GOD is ABLE
01/29/2026
⭐️⭐️⭐️2️⃣0️⃣2️⃣6️⃣⭐️⭐️⭐️
ဘုရားသခင်၏သတိပေးစကား
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
🔰ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှားတော်မူ၏။ (ဆာလံ ၉:၁၆)
🇺🇸အမေရိကန်နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် နောက်ဆုံးသော ကာလမှာ ဘုရားသခင် လုပ်မဲ့အရာတွေကို သင် မြင်တွေ့ရမှာ ဖြစ်တယ်။
🔰လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။ (မဿဲ 13:38)
🔰တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သော ကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။ (မဿဲ 13:39)
🔰တောပင်တို့ကို ရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတံ့။ (မဿဲ 13:40)
🔰ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည်။ (မဿဲ 15:13)
(Deportation) နှင်ထုတ်ခြင်း
🧜♂️🧜🏽♀️🧜♂️🧜🏽♀️🧜♂️🧜♂️🧜♂️🧜♂️
🔰လူသားသည် 🧚♂️ #မိမိကောင်းကင်တမန် တို့ကို စေလွှတ်ပြီးလျှင်၊ 1️⃣ #မှားယွင်းစေသောသူ တို့နှင့် 2️⃣ #မတရားသောအမှုကိုပြုသောသူ ရှိသမျှတို့ကို #နိုင်ငံတော်ထဲက ရွေးနှုတ်၍၊ (မဿဲ 13:41)
🔰ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။ (မဿဲ 13:42)
🇺🇸အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဒီအရာတွေဟာ ကျမ်းစာထဲမှာ ဘုရားသခင်က ကမ္ဘာကုန်သော ကာလမှာ #တောပင် တို့ကို ရွေးနှုတ်မယ်၊ #မှားယွင်းစေသောသူ တို့နှင့် #မတရားသောအမှုကိုပြုသောသူ ရှိသမျှတို့ကို #နိုင်ငံတော်ထဲက ဖယ်ရှား နှင်ထုတ် မယ်လို့ ကြိုပြောထယ်တယ်။ ဒါတွေဟာ ရှေ့ပြေး နိမိတ်တွေဖြစ်တယ်။
🔰အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊ (မဿဲ 13:28)
🔰အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည် စိုးရိမ်စရာ အကြောင်းရှိ၏။ (မဿဲ 13:29)
😎လူသား ( ❄️ရေခဲ )တွေက ရန်သူစိုက်တဲ့ #တောမြက်ပင် ကို ရွေးနှုတ်တဲ့အခါ မှားယွင်းပြီး #စပါးပင်တွေ ကို နှုတ်မိတတ်တယ်။ ဒါပေမဲ့ ဘုရားသခင် စေလွတ်လိုက်တဲ့ 🧚♂️ #ကောင်းကင်တမန် ( ❄️ရေခဲ ) တွေလာရင် မမှားမယွင်းပဲ ရန်သူစိုက်တဲ့ တောမြက်ပင်ကိုပဲ ရွေးနှုတ်သွားမှာ ဖြစ်တယ်။
👉သင်ဟာ
1️⃣ #မှားယွင်းစေသောသူ လား ❓
2️⃣ #မတရားသောအမှုကိုပြုသေ သူလား ❓
🔰ထိုနည်းတူ ကမ္ဘာအဆုံး၌ 🧚🏿♀️ #ကောင်းကင်တမန် တို့သည် ဆင်းလာပြီးလျှင်၊ #ဖြောင့်မတ်သောသူ တို့အထဲမှ #ဆိုးသောသူ တို့ကို နှုတ်ယူခွဲထား၍၊ (မဿဲ 13:49)
🔰ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။ (မဿဲ 13:50)
😈 #ဆိုးသောသူ တွေဟာ ဘယ်မှာ ရှိလဲ #ဖြောင့်မတ်သောသူ တို့အထဲမှ ရှိတယ်လို့ ကျမ်းစာကဆိုတယ်။
လက္ခဏာတူ
☝️☝️☝️☝️☝️
1️⃣ကောင်းသောစပါးနှင့် #လက္ခဏာ တူသော 2️⃣တောမျိုးစေ့လို့ ကျမ်စာက ဆိုတယ်။ ဒါကြောင့် ရိုးရိုး သာမန်လူက မခွဲခြားတတ်ဘူး။ (မဿဲ 13:25)
👉သင်ဟာ
1️⃣ #ဖြောင့်မတ်သောသူ လား ❓
2️⃣ #ဆိုးသောသူ လား ❓
🔰နိုင်ငံတော်သားတို့သည်လည်း
☝️☝️☝️☝️☝️☝️☝️☝️
🔰နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊ (မဿဲ 8:12)
👉သင့်ရဲ့ မတရားမူ၊ အဓမ္မအမူ ( Criminal Case ) တွေ ဘုရားသခင်မှာ ရှိတယ်။
🔰အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။ (သုတ္တံကျမ်း။ 2:22)
🔰သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။ (မဿဲ 3:10)
🔰မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။ (ဆာလံ 10:13)
မြင်တော်မူပြီ
👀👀👀👀👀
🔰သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ၏။ (ဆာလံ 10:14)
🤴ကိုယ်တော် မမြင်ဘူးလို့ သင်ထင်နေလား ❓
🔰မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို ❌မဝတ်သောသူတယောက်ကိုမြင်လျှင်၊ (မဿဲ 22:11)
🔰အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။ (မဿဲ 22:12)
🔰ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။ (မဿဲ 22:13)
🤴မင်းကြီးကို ခြံရံနေတဲ့ 🧚🏿♀️ကောင်းကင်တမန် ( ❄️ရေခဲ ) တွေက မင်္ဂလာဆောင်ပွဲ အဝတ်ကို မဝတ်တဲ့ အဓိလူရဲ့ လက်ခြေကို တုပ်နှောင်ပြီး ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြတယ်။
👉သင်မှာ
1️⃣ #မင်္ဂလာဆောင်ပွဲအဝတ် ရှိရဲလား ❓2️⃣ #မင်္ဂလာဆောင်ပွဲအဝတ် ဝတ်ထားရဲ့လား ❓
သင် အဆင်သင့် ဖြစ်ပြီလား ❓
👉 နောင်တရပါ 👈
🔰ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် #ကိုယ်တော်အခွင့် နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ #ကိုယ်တော်အခွင့် နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ #ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ (မဿဲ 7:22)
🔰ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ #အဓမ္မအမှုကိုပြုသောသူ တို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။ (မဿဲ 7:23)
👉သင်ဟာ ဘုရားအမူတော်ထဲမှာ 😈 #အဓမ္မအမူကိုပြုနေသောသူ လား ❓
🤴နောက်ဆုံးသော အချိန်မှာ သင်နဲ့အတူ ဘုရားကျောင်းတတ်နေတဲ့သူ၊ ဝတ်ပြုကိုးကွယ် နေတဲ့သူ၊ ဆုတောင်း သက်သေခံနေတဲ့သူ၊ အစည်းအဝေးတိုင်းမှာ တက်ကြွစွာ ပါဝင်နေတဲ့သူ၊ သင့်ကို တရားဟောနေတဲ့သူ၊ သင်းအုပ်ဆရာ၊ အမူတော်ဆောင်၊ နိုင်ငံတော်သားပါလို့ ပြောနေတဲ့ သူတွေကို 🧚ကောင်းကင်တမန် ( ❄️ရေခဲ) တွေက လက်ခြေတွေကို တုပ်နှောင်ပြီး (Deportation) နှင်ထုတ်တဲ့အခါ သင် အံ့ဩရတဲ့ အချိန် ရောက်လာမယ်။
🔰ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ (မဿဲ 24:44)
🔰ထိုအခါ ဖြောင့်မတ်သော သူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့ အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြ လတံ့။ ကြားစရာနား ရှိသောသူသည် မည်သည်ကား ကြားပါစေ။ (မဿဲ 13:43)
🙏🙏🙏
ယေရူခရစ်အားဖြင့်
ဘုရားသခင် ဘုန်းကြီးပါစေ။
သင့်ကို ဘုရားသခင်ကောင်းကြီး ပေးပါစေ။
သင့်အားဖြင့် သူတပါး ကောင်းကြီး ခံစားရပါစေ။ ။ အာမင်။-။ 💟
🔥🔥🔥🔥🔥🔥🔥
👂ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။
🦻🦻🦻🦻🦻
01/19/2026
၂၀၂၆ ခုနှစ် Home Free Global Crusade ရဲ့ ဒုတိယညမှာ လူ ၇၅၀၀၀ ကျော်ဟာ နေရာအနှံ့ စုဝေးခဲ့ကြပြီး ၁၀၀၀၀ ကျော်ဟာ ယေရှုထံ သူတို့ရဲ့အသက်ကို အပ်နှံခဲ့ကြပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အဲဒီညမှာပဲ လူ ၆၀၀၀ ကျော်ဟာ ရေထဲမှာ နှစ်ခြင်းခံခဲ့ကြပါတယ်။
ဟောပြောသူ Jonathan S. Ferriol က လူတွေဟာ သတင်းစကား မပြီးဆုံးခင်မှာတောင် ခရစ်တော်ထံ သူတို့ရဲ့အသက်ကို အပ်နှံဖို့ စိတ်အားထက်သန်စွာ အပြေးအလွှား လာခဲ့ကြတယ်လို့ မျှဝေခဲ့ပါတယ်။ နှစ်ခြင်းဝတ်စုံတွေ ကုန်သွားရင်တောင်မှ လူအတော်များများဟာ နောက်ပြန်မလှည့်ဘဲ နှစ်ခြင်းခံခဲ့ကြပါတယ်။
ပုံ- Jonathan S. Ferriol
Google Translate
ဖိလစ်ပိုင်တွင် အတူတကွ ဝတ်ပြုကိုးကွယ်သူ ၇၅၀၀၀ နှင့် ယေရှုခရစ်တော်အပေါ် ၎င်းတို့၏ယုံကြည်ခြင်းကို ကြေငြာသူ ၁၀၀၀၀ ကျော်- 'ဘုရားသခင်အား ဘုန်းတော်ထင်ရှားစေသတည်း'
#နောက်ဆုံးသောကာလရိတ်သိမ်းခြင်း
Click here to claim your Sponsored Listing.