Game Book Myanmar
05/01/2023
ကိုအာလူး ဘော်ဒါတွေ GBM မှာရှိသေးလား? 🤔🤔🤔
(အလွမ်းပြေဖတ်ရန်)
မကြာမှီလာမည်မျှော်..… ✌✌✌
Dota ရူးတဲ့ ကိုအာလူး
^^^^^^^^^^^^^^^^^^
မင်္ဂလာပါ ခင်ဗျာ..!
ကျွန်တော်တို့ GAME BOOK MYANMAR ကနေပြီးတော့ ဂိမ်းနဲ့ပတ်သတ်တဲ့ ဟာသဆောင်းပါးလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အသက်ကြီးမှ ဂိမ်းတွေလိုက်ဆော့ နေတဲ့ ဘဲကြီးတစ်ဗွေအကြောင်းကို ဟာသအနေနဲ့ရေးထားတာဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ကြည့်ဖြစ်အောင် ဖတ်လိုက်ပါလို့....
Team
ဝု…. အူးးးးးး…. အူ...
တိတ်ဆိတ်နေသော ည… ကာလကို ခွေးအူသံ၊ ဟောင်သံတချို့နှင့် လေးပင်ကျယ်လောင်နေသော လူတစ်ယောက်၏ ဆဲရေးတိုင်းထွာသံတို့မှ လှုပ်နှိုးလိုက်ပေသည်။ ထို့အတူ ခွေးနှင့်အပြိုင် ဂိမ်းဆိုင်ထဲမှ Battle ဆိုင် သံကိုလည်း တစ်ဆက်တည်း ကြားရပေ၏။
အေ့… ဝေါ့ ဘာ… ဘာ… ဘာလဲကွ… ထွီ ...
ငါ ယိုးမသားထွေး(ခွေး)တွေ… ငါ့… ကို… များ… ဟင်… ဟေ့...
ဒီမှာ အာနူးတဲ့ကွ... (အာလူး)
အမည်အရင်းကား တောက်ထိန်ဖြစ်သည်။ အနှီ ကိုတောက်ထိန်ဆိုသူအကြောင်း အကျဉ်းချုံးပြောရသော်… သမီးချည်း (၃) ယောက်ရှိပြီး ကုမ္ပဏီတစ်ခုတွင် အရောင်းမန်နေဂျာလုပ်သူ၊ အသက် ၃၈ နှစ်အရွယ်၊ လူပျိုကြီးစိတ် နှင့် လူကြီးဖြစ်သည်။ လူပျိုကြီးစိတ် ဆိုသော်လည်း ကပ်စေးနဲခြင်းမဟုတ်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘောပွဲကြည့် လူငယ်များနှင့် ပျော်ပျော်ပါးပါး ရပ်ရေးရွာရေး ပြုလုပ်သူဖြစ်သည်။
ယနေ့ညမှ ဘယ်ကဘယ်လို ကျွန်တော်တို့အဖွဲ့နှင့် အုပ်ကွဲပြီး တစ်ယောက်တည်း မူးရူးအော်ဟစ်ပြန်လာခြင်းလည်း မသိ။ ကျွန်တော်တို့အဖွဲ့ဆိုလို့… ကျွန်တော်တို့အဖွဲ့မှာ… ကျွန်တော်ရယ်၊ တွတ်တီးရယ်၊ ညီပုနဲ့ ကောင်းကောင်း ဆိုပီး ငယ်ပေါင်း လေးယောက်ရှိတယ်ဗျ။
ကျွန်တော်၊ တွတ်တီးက TU ကျောင်းသားတွေ၊ ဟိုနှစ်ကောင်က ရေကြောင်းက… ကျောင်းချင်းမတူပေမဲ့ ငယ်ငယ်ထဲက ဆော့ဖော်ဆော့ဖက်တွေဆိုတော့ ရပ်ကွက်ထဲမှာတော့ အတွဲဆုံးတွေပေါ့… ကိုအာလူးကတော့ တစ်ရပ်ကွက်တည်းသားချင်းပေမဲ့ ကျွန်တော့်တို့အဖွဲ့ထဲ ၀င်လာတာ ၃၊ ၄ လလောက်ပဲ ရှိသေးတယ်ဗျ။
မှတ်မိသေးတယ် အဲဒီနေ့က… ဘောပွဲထိုင်ကြည့်နေတာ… လက်ဖက်ရည်ဆိုင်မှာ… နောက်တစ်ပွဲပြဖို့ တော်တော်လိုသေးတာနဲ့ ကျွန်တော်တို့လည်း သွားခုတ်ရအောင်ကွာလို့ ပြောနေတုန်း… အဲဒီလူက နောက်ကနေ ဘာပြောတယ်မှတ်လဲ…
ဟိတ်ကောင်တွေ….
ဗျာ… ကိုအာလူး…
မင်းတို့ ရန်ဖြစ်ကြတော့ မလို့လား… မလုပ်နဲ့နော် လူငယ်အချင်းချင်း… အင်း… ဟို… ဟာာာာ… Dota သွားဆော့မလို့ဗျ… ကိုအာလူးရ…
သြော်… ဟောာ်… အင်းအင်း… သိပါဘူးကွာ…
ငါက မင်းတို့ ခုတ်မယ်ဆိုတာ ကြားလိုက်ရလို့... နေပါဦးကွ… အဲဒီ ဒိုတာ၂ ဆိုတာက ဘာလိုမျိုးလဲ။ ငါလည်း ကြားဖူးတာတော့ ကြာပေါ့… အဲ… မြင်လည်းမြင်ဖူးပါတယ်… မင်းတို့ဟာက မျက်စိတော်တော်နောက်တယ်ကွာ။ ငါ တစ်ခါ နောက်ကရပ်ကြည့်နေတာ ခေါင်းကိုမူးသွာတာပဲ…
ကျွန်တော် - ဟာ… အဲဒီလောက်လည်း မဟုတ်ပါဘူး… ကိုအာလူးကို သေသေချာချာရှင်းပြမယ့်လူ မရှိသေးလို့… အခု ကျွန်တော်တို့သွားဆော့မှာ လိုက်ကြည့်ကြည့်ပါလား… တရုတ်ကြီးဆိုင်လေးတင်…
ကိုအာလူး - အင်း လိုက်မယ်ကွာ အဲသလို အဲသလိုနဲ့ စလိုက်တာ… ကျွန်တော်တို့ ၄ ယောက်အဖွဲ့ထဲ သူဝင်လာပြီး… အာလူးဆိုတဲ့နာမည်နဲ့ Pudge ကြီး ကိုင်ကိုင်ဆော့တဲ့ ရယ်စရာ ဘဲကြီးတစ်ယေက် ဖြစ်မှန်းမသိ ဖြစ်လာတော့တယ်။ ပြီး သူက ကျွန်တော်တို့ထက် ဆွဲလမ်းသွားတာလား၊ ဘာလားရယ်လဲတော့ မသိဘူး။ ကျွန်တော်တို့ နားတဲ့အချိန်တောင် သူတစ်ယေက်တည်း သူမွေးမှ သူ့သား… သူ့မြေးလောက်လေးတွေနဲ့ သွားသွား အရိုက်ခံနေတာ ကြားကြားလာရတယ်…
အင်း… ဒီနေ့တော့ ဘယ်လိုတွေ၊ ဘာတွေဖြစ်လာလဲတော့မသိ… တစ်ခါမှ မမူးဘူးတဲ့လူက ပုဆိုးကို ခေါင်းမှာ စည်းရင်း တစ်ဝက်က နောက်ကျောကို ဖုံးထားတယ်… ဘောင်းဘီ တိုနန့်နန့်လေးမှာလည်း ဘာတွေပေနေမှန်းမသိ… ထူးခြားတာက ဖိနပ်တွေကို နာမည်ကျော် အမူးသမားကြီးများ ထုံးနှလုံးမမူဘဲ (ခါးကြားထိုး)… တစ်လံလောက်ရှိတဲ့ တုတ်စိမ်းတစ်ချောင်းရဲ့ ထိပ်မှာ ကြိုးနဲ့ သိုင်းချည်ပီး ဇော်ထမ်း ထမ်းထားလေရဲ့။ လူက… ရေချိန်ကိုက်လည်းနေတော့… လှမ်းသမျှ ခြေလှမ်းတိုင်းကလည်း 1… 2… 3... ဂိုး တိုင်ပင်နဲ့ပေါ့… ခွေးတွေဟောင်တာလည်း မပြောနဲ့လေ… သူ့ပုံက Witch Doctor လိုလို၊ ဘာလိုလိုနဲ့ကိုး… အံမယ် သူကလည်း သူ… ပါးစပ်က ပလုံးပထွေး အော်လိုက်သေးတယ်….
ဟေ့ ဘိုဘထူးက Dota ဆော့တဲ့… ကိုအာလူးဆိုတာ ငါပဲ… ကွ… ငါယိုးမထွေး(ခွေး)တွေ… အေ့… ထွီ… အဲဒီမှာ တစ်ရပ်ကွက်လုံးကလည်း ထွက်ကြည့်… ဥက္ကဌနဲ့… သူ့မိန်းမ မခင်ကြွယ်လည်း ၀င်ဆွဲ… သူ့ သမီး အပျို… ကြီး… စဉ် ငယ်လိုက်လေးတွေလည်း သူတို့အဖေရဲ့ ရုတ်တရက် အကွက်ဆန်းကြီးကို ကြည့် ရှက်ရမလိုလို၊ ငိုရမလိုလိုနဲ့… ဒါနဲ့… ကျွန်တော်လည်း အိမ်ပေါ်က ပြေးဆင်းပြီး… သူ့ကို ၀င်တွဲရင်း မေးရတာပေါ့…
ကိုအာလူး… ကိုအာလူး… ဘာ… ဘာဖြစ်တာလဲဗျာ… ရန်တွေဘာတွေဖြစ်လာတာလား…
ဟင်… ပြော…
တောက်………….. ကျယ်ကျယ်လောင်လောင် ခေါက်ပစ်လိုက်တယ်… တောက်တစ်ချက်… ပြီး… ဒီမှာ ဘစည်…
ပြောပါ… ကိုအာလူး… ပြောပါ…
ငါ… ငါ… လေ… နယ်ကျွံမိသွားတယ်ကွာ… တဲ့…
အဲဒီမှာတင် သူ့မိန်းမက ဟင် ဘုရား… ဘုရား… ဘာ နယ်ကျွံလာတယ် ဟုတ်လား ကိုတောက်… ပြောစမ်း… ဘယ်ကကောင်မနဲ့လဲ…
ဟိုက်… ဒီမှာ စရှုပ်ကုန်ပြီ… အမ်… ဟုတ်ဝူး ဟုတ်ဝူး…
အံမယ် ကို့လူက ဒါမျိုးကျတော့ အတင်း ခေါင်းလေးစောင်းတောင်းစောင်းတောင်းနဲ့ သူ့ချစ်ချစ်ကို ငြင်းတယ် ဟုတ်ဝူးတဲ့…
ဘာဟုတ်ဝူးလဲ အဲ ဟုတ်ဘူးလဲ။ ရှင်ပဲ နယ်ကျွံလာတယ်ဆို… ဟုတ်ဝူးဆို… ရှင်… ရှင်…
အံမယ် အံမယ် ကြောက်တယ်ဗျ… သူ့ဖိနပ်လေး ကျစ်ကျစ်ပါအောင် ဆုပ်လို့ သူ့မိန်းမအော်တော့…
အဲဒီလိုနဲ့ ဟိုကောင်သုံးကောင်လည်း ရောက်ချလာတယ်… ရပ်ကွက်ထဲက လူတွေအကုန်လုံးလည်း ဓာတ်တိုင်အောက်က ကျွန်တော်တို့ ကိုအာလူးကြီးကို မျောက်ပွဲသဖွယ် ၀ိုင်းကြည့်… မေး… တချို့ကလည်း မရိုးဘူး ဒါ… ပရိတ်ရေလေး တောက်ကြည့်ဆိုလား… တချို့ကလည်း… ဖောက်ပြန်တာပါကွာ… တဲ့… အဲသလို အသံပလံ ပေါင်းစုံကြားမှာ ကြာရင် ကိုယ့်လူအခြေအနေ ဒီထက်ပိုဆိုးသွားမှာစိုးတာနဲ့… ကျွန်တော်ကပဲ ကြားဖြတ်ဝင်မေးပေးလိုက်တယ်…
ကိုအာလူး… ခင်ဗျား… ဘာဖြစ်လဲ… မှန်မှန်ပြော။ ဘယ်သူနယ်ကျွံသွားတာလဲ။ တခြားရပ်ကွက်လား… ဟုတ်လား…
အဲသလိုလည်း မေးလိုက်ရော… ကိုအာလူးရယ်… ကျွန်တော်တို့လေးယောက်ကို ဖိနပ်လေးပိုက်ပီး... မော့ကြည့်ရှာတယ်… သူ့မျက်လုံးတွေက… စစ်ရှုံးသွားတဲ့ စစ်သူရဲအိုတစ်ယောက် ပွဲပန်းပီး… ရှက်ရွံ့နေတဲ့ပုံစံနဲ့ မျက်ရည်တွေတောင် ၀ိုင်းလို့…
ငါ… ငါ… လေ
ပြော ကိုအာလူး… ပြော…
ငါ... ဂိမ်း… သွားဆော့တာ…
ဘာ… ဂိမ်း… ဟုတ်လား… ကျယ်လောင်ဆူးရှသော သူ့မိန်းမအသံ အဆုံး…
ဖုန်း…… ကိုအာလူးကျောပြင် လယ်ဗယ် ၆ တစ်ချက် မိသွားတယ်…
ဟဲဟဲ… အဲဒီမှာ ကြည့်… ဘာလားပဲ… ငေါက်ကနဲ ထထိုင်လိုက်တာ… ကို့လူက… ပြီး ပြောသွားသေးတယ်… ငါ နက်ဖြန်ကျ လက်ဖက်ရည်ဆိုင်မှာ ပြောပြမယ်…
ဘာ လက်ဖက်ရည်ဆိုင်မှာ ပြောမှာလဲ…
ဖုန်း… ဖုန်း… ဟာ လယ်ဗယ် ၆ ကူဒေါင်းက မြန်လိုက်တာဗျာ… ၂ ချက်တောင်…
သွားမယ် အိမ်ကျမှ တွေ့မယ်… တွေ့မယ်…
ကိုတောက်… ရှင်တော့… လေ… ဟင်း
အဲဒါပဲဗျ… ကိုအာလူး ဘာဖြစ်လာတယ်… ဘယ်ရပ်ကွက်ထဲ ဂိမ်းသွားဆော့ပြီး ဘယ်လိုတွေတောင် အသိပ်ခံလာရတယ် မသိဘူး… ဒါနဲ့… ကျွန်တော်တို့လည်း အတွေးကိုယ်စီ… အပြုံးကိုယ်စီနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ခဲ့လိုက်ကြတယ်… နက်ဖြန်ကျရင်တော့ ကိုအာလူးပြောမယ့်… သူ့ အသိပ်ခံ ဇာတ်နာကြီးကို နားဆင်ရဦးမှာပေါ့ဗျာ…
ဆက်ရန် - ဤစာများသည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်လောက်က Dota အရူးအမူး စွဲလန်းပြီး အသိပ်ခံလိုက်ရသော ဘဲကြီးတစ်ယောက်အကြောင်း ဇာတ်လမ်းသဖွယ် ရေးသားထားခြင်း ဖြစ်ပါသည်။ အားပေးမှုကို ကျေးဇူး အထူးတင်ပါသည်။
Salute to all Gamer
Si
15/10/2020
"League of Legend : Wild Rift ကစားတော့မယ်ဆို သိထားသင့်တဲ့ အချက်များ"
T&J : Chase ရေးပြီးတည်းက ဟိုဂိမ်းဒေါင်းဆော့၊ ဒီဂိမ်းဒေါင်းဆော့နေတာနဲ့ စာကိုမရေးဖြစ်ပါဘူး (အဓိကက သောက်ပျင်ကြီးနေတာ 🤣🤣🤣)။ အခုချိန်ခါမှာတော့ LOL : Wild Rift ဆိုတဲ့ အရေးတော်ပုန်ကြီးပေါ်လာတဲ့အပြင်
တစ်ဦးတည်းသော မိန်းကလေး Adim အလှပဂေး မဒန်အာလူး တောင်းဆိုချက်အရ ဆြာယမ်မီတစ်ယောက် Web page တွေ ဟိုလှန်ဒီလှန်၊ LOL:WR ကိုဒေါင်းပြီး ဟိုကလိ ဒီကလိနဲ့ ကီးဘုတ်တော်ကြီးနဲ့ ကမြင်းကြောထလိုက်ရပါကြောင်း...!
အိုဘယ့်... GBM က Game ကို နေ့ရောညပါမအိပ်မနေ ကမြင်းကြောထတော်မူတဲ့ Gamers အပေါင်းသူတော်ကောင်းတို့....! ♥️♥️♥️
(1) . LOL : WR ကို ဘယ်လို Download ရယူမလဲ?
LOL : WR နဲ့ပတ်သတ်ပြီး အရမ်းကိုအသံထွက်တဲ့ ကိစ္စတစ်ခုပါပဲ။ တစ်ချို့တွေ ရပြီး၊ တစ်ချို့တွေမရလို့ FB Gp တော်တော်များများမှာ Post တွေတင်ပြီး မေးမြန်းနေတာတွေလည်း တစ်ပုံတစ်ခေါင်းကြီးပါပဲ။ ကျွန်တော်လုပ်လို့
ရသွားတဲ့နည်းလမ်း နှစ်ခုကိုပြောပြပေးပါမယ်။ ပထမတစ်ခုက မနှစ်ကတည်းက pre-register လုပ်ထားတဲ့ mail invite အလုပ်ခံရတာပါပဲ။ Google Play Store ကနေပဲ ဒေါင်းပါတယ်။ ဒါပေမယ့် Ingame ၀င်ဖို့ mail register
လုပ်တဲ့အခါမှာ မရတော့ပါဘူး။ သူခွင့်ပြုထားတဲ့ နိုင်ငံကိုကျော်ပြီး ၀င်မှရသွားပါတယ်။ ကျွန်တော်ကတော့ စင်ကာပူကိုကျော်ဝင်လိုက်တာပါ။ VPN တစ်ခါကျော်ဝင်ပြီးရင်တော့ နောက်အခါတွေမှာ Ingame ၀င်ဖို့အတွက် VPN
ကျော်ဖို့မလိုတော့ပါဘူး။ ဒုတိယတစ်ခုကတော့ mail အသစ်တစ်ခုလုပ်ပြီး Play Store ကို ဖိလစ်ပိုင်မှာ register လုပ်ပြီးတော့ ရလိုက်တာပါ (Play Store ကို ပြောင်းဖို့ ဖိလစ်ပိုင် VISA နံပါတ်တစ်ခုလိုပါတယ်)။ သုံးရက်ပဲ စောင့်
လိုက်ရပါတယ်။ (အသေးစိတ်တော့ မရေးတော့ဘူးဗျာ Gp တွေမှာရှာသာကြည့်ပေတော့ :P)။ ဒါကတော့ ကျွန်တော်ရလိုက်တဲ့နည်းတွေ တစ်ခြားနည်းတွေအများကြီးရှိပေမယ့် မစမ်းဘူးတော့မရေးတော့ပါဘူး။ TapTap ကနေ
ဒေါင်းလို့ရပေမယ့် ဆယ်ယောက်မှာ ရှစ်ယောက်လောက် ဂိမ်းထဲဝင်လို့မရဘူးလို့ပြောပါတယ်။ နောက်တစ်ခု ဖုန်းဆိုင်တွေမှာသွင်းပေးတယ်ဆိုတာကိုလည်း မယုံပါနဲ့ သူငယ်ချင်းတောသားလေးတစ်ယောက် မြန်မာငွေ ငါးထောင်
ကျပ်တိတိနဲ့ သွင်းလာပြီး အကောင့်ဝင်မရဖြစ်နေတာ ယခုမောင်ယမ်မီ စာရေးနေတဲ့အချိန်ထိပါပဲ (ဆောရီးပါ တောသားလေးရေ ငိငိ)။ ဒီတော့ ဘော်ဒါတို့ စိတ်ရှည်ပါ၊ Google Play Store ကနေဒေါင်းလိုရလာပါလိမ့်မယ်။ သတင်း
တွေအရတော့ ဒီလ (၂၈) နေ့တရားဝင်ထွက်မယ်လို့ပြောနေသလို ဒီဇင်ဘာလမှာထွက်မယ်လို့လည်း ပြောနေပါတယ်။ မရဘူး မနေနိုင်ဘူး မဆော့လို့မဖြစ်ဘူးဆိုရင်တော့ Pc မှာ Garena ကနေ ဒေါင်းပြီးတော့ ဆော့ပါလို့......!
Pc version ကတော့ LOL : WR နဲ့တော့တော်တော်ကွဲပါတယ်။
(2) . LOL : WR က တစ်ခြား 5 VS 5 MOBA ဂိမ်းတွေနဲ့ ဘာတွေများကွာလဲ?
အော်...! ဘာကွာလဲ? ဟုတ်လား? Closed Beta မှာတင် 1M Download တဲ့...! ဘာတွေများကောင်းနေလို့လဲ? နည်းနည်းလေး လေကန်ကြည့်ရအောင်ဗျာ...! (မိမိအာဘော်သာရေးခြင်းဖြစ်သဖြင့် သဘောထားကွဲလွဲနိုင်ပါတယ်)
အရင်ဆုံးအချက်အနေနဲ့ Ingame Display ကိုပြောရရင်တော့ တစ်ခြား MOBA ဂိမ်းတွေလို့ ဈေးဆိုင်တွေ၊ Event ပေါင်းသောင်းခြောက်ထောင်နဲ့ ရှုပ်ရှက်ခက်မနေပဲ ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့ တော်တော်ကို မျက်စိအေးနေစေပါတယ်
(Closed Beta မို့လားတော့မပြောတတ်)။ Champions preview တွေမှာလည်း 2D & 3D ဆိုပြီးပါတာလေးကလည်း စိတ်ကျေနပ်စရာတစ်မျိုးကောင်းနေပါတယ်။ Pose ဆိုတဲ့ function မှာလည်း Champions တွေကို Default နဲ့
Aggressive ဆိုပြီး Pose ပေးခိုင်းလို့ရတယ်ဗျာ။ နောက်တစ်ခုသဘောကျတာက Champions တွေကို Shop မှာ မ၀ယ်ခင် Practice Mode အနေနဲ့ စမ်းသပ်ကစားလို့ရတာပါပဲ။ တော်တော်များများကတော့ တစ်ခြား MOBA ဂိမ်း
တွေလိုပဲဆိုတော့ အကျယ်မချဲ့တော့ပါဘူး (သောက်ပျင်းကို အဲ့လိုကြီးတာ :P)။ LOL : WR ရဲ့ Graphic ပိုင်းကတော့ ပြောစရာမရှိလောက်အောင်ကို ပြေပြစ်ချောမွတ်နေတဲ့အပြင် Ultra High Definition ပါအသုံးပြုနိုင်ပါတယ်။ တစ်
ခြား shadow quality, teture quality, model quality, effects quality, etc... တွေကိုလည်း စိတ်ကြိုက်ပြောင်းလို့ရပါသေးတယ် (ကလိလွန်ရင် ဖုန်းဟမ်းတတ်ပါတယ် TS)။ Game Mode အနေနဲ့ ကတော့ rank, normal, tra
ining, custom ရွေးချယ်ဆော့ကစားနိုင်ပြီး PVP, CO-OP VS. AI နိုင်ပါတယ်။ Rank ကတော့ LVL 10 ရောက်မှာသာ ကစားနိုင်မှာဖြစ်ပါတယ် (AI နဲ့ဆော့လည်း LVL တက်ပါတယ်)။ နောက်ဆုံးအချက်အနေနဲ့ အထူးသတိထားရမှာ
တော့ LOL : WR ရဲ့ Ban System ပဲဖြစ်ပါတယ်။ တော်တော်လေးကို Strong ဖြစ်ပါတယ်။ တစ်ခြား reason တွေတော့ မသိဘူး နေ့လည်က ဘော်ဒါတစ်ယောက်ဆော့နေရင်း ဆော်ဖုန်းလာလို့ ဖုန်းပြောရင်း AFK ဖြစ်တာ ပွဲပြီးသွား
တော့ နိုင်ရဲ့သားနဲ့ ဘယ်ကောင် report လုပ်လိုက်လဲမသိပါဘူး ဆယ့်နှစ်နာရီ ban ခံလိုက်ရပါတယ်။ အဲ့တော့ ဖြစ်နိုင်ရင် AFK မလုပ်ပါနဲ့။ ဆော်မပိုင်ရင်တော့ ဆော်နဲ့ရန်ဖြစ်မလား Ban ခံမလား ကြိုရွေးထားနော်.....!
(ဆက်ရန်ရှိပါသေးတယ် အားပေးပါအုန်း GBM က သူတော်ကောင်းတို့ 😁😁😁)
Salute to all Gamers......!
game ပဲဆော့မနေကြနဲ့
Content ရေးကြအုံး
ဟိုလူ တောက်ထိန် (ခေါ်) အာလူး နဲ့
ယမ်မီ 😏
Admin Yone Yone
29/09/2020
မဂၤလာပါ.....!
GBM က Game ကို နေ့ရောညပါ မအိပ်မနေကမြင်းကြောထတော်မူတဲ့ ခပ်ချောချော Gamers အပေါင်းသူတော်ကောင်းတို့.....!
ကျွန်တော်မျိုး မောင်ယမ်မီ(yummy) စောက်ပျင်းတစ်ပြီး စာမရေးလို့ GBM ကို မေ့နေလောက်ပြီ ထင်ပါတယ်....!
ထို့ကြောင့်ကား အမောင်တို့၊ အမယ်တို့ မမေ့မလျော့ရလေအောင် ဟိုလူ တောက်ထိန်(ခေါ်)အာလူး နည်းတူ လက်ကမြင်းကြောထပြီး ရေးတော်မူသည်...!
Stay Home မှာ အပျင်းလဲပြေ အကုသိုလ်များရအောင် Warner Bros Company ကနေပြီး တရားဝင်လိုင်စင်ယူပြီး NetEase GAmes ကထုတ်လိုက်တဲ့ Tom & Jerry:
Chase ဆိုတဲ့ အင်မတန်မှ စိတ်တို၊ အကုသိုလ်များရတဲ့ ဂိမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်...(ငိငိငိ)
Tom & Jerry:Chase Game ဟာ 90 kids (ကိုတွေက ကလေးမဟုတ်သူငယ်မဟုတ် :D) တွေရဲ့ အသည်းစွဲ Tom & Jerry ကာတွန်းထဲက ဇာတ်ကောင်တွေကို အသက်သွင်းထားပြီး 1vs4 (PVP) ဆော့ကစားရမှာပါ။ သင်တို့အနေနဲ့ Tom cat ကို
ရွေးချယ်နိုင်သလို Jerry mouse ရဲ့ Team မှာနေပြီး ပေါက်ကရမျိုးစုံလုပ်နိုင်အုန်းမှာလည်းဖြစ်ပါတယ်။ Game အစမှာတော့ သင်ကို Free Character နှစ်ကောင်ပေးထားမှာဖြစ်ပြီး Characters အသစ်တွေလို
ချင်ရင်တော့ ingame gold နဲ့ ၀ယ်ယူနိုင်မှာဖြစ်သလို Mobile Game တို့ရဲ့ထုံးစံအတိုင်း Top-up လုပ်ပြီးဝယ်ယူနိုင်ပါတယ်။ Game Mode အနေနဲ့ Classic, Parkour (Tampel Run လိုပြေးရတာ :P), Ranked, Casual
တို့အပြင် ဘော်ဒါအချင်းချင်း Room ထောင်ပြီးပါ တီးလို့ရပါသေးတယ်(စိတ်ပါရင် ဂေါ်ကျေးပါခေါ်ရိုက်ပေါ့) ။
သင်အနေနဲ့ Tom Cat ကိုရွေးမယ်ဆိုရင် FA ဘ၀နဲ့နေရမှာဖြစ်ပြီး ဒိန်ခဲတွေကိုမနေတဲ့ ကြွက်သူခိုးလေးကောင်ကို သမပြီး ရွှီးဒိုင်းမှာချည် နတ်ပြည်ပို့ရမှာဖြစ်တာမို့ FA ပေမယ့် ကုသိုလ်တော့ရမှာဖြစ်ပါတယ် (FA တွေဟာ စောက်ချဉ်မဟုတ်)။
ကြွက်သခိုးသုံးကောင် နတ်ပြည်ရောက်ပြီဆိုရင်တော့ FA Tom တို့နိုင်ပါပြီ။ Jerry mouse အသင်းကနေ ဆော့ကစားမယ်ဆိုရင်တော့ စောင် FA Tom စောင့်နေတဲ့ ကြားကမှ ဒိန်ခဲတွေကို မရရအောင်ခိုး၊ FA Tom
နတ်ပြည်မပို့နိုင်အောင်ပတ်ပြေးပြီး ဒိန်ခဲငါးတုံးတိတိကို မဆံမပြဲကြွက်တွင်းထဲထိုးပြီးရင် နိုင်ပါပြီလို့မထင်ပါနဲ့အုန်း မိမိတို့ ကြွက်သခိုးလေးကောင် ၀င်ဖို့ရာ ငရဲတံခါးကိုဖွင့်ပြီး ၀င်နိုင်ရင်နိုင်ပါပြီ။
Game Play အနေနဲ့ ဒီလောက်ဆိုရင် GBM က စောင်ချောကြီးတွေက သဘောပေါက်ပါတယ် (Fan တွေက တော်ပြီးသား :P)။
ဒီဂိမ်းမှာ နောက်ထပ်ထူးခြားတဲ့ တစ်ခုကတော့ Intimate Relationships ဆိုတဲ့ ပုံစံအသစ်ပါပဲ။ သင်အနေနဲ့ My Partner, My Sister, My Best Friends, My Brothers ဆိုပြီးတော့ Close Friemds ပုံစံလေးကတော့ အသစ်
ဖြစ်နေပါတယ် (စကီလေးတွေနဲ့ Partner လုပ်ပြီး ဆေးစားလို့ရတာပေါ့ :D)။ Graphics အနေနဲ့ HD အထိ မြင့်တင်ဆော့ကစားနိုင်တဲ့အပြင် Retro Mode ပါရအုန်းမှာဖြစ်ပါတယ်။ ရေးရတာလည်းပျင်းလာပြီဆိုတော့ ပိတ်မယ်ဗျာ။ (ဟီးးးးးး)
Tom & Jerry:Chase Game ကို ကစားချင်တယ်ဆိုရင်တော့ GooglePlay Store ကနေ အလွယ်တကူ Download လုပ်လို့.......... မရပါဘူး ခင်ဗျာ။(ဟီးးးးးးး) ကျွန်တော်တို့ရဲ့ ManU, Nigma မြန်မာနိုင်ငံတော်ကို support
မလုပ်ပါဘူးတဲ့ဗျာ။ ဒါကြောင့် Tap Tap, APKPure ကနေဒေါင်းတော်မူကျပါ.... GBM က Game ကို နေ့ရောညပါ မအိပ်မနေကမြင်းကြောထတော်မူတဲ့ ခပ်ချောချော Gamer အပေါင်းသူတော်ကောင်းတို့.....!
(* အဆင်မပြေပါက GBM CB မှ Link လာတောင်းကျပါ*) (*Admin အမရေ link လို့သာ Type လိုက်ပါ :P)
Salute to all Gamers......!
25/09/2020
ညဦးပိုင်းထဲက စားထားသောက်ထားတာလေးတွေ ရှင်းထုတ်ရင်း လက်ထဲက ဖုန်းကိုလဲ မလွတ်တန်းကိုင်လို့
ထားတာသူက ကိုအာလူးရယ်ပါ၊ ဒီနေရာမှာ ခင်ဗျားတို့ ကြုံဘူးလားတော့မသိဘူး အိမ်သာတက်ရင်း ဂိမ်းဆော့ရတဲ့ အခက်အခဲတစ်ချို့ကိုလေ ဟုတ်တယ် အဲ့ဒါက
#လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက် ဆိုသလိုပေါ့ဗျာ
ကိုယ့်ရဲ့အိမ်သာက ဘိုထိုင်ဖြစ်မယ် ကျယ်ကျယ်ဝန်းဝန်းရှိမယ်ဆိုရင်တစ်မျိုး၊ အခုဟာက ဗမာထိုင် တိုက်ခန်းကကျဉ်းတော့ အိမ်သာကလဲ ကျဉ်းကျဉ်းလေးရယ် အဲ့မှာဇာတ်လမ်းက စတော့တာပဲ ကိုယ်က ဂိမ်းဆော့ရင်
မာန်ပါပြီး ခြေလက်တွေကော့ကော့တက် တက်တဲ့
လူဆိုတော့ ဗမာထိုင်ထိုင်ရင်း ဂိမ်းဆော့ရတာ ဘယ်လောက်ဒုက္ခရောက်လိုက်ပါဘိလဲ စဉ်းစားသာ
ကြည့်တော့ အပေါ်ကိုမဲရင် အောက်လွဲ အဲ့လိုတွေဖြစ်လို့ ထွိန်.....
ကဲထားတော့ မနက်ခင်းစျေးသွားမဝယ်ခင် အချိန်ရတုန်း အခု ခေတ်စားနေတဲ့ မိုဘိုင်းလိဂျန့် ဂိမ်းကို ဖွင့်လိုက်ရင်း
ကိုအာလူးတစ်ယောက် rank mode ကိုနှိပ်လိုက်တယ်
ဒီဂိမ်းက ဒီရက်ပိုင်းအတွင်း ရက်ကွက်ထဲ၊ စျေးထဲ ကလေး၊ လူငယ်၊လူရွယ်ပါ ဆော့နေတာမြင်တော့
ကိုယ်လဲ စိတ်ပါသွားပြီးစမ်းသပ်လိုက်မိတာပါတယ်။
ကိုယ့်ကောင်တွေထဲက တစ်ချို့က သင်္ဘောတက်တဲ့လူနဲ့ မိဘလုပ်ငန်းခွင်ဝင်သွားသူနဲ့ တစ်လလုံးမှ တစ်ခါလောက်
ဖြစ်ဖြစ်မြောက်မြောက် ဆုံဖြစ်တယ်ကိုမရှိ၊ ဒိုတာကလဲအခုဆို (2)တောင်ရောက်နေပြီိဆိုတော့ကာ လူမရှိ
ရင် တစ်ယောက်တည်းလဲ သွားမဆော့ချင်တာပါတာပေါ့။
ဒါနဲ့ စကားပြန်ဆက်ရရင် ခုနက မိုဘိုင်းလိဂျန့်ဆိုတဲ့ ဂိမ်းလေး ဖုန်းထဲသွင်းပြီးဆော့ဖြစ်တယ်ဆိုပါတော့
အစက ကျွန်တော်လဲ ပေါ့ပေါ့ပါးပါးပဲ သူပြောတဲ့ tutorial လေးတွေအတိုင်းဆော့ ပြီးတော့ level လေးတက်မှန်းမသိတက်လာရာက အခုဆို GM လို့အခေါ်ရှိတဲ့ Grand master level V ရောက်လာချိန်ပေါ့ အဲ့မှာ နည်းနည်း
ဇာတ်လမ်းကစလာတာပဲ items တွေလေ ဘာတွေကဘယ်လိုဆိုတာကိုယ်က စာဖတ်အားနည်းတဲ့လူဆိုတော့နည်းနည်းပါးပါးတောင် ဖတ်မကြည့်ဖြစ်ဘူးရယ် 😆😆😆အကုန်လုံးသူ့မှာပေါ်လာတဲ့ အတိုင်းလေး အော်တိုဆက် နိုင်သွားတာချည်းပဲ၊ ရပ်ကွပ်ထဲက ကလေးတွေပြောပြောနေတဲ့ ဗမာမှူပြု items အမည်တွေ မသိမသာမှတ်ပြီးအိမ်ရောက်တော့ အတိတ်စိမ်းကောက်သလို ပြန်ရှာရတာလဲ တစ်ဒုက္ခ ဘာတဲ့ ဓါးစိမ်း၊ တံမြတ်စည်း၊ ရေအိုးစိမ်း၊ အရိုးခေါင်းဖြူ၊ ဓါးဝါလေး၊ မွှေးလိမ် စတဲ့ items တွေပေါ့။ဒီနေရာမှာ ကျွန်တော့်အားသာချက်တစ်ခု ခင်ဗျားတို့ကို ဖောက်သည်ချပြရရင် ကျွန်တော်က Dota ဆော့လာတဲ့သူဆိုတော့ ဟိုက itemsတွေထဲက ဥပမာ venguard လိုဟာနဲ့ တူတာဆို ML က item ကို (၂)ခု (၃)ခု ကျွန်တော် သုံးပစ်လိုက်တာပဲ ၊ လိုဖြစ်အောင်ဆို jungle ထဲက star shard + raptor machete(critical ဒါး) နှစ်ခုပေါင်းဆက်လိုက် မှတ်ကရောပဲ၊ ဆိုတဲ့ item ကို ၈တန်းကျောင်းသားလေးတိုးစိန် ပြောပြချက်အရ franco ရဲ့ချိတ် ပိုရှည်တယ် ဆိုလို့ ၂ ခုလောက်တော့ ထည့်ပေးလိုက် တယ်၊
#ဘာ ဖိနပ်လား.....
ပိုက်ဆံသက်သက်ကုန်လို့ဗျာ ဝယ်ကိုမစီးတာ 🙂
ဆိုတော့ ခုနက အိမ်သာ တက်ရင်း rank mode နှိပ်ထားတာ အခုဆို စျေးသွားရင်း ဆော့ရမယ့်ပုံဖြစ်လာပါပြီ
မိန်းမလုပ်သူကတော့ ကိုယ်စျေးသွားရင်း တရားခွေ နားကြပ်နဲ့ နားထောင်နေတယ် ထင်အောင်တော့ ဖိန့်ရတာပေါ့ဗျာ၊ သောကြာဂြိုလ် မင်းနှင့်တကွ သားသမီးသူတော် ကောင်းတို့သည်...... စရှိသဖြင့် မတိုးမကျယ်လေးရွတ် ရင်း အိမ်တံခါး အသာလေးဖွင့်လို့စျေးဖက်ကို ထွက်လာလိုက်တယ်။
စစချင်း ကိုယ်ကတော့ Dota ကPudge(butcher)
ကြိုက်တော့ ဒီမှာ franco ကို အရင်ဦးဆုံး ရွေးလိုက်တာပေါ့ဗျာ ကျန်တဲ့လူ ဘာကိုင်ကိုင်လေ ကိုယ်ကိုင်ချင်တာ ကိုင်ရဖို့အရေးကြီးတယ်မလား၊ အဲ့မှာ ကျွန်တော်တို့ဘက် က ,layla,franco,jhonson,eudora တို့အလု
အယက် ရွေးကြရင်း တစ်ယောက်နှင့်တစ်ယောက်
ပီယဝါဆာနှုတ်ဆက်လိုက်သေးတယ် l e e , tolo mm, babi အစရှိသဖြင့်ပေါ့၊
ဟိုဘက်က ,lesely,dyroth,valir,nana
အဲ့လိုနဲ့ စစချင်း အလယ်လမ်းကိုအလုအယက်စုပြုံ
တက်ကြလေသတည်းပေါ့၊ layla တစ်ယောက်ပဲဘာလုပ်တယ်မသိ အလယ်လမ်း ညာဘက်ဘေးက bush မှာကျန်ခဲ့တယ်။
ကိုယ်က ခုနကပြောသလို rasha ဆက်ချင်တာ ပြီးမှ immortality ဆက်မယ်လုပ်ထားတာ ဒါပေမယ့် ဟိုဘက်က ကြောင်ပြောင်း nana ပါတော့ ဖိနပ် အရင်ဆက် မယ်စိတ်ကူးလိုက်တယ် ဖိနပ်တောင် သူတို့ပြောတဲ့
အမြန်ဖိနပ် dota မှာဆို phase boots ဒီမှာ Rapid Boot ပေါ့ spell က sprint သုံးလိုက်တယ် ဝုတ်တယ်လေ
#ကိုယ့်ကို ကြောင်ပြောင်းရင် 3sec အတွင်းမြန်မြန်ပြေးနိုင် မှတော်ကာကြမှာပေါ့ 😛
#ဒါနဲ့ ကျွန်တော့်မူ အတိုင်းပဲ ချိန် ကျော်ချိန် ဆွဲ ဆိုပြီး
ချိတ်ဆွဲတာ တစ်ကောင်မှ မမိပါဘူး 🙂
တစ်ယောက်တည်း buff ကြိတ်စားနေတဲ့ layla ကိုလဲဆုံးမရအောင် ပွဲချိန် 1:30 sec လောက်မှာ ဆုံးမဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်၊ သူစားနေတဲ့ buff ကို သေခါနီး ချိတ်နဲ့ ချိန်ပြီး နှစ်ခါသုံးခါလောက် လုပ်ပေးလိုက်တယ် မှတ်ကရော 😛 😛 😛
ကတော့ အောက်လမ်းမှာ တိုင်တွေ တစ်တိုင်ပြီးတစ်တိုင် အချိုးခံရင်း mega tower အောက်လမ်းတိုင်ကို အလုအယက် defend နေလေရဲ့ (သူချိုးတာမဟုတ်ဘူးနော် အချိုးခံရတာ)
#အပေါ် လမ်းကဘာထူးလဲ jhonson နဲ့ eudora နှစ်ကောင် ပေါင်းထိန်းရင်း ဒုတိယ tower သွေးဖင်ကပ်နဲ့ပဲ 😀
jhon ကြီးကို ကျွန်တော်တို့ခေါ်တာ YBS တဲ့ သူက
ထူးဆန်းတာ ပွဲစကတည်းက တစ်ခါမှ ကားမမောင်းဘူး ဆီချွေတာတာလား ဘီးပေါက်မှာဆိုးလို့လားမသိ ကျွန်တော်လဲမကိုင်ဘူးတော့မသိဘူး 😆
#ဒီလိုနဲ့ ပွဲချိန် ၁၀ မိနစ်ကျော်ကျော်လောက်မှာ mega တိုင်လေးတွေတဲတဲလေးနဲ့ အကြီးအကျယ် defend နေကြတာ items ကလဲ ကျွန်နော်ဆို rapid boots ရယ် သူတို့အခေါ် immortality နှစ်သက်ဆိုတဲ့ဟာပဲပြီးသေး တယ်
ကျွန်တော်က ဒိုတာက ဗမ်းကပ်နဲ့ တူလို့ နှစ်ခုဆက်မယ်
စိတ်ကူးတဲ့ဟာ တစ်ခုပြီးသွားချိန်ပေါ့.......အဲ့အချိန်
(YBS) ကဘာစိတ်ကူးပေါက်တယ်မသိ
တစ်ခါတည်း ကားပြောင်းပြီး ကျွန်တော်ကိုတင်လို့ အလယ်လမ်း တည့်တည့်ကြီးဝင်ချသွားတယ်ဗျာ
ကိုယ်လဲကားစီးဘူးအောင်သာဝင်လိုက်ရတာ ဘာလုပ်ရမှန်းမသိ၊ ကြက်ဥ အိတ်ကလဲ တစ်ဖက်လက်ထဲကိုင်ထားရတော့ ဂိမ်းဆော့ရင်း မုပါသွားရင် တစ်ချက်တစ်ချက် ကော့လိုက်တာ အိတ်ကို သွားသွားထိပါလေရော၊
ဟိုဘက်ကကောင်တွေကလဲတစ်ချိန်လုံး ez ez ကြီးပြောနေရင်း အလယ်လမ်းက တက်အလာ အဲ့မှာ ကျွန်တော်ကလဲ အကြံတစ်ခုရပြီး ကားမောင်းရင်း လမ်းမှာတက်လာတဲ့ ဟိုဘက်က creed (မီနီယမ်) တစ်ကောင်လောက် ကားပေါ်တင်ခဲ့မယ်စိတ်ကူးပြီး နည်းနည်းလေးလှုပ်တာ ကားပေါ်က ပြုတ်ကျကျန်ခဲ့ပါရော YBS ကြီးကတော့ အငွေ့တထောင်းထောင်းထလို့ ဟိုဘက် enemy team တည့်တည့် ဝင်သွားလေရဲ့ ဪ အမျှမျှ
ဒါနဲ့ ကျွန်တော်လဲ creed တစ်ကောင် ထုရိုက်စားနေတုန်း မလှမ်းမကမ်းမှာ ကြောင်ရုပ်လေးတစ်ရုပ် ပြုတ်ကျလာတယ် သိပြီလေ ဒါကိုယ့်ကို လုပ်ကြံတာ ဘာရမလဲ sprint ဖွင့်ပြီးပြေးတာပေါ့ ကြောင်လေးက 3sec အတွင်း
ကိုယ့်ကိုမမှီရင်ပြောင်းလို့မရတော့ဘူးလေ ဒါကြောင့် sprint & rapid boots ထည့်တာပေါ့ ကိုယ်က tank လေ ဘယ်အသေခံလို့ဖြစ်မလဲနော့၊ tower ထိပ်လဲရောက် နောက်ကို ဟန်ပါပါနဲ့ တစ်ချက် ဆက်ကတည်းပဲ လှည့်ဆွဲလိုက်တာ မိပါပြီ ပထမဆုံးနဲ့နောက်ဆုံးဆိုသလို tigeral ကြီးကို ၊ (ခွပ် ဆိုတဲ့ အသံခပ်အုပ်အုပ်လဲ တစ်ဆက်
တည်း ကြားလိုက်ရသေးတယ် မာန်ပါပြီး ဒူးခေါင်းအမြှောက် ကြက်ဥ အိတ်ကိုထိတာလေ)
ဒီလိုနဲ့ defead ဆိုပြီး ခမ်းခမ်းနားနား စာလုံးကြီးပေါ်လာပြီး အိမ်ပြန် ရောက်တယ်ပေါ့ဗျာ အံမယ် ဂိမ်းပြီးတော့ rp tank ဆိုပြီး ရေးကြသေးတာဒင်းတို့က သူတို့ ဝိတာကျသူတို့မသိဘူး ဝုတ်တယ်
ဒါပါပဲဗျာ မနေ့က ကျွန်တော်ပြောတဲ့ ကြက်ဥတွေကွဲရခြင်း အကြောင်းကတော့ ဒါပါပဲ ခင်ဗျားတို့လဲ rank တင်ဖို့လူလိုမယ် franco skill ကြမ်းကြမ်း သိချင်ရင် ကျွန်တော့်ကိုအားမနာတန်းခေါ်ပါ မေးကြပါလို့ 🙂 🙂 🙂
for all gamer
07/02/2020
Who are the best FEMALE dota 2 players..?
Dota 2 လောက က အတော်ဆုံး အမျိုးသမီးကစားသမားတွေက ဘယ်သူတွေဖြစ်မလဲ..? GBM က Dota 2 Fan တွေရော ဘယ်သူတွေဖြစ်မယ်လို့ထင်လဲ..? ကဲ… eBestfinder ကနေ တင်ဆက်ထားတဲ့ girl gamers 10 ယောက်ကို မောင်ယမ်မီက တင်ဆက်လိုက်ပါတယ်နော်..!
I . Jorien “Sheever” van der Heijden
1985 မှာ မွေးဖွားတဲ့ နယ်သာလန်သူ Sheever ဟာ အတော်ဆုံးတစ်ယောက် မဟုတ်ပေမယ့် အတော်ဆုံးတွေထဲက တစ်ယောက်တော့ဖြစ်ပါတယ်။ သူမဟာ ခပ်ဟော့စ်ဟော့စ် ဘော်ဒီ၊ ချစ်စရာမျက်နှာ ကိုယ်ပိုင်ဆိုင်ထားကာ အမိုက်စား caster တစ်ယောက်ဖြစ်သလို interviewer ကောင်းတစ်ယောက်ဖြစ်ပါတယ်။ MOBA ဂိမ်းတွေကို ကြိုက်တဲ့သူမဟာ Esports လောကကို Warcraft III & World of Warcraft နဲ့ စတင်ခဲ့တာပါတယ်။ သူမရဲ့ Casting career ကိုတော့ 2012 ကနေစတင်ခဲ့ပြီး Tournaments တော်တော်များကိုလည်း တာဝန်ယူကိုင်တွယ်ပြီးထားပါပြီ။ Sheever ရဲ့ ချစ်တော် heroes တွေကတော့ Dazzle, Crystal Maidan, Venomancer, Mirana တို့ဖြစ်ပါတယ်။
II . Mary “Merry” Rose Mindajao
Merry ဆိုတဲ့ ဖိလစ်ပိုင်သူ မိန်းမလှလေးကတော့ Dota 2 လောကမှာ ကျင်လည်နေတာ ၅ နှစ် အထက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီကလေးမရဲ့ အကြိုက်ဆုံး hero ကတော့ Storm Spirit ဖြစ်ပြီးတော့ သူမကို Storm Spirit ကိုင်ချင်အောင် လှုံဆော်နိုင်တဲ့ ကစားသမားကတော့ the king လို့ခေါ်ဆိုကျတဲ့ Strom Spirit King SumaiL ပါတဲ့ဗျာ။ နောက်ပြီး SumaiL က သူမရဲ့ မြင်ဆရာပါတဲ့။ Merry ဟာ Female tournament ESGS 2015 ကို Fire Vixens Team နဲ့ ဆွတ်ခူးထားပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာအကောင်းဆုံး အမျိုးသမီး Dota 2 ကစားသမားအဖြစ် ရပ်တည်ချင်တာပါတဲ့ဗျာ။
III . Gunn “Bububu” Kristin
Bububu ဆိုတဲ့ ချောမောလှပတဲ့ Twitch streamer ကောင်မလေးကို 1995 ခုနှစ်မှာ နော်ဝေးလ်နိုင်ငံမှာ မွေးဖွားခဲ့တာပါ။ သူမဟာ Twitch မှာ followers 70,000 ကျော်နဲ့ dota 2 skill တွေကို အကောင်းဆုံးပြသနေသူ တစ်ယောက်ဖြစ်ပါတယ်။ YouTube channel မှာလည်း Little Nightmares, Hollow Knight စတဲ့ ဂိမ်းတွေကို တင်ဆက်ပါသေးတယ်တဲ့ ခင်ဗျာ။
(*ဆက်လက်ဖေါ်ပြပါမည်*)
Salute to all Gamers…….! 🖤🖤🖤
Click here to claim your Sponsored Listing.
Website
Address
Ranchi
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |