Aung Sway
03/17/2026
အမေရိကန်စစ်တပ်ဟာ
ကမ္ဘာမှာ အကြီးဆုံးဖြစ်ပြီး
ဘယ်သူမှ လာမကူရင်လည်း
ကိုယ့်ဘာသာ အနိုင်တိုက်နိုင်တယ်
ဒါပေမယ့်
မဟာမိတ်တွေရဲ့ စိတ်ဓါတ်ကို
သိချင်လို့
ေဟာမုဇ် ရေလက်ကြားကို
လာကူကြဖို့ ပြောနေတာ
ဒေါ်နယ်လ်ထရမ့်
02/27/2026
*မြောက်ကိုရီးယားနဲ့ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးဖို့ ထရမ့်အစိုးရ အသင့်ရှိ*
(ဖေဖေါ်ဝါရီ ၂၆ ၊ ၂၀၂၆ - ဝါရှင်တန် ဒီစီ - ည ၇:၃၀)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဘယ်လို ကြိုတင်ကန့်သတ်ချက်မှမထားဘဲ ပြန်လည်ဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်အနေနဲ့ သူတို့အပေါ်ထားရှိတဲ့ ရန်လိုတဲ့မူဝါဒတွေ ကို ရုပ်သိမ်းမယ်ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောဆိုလာပြီးနောက်အိမ်ဖြူတော်ဘက်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်နဲ့ အဆင်မပြေဖြစ်နေစရာ အကြောင်းမရှိဘူး လို့ မကြာသေးခင်ကကျင်းပတဲ့ ပါတီညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ အမေရိကန်ရဲ့ သဘောထားအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေတယ်လို့လည်း သူက ဆိုပါတယ်။ ဒါဟာ ထရမ့်အစိုးရသစ်နဲ့ သံတမန်ရေးအရ ပြန်လည်စတင်ဖို့ တံခါးကို ဖွင့်ထားလိုက်တာပဲ ဖြစ်ပါတယ်။
အိမ်ဖြူတော် တာဝန်ရှိသူတဦးကတော့ သမ္မတ ထရမ့်ဟာ သူ့ရဲ့ ပထမသက်တမ်းအတွင်းမှာ ကင်ဂျုံအန်းနဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ၃ ကြိမ် ပြုလုပ်ပြီး ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးကို ဆောင်ရွက်ခဲ့ဖူးတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ လက်ရှိမှာလည်း အမေရိကန်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ မူဝါဒဟာ ပြောင်းလဲခြင်းမရှိဘဲ ခေါင်းဆောင်နှစ်ဦးကြား ပြန်လည်တွေ့ဆုံဖို့ သမ္မတက အသင့်ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ လာမယ့် မတ်လကုန်ကနေ ဧပြီလအစောပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေတာကြောင့် အဲဒီခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ပါ တွေ့ဆုံနိုင်မလားဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။
ထရမ့်ဟာ သူ့ရဲ့ ပထမသက်တမ်းတုန်းက ၂၀၁၈ ခုနှစ် စင်ကာပူ၊ ၂၀၁၉ ခုနှစ် ဟနွိုင်းနဲ့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်က ပန်မွန်ဂျွန် Panmunjom ကျေးရွာမှာ ကင်ဂျုံအန်းနဲ့ လူကိုယ်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်။ အခုတခါမှာတော့ ဝါရှင်တန်နဲ့ ပြုံယမ်းကြားက တင်းမာမှုတွေ လျော့ကျပြီး သံတမန်ရေးလမ်းကြောင်းသစ်တခု ပြန်လည်ပွင့်လာမလားဆိုတာကိုတော့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
#ကင်းဂျုံအွန်း #တွေ့ဆုံဆွေးနွေး #မြောက်ကိုရီးယား #အမေရိကန် #ဒေါ်နယ်လ်ထရမ့် #အောင်ဆွေ
Click here to claim your Sponsored Listing.