Oxygen
ဝမ်းနည်းဆရာဗျာ ခွေးကိုက်တာ ပေါ့လို့ မဖြစ်သင့်ပဲ ဖြစ်သွားရတာ😔
အစာကြွေးတာ အစမ်းကြီး😱
27/10/2025
မှတ်ပုံတင်ထားတဲ့ လက်ဗွေနဲ့ပဲ ဖွင့်လို့ရတဲ့ ‘စမတ် ဘရာစီယာ’
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-Thant Ko
အွန်လိုင်းမှာ ZAWAWORKS လို့ သိကြတဲ့ ဂျပန် ကျောင်းသူ ဆန်းသစ်တီထွင်သူ ဖန်တီးထားတဲ့ ဘရာစီယာတစ်ထည်ဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။
လက်ဗွေနှိပ်ပြီးပဲ ဖွင့်လို့ရတဲ့ ခေတ်ရှေ့ပြေး ‘စမတ်ဘရာစီယာ’ ဟာ ဖက်ရှင်နဲ့ နည်းပညာ တွေ့ဆုံမှုပါပဲ။
“လော်လီဖောက်ပြန်မှု တားဆီးကာကွယ်ရေး” ဆိုပြီး ခပ်ရွှင်ရွှင် ဖော်ပြထားတဲ့ ဗီဒီယိုတိုကို ဘရာစီယာ ဒီဇိုင်းနာက X လူမှုမီဒီယာမှာ ပို့စ်တင်ထားတာ ဖြစ်ပါတယ်။ ဒီ ‘စမတ် ဘရာစီယာ’ ဟာ မှတ်ပုံတင်ထားတဲ့ လက်ဗွေရာနဲ့ ထောက်လှမ်းထိတွေ့မိမှ တွဲချိတ်တွေ ထူးထူးခြားခြား ပွင့်သွားပုံကို ၂၀၂၄ ဇူလိုင် ၁၉ ရက်က အဲဒီ X ဗီဒီယိုပို့စ်မှာ တွေ့ရပါတယ်။
“စမတ် ဘရာ’ ဒီဇိုင်းကို အရွှမ်းဖောက်ပြီး ဟာသဆန်ဆန် ရည်ရွယ်ခဲ့တဲ့ စိတ်ကူးစိတ်သန်း အိုင်ဒီယာဖြစ်ပေမယ့် ဇီဝတွက်ချက်မှု နည်းပညာ (biometric tech) ကို အဝတ်အထည်၊ ဖက်ရှင်နဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပေါင်းစပ်နိုင်ပုံအကြောင်း အလေးအနက် ဆွေးနွေးပွဲတွေ ပေါ်ထွက်လာစေခဲ့ပါတယ်။
တီထွင်မှု လက်ရာ ‘စမတ် ဘရာ’ ဟာ ရောင်းချဖို့အတွက် မဟုတ်ပေမယ့် ဝတ်ဆင်နိုင်တဲ့ နည်းပညာဟာ ဖုန်းနဲ့ နာရီကို ကျော်လွန်ပြီး လုံခြုံရေး၊ ကိုယ်ပိုင်အမှတ်သညာနဲ့ ဒီဇိုင်းအလှတွေ ပေါင်းစပ်ထားတဲ့ အဝတ်အစားတွေ၊ အိတ်တွေနဲ့ နေ့စဉ်သုံး ပစ္စည်းတွေအထိ ကျယ်ပြန့်လာတဲ့ ခေတ်ရေစီးကြောင်းကို မီးမောင်းထိုးပြနေပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာက ဒါဟာ ဂျပန်နိုင်ငံအတွက် ပထမဆုံး ‘စမတ် အမျိုးသမီးအတွင်းခံ’ လက်တွေ့ စမ်းသပ်ချက် မဟုတ်ပါ။ ၂၀၁၄ ခုနှစ်တွင် Ravijour အမှတ်တံဆိပ်ဟာ “True Love Tester” ဆိုတဲ့ ဘရာစီယာကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ ဘရာစီယာကတော့ နှလုံး အာရုံခံ ဆင်ဆာတွေကနေ ရင်ခုန်ဖွယ် စိတ်ခံစားမှုကို ထောက်လှမ်းသိရှိမှ ပွင့်တဲ့ ဘရာစီယာပဲ ဖြစ်ပါတယ်။ နည်းပညာနဲ့ အချစ်စိတ် ဆုံဆည်းမှု အိုင်ဒီယာပဲ ဖြစ်ပြီး တော်တော်လေးကို တွင်တွင်ကျယ်ကျယ် ပြန့်နှံ့သွားတဲ့ စိတ်ကူးအယူအဆပါပဲ။
လက်တွေ့ကျကျပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အယူအဆ အခြေခံပဲ ဖြစ်ဖြစ် ခုလို တီထွင်မှုတွေဟာ ဇီဝတွက်ချက်မှုနဲ့ တကိုယ်ရည် အချက်အလက်တွေဟာ နေ့စဉ်သုံး ပစ္စည်းတွေထဲ ပါဝင်လာနေပြီဆိုတာကို ထင်ဟပ်ပြနေပါတယ်။ ဒီအပြင်လည်း ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ အသုံးတည့်မှု၊ ထိန်းချုပ်မှုနဲ့ ဖန်တီးမှုတွေအကြောင်း ဆွေးနွေးပြောဆိုတာတွေကို လှုံ့ဆော်ပေးနေပါတယ်
26/10/2025
လတ်တလောမှာ မောင်းသူမဲ့ လေယာဉ်တက္ကစီ (Air Taxi) လုပ်ငန်းခွင်က ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ပေါ်ထွန်းလာပါတယ်။
ဒါ့အပြင် နေ့စဉ်လူနေမှုဘဝနှင့် အားကစားဆိုင်ရာ နေရာကောင်းများ၊ စီးပွားရေးစင်တာများနဲ့ မြို့ပြလူနေမှုစရိုက် နေရာများအပါအဝင် နေရာပေါင်းစုံသို့ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ဤ Air Taxi များသည် အနာဂတ်တွင် အဓိက အကျဆုံးသော လမ်းကြောင်းတစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။
ထို့ပြင်မကြာသေးမီက၊ တရုတ်နိုင်ငံမှာ EHnag ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး EH216-S မောင်းသူမဲ့ လေယာဉ်ပျံသန်းမှုကို အောင်မြင်စွာ စမ်းသပ်ပြသနိုင်ခဲ့ပါတယ်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်ပျံသန်းမှုနဲ့ သက်ဆိုင်ရာ အစားထိုး လေကြောင်းဆိုင်ရာ နည်းပညာ စံနှုန်းသတ်မှတ်ချက်များ အတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
EH216-S ယာဉ်ဟာ ဒေါင်လိုက်တက်ရောက်ဆင်းသက် (Vertical Take-Off and Landing - VTOL) ဖြင့် ပျံသန်းနိုင်သည့် ယာဉ်တစ်မျိုး ဖြစ်ပါတယ်။
စမ်းသပ်ပျံသန်းခဲ့တဲ့ နေရာတွေကတော့ ပတ္တရား (Koh Larn) မှ ကွန်းဆာမူရီ (Koh Samui) စသည့် သွားလာသူများ အစိုက်အပြင်း သွားလာရသော နေရာများ ဖြစ်ပါတယ်။
အနာဂတ်မှာ မြန်မာနိုင်ငံအတွက်လည်း Air Taxi စီးနင်းနိုင်မယ့် အခွင့်အလမ်းတွေလည်း ရှိလာနိုင်မယ်လို့ မျှော်လင့်ရပါတယ် 🤩
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ranchi