Smark Store

Smark Store

Share

Photos from Smark Store's post 18/03/2023

ထီးဖြူပြီး ဖိနပ်ပါးမယ့် ဈေးနှုန်းဖြစ်လို့ အခုပဲ Order တင်မှ တော်ကာကျမယ်နော့် 😘

တက်နေတဲ့ကုန်ဈေးနှုန်းကို Smark Store မှငွေကျပ် ၉၀၀၀ ကျပ်တည်းဖြင့် အတန်ဆုံး အမိုက်ဆုံးဈေးနှုန်းနဲ့ ပြန်လည်အံတုလိုက်ပါပြီ..ခင်ဗျာ😎

ယခင်ဈေး - 14,000 ကျပ်

ယခုဈေး - 9,000 ကျပ်

🚚📦ရန်ကုန်မြို့တွင်း သာမက နယ်မြို့များကို လည်း အိမ်အရောက်ငွေချေ စနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီ 🚚📦

😍အားပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်😍

Photos from Smark Store's post 15/03/2023

တစ်ထည်ဝယ် တစ်ထည်လက်ဆောင် ရမဲ့
အလန်းစား Demon Slayer T-shirt လေး

💢 နွေရာသီ အတွက် ပေါ့ပါး လွတ်လပ်တဲ့ စတိုင်

💢 ဝတ်ဆင်ရ ပေါ့ပါးပြီး သက်တောင့်သက်သာရှိမယ့်အပြင်

Designကာလာ ဘာညာ အနေထားကတော့ ကြည့်ရုံနဲ့
မိမိုက်မှန်းသိသာပါတယ်💯💯

၂ထည် ပေါင်းမှ ၁၄,၀၀၀ ကျပ် ဆိုတော့ တန်မှတန်နော်

🚚📦ရန်ကုန်မြို့တွင်း သာမက နယ်မြို့များကို လည်း အိမ်အရောက်ငွေချေ စနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီ 🚚📦

ဈေးနှုန်း - 14,000 ကျပ်

😍အားပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်😍

25/12/2020

🎄🎄 Merry Christmas ပါ ☃️☃️

ဒီနေ့မှာ အားလုံးသိပြီးသားဖြစ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးအ‌ကြောင်းထက် ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလားဆိုတဲ့အပေါ်မှာ ကျမ်းစာများအလိုနှင့်သမိုင်းကြောင်းများကိုညှိနှိုင်းကာ ဆွေးနွေးမျှဝေသွားချင်ပါတယ် ။

ခရစ္စမတ်​ဆိုတာ ယေရှု​ခရစ်​ရဲ့ မွေးနေ့ပွဲ​လို့ ကမ္ဘာ​တစ်ဝန်း​က လူသန်းပေါင်းများစွာ ယူဆကြတယ် ။ ဒါပေမယ့် ယေရှုနဲ့​အနီးကပ်​နေ​ခဲ့တဲ့ ပထမရာစု ခရစ်ယာန်တွေ ခရစ္စမတ်ပွဲ လုပ်​သလား ? မွေးနေ့ပွဲ​နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ ? အဲဒီ​မေးခွန်းတွေရဲ့ အဖြေကို သိမယ်​ဆိုရင် ခရစ္စမတ်​ဟာ ခရစ်ယာန်တွေ​ရဲ့​ပွဲ ဟုတ်မဟုတ် ပိုင်းဖြတ်​နိုင်​ပါလိမ့်မယ် ။

ဦးဆုံး​အနေနဲ့ ကျမ်းစာ​ထဲမှာ ယေရှုရဲ့ မွေးနေ့ပွဲ​အကြောင်း ၊ ဘုရားကို သစ္စာရှိရှိ​ဝတ်ပြုသူတွေ​ရဲ့ မွေးနေ့ပွဲ​အကြောင်း မပါပါဘူး ။ မွေးနေ့ပွဲ​လုပ်ခဲ့​သူ နှစ်ဦး​အကြောင်း​ပဲ ပါပါတယ် ။ နှစ်ဦး​စလုံး​ဟာ ယေဟောဝါ​ဘုရားကို ကိုးကွယ်သူ​တွေ မဟုတ်ပါဘူး ။ သူတို့ရဲ့​မွေးနေ့ပွဲ​မှာ ဝမ်းနည်းစရာတွေ ဖြစ်ပျက်​ခဲ့တယ် ။ (ကမ္ဘာဦး ၄၀:၂၀ ။ မာကု ၆:၂၁) အစောပိုင်း​ခရစ်ယာန်​တွေဟာ “မွေးနေ့ပွဲ​ကျင်းပတဲ့ အယူမှား​ထုံးစံ” ကို မလိုက်​ကြဘူး​လို့ ဗြိတဲန်နီကာ​စွယ်စုံကျမ်း​က ဖော်ပြထားပါတယ် ။

ယေရှု ဘယ်​နေ့​မှာ မွေးခဲ့သလဲ ❓

ကျမ်းစာမှာ ယေရှု​မွေးတဲ့အချိန် အတိအကျ​ကို မဖော်ပြ​ပါဘူး ။ “ခရစ်တော်ရဲ့​မွေးနေ့​ကို ဓမ္မသစ်ကျမ်း​မှာ ဒါမှမဟုတ် တခြား​ဘယ်​နေရာမှာ​မှ မ​ဖော်ပြထား​ဘူး” လို့ မက်ကလင်းတော့​နဲ့ စထရောင်း​တို့ရဲ့ စွယ်စုံကျမ်း​က ဆိုပါတယ် ။ ယေရှု​သာ သူ့​မွေးနေ့ ကျင်းပ​စေချင်တယ်​ဆိုရင် သူ​မွေး​တဲ့​နေ့​ကို နောက်လိုက်​တွေ သိအောင် ပြောခဲ့​မှာပါပဲ ။

ဒုတိယ​အနေနဲ့ ယေရှု ဒါမှမဟုတ် တပည့်​တစ်ဦး ခရစ္စမတ်ပွဲ လုပ်​ခဲ့တယ်​ဆိုတဲ့ ကျမ်းစာ​မှတ်တမ်း မရှိပါဘူး ။ ကက်သလစ်​စွယ်စုံကျမ်း​သစ်​အရ “ဖီ​လို​ကား​လူး​စ်​ရဲ့ ရောမ​ပြက္ခဒိန်​မှာ” ခရစ္စမတ်​အကြောင်း ဦးဆုံး​ပါရှိပါတယ် ။ “ခရစ္စမတ်ပွဲ​ကို အေဒီ ၃၃၆ မှာ စတင်​ကျင်းပ​တာ ဖြစ်နိုင်တယ်” ကျမ်းစာ​ရေး​ပြီးနောက်​ပိုင်း ၊ ယေရှု မြေကြီး​ပေါ် အသက်ရှင်​ခဲ့​ချိန်​နောက်ပိုင်း ရာစုနှစ်ချီ​ကြာ​မှသာ ခရစ္စမတ်ပွဲ​ကျင်းပ​တာ ထင်ရှားပါတယ် ။ “ခရစ္စမတ်ပွဲ​ကျင်းပ​ဖို့ ဘုရားသခင် မ​မိန့်မှာ​ခဲ့​သလို ဓမ္မသစ်ကျမ်း​မှာလည်း မ​ဖော်ပြထား​ဘူး” လို့ မက်ကလင်းတော့​နဲ့ စထရောင်း​တို့​က ရေး​ခဲ့ပါတ​ယ်။ *

ဘယ်​ပွဲ​ကို ကျင်းပ​ဖို့ တပည့်​တွေကို ယေရှု ညွှန်ကြားခဲ့သလဲ ❓

ကြီးမြတ်​တဲ့​ဆရာ ယေရှု​က နောက်လိုက်​တွေကို ဘာ​လုပ်​စေချင်​တဲ့​အကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့ပါတယ် ။ အဲ့ဒါကို ကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ် ။ ဒါပေမယ့် ခရစ္စမတ်​အကြောင်း မပါပါဘူး ။ ကျောင်းဆရာ​က ကျောင်းသား​တွေကို ညွှန်ကြား​တာ​ထက် ကျော်​ပြီး မလုပ်​စေချင်ပါဘူး ။ အဲ့ဒီလိုပဲ ယေရှု​လည်း နောက်လိုက်​တွေကို ‘ကျမ်းစာမှာ ရေးထား​တာ​ထက်​လွန်’ ပြီး မလုပ်​စေချင်ပါဘူး ။—၁ ကောရိန္သု ၄:၆ ။

အစောပိုင်း​ခရစ်ယာန်တွေ ကျင်းပ​လေ့​ရှိတဲ့ အရေးကြီး​ပွဲတော်​တစ်ခု ရှိပါတယ် ။ ယေရှုရဲ့​သေခြင်း အောက်မေ့ရာပွဲ​ပါပဲ ။ ယေရှုဟာ ဒီ​ပွဲတော်​ကို ဘယ်​အချိန်​မှာ ကျင်းပ​ရမယ်​ဆိုတာ တပည့်​တွေကို မိန့်မှာ​ပြီး ဘယ်လို​ကျင်းပ​ရမယ်​ဆိုတာ ကိုယ်တိုင်​ပြခဲ့ပါတယ် ။ အဲ့ဒီ တိကျ​တဲ့ ညွှန်ကြားချက်​တွေအပြင် ယေရှု​သေဆုံး​တဲ့ နေ့​ကိုလည်း ကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ် ။—လုကာ ၂၂:၁၉ ။ ၁ ကောရိန္သု ၁၁:၂၅ ။

ခရစ္စမတ်​ဆိုတာ မွေးနေ့ပွဲ​ကျင်းပ​တာ​ဖြစ်ပြီး အဲဒီ​အယူမှား​ထုံးစံ​ကို အစောပိုင်း​ခရစ်ယာန်တွေ မ​လိုက်​ကြ​မှန်း သိခဲ့​ရ​ပြီ ။ ဒါ့အပြင် ယေရှု ဒါမှမဟုတ် တစ်ယောက်ယောက် ခရစ္စမတ်ပွဲ​လုပ်ခဲ့တဲ့​အကြောင်း ကျမ်းစာမှာ မပါပါဘူး ။ ဒီ​အချက်​တွေကြောင့် ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ခရစ်ယာန်​သန်းပေါင်းများစွာ​က ခရစ္စမတ်​ဟာ ခရစ်ယာန်တွေ​ရဲ့ ပွဲမဟုတ်ဘူးလို့ သတ်မှတ်ကြပါတယ် ။

အခုစာနဲ့ပတ်သက်ပြီး JW.ORG ကိုအထူးကျေးဇူးတင်ရှိပါတယ် ( ဘာသာရေးအကြောင်းအရာများသွားရောက်မေးမြန်းနိုင်ပါတယ် )

ပျော်ရွှင်ဖွယ်ညလေးပါ 🥳🥳🥳

Want your business to be the top-listed Transport Service in Ranchi?
Click here to claim your Sponsored Listing.

Telephone

Address


Ranchi
11101