Chef Diary
07/06/2026
CD နဲ့ A Flim By Lynn တို့ရဲ့ show အသစ်လေး မကြာခင် ထပ်လာပါဦးမယ် ချစ်သူငယ်ချင်းတို့ ❤️❤️❤️❤️
06/06/2026
🍚 Sushi Rice – Sushi ရဲ့ နှလုံးသား
လူအများက Sushi ရဲ့ အဓိကက ငါးလို့ ထင်ကြပေမယ့် Sushi Chef တွေအတွက်တော့ Rice က အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။
Sushi Rice ကို ဂျပန်လို “Shari” လို့ခေါ်ပြီး Short-Grain Rice ကို Rice Vinegar၊ သကြားနဲ့ ဆားတို့ကို အချိုးကျ ရောစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်
ပြီးပြည့်စုံတဲ့ Sushi Rice တစ်ပွဲမှာ အစေ့တစ်စေ့ချင်းစီ ပျော့လွန်းလည်း မဖြစ်၊ မာလွန်းလည်း မဖြစ်ဘဲ အနည်းငယ်ကပ်ကပ်လေးနဲ့ ပုံစံကို ထိန်းထားနိုင်ရပါတယ်
🍣 Sushi Chef တွေက Rice ရဲ့ အပူချိန်၊ အစိုဓာတ်နဲ့ Vinegar Balance ကို အလွန်ဂရုစိုက်ကြပြီး ဒီအချက်တွေက Sushi တစ်ပွဲရဲ့ အရသာကို ဆုံးဖြတ်ပေးတဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်ပါတယ်
🍚 Sushi က Fish ကြောင့် နာမည်ကြီးပေမယ့် Sushi ရဲ့ စစ်မှန်တဲ့ 🤍နှလုံးသားကတော့ 🍚Rice ပဲ ဖြစ်ပါတယ်
06/06/2026
🍣 Sashimi ကို ဘယ်လိုစားသင့်လဲ❓❓
Sashimi က Rice မပါတဲ့ လတ်ဆတ်တဲ့ ငါး (သို့) ပင်လယ်စာကို တိုက်ရိုက်ခံစားနိုင်တဲ့ ဂျပန်ရိုးရာအစားအစာ ဖြစ်ပါတယ်
🥢 ၁။ Soy Sauce ကို အနည်းငယ်သာ အသုံးပြုပါ
Sashimi ကို Soy Sauce ထဲ အပြည့်နှစ်တာထက် ငါးအနားလေးကိုပဲ အနည်းငယ်ထိစေပြီး စားတာက အရသာ Balance ကို ပိုကောင်းစေပါတယ်
🌱 ၂။ Wasabi ကို လိုသလောက်သာ ထည့်ပါ
Wasabi အများကြီးသုံးတာထက် ငါးရဲ့ သဘာဝအရသာကို မဖုံးကွယ်နိုင်အောင် အနည်းငယ်သာ အသုံးပြုသင့်ပါတယ်
🫚 ၃။ Ginger ကို ကြားခံအနေနဲ့ စားပါ
Pickled Ginger ကို Sashimi ပေါ်တင်မစားဘဲ တစ်မျိုးစားပြီးတိုင်း အရသာပြောင်းလဲဖို့ ပါးစပ်ရှင်းတဲ့အနေနဲ့ စားကြပါတယ်
🍣 ၄။ အရသာပေါ့တဲ့ ငါးကနေ စပြီး အဆီပိုများတဲ့ ငါးကို နောက်ဆုံးစားပါ
ဒါမှ ငါးတစ်မျိုးချင်းစီရဲ့ မူလအရသာကို ပိုမိုခံစားနိုင်ပါတယ်
✨ Sashimi ကို စားတာဟာ ဗိုက်ဖြည့်ဖို့ထက် Ingredient ရဲ့ Freshness နဲ့ Chef ရဲ့ Knife Skill ကို အရသာခံစားတဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။
06/06/2026
🍚 Sushi Rice Cooking 🍚 Perfect Sushi ရဲ့ ပထမဆုံးခြေလှမ်း 🚶♀️
Sushi Rice 🍚 က သာမန်ထမင်းမဟုတ်ပါဘူး Sushi တစ်ပွဲကောင်းဖို့ Rice ချက်နည်းက အလွန်အရေးကြီးပါတယ်
ပထမဆုံး Rice ကို ရေအကြိမ်ကြိမ်ဆေးပြီး အပို Starch တွေဖယ်ရှားရပါတယ်။ ဒါမှ Rice အစေ့တစ်စေ့ချင်းစီ ကြည်လင်ပြီး လှပလာမှာ ဖြစ်ပါတယ်။
ချက်ပြီးတဲ့ Rice ကို ခဏလောက်ပဲအအေးခံကာ Rice Vinegar သကြားနဲ့ ဆားရောထားတဲ့ Sushi Vinegar ကို ဖြည်းဖြည်းချင်းရောနှောပြီး ထမင်း တစေ့ခြင်းစီမှာ အရသာဝင်အောင် မွှေပေးရပါတယ်
အရမ်းမွှေလွန်းရင်လဲ ကျေသွားနိုင်တာကြောင့် သတိထားရပါတယ်
Sushi Chef တွေက Rice ကို အနည်းငယ်နွေးနွေးအပူချိန်မှာ ထိန်းထားပြီး Fish နဲ့ တွဲစားတဲ့အခါ အရသာအကောင်းဆုံးရအောင် ပြင်ဆင်ကြပါတယ်
🍣 အရသာရှိတဲ့ Sushi ရဲ့ လျှို့ဝှက်ချက်က Fresh Fish တစ်ခုတည်းမဟုတ်ဘဲ Perfectly Cooked Sushi Rice ပေါ်မှာလည်း မူတည်နေပါတယ်
06/06/2026
🍶 Soy Sauce Etiquette – Sushi စားတဲ့အခါ သိထားသင့်တဲ့ အချက်များ
Sushi စားတဲ့အခါ Soy Sauce ကို များများနှစ်တာက အရသာပိုကောင်းစေမယ်လို့ ထင်ကြပေမယ့် ဂျပန်ရိုးရာအရတော့ မဟုတ်ပါဘူး။
🍣 Nigiri Sushi ကိုစားတဲ့အခါ Rice ဘက်မဟုတ်ဘဲ Fish ဘက်ကိုပဲ Soy Sauce အနည်းငယ် ထိစေသင့်ပါတယ်။ Rice ကိုနှစ်လိုက်ရင် Soy Sauce စုပ်ယူလွန်းပြီး Sushi ရဲ့ မူလအရသာကို ဖုံးသွားနိုင်ပါတယ်။
🌱 Sushi Chef တွေက Wasabi နဲ့ Soy Sauce Balance ကို ကြိုတင်တွက်ချက်ပြီး ပြင်ဆင်ထားတာကြောင့် Soy Sauce ထဲကို Wasabi အများကြီးရောတာထက် Chef ဖန်တီးထားတဲ့ အရသာကို အရင်ခံစားကြည့်တာ ပိုသင့်တော်ပါတယ်။
✨ Soy Sauce ရဲ့ ရည်ရွယ်ချက်က Sushi ကို ငန်အောင်လုပ်ဖို့ မဟုတ်ဘဲ ငါးရဲ့ Umami Flavor ကို ပိုမိုပေါ်လွင်စေဖို့ ဖြစ်ပါတယ်။
🍶 Sushi စားတဲ့အနုပညာက Soy Sauce များများသုံးတာမဟုတ်ဘဲ အရသာကို Balance ဖြစ်အောင် ခံစားတတ်တာပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Dubai
971