Yangon Bus Directory

Yangon Bus Directory

Share

27/07/2026

YBS ယာဉ်အစီးရေ လျော့နည်းလာတာကြောင့် အောက်ဆိုဒ်ယာဉ်တွေ နေ့ရောညပါ ပြေးဆွဲလာ

YBS ယာဉ်အစီးရေ လျော့နည်းလာတာကြောင့် အောက်ဆိုဒ်ယာဉ်တွေ နေ့ရောညပါ ပြေးဆွဲလာ

၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးမှာ အဓိကအားထားနေရတဲ့ YBS လိုင်းကားတွေ စောင့်ဆိုင်းရချိန်ကြာမြင့်တာ၊ ယာဉ်အစီးရေ မလုံလောက်တာနဲ့ စက်သုံးဆီ၊ CNG ဖြည့်တင်းရခက်ခဲတာတွေကြောင့် မြို့တွင်းမှာ အောက်ဆိုဒ်ယာဉ်တွေ နေ့ရောညပါ ပြေးဆွဲလာနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

လတ်တလော CNG ဖြည့်တင်းရခက်ခဲတာအပြင် ပြေးဆွဲနေတဲ့ YBS ယာဉ်တွေမှာ စက်စွမ်းဆောင်ရည်ကျဆင်းတာ၊ မကြာခဏ ပြင်ဆင်ရတာတွေ များလာပြီး ယာဉ်အပိုပစ္စည်းရှားပါးတာ၊ ဈေးနှုန်းမြင့်တက်လာတာနဲ့ ဒီဇယ်ဆီရရှိဖို့ အခက်အခဲရှိတာတွေကြောင့် YBS ယာဉ်အစီးရေ လျော့နည်းလာရတာဖြစ်တယ်လို့ YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောဆိုထားပါတယ်။

“ဒါက တာဝန်ယူလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းရဲ့ အားနည်းချက်လို့ပဲ ပြောရမယ်။ အကြောင်းမပြနဲ့လေ။ ဒါလုပ်ပေးဖို့ ဒီနေရာမှာရှိရင် ကြိုတင်ပြင်ဆင်မှုလုပ်ရမှာ သူတို့တာဝန်ပဲ။ အခုက နေ့ရောညပါ အောက်ဆိုဒ်ကားနဲ့ သွားနေရတော့ ငွေကြေးပိုကုန်ကျတဲ့အပြင် အန္တရာယ်ဖြစ်လာရင် ခရီးသည်တွေအတွက် ဘယ်သူက တာဝန်ယူမလဲ”လို့ ရန်ကုန်မြို့တွင်း ခရီးသွားတစ်ဦးက ဦးလျန်ကျင့်မန်ရဲ့ ပြောဆိုမှုအပေါ် တုံ့ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်က YBS ယာဉ်အစီးရေ ၃,၆၀၀ ခန့် ပြေးဆွဲခဲ့ပြီး နေ့စဉ်ခရီးသည် ၁ ဒသမ ၅ သန်းခန့် စီးနင်းခဲ့ပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ ခရီးသည်ဦးရေ ၁ ဒသမ ၈ သန်းအထိ တိုးလာချိန်မှာ ပြေးဆွဲနိုင်တဲ့ YBS ယာဉ်က ၃,၃၀၀ ခန့်သာ ကျန်ရှိတော့တယ်လို့ ဦးလျန်ကျင့်မန်က ပြောဆိုထားပါတယ်။

YBS ယာဉ်တချို့ဟာ သက်တမ်းနှစ် ၂၀ ကျော်ရှိနေပြီး ၂၀၁၇ ခုနှစ်ထုတ် ယာဉ်တွေတောင် ပြေးဆွဲသက်တမ်း ၉ နှစ်ကျော်လာတာကြောင့် စက်စွမ်းဆောင်ရည်ကျဆင်းပြီး မကြာခဏ ပြင်ဆင်ရတာတွေ များလာရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အောက်ဆိုဒ်ယာဉ်တွေဟာ ရန်ကုန်မြို့လယ်ကနေ သာကေတ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ လှည်းကူးနဲ့ မင်္ဂလာဒုံမြို့နယ်စတဲ့ နေရာတွေကို ခရီးစဉ်အလိုက် နေ့ရောညပါ ပြေးဆွဲလာကြတာတွေ ရှိလာပါတယ်။

“အဓိကက ရုံးဆင်းရုံးတက်၊ အလုပ်သွားအလုပ်ပြန်သူတွေ အရမ်းဒုက္ခရောက်တယ်။ အရင်က ဖယ်ရီကြိုတယ်။ အခု စက်သုံးဆီပြဿနာဖြစ်ပြီးနောက်ပိုင်း မကြိုတော့ဘူး။ အောက်ဆိုဒ်ကားစီးရတာလည်း ငွေသာပိုပေးရတာ၊ လူကိုတော့ ကြပ်သိပ်နေအောင် တင်တာ။ ညနေအလုပ်ပြန်ချိန်ဆို ပိုဆိုးသေးတယ်။ လိုက်ထရပ်ကားတွေဆိုတော့ ယောကျ်ားလေးတွေက ပြဿနာမရှိပေမယ့် မိန်းကလေးတွေက ကုန်းကုန်းကွကွနဲ့ စီးရတာ တော်တော်ဒုက္ခရောက်ရတယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ပုံမှန် YBS ယာဉ်စီးခဟာ ခရီးအကွာအဝေးအလိုက် ကျပ် ၄၀၀ ကနေ ကျပ် ၈၀၀ ဝန်းကျင်ရှိပေမယ့် အောက်ဆိုဒ်ယာဉ်တွေကတော့ လမ်းကြောင်းတိုအတွက် ကျပ် ၅၀၀ ဝန်းကျင် တောင်းခံပြီး မြို့တွင်းကနေ အခြားမြို့နယ်တွေဆီ သွားလာပါက တစ်ဦးကို ကျပ် ၁,၅၀၀ ကနေ ကျပ် ၃,၀၀၀ အထိ ပေးနေရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

အလုပ်ကို အချိန်မီရောက်ရှိဖို့ လိုအပ်သူတွေနဲ့ ညပိုင်းအလုပ်ဆက်လုပ်ရသူတွေဟာ တခြားရွေးချယ်စရာ မရှိတာကြောင့် အောက်ဆိုဒ်ယာဉ်တွေကို အားထားစီးနင်းနေရတယ်လို့ သိရပါတယ်။

အောက်ဆိုဒ်ယာဉ်တွေဟာ YRTC ရဲ့ တရားဝင်ကြီးကြပ်မှုနဲ့ စည်းကမ်းသတ်မှတ်ချက်တွေအောက်မှာ မရှိတာကြောင့် ခရီးသည်တွေအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ယာဉ်စီးခကို သတ်မှတ်ချက်မရှိဘဲ တောင်းခံတာ၊ ခွင့်ပြုလူဦးရေထက် ပိုမိုတင်ဆောင်တာနဲ့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းတာတွေကြောင့် ယာဉ်မတော်တဆမှုနဲ့ ခရီးသည်လုံခြုံရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။


#ရန်ကုန်

Photos from Yangon Bus Directory's post 25/07/2026

YBS စီးရမှာ ကြောက်နေသူတွေနဲ့ လမ်းမကျွမ်းသူတွေအတွက် 100% Highly Recommended ပေးချင်တဲ့ App လေးတစ်ခု! 🚌✨

ခုဆို ဘယ်နေရာသွားသွား Easy YBS App လေး သာ ရှိရင် လုံးဝ စိတ်အေးရပြီနော်… 📱💛

ဘာကားစီးရမလဲ မသိလို့ တွေဝေနေစရာမလိုတော့ဘူး

သွားချင်တဲ့ လမ်းကြောင်းတွေကို အသေးစိတ် ပြပေးထားတယ်

မှတ်တိုင်ကျော်သွားမှာ စိုးရိမ်စရာမလိုဘဲ အချိန်ကိုက် လမ်းညွှန်ပေးတယ်

ရန်ကုန်မြို့ထဲ YBS နဲ့ ခရီးသွားလာရတာ ပိုမိုလွယ်ကူ အဆင်ပြေစေဖို့ EASY YBS ကို ဖုန်းထဲမှာ ဆောင်ထားလိုက်ကြစို့နော်။ 😉

📥 App Store နဲ့ Google Play Store နှစ်ခုလုံးမှာ ဒေါင်းလုဒ်ဆွဲပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

24/07/2026

📢 ပျောက်ဆုံးပစ္စည်း ရှာဖွေခြင်း

21 July ရက်နေ့တွင် YBS 131 ယာဉ်ဖြင့် လှည်းတန်း ဂမုန်းပွင့်မှ သမိုင်း ဘုရားလမ်းမှတ်တိုင် အထိ စီးနင်းခဲ့စဉ် စာရွက်စာတမ်းအိတ်တစ်အိတ် ကျန်ခဲ့မိပါသည်။

> အိတ်အတွင်းတွင်—
> • မှတ်ပုံတင် (မူရင်း)
> • Passport (မူရင်း)
> • Japan စာမေးပွဲအောင်လက်မှတ်များ ပါဝင်ပါလို့ တွေ့ရှိထားသူများ သို့မဟုတ် သတင်းအချက်အလက်ရှိပါက 09 943 075 624 သို့ ဆက်သွယ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

#ကျေးဇူးအထူးတင်ရှိပါသည်။ 🙏
#ပျောက်ဆုံးပစ္စည်းရှာဖွေခြင်း

Photos from Yangon Region Public Transport Committee -YRTC's post 23/07/2026

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (YRSC) ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ဟောပြောပွဲ

Want your business to be the top-listed Taxi in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00