Colors
27/09/2025
✨ Greeting from Colors ✨
It’s been a while since we last connected, and we’re so happy to be back with you! 🥰
To celebrate the Thadingyut Festival, we are offering a Special Promotion 🎉
🎁 20% OFF on All Items 🎁
🛹 Skateboards, 🚼 Baby Car Seats, 👶 Baby Rockers — everything is now on discount!
All our products are Japan-used, clean, and ready to use — carefully selected for parents who want quality and reliability.
📍 Visit our Colors Page and shop during this special festive season.
✨ Limited time only – don’t miss out!
17/08/2025
♥တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ကလေးလေး
တိရစ္ဆာန်လေးတွေဆိုတာ ဟိုးရှေးယခင်တည်းက သက်ရှိကမ္ဘာလောကကြီးမှာ လူတွေနဲ့အတူ ရှင်သန်နေထိုင်ခဲ့ကြပြီး လူသားတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလဲဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
ခွေး၊ကြောင်၊ဟမ်းစတား၊ငါး၊ငှက် စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအပြင် လူ့ပတ်ဝန်းကျင်က အခြားသော တိရစ္ဆာန်လေးတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေပါမကျန် လူသားတွေရဲ့ တန်ဖိုးထားလေးစားမှုကို ခံယူထိုက်ပါတယ်။
သက်ရှိသတ္တဝါတိုင်းက ကြင်နာမှု၊စာနာမှုနဲ့ တန်ဖိုးထားမှုကို ခံယူထိုက်ကြောင်း ကလေးတို့ကိုသင်ကြားပေးဖို့ ငယ်လွန်းတယ်၊စောလွန်းတယ်ဆိုတာ မရှိပါဘူး။
ငယ်စဥ်ကတည်းက တိရစ္ဆာန်လေးတွေကို ကြင်နာတတ်ဖို့ အသင်ခံရတဲ့ကလေးတွေဟာ လေးစားမှု၊စာနာမှု၊မိမိကိုယ်ကိုယုံကြည်မှုနဲ့ ခေါင်းဆောင်နိုင်မှု စတဲ့အရည်အသွေးတွေ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။
တိရစ္ဆာန်လေးတွေကို အသိအမှတ်ပြုပြီး ချစ်တတ်လာအောင် ဒီလိုနည်းလမ်းလေးတွေနဲ့ စတင်သင်ကြားပေးလို့ရပါတယ်။👇
🟨ပတ်ဝန်းကျင်က တိရစ္ဆာန်လေးတွေနဲ့မိတ်ဆက်ပေးပါ။
ကောင်းကင်က ငှက်ကလေးကို လက်ညိုးထိုးပြတာ၊သစ်ပင်ပေါ်တက်ပြေးတဲ့ရှဉ့်ကလေး ဒါမှမဟုတ် ခြံစည်းရိုးနားက ခရုလေးကိုပြပြီး သူတို့ရဲ့နာမည်နဲ့ အသံလေးတွေ၊အမူအရာလေးတွေလုပ်ပြတာ စသဖြင့် ကလေးကို ဒီကမ္ဘာကြီးမှာ လူအပြင် သက်ရှိတိရစ္ဆာန်လေးတွေပါရှိကြောင်း ရင်းနှီးမှုရလာဖို့ ကူညီပေးရမှာဖြစ်ပါတယ်။
🟨တိရစ္ဆာန်လေးတွေနဲ့ ပြုမူဆက်ဆံနည်းကို သင်ပေးပါ။
ကြောင်ကလေး၊ခွေးကလေး စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ body language ကို နားလည်ဖို့ ကူညီပေးခြင်းက ကလေးနဲ့အိမ်မွေးတိရစ္ဆာန်လေးရဲ့ ဆက်ဆံရေးကို နှစ်ဦးနှစ်ဖက် safe ဖြစ်စေရုံသာမက အပြုသဘောဆောင်ပြီး ခိုင်မြဲတဲ့ဆက်ဆံရေးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
🟨တိရစ္ဆာန်လေးတွေကို နေ့စဉ်စောင့်ရှောက်ပေးတဲ့အလုပ်မှာ ကလေးကိုပါဝင်ခိုင်းပါ။
တိရစ္ဆာန်လေးကို အစာကျွေးတာ၊ရေတိုက်တာ သူနေတဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးတာ၊ခွေးလေးဆိုရင် ရေချိုးပေးတာ၊လမ်းအတူလျှောက်တာ စသဖြင့် နေ့စဉ်လုပ်ဆောင်မှုတွေမှာ ကလေးကိုပါဝင်စေတာက ကလေးနဲ့တိရစ္ဆာန်လေးရဲ့ကြား ယုံကြည်မှုတည်ဆောက်နိုင်ပြီး နှောင်ကြိုးခိုင်မြဲစေပါတယ်။
🟨တိရစ္ဆာန်လေးတွေပါတဲ့ စာအုပ်၊ရုပ်ရှင်နဲ့ TV show လေးတွေပြပေးပါ။
တိရစ္ဆာန်လေးတွေကို အဓိကသရုပ်ဆောင်အဖြစ် သရုပ်ဖော်ထားတဲ့ စာအုပ်၊ရုပ်ရှင်တွေ အများကြီးရှိပါတယ်။
ညအိပ်ယာဝင်ကာနီး တိရစ္ဆာန်လေးတွေပါတဲ့ပုံပြင်ဖတ်ပြတာ၊မိသားစု ရုပ်ရှင်ကြည့်ချိန်မှာ တိရစ္ဆာန်လေးတွေပါတဲ့ ကာတွန်း၊ရုပ်ရှင်လေးတွေ အတူကြည့်တာဟာ ကလေးအတွက် အပြင်လက်တွေ့က တိရစ္ဆာန်လေးတွေအကြောင်း ဆက်စပ်တွေးခေါ်တတ်လာစေပြီး စာနာမှုထားတတ်ဖို့ကိုလည်း သင်ယူပေးရာရောက်ပါတယ်။
🟨မကြာခဏ အပြင်ထွက်ပေးပါ။
တိရစ္ဆာန်လေးတွေကို တန်ဖိုးထားချစ်မြတ်နိုးစိတ်က သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတန်ဖိုးထားတတ်တဲ့စိတ်ကနေ အရင်းခံတာပါ။
အပြင်ထွက်လမ်းလျှောက်တာ၊တိရစ္ဆာန်ဥယျဉ်ထဲသွားပြီးလေ့လာတာ၊ပန်းခြံထဲပျော်ပွဲစားထွက်တာ စတာတွေက အခြားဘယ်နည်းလမ်းနဲ့မှမရနိုင်တဲ့ ပတ်ဝန်းကျင်အကြောင်း၊သက်ရှိတွေအကြောင်း ကလေးဦးနှောက်က အလိုအလျောက်သင်ယူနိုင်မှုကိုရရှိစေပါတယ်။
ပြင်ပကမ္ဘာကြီးကပေးတဲ့ အံဩစရာတွေက ကလေးကို ပြင်ပလောကသက်ရှိတွေအကြောင်း စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
🟨တိရစ္ဆာန်လေးတွေကို တန်ဖိုးထားစောင့်ရှောက်ပြပါ။
ကလေးတွေက မိဘတွေနဲ့ မိသားစုဝင်တွေကိုကြည့်ပြီး လေ့လာအတုယူကြတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ပတ်ဝန်းကျင်က တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြင်နာပြီး စောင့်ရှောက်ပြမယ်ဆိုရင် ကလေးကလည်း ဒါကိုသင်ယူမှာဖြစ်ပါတယ်။
စာနာမှုနဲ့ တန်ဖိုးထားလေးစားမှုဟာ သက်ရှိမျိုးစိတ်တစ်ခုတည်းအပေါ်မှာပဲ ထားရမယ့်အရာမဟုတ်ပါဘူး။
"နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်ကြီးမြတ်မှုနဲ့ သူ့နိုင်ငံသားတွေရဲ့ စာရိတ္တပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုကို တိရစ္ဆာန်လေးတွေအပေါ်ဆက်ဆံပုံကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်" လို့ ဂန္ဒီကဆိုခဲ့ပါတယ်။
ကလေးတွေကို တိရစ္ဆာန်လေးတွေအပေါ် တန်ဖိုးထားကြင်နာတတ်အောင် သင်ပေးဖို့ဆိုတာ အရေးကြီးတဲ့ လူမှုဘဝသင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်။
တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ကလေးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ အပင်လေးတွေ၊အခြားသောသက်ရှိသတ္တဝါလေးတွေကိုလည်း တန်ဖိုးထားချစ်ခင်တတ်တဲ့အပြင် လူအချင်းချင်းအပေါ်မှာလည်း ဂရုစိုက်ကြင်နာတတ်ကြပါတယ်။
ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက တိရစ္ဆာန်လေးတွေအပေါ် တန်ဖိုးထားချစ်တတ်အောင် သင်ပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ အသက်တိုင်းကို တန်ဖိုးထားတတ်ပြီး စာနာစိတ်အပြည့်ရှိတဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မယ့် လူကြီးလူကောင်းလေးတွေများပြားလာမှာပဲ ဖြစ်ပါတယ်။
Ref:It's never too early to teach your child to respect animals.
Angel
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bayint Naung Road
Ranchi