Myanmar Food in Czech
03/06/2026
ပဲပြုတ်!!!!!!
Steamed Yellow Peas !
And of course .. it is delicious 😋
#ပဲပြုတ်
02/06/2026
ဒီနေ့တော့ ဒန့်သလွန် ချဉ်ရည်ဟင်း
အိန္ဒိယ ဆိုင်က ဒန့်သလွန်သီး ရလာလို့ မစားရတာကြာပြီဖြစ်တဲ့ ချဉ်ရည်ဟင်းလေးချက်
ပါဝင်ပစ္စည်း တွေကတော့ ငါးခူ ၊ ခရမ်းချဉ်သီး၊ နိုကိုဥ၊ ဒန့်သလွန်သီး၊
ချဉ်ရည်ဟင်း ဆိုတာမျိုးက ထမင်းမြိန်စေတဲ့ ဟင်းဆိုတော့ စားကောင်းချက်ကတော့ ပြောနေဖို့ကို မလိုတော့တာ 😂
And of course .. it is delicious 😋
PS : Kedlubna @ Kohlrabi @ နိုကိုဥ ကိုအစိမ်းစားလဲ ရ၊ အစိမ်း သုပ်စားလဲ ရ၊ ဟင်းချက် စားရင်တော့ ဂေါ်ရခါးသီး လိုမျိုး အရသာ ဆိုတော့ ချဉ်ရည်ဟင်းချက်စားလို့အဆင်ပြေ။
01/06/2026
ကဲ ဒီနေ့တော့ မုန့်ဟင်းခါး
မိုးအေးအေးလေးနဲ့ မို့ ချက်စားဖြစ်တာ ကတော့ ငှက်ပျောအူများများလေးနဲ့ မော်လမြိုင် မုန့်ဟင်းခါး (စာဝ တံဆိပ်) ပဲဖြစ်ပါတယ်ရှင်။
ဟင်းရည်ကျဲကျဲ ငါးအရသာကဲကဲ နဲ့ ငှက်ပျောအူ များများ လေးနဲ့ စားရတာ ပေါ့ပေါ့ပါးပါးနဲ့ အရသာရှိပါတယ်။
ချက်ရလဲလွယ် တဲ့ စာဝ မော်လမြိုင်မုန့်ဟင်းခါး အနှစ် ၁ ထုပ်ကို 265 czk ပါရှင်။
မိုးအေးအေးလေးမှာ မုန့်ဟင်းခါးပူပူလေးတစ်ပွဲနဲ့ မြန်မာအရသာကို လွမ်းဆွတ်ရင်း အိမ်အရသာလေး ပြန်ခံစားကြည့်လိုက်ပါနော် ❤️
And of course .. it is delicious 😋
#မုန့်ဟင်းခါး
တို့ဟူးသုပ်
Klikněte zde pro získání vašeho sponzorovaného zápisu.
Kategorie
Internetová stránka
Adresa
Praha
Otevírací doba
| Pondělí | 08:00 - 22:00 |
| Úterý | 08:00 - 22:00 |
| Středa | 08:00 - 22:00 |
| Čtvrtek | 08:00 - 22:00 |
| Pátek | 08:00 - 22:00 |
| Sobota | 09:00 - 22:00 |
| Neděle | 09:00 - 22:00 |