Min's Perspective
06/22/2024
ရွေးကောက်ပွဲနှင့် နိုင်ငံတော် အနာဂတ်
လာမယ့် ၂၀၂၅ မှာရွေးကောက်ပွဲ ကျင်းပနိုင်မှာလား?
မြန်မာ့လွှတ်တော်မှာ ရွေးကောက်ပွဲကျင်းပမယ့် မြို့ ၃၃၀ ဝန်းကျင်ရှိပါတယ် အတိုက်အခံတိုင်းရင်းသားလက်နက်ကိုင်များ နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပ နိုင်ရန် အခက် အခဲ ရှိတယ့် မြို့ပေါင်း ၆၀အောက်သာ ခန့်မှန်းကြည့်ပါ ကျင်းပနိုင်တယ့်မြို့ က၂၇၀မက ရှိပါသေးတော့ အလား အလာရှိပါတယ်။
ရွေးကောက်ပွဲပြီးရင်ဘာတွေ ပြောင်းလဲ နိုင်ခြေ ရှိလဲ?
နိုင်ငံရေး အကျဉ်းသားတွေ အသက်အရွယ်နှင့် အခြေအနေ အလိုက်ပြန်လည်လွတ်မြောက်နိုင်ပါတယ်
နိုင်ငံတကာ sanctions တွေ ရော့သွားပြီး ငွေကြေး အထောက်အပံ့တွေပြန်လည်ရရှိမှာ ဖြစ်တယ့်အတွက် စီးပွါးရေးတွေ အထိုက်အလျောက်ပြန်လည် အဆင်ပြေမှာဖြစ်သလို အစိုးရမှလဲ စီးပွါးရေးpolicy တစ်ချို့ကို ပြန်လည်ဖြေလျော့ပေးနိုင်ခြေရှိပါတယ်။
တရားမျှတတယ့်ရွေးကောက်ပွဲ ဖြစ်မှာလား?
ဒီမေးခွန်းက အင်မတန်ထိလွယ်ရှလွယ်တယ့်မေးခွန်းမျိုးပါ။ ကျွန်တော်ပြောနိုင်တာကတော့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတယ့် ပါတီအားလုံး ဝင်ရောက်ရွေးချယ်ခံနိုင်မှာဖြစ်ပြီး PR စနစ်နဲ့ရွေးချယ်မှာဆိုတော့ တိုင်းရင်းသားလူမျိုးစု အားလုံးပါဝင်လာမှာပါ ယခင်လို တစ်ပါတီကြီးစိုးတယ့် လွှတ်တော်မျိုးတော့ ဖြစ်ဖို့ အလားအလာ နည်းမှာပါ။
NUG နဲ့ EAOs တွေကရော သဘောတူပါ့မလား?
NUG ကတော့ ငြင်းမယ်ဆိုတာသေချာပါတယ်။
EAOs တွေအနေနဲ့ကတော့ ၎င်းတို့ထိန်းထားတယ့်နယ်မြေတွေကို တရားဝင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ လွှတ်တော်ရှိမှ ဖြစ်မယ်ဆိုတော့ လက်ခံသူရှိနိုင်သလို လက်မခံသူလဲရှိနိုင်ပါတယ်။
ရွေးကောက်ပွဲကို လက်ခံသင့်လား ငြင်းသင့်လား?
တစ်ယောက်နဲ့တစ်ယောက်အတွေးအမြင်တော့ မတူနိုင်ဘူးပေါ့ ဒါပေမယ့် ကျွန်တော်ကတော့ ကြိုဆိုပါတယ် ဘာလို့လဲဆိုတော့ ဒီအတိုင်းဆက်သွား ရင် ကျွဲနှစ်ကောင် ခတ်တယ့်ကြားက မြေစာပင်ဖြစ်တယ့် ပြည်သူ တွေက နိုင်ငံရေးလူမှုရေးစီးပွါးရေး အကျပ်အတည်းတွေကိုနေ့စဉ်ရင်ဆိုင်နေရလို့ပါပဲ။
လေးစားစွာဖြင့်🙏🙏🙏
လွှတ်တော်နှင့်ချိန်ခွင်လျှာ(၂)
လွှတ်တော်ဆိုတာကတော့ နိုင်ငံရေးကိုအကြမ်းမဖက်ဘဲ ဥပဒေဘောင်အတွင်းကငြင်းခုန်ကြဖို့ထားတယ့် အဖွဲ့အစည်းပါ။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလွှတ်တော်ဆိုတာရှိသကဲ့သို့ မြန်မာနိုင်ငံမှာလည်းရှိပါတယ်။ လွှတ်တော်ကြီးကို တစ်ခြားနိုင်ငံတွေမှာ အထက်နှင့်အောက်လွှတ်တော်ခွဲသကဲ့သို့ မြန်မာမှာတော့ အမျိုးသားနှင့်ပြည်သူ့လွှတ်တော်ဟုအမည်နာမတပ်၍ခေါ်ဆိုပါတယ်။
ထူးခြားတာကတော့ မြန်မာနိုင်ငံမှာ တပ်မတော်ကိုယ်စားလှယ် ၂၅%ပါဝင်နေတာပါဘဲ။ နိုင်ငံရေးပါတီများဟာ တစ်ခုခုဆို ၄င်း ၂၅%ကိုသာ လက်ညိုးထိုးအပြစ်ဆိုခဲ့တာကိုတွေ့ရပါတယ်။ အမှန်တိုင်းပြောရရင် နိုင်ငံရေးသမားတွေက ပြည်သူတွေကို ဂျင်းထည့်ခဲ့တာပါ ဘာလို့လဲဆိုတော့ မြန်မာလွှတ်တော်ကဲ့သို့ ထိုင်း၊ အင်္ဂလန်၊ ကနေဒါ အစရှိတဲ့ နိုင်ငံတွေမှာလဲ ရွေးချယ်ခံစရာမလိုဘဲ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ ခန့်အပ်တယ့် လွှတ်တော်အမတ်တွေရှိပါတယ်။ ဥပမာအားဖြင့် ထိုင်းလွှတ်တော်တွင်အရွေးချယ်ခံမဟုတ်တဲ့လွှတ်တော် အမတ်ဦးရေဟာ ၃၃.၃၃% ခန့်ရှိပါတယ်။ ထိုနည်းတူစွာ ကနေဒါအထက်လွှတ်တော်တွင် အရွေးချယ်ခံမဟုတ်တယ့် အမတ်နေရာသာများပါတယ်။ နိုင်ငံရေးမှာ လက်ဝဲ အယူအဆ နှင့် လက်ယာ အယူအဆ ဟူ၍ရှိရာ လွှတ်တော်တွင် နိုင်ငံရေးအယူအဆတစ်ခု အလွန်အမင်းလွှမ်းမိုးလာတဲ့အခါ နိုင်ငံရေးတစ်ဖက်စောင်းနင်းဖြစ်နိုင်သဖြင့် အရွေးချယ်ခံမဟုတ်သော အမတ်များဖြင့် နိုင်ငံရေးချိန်ခွင်လျှာကိုထိန်းညှိပေးရန်လိုအပ်ပါတယ်။
လေးစားစွာဖြင့်။🫡
၇၉ နှစ်မြောက် တပ်မတော်နေ့အား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်
နိုင်ငံခြားငွေနှင့်ဝင်ငွေခွန်(၁)
အစိုးရအနေဖြင့် နိုင်ငံခြားဝင်ငွေခွန်ပြထမ်းလိုက်ခြင်းကို နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်သူများ အနေဖြင့်ဘဝင်မကျဘူးဆိုတဲ့ သတင်းတွေ ကို ပြည်ပအခြေဆိုက်မီဒီယာတွေကနေ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ခဲ့တာကိုတွေရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ကမြန်မာနိုင်ငံမှာအလုပ်မလုပ်ဘဲဘာလို့ အခွန်ပေးဆောင်ရမှာလဲဆိုပြီးမေးလာခဲ့ပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့
၁) ဝင်ငွေခွန်ပေးဆောင်သင့်ပါတယ်။ ဘာလို့လဲဆိုရင်မြန်မာနိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားလို့ပါ။ နိုင်ငံသားတွေအနေဖြင့် အခွန်ပေးဆောင်မှသာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်။
အခွန်မပေးဆောင်သောဝင်ငွေများဟာ ငွေမည်းသာဖြစ်ပါတယ်။အနောက်နိုင်ငံများ ကမြန်မာနိုင်ငံခြားဝင်ငွေများကိုနည်းပေါင်းစုံဖြင့် ပိတ်စို့နေချိန်တွင် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သူများ အနေဖြင့် အခွန်ပေးဆောင်ခြင်းဖြင့် ငွေကြေးဖောင်းပွမှုကိုလျော့ချနိုင်မှာဖြစ်ပါတယ်
လေးစားစွာဖြင့်🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ottawa, ON