Entertainment For You.
ရပ်ကွက်မာ မီးလောင်နေပါတယ်
16/06/2025
ကလပ်လီယွန် ဖယ်ရှားခံရအပြီး ဘာစီလိုနာအသင်း ကလပ်ကမ္ဘာ့ဖလား လစ်လပ်တနေရာအတွက် FIFA ကို ‘ဆက်သွယ်ခဲ့’ပေမဲ့ လာလီဂါချန်ပီယံတွေရဲ့ တောင်းဆိုမှု ပယ်ချခံရ
Goal
ဘာစီလိုနာအသင်းဟာ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိတ်ခေါ်ခံရရေးအတွက် “FIFA ကို တောင်းဆိုခဲ့တယ်” လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီချဉ်းကပ်မှုဟာ ပယ်ချခံခဲ့ရပါတယ်။
ဘာဖြစ်ခဲ့လဲ
ကလပ်လီယွန်ကို ပြိုင်ပွဲကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ပြီးတဲ့နောက် FIFA ဟာ အမေရိကန်မြေပေါ်မှာ ကျင်းပမယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ နေရာတနေရာ ဖြည့်စရာရှိခဲ့ပါတယ်။ ကလပ်လီယွန်က ပြည်တွင်းပြိုင်ဘက် ပါချူကာအသင်းနဲ့ အုပ်စုတူတစု ပိုင်ဆိုင်မှုကြောင့် စည်းမျဉ်းတွေအရ ဖယ်ရှားခံခဲ့ရတာပါ။
ကြီးမားတဲ့ ပုံရိပ်
ပါချူကာ နေရာကို နောက်ဆုံးမှာ မေဂျာလိဂ်က လော့စ်အိန်ဂျလိစ်အသင်းက ရရှိသွားခဲ့ပါတယ်။ သူတို့က ကလပ်အမေရိကနဲ့ ကစားတဲ့ Play-in ပွဲမှာ အနိုင်ရခဲ့တာပါ။ FIFA က အဲဒီနေရာကို CONCACAF ဇုန် (မြောက်၊ ဗဟိုအမေရိကနဲ့ ကာရေဘီယံ)က တခြားအသင်းတသင်းကို ပေးရှိစေချင်ခဲ့တာပါ။
သိပါသလား
ဘာစီလိုနာအသင်းဟာ အလိုအလျောက် ဝင်ခွင့်မရခဲ့ပေမဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင်ရဖို့ ကြိုးပမ်းခဲ့တယ်လို့ Marca သတင်းအရ သိရပါတယ်။ ၂၀၂၄-၂၅ ရာသီမှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား ချန်ပီယံဖြစ်ခဲ့ပေမဲ့ ဘာစီလိုနာအသင်းဟာ ကလပ်ကမ္ဘာ့ဖလားမှာ ဖိတ်ခေါ်မခံခဲ့ရတာဖြစ်ပါတယ်။
ထပ်ပြောရရင်
FIFA က ကနဦးမှာ နိုင်ငံတနိုင်ငံက အသင်းနှစ်သင်းသာ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါတယ်။ စပိန်နိုင်ငံကို ရီးယဲလ်မက်ဒရစ်နဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုတို့က ကိုယ်စားပြုခဲ့ပါတယ်။ သူတို့ ပါဝင်ယှဉ်ပြိုင်တဲ့အတွက် ဆုကြေးငွေများစွာ ပေးအပ်ခံရမှာဖြစ်ပြီး ယူရို ၁၃၅ သန်း (ပေါင် ၁၁၅ သန်း/ဒေါ်လာ ၁၅၆ သန်း) အထိ ရရှိနိုင်ပါတယ်။
ဘာစီလိုနာအတွက် နောက်ဘာဆက်ဖြစ်မလဲ
ဒါပေမဲ့ ဘာစီလိုနာအသင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရပါတယ်။ ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ fan base ကို ဆက်တိုးချဲ့ဖို့ အမေရိကန်ပြည်ထောင်စုကို သွားရမယ့်အစား နွေရာသီ အာရှခရီးစဉ်ကို ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.