J Compass Japan Study Abroad Center
KFLA Tokyo Campus ၏ 100% COE အောင်မြင်မှု
J Compass ကနေ လျှောက်ထားပေးခဲ့တဲ့ ၂၀၂၆ ခုနှစ် July Intake မှာ Kyushu Foreign Language Academy (KFLA) Tokyo Campus အတွက် COE 100% ဖြင့်အောင်မြင်စွာ ရရှိခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
အခုဆိုရင်လည်း ၂၀၂၆ ခုနှစ် January Intake အတွက် ကျောင်းသားသစ်တွေ ထပ်မံလက်ခံနေပါပြီ။ လူဦးရေ ကန့်သတ်ထားတာကြောင့် COE စိတ်ချရပြီး အရည်အသွေးမြင့်တဲ့ ကျောင်းကို ရှာဖွေနေတယ်ဆိုရင် အမြန်ဆုံး ဆက်သွယ်ဖို့ တိုက်တွန်းပါရစေ။
စိတ်ဝင်စားသူများအနေနဲ့ အသေးစိတ်ကို Messenger သို့မဟုတ် အောက်ပါ ဖုန်းနံပါတ်ကနေ အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။ 👇
J COMPASS STUDY ABROAD CENTER
📍 Address - Space Yankin Condominium, Room 1205, Tower A, Yankin Township, Yangon.
📞 Phone - 09 898162503
📧 Email - [email protected]
23/05/2026
ဂျပန်နိုင်ငံ၏အထက်တန်းကျောင်းတွင်ပညာသင်ယူကြပါစို့!!
Meikei အထက်တန်းကျောင်း၏2026ခုနှစ် Octoberလကျောင်းဝင်ခွင့်နှင့် 2027ခုနှစ်Aprilလကျောင်းဝင်ခွင့်အတွက်သီးသန့်ဆွေးနွေးပွဲ ကျင်းပခြင်း
J Compass နှင့်ချိတ်ဆက်ထားသောအထက်တန်းကျောင်းဖြစ်သည့် Meikeiအထက်တန်းကျောင်း၏ 2026ခုနှစ် Octoberလကျောင်းဝင်ခွင့်နှင့် 2027ခုနှစ်Aprilလကျောင်းဝင်ခွင့်အတွက် လျှောက်လွှာများကို လက်ခံနေပြီ ဖြစ်ပါသည်။
2026 ခုနှစ်Octoberလကျောင်းဝင်ခွင့်စာမေးပွဲကို ဇွန်လ ၆ရက်နေ့စနေနေ့တွင်ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီးထိုနေ့မတိုင်ခင်
ဇွန်လ ၅ ရက် (သောကြာနေ့) မှာ
ကျောင်းလျှောက်ထားခြင်းအတွက်သီးသန့်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Meikei အထက်တန်းကျောင်းမှ
ဂျပန်လူမျိုးတာဝန်ခံဆရာလာရောက်ပြီး
ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ပေးသွားမှာဖြစ်လို့ စိတ်ပါဝင်စားသူများအနေနဲ့ မပျက်မကွက် တက်ရောက်ပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်!
【ဆွေးနွေးပွဲကျင်းပပြုလုပ်မည့်ရက်စွဲ】
ဇွန်လ ၅ ရက် (သောကြာနေ့) မြန်မာအချိန် နေ့လည်၃နာရီ J Compass ရုံးခန်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Meikei အထက်တန်းကျောင်းတက်ရောက်ရန် လိုအပ်ချက်များအရည်အချင်း သတ်မှတ်ချက်】
・အသက် ၁၅ နှစ် အထက်
・Grade9 အထက် သို့မဟုတ် ၈ တန်းအောင်
(ပညာအရည်အချင်း စုစုပေါင်း ၉ နှစ်ရှိရမည်)
(၁) နှစ်နှင့်အထက်ဂျပန်စာသင်ယူခဲ့သည့်အထောက်အထားလက်မှတ်တင်ပြရန်လိုအပ်ပါသည်။
【ကျောင်းလခနှင့် အခြားအချက်အလက်များ 】
ကျောင်းလခနှင့် အခြားသောအချက်အလက်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းသည့်အခါတွင် Application Guideline ကို ပေးပို့ပေးမည်ဖြစ်သောကြောင့် ဆက်သွယ်စုံစမ်းနိုင်ပါသည် ။ ဆွေးနွေးပြုကျင်းပမည့်နေ့တွင်လည်းရှင်းပြပေးသွားမှာဖြစ်ပါသည်။
【လျှောက်လွှာတင်ရန် နည်းလမ်း 】
ကျောင်းလျှောက်ထားလိုသူများသည်အောက်ပါ ကျောင်းဆွေးနွေးပွဲသို့တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့်အောက်ပါ Google Form တွင်အချက်အလက်များ ဖြည့်စွက်၍ စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/Fe5Lp1YJ8nxLsMcq9
J COMPASS STUDY ABROAD CENTER
တည်နေရာ-Space Yankin Condominium, Room no- 1205, Tower A, 12th floor, Yanshin Road, Yankin Township, Yangon.
ဆက်သွယ်ရန်ဖုန်း - 09898162503
အီးမေး(လ်)လိပ်စာ - [email protected]
05/05/2026
Kyushu Foreign Language Academy (KFLA) ၏ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ကျောင်းဝင်ခွင့်အတွက် ကျောင်းသားသစ်ခေါ်ယူခြင်း
၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တက်ရောက်မည့် Kyushu Foreign Language Academy ၏ ကျောင်းသားသစ်ခေါ်ယူမှုကို စတင်ပြီဖြစ်ပါသည်။
Kyushu Foreign Language Academy သည် Fukuoka နှင့် Tokyo တို့တွင် အခြေစိုက်ပြီး၊ အဆင့်မြင့်ပညာဆက်လက်တက်ရောက်လိုသော ကျောင်းသားများအတွက် အဓိကထားသည့် Language School ဖြစ်ပါသည်။
လက်ရှိတွင် မြန်မာကျောင်းသားအရေအတွက်မှာ Fukuoka ကျောင်းတွင် ၂၀၇ ဦး နှင့် Tokyo ကျောင်းတွင် ၉၁ ဦး ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလဝင်ခွင့်အတွက် COE ရရှိမှုမှာလည်း ၁၀၀% ရှိသော Tekiseikou Class 1 ( 適正校クラスⅠ/ てきせいこう Ⅰ )အဆင့်ရှိ ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။
ဇန်နဝါရီလ ကျောင်းဝင်ခွင့်သည် ၁ နှစ် နှင့် ၃ လ သင်တန်းကာလဖြစ်သောကြောင့် လျှောက်ထားသူများသည် JLPT N3 အောင်မြင်ထားရန် လိုအပ်ပါသည်။
【လျှောက်ထားရန် သတ်မှတ်ချက်များ】
* JLPT N3 အောင်မြင်ထားသူဖြစ်ရမည်။ (JLPT လက်မှတ်ကိုသာ လက်ခံပါမည်)။
※ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် N3 ဖြေဆိုမည့်သူများအနေဖြင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
* Language School တွင်သင်ယူမှုပြီးဆုံးပါက ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ ဘွဲ့လွန်ကျောင်း နှင့် သက်မွေးဝမ်းကျောင်းကောလိပ် (Senmon Gakko) များသို့ ဆက်လက်တက်ရောက်ရန် ရည်မှန်းချက်ရှိသူဖြစ်ရမည်။
* ပညာအရည်အချင်းနှင့် အသက်ကန့်သတ်ချက်ကို ဆွေးနွေးတိုင်ပင်ပြီးမှ အတည်ပြုပေးပါမည်။
* ငွေကြေးထောက်ပံ့သူ (Sponsor) သည် မိဘ (သို့မဟုတ်) မောင်နှမအရင်းအချာ ဖြစ်ရမည်။
※ အကယ်၍ မိဘ သို့မဟုတ် မောင်နှမများက ထောက်ပံ့ရန် အခက်အခဲရှိပါက ဆွေးနွေးတိုင်ပင်နိုင်ပါသည်။*
【လျှောက်လွှာပိတ်ရက်】
1. JLPT N3 အောင်မြင်ပြီးသူများ
⇨ ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန်။
2. ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် N3 ဖြေဆိုမည့်သူများ
⇨ စာမေးပွဲရလဒ်သိရပြီးနောက် ဆက်သွယ်ရန်။
【လျှောက်ထားရန် နည်းလမ်း】
J Compass ၏ Telegram၊ Messenger သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
လျှောက်ထားပြီးသူများကို အခမဲ့ကျောင်းဝင်ခွင့်ဆိုင်ရာ ဆွေးနွေးမှုများနှင့် လူတွေ့စစ်ဆေးခြင်း (Interview) များ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
J COMPASS STUDY ABROAD CENTER
တည်နေရာ-Space Yankin Condominium, Room no- 1205, Tower A, 12th floor, Yanshin Road, Yankin Township, Yangon.
ဆက်သွယ်ရန်ဖုန်း - 09898162503
အီးမေး(လ်)လိပ်စာ - [email protected]
🌸 မြန်မာ့ရိုးရာ အတာသင်္ကြန် ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🌸
နှစ်သစ်ကူး အတာသင်္ကြန်အခါသမယတွင် အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း J Compass Japan Study Abroad Center မိသားစုမှ ဦးစွာပထမ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။ ✨
မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်ကာလအတွင်း J Compass ရုံးခန်းအား အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
📌 ရုံးပိတ်ရက်ကာလ :
• ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက် (စနေနေ့) မှ
• ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၉) ရက် (တနင်္ဂနွေနေ့) အထိ
📌 ဝန်ဆောင်မှုများ ပြန်လည်စတင်မည့်ရက် :
• ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက် (တနင်္လာနေ့) မှစတင်၍ ရုံးခန်းအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ဂျပန်နိုင်ငံတွင် ပညာသင်ယူမှုဆိုင်ရာ ဝန်ဆောင်မှုများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ရုံးပိတ်ရက်ကာလအတွင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများနှင့် Messenger စာပြန်ကြားခြင်းများကို ခေတ္တရပ်နားထားမည် ဖြစ်ပါသည်။ သို့သော်လည်း လူကြီးမင်းတို့ သိလိုသည်များကို Messenger, Viber, Telegram မှတစ်ဆင့် Message ချန်ထားခဲ့နိုင်ပြီး ရုံးပြန်ဖွင့်သည့်ရက်တွင် ဦးစားပေးအစဉ်လိုက် အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားပါမည်။
ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ရန် အကောင်အထည်ဖော် ပြင်ဆင်နေကြသော ကျောင်းသားကျောင်းသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်စရာ သင်္ကြန်အားလပ်ရက်လေး ဖြစ်ပါစေကြောင်း ထပ်လောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❤️🇯🇵✨
J Compass Japan Study Abroad Center
☎️ Phone: 09 898162503
📍 Address: Space Yankin Condominium, Tower - A, Room 1205, 12th Floor, Yanshin Road, Yankin Township, Yangon.
10/04/2026
🇯🇵✈️ 𝑱𝑨𝑷𝑨𝑵 𝑺𝑻𝑼𝑫𝒀 𝑱𝑶𝑼𝑹𝑵𝑬𝒀 – 𝟐𝟎𝟐𝟔 𝑨𝒑𝒓𝒊𝒍 𝑰𝒏𝒕𝒂𝒌𝒆 🌸
ဂျပန်နိုင်ငံဆီ အိပ်မက်တွေနဲ့အတူ ခြေလှမ်းစတင်ခဲ့ကြတဲ့ J Compass မှ ယခုပုံပါကျောင်းသား၊ ကျောင်းသူများအပြင် ယခင်အပတ်များမှ ကျောင်းသားများအပါအဝင် စုစုပေါင်း ကျောင်းသားဦးရေ (၄၄) ဦးအထိ အောင်မြင်စွာ ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။ ✨
ယခုအပတ် ထွက်ခွာခဲ့ကြသူများသည် အောက်ပါကျောင်းများတွင် ပညာသင်ကြားရန် ခရီးလမ်းကိုစတင်နေကြပါပြီ
• Kyushu Foreign Language Academy
• SCG Japanese Language School
• Okayama Institute of Languages
• First Study Japanese Language School
• Hamamatsu Japan Language College
• Shizuoka Japan Language College
🤝 (Makoto Japanese Language Academy နှင့် ပူးပေါင်းဆောင်ရွက်မှုများလည်းပါဝင်သည်)
ဂျပန်နိုင်ငံတွင် ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ကြပါစေလို့ J Compass မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏❤️
🇯🇵 ဂျပန်မှာ ပညာသင်သွားရောက်လိုသူများအတွက်...
J Compass နှင့်အတူ Language School မှသည် တက္ကသိုလ်အထိ စနစ်တကျ လမ်းညွှန်မှုများရယူနိုင်ပါသည်။ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်းဖြင့်ဆက်သွယ်၍သော်လည်းကောင်း အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။
🏢 J Compass Japan Study Abroad Center
☎️ 09 898162503
📍 Space Yankin Condominium, Tower - A, Room 1205, 12th Floor, Yanshin Road, Yankin Township, Yangon
#ဂျပန်ပညာတော်သင် #ဂျပန်ရောက်ကျောင်းသားများ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yan Shin Street, Yankin Township, Space Yankin Condo , Tower/A, Room(1205)
Ranchi
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 17:30 |