်းစားနေတဲ့သူတွေထဲမှာ "Degree ပြီးရင် Spain မှာ ဆက်နေပြီး Career တည်ဆောက်လို့ရမလား?" ဆိုတာ မေးကြတာများပါတယ်။
Spain မှာ ရေရှည်နေထိုင်ခွင့် (Permanent Residence) ရရှိသွားပြီဆိုရင် Student Visa နဲ့ နေထိုင်ခဲ့တဲ့အခြေအနေကနေ ပိုမိုတည်ငြိမ်တဲ့ Resident အဖြစ် ပြောင်းလဲသွားမှာပါ။ 🇪🇸
ဒါဆို ဘာတွေကွာသွားမလဲ? 👇
💼 အလုပ်အကိုင်အခွင့်အရေး ပိုကောင်းလာမယ်
Student Visa နဲ့ရှိတဲ့ ကန့်သတ်ချက်တွေထက် အလုပ်အကိုင်ရွေးချယ်ခွင့် ပိုများလာပြီး Spain မှာ ကိုယ့်ရဲ့ Career ကို ရေရှည်တည်ဆောက်နိုင်ပါတယ်။
🏠 နေထိုင်မှု ပိုတည်ငြိမ်လာမယ်
Visa သက်တမ်းတိုးဖို့ အမြဲစိုးရိမ်နေရတာမျိုး မဟုတ်တော့ဘဲ Spain မှာ Long-term Resident အဖြစ် နေထိုင်နိုင်တဲ့ အခွင့်အရေး ရလာပါတယ်။
🇪🇺 Europe မှာ ကိုယ့်အနာဂတ်ကို ဆက်တည်ဆောက်နိုင်မယ့် အခွင့်အရေး
Spain မှာ Long-term Resident အဖြစ် နေထိုင်ခွင့်ရလာတာနဲ့ Spain တစ်နိုင်ငံတည်းမှာသာမက Europe ရဲ့ International Environment ထဲမှာ ကိုယ့်ရဲ့ အတွေ့အကြုံ၊ Career နဲ့ အနာဂတ်ကို ဆက်လက်ဖွံ့ဖြိုးအောင်တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေ ပိုမိုရရှိလာနိုင်ပါတယ်။
👨👩👧 မိသားစုအတွက်လည်း အခွင့်အရေး ပိုကောင်းလာနိုင်တယ်
Long-term Resident ဖြစ်လာတာနဲ့ မိသားစုနဲ့ပတ်သက်တဲ့ နေထိုင်ခွင့်လမ်းကြောင်းတွေကိုလည်း စဉ်းစားနိုင်လာပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက်က —
Spain PR က Spain Passport မဟုတ်သေးပါဘူး။ နောက်တစ်ဆင့်အနေနဲ့ သတ်မှတ်ချက်တွေ ပြည့်မီရင် Spanish Citizenship ကို ဆက်လက်လျှောက်ထားနိုင်ပါတယ်။
Spain ကို ကျောင်းသွားဖို့ ရွေးချယ်တာက Degree ရဖို့တင်မဟုတ်ဘဲ…
ကိုယ့်ရဲ့ Career နဲ့ Future ကို Europe မှာ တည်ဆောက်နိုင်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
📩 Spain မှာ ကျောင်းတက်ပြီး ကိုယ့်ရဲ့ Future Pathway ကို ဘယ်လိုတည်ဆောက်နိုင်မလဲ သိချင်ရင် Vamos – Spain မှာ One-on-One Consultation ယူပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်။
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို့ အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
20/07/2026
🏆 Spain က 2026 World Cup Champion ဖြစ်သွားပါပြီ! 🇪🇸
Final ပွဲက တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ပွဲပါ။
မိနစ် (၉၀) ပြည့်တဲ့အထိ နှစ်သင်းစလုံး Goal မရခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီးနောက်မှာတော့ Ferran Torres ရဲ့ အနိုင်ဂိုးတစ်ဂိုးနဲ့ Spain 🇪🇸 က Argentina 🇦🇷 ကို အနိုင်ရပြီး Champion ဖြစ်သွားခဲ့ပါတယ်။ ⚽️🔥
ဒီ Giveaway မှာလည်း Spain အနိုင်ရမယ်လို့ ခန့်မှန်းပေးထားတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။
ဒီထဲက Free Consultation (၁) ခု ရရှိသွားတဲ့ ကံထူးရှင်ကတော့...
🥳 Layeikecho Lay
Congratulations! ပါရှင်🎁
Free Consultation ရယူဖို့ Page Chat Box ကို လာရောက်ဆက်သွယ်ပေးပါဦးနော်။
ပါဝင်ခန့်မှန်း ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
¡Vamos España! 🇪🇸
စပိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ Process ကအစ စပိန်နိုင်ငံသို အခြေချထိတိုင် စ၊လယ်၊ဆုံး သေချာ တာဝန်ယူပေးနေတဲ့ 𝗩𝗮𝗺𝗼𝘀 - 𝗦𝗽𝗮𝗶𝗻 မှာ လာရောက်၊ တိုင်ပင်၊ ဆွေးနွေးနိုင်ပါတယ်ရှင်။
Website: http://www.vamoseducationconsultancy.com/
YouTube: https://www.youtube.com/
Haga clic aquí para reclamar su Entrada Patrocinada.
Categoría
Contacto la escuela/facultad
Página web
Dirección
Barcelona