M2TV Channel

M2TV Channel

Share

06/06/2026

LIVE: Fundraising Event for Operation CB | ချင်းညီနောင်အတွက် အထူးရံပုံငွေရှာဖွေပွဲ
- CB/CPU-CPA စစ်ဒေသများအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေပွဲ
========================================
To Donate:
🇺🇸 US Zelle: (443) 459-7105
🇳🇿 Australia: PayDay (043)110-2837
🇳🇴 Norway: Vipps #91719286
🇩🇰 Denmark 45-22827766
🇬🇧 U.K (England): Mr. Suan Bawmkhai - NatWest Bank 49549731
🇲🇾 Malaysia: Thinzar 011-28079274
🇮🇩 Singapore: PMK 96691073
🇰🇷 Korea: Hana Bank - Htann Za Khat 39891030195507
🇱🇹 NUG Pay: Chinbrotherhood*NUG.PAY

05/15/2026

◼️Salai Yaw Mang ရဲ့ ချင်းနဲ့ယောအကြား တိုက်တွန်းစကား
========================================

ယောသူ၊ ယောသား... ယောတော်လှန်ရေးအဖွဲ့များ

ယောသူ၊ ယောသား... ယောတော်လှန်ရေးသမားနဲ့ ပတ်သက်လို့ ဒီရက်ပိုင်း ပွဲဆူတာတွေ့ရတယ်။ အဓိက ကတော့ ယောတော်လှန်ရေးအဖွဲ့တွေကို အားမရတာပါ။ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး တဖွဖွ သတိပေးနှိုးဆော်နေတဲ့ကြားက... ယောတလရအဖွဲ့တွေ နေသာသလို နေခဲ့၊ ရေလိုက်ငါးလိုက်နေခဲ့တဲ့ရလဒ်ကို ထောက်ပြချင်တာလို့ မြင်ပါတယ်။ ပြီးတော့... ၂၀၂၁ - ၂၂ ဝန်းကျင် မင်းတပ်၊ ကန်ပက်လက် မြို့ပေါ်မှာ စကစ တွေပတ်ရမ်းလို့... မြို့နေပြည်သူတွေ ဒုက္ခရောက်လို့ ယောနယ်၊ ဆောနယ်ထဲ စစ်ဘေးရှောင်ရချိန်မှာ ဘူးလေးရာဖရုံဆင့် အိမ်ခန်းခတွေတိုးတဲ့ ဝိမလလောဘသား ယောသားတစ်ချို့ကို ပြောရင်း ဝါးလုံးသိမ်းသလို ဖြစ်နေတာပါ။ ကိုယ့်မွေးရပ်မြေ၊ ကိုယ့်အိမ်၊ ကိုယ့်ယာ စွန့်ပြီး... မိသားစုဝင်တွေကို မနိုင်မနင်း၊ မလောက်မင မိုးထဲလေထဲ စစ်ပြေးရှောင်ရတယ်ဆိုတာ ကြုံဖူးရင်တော့ ပိုစာနာ နားလည်ပေးနိုင်တာပေါ့လေ။

ယောနယ်က တော်လှန်ရေးကို အားမရကြပေမဲ့... ယောသူ၊ ယောသားတွေကတော့ တော်လှန်ရေးမှာ အင်မတန် တာဝန်ကျေတဲ့ ပြည်သူတွေပါ။
၂၀၂၁ ခုနှစ် အစောပိုင်း မင်းတပ်မှာ တော်လှန်ရေးစလုပ်ကြတော့ လက်နက်ကိုင်မဲ့ လူငယ်တွေအတွက် (ဟာအွမ်တို့၊ ထန်းတိတ်မာန်တို့) မြို့ပေါ်မှာ တစ်အိမ်တက်ဆင်း တိုးတိုးတိတ်တိတ် အလှူငွေတွေ ကောက်ခံတုန်းက ဒေသခံချင်းလူမျိုးတွေထက်တောင် ပိုပြီး ရက်ရက်ရောရော ထည့်ခဲ့ကြတဲ့ ယောသူယောသားတွေ၊ အောက်သားတွေ အများကြီးပါ။

၂၀၂၁ ခုနှစ် မေလထဲမှာပဲ စကစ က လေကြောင်းကနေ လူချပြီး မင်းတပ်မြို့ကို စီးနင်းတိုက်ခိုက်တော့ မြို့ကနေစစ်ဘေးရှောင်ရတဲ့ ချင်းပြည်သူထောင်နဲ့ချီတဲ့တွေကို ယောသူယောသားတွေ လှိုက်လှိုက်လှဲလှဲ ကူညီကြတယ်။ နေရာထိုင်ခင်းပေးတယ်။ စားသောက်စရာတွေ ပေးကမ်းကျွေးမွေးခဲ့ကြတယ်။ ယောနယ်ထဲ စစ်ဘေးရှောင်စခန်းဆောက်ပြီး နှစ်နဲ့ချီ အခြေချနေထိုင်နိုင်အောင် ကူညီခဲ့ကြပါတယ်။ ယောနယ်မှာ တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် အနေနဲ့ တိုက်ပွဲဖော်တိုင်းမှာလည်း စားသောက်ဖွယ်ရာတွေ လိုလေသေးမရှိ ကူညီကြတယ်။ ချင်းတော်လှန်ရေးအဖွဲ့မှ မဟုတ်ပါဘူး.. ယောတော်လှန်ရေးအဖွဲ့တွေ (Yaw PDF, YA, YDF) အကုန်လုံးကိုလည်း အစကနေ ဒီအချိန်အထိ (၅) နှစ်ကျော်ကာလ တောက်လျှောက် ယောပြည်သူတွေက ဆန်၊ ဆီ၊ ဆား၊ အသား၊ ဟင်းသီးဟင်းရွက်.. လုံးဝမပြတ်ရအောင် (ဝယ်စရာမလိုအောင်ကို) ရွာအလိုက် ပံ့ပိုးပြီး တော်လှန်ရေးကို ပါဝင်ကြတာ တွေ့မြင်နိုင်ပါတယ်။

ယောတော်လှန်ရေးအဖွဲ့တွေမှာ အားနည်းချက်တွေ အများကြီးရှိပေမဲ့ ယောပြည်သူတွေကတော့ ပြည်သူ့တာဝန်ကောင်းကောင်း ကျေပွန်ကြပါတယ်။ အခုထက်ထိကို ကိုယ့်စီးပွားရေးအရှုံးခံပြီး ချင်းတော်လှန်ရေးအဖွဲ့တွေကို အကြွေးနဲ့ ကူညီလုပ်ဆောင်ပေးတဲ့ ယောကုန်သည်တွေ၊ ယောပြည်သူတွေ အများကြီး ရှိကြပါတယ်။

ယောတော်လှန်ရေးအဖွဲ့တွေ (အထူးသဖြင့် တောင်ယောကအဖွဲ့တွေ) ကို... ကျနော်တို့အနေနဲ့ စကားကြုံတိုင်း၊ လမ်းကြုံတိုင်း တပ်ကို အားကိုးရတဲ့ တပ်တွေ ဖြစ်လာအောင် လုပ်ဖို့ အားပေး၊ အကြံပေးပါတယ်။ ဒါပေမဲ့... တကယ်လုပ်တဲ့အခါ ခက်တော့... လူမုန်းမခံချင်တော့၊ အပင်ပန်းမခံချင်တော့ လူကြီးကြိုက်လုပ်ရင်း၊ အဖြစ်လုပ်ရင်း တပ်တွေ လုံးပါးပါးသွားတာ တွေ့ရတယ်။ ယောအဖွဲ့တွေ... အရင် တူမီးကိုင်တုန်းက စစ်ကြောင်းထွက်လာရင် မိုင်းဆွဲ၊ ရှိတဲ့ မောင်းပြန် ၁ လက်၊ ၂ လက်နဲ့ စကမ ကို ပစ်ခတ် တော်လှန်ခဲ့ကြသေးတယ်။ အထက်က ချပေးလို့ ယူနီဖောင်းနဲ့ မောင်းပြန် အလက် ၃၀၊ ၄၀ ဝန်းကျင် ရှိလာတဲ့ နောက်ပိုင်း စစ်ကြောင်းကို တိုက်ခိုက်တာမျိုး မကြားရတော့ဘူး။ ချင်းဘက်မှာ တလရအဖွဲ့က ဝဥအခွန်ကောက်၊ တော်လှန်ရေး ရန်ပုံငွေကောက်ခံတာကနေ လွတ်မြောက်အောင်၊ စကစ စစ်ကြောင်းတွေကို ကာကွယ်ပေးခဲ့ကြတယ်။ ပြီးတော့ မိုင် (၃၀) လောက် အသွားအလာခရီးမှာ ဂိတ်တွေ (၅) ခုလောက် ဖွင့်ပြီး အခွန်အမျိုးမျိုးကောက်ခံတော့... အခွန်ပေးရတဲ့ပြည်သူတွေက ထွက်လာတဲ့ စကမ စစ်ကြောင်းကို တိုက်ခိုက်တာ၊ ပြည်သူတွေကို တတ်နိုင်သလောက် အကာအကွယ်ပေးတာမျိုး လိုချင်ကြတာပေါ့။

ဒါပေမဲ့.. မင်းတို့လည်း လက်နက်ကိုင်၊ ငါတို့လည်း လက်နက်ကိုင်... လက်နက်ကိုင်ချင်းအတူတူ အကျောမခံချင်သလို၊ အထင်သေးမခံချင်သလို ဖြစ်တာ တွေ့ရတယ်။ ပုခုံးချင်းယှဉ်တာမျိုးတွေ တွေ့ရတယ်။ တကယ်တော့ လက်နက်ကိုင် တော်လှန်ရေးဆိုတာကို မသိနားမလည်သူတွေချင်း အတူတူ... သိနားလည်တဲ့အဖွဲ့တွေဆီက နည်းယူ လေ့လာပြီး အချင်းချင်း ဖေးမကူညီကြရင် ပိုကောင်းဖို့ပါ။

သေနတ်လွယ်ထားရုံနဲ့တော့... လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်မသွားဘူး။ လူဆိုတာချင်းတော့ တူပေမဲ့ အသက်ရှူပုံ၊ အသက်ရှင်ပုံတော့ တူမှာ မဟုတ်သလိုပေါ့။
၂၀၂၅ ခုနှစ်မှာပဲ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်တို့ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေ အင်အားကောင်း၊ အရှိန်ကောင်းတော့... ထီးလင်း၊ ကျောက်ထု၊ ဆော အစရှိတဲ့မြို့က စခတွေ ငြိမ်ခဲ့ရတယ်။ တပ်ခြံဝင်းအပြင်တောင် သိပ်မထွက်ရဲဘူး။ ဆိုတော့... ဆောလို မြို့ပေါ်မှာ ရဲနှင့်တပ် စုပေါင်းနေကြပေမဲ့ တော်လှန်ရေးသမားတွေ မြို့ထဲ သေနတ်လွယ် အေးဆေးသွားလို့ရခဲ့တယ်။ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်တာမှာ သာယာတာပေါ့။ မြို့တွင်းမှာရှိတဲ့ စခကို ဆတ်ကြေးပေးတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတယ်။

အမှန်တော့ ပြီးခဲ့တဲ့ (၂) နှစ်အတွင်းမှာ ဆောမြို့ပေါ်က စခတွေကို ဝိုင်းကိုင်တွယ်ခဲ့ကြရင် အရမ်းကြီးမခက်ခဲဘဲ ရနိုင်ခြေရှိခဲ့တာ။ မင်းတပ်၊ ကန်ပက်လက် လွတ်မြောက်ပြီးနောက်ပိုင်း ချင်းညီနောင်အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ယောဒေသ လွတ်မြောက်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာ ရှိပါတယ်။ (Fundraising တစ်ခုမှာ ယောဒေသလွတ်မြောက်ဖို့ ဝိုင်းကြိုးစားခဲ့တဲ့ ကျနော်တို့ဟာ စောလူးမင်းကို လာကယ်တဲ့ ကျန်စစ်သားလို အဆက်ဆံခံခဲ့ရတယ်လို့ ကျနော်ပြောဖူးပါတယ်။) ဒါပေမဲ့ အကြောင်းတချို့ကြောင့် ကျနော်တို့ ကူညီဖို့ကြိုးစားတာ အထမမြောက်ခဲ့ဘူး။

တစ်ဘက်မှာလည်း တောင်ယောဒေသမှာ အထူးသဖြင့် ဆောလိုမြို့ကို သိမ်းဖို့ ပူးပေါင်းလုပ်ကြမယ်ပြောတိုင်း.. စီးပွားရေး အကြောင်းပြ၊ လမ်းကြောင်း အကြောင်းပြရင်း... နေသာသလိုနေခဲ့တာ။ ကိုယ့်နေရာလေး ကွက်ပြီးအေးတော့ နွေကို မပူဘူးထင်ရသလိုပေါ့လေ။
ဒီလိုနဲ့ ရုတ်တရက်လိုမျိုး စခတွေ လောင်းရှည်ကို အင်အားဖြည့်၊ တနေ့က လောင်းရှည်ကိုရောက်တော့ စခတွေ ဆောကိုဦးတည်ပြီး ထွက်လာတာ တစ်ရက်နဲ့ သီးကုန်းရွာ ရောက်တယ်။ သီးကုန်းကနေ မနေ့ကပဲ ဆောမြို့ထဲဝင်သွားတယ်။ မြို့ပေါ်က လူတွေတချို့၊ ဆိုင်တွေ တချို့တော့ စစ်ဘေးမရှောင်ဘဲ စကမနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ပြင်ဆင်ကြတယ်နဲ့ တူပါတယ်။ ဆောမြို့ ရဲဝင်းထဲက တပ်နဲ့ရဲတွေနဲ့ တောက်လျှောက် အတူနေခဲ့သလိုပေါ့။ ရန်သူဟာ MRTV, MWD ကလိုပဲ လူတွေပြောသလောက် မဆိုးလောက်ပါဘူးလို့ မျက်ကန်း တစ္ဆေမကြောက် ဖြစ်ခဲ့တာမျိုး ဖြစ်ရင်ဖြစ်မှာပေါ့လေ။

အခုတော့ ဆောမြို့ထဲရောက်လာတဲ့ စခတွေက တစ်အိမ်တက်ဆင်း လူငယ်တွေ၊ လူကြီးတွေ ဖမ်းဆီးတာ၊ ဆွဲခေါ်သွားတာ (၂၀) ဦးဝန်းကျင် ရှိတယ် သိရတယ်။ စိတ်မကောင်းစရာပဲ။ ဒီ့ထက်ဆိုးပြီး.. အဲဒီ အဖမ်းခံရတဲ့ လူတွေကို စခတွေက သူတို့စစ်ကြောင်းမှာ လူသားဒိုင်းလုပ်တာမျိုး၊ စစ်ကြောင်းရှေ့ကနေ မိုင်းရှင်းဖို့နေရာမှာ အသုံးပြုတာမျိုး ဖြစ်လာနိုင်တယ်။

ဘာပဲပြောပြော... ခုချိန်မှာ ကိုယ့်အခြေအနေမှန် ကိုယ်သိပြီး ပူးပေါင်းကြဖို့ ညီညွတ်ကြဖို့ပါ။ စကမ ဟာ ယောတွေကို အသုံးချပြီး ချင်းတွေကို ဒုက္ခပေးမယ်။ နောက်တော့ ချင်းတွေကို အသုံးချပြီး ယောတွေကို ဒုက္ခပေးမှာပဲ။ ချင်းနဲ့ယော မတည့်ကြရင်... အဲဒါကို စကမ က အမြတ်ထုတ်မှာပဲ။ သူ့အကြိုက်ဖြစ်မှာပဲ။

ယောသူ၊ ယောသားတွေလည်း သူတို့ တတ်အားသမျှ ပါဝင်တဲ့အတိုင်း တော်လှန်ရေးရလဒ် မြင်ချင်ကြမှာပါ။ လူမျိုးတစ်မျိုးစီက ကိုယ့်အားသားချက်နဲ့ကိုယ်ပါ။ ဖြစ်ပြီးသားတွေ... ဖြစ်ခဲ့တာတွေ ကျနော်တို့ ထားလိုက်ပြီး အိမ်းနီးချင်းတွေ အချင်းချင်း ပူးပေါင်းကြမယ်၊ ကူညီရိုင်းပင်းကြမယ်ဆိုရင် စစ်ကော်မရှင်ကို ခုခံတွန်းလှန်တာမှာ အများကြီး ပိုထိရောက်မှာ ဖြစ်ပါတယ်။ သင်ခန်းစာတွေယူကြပြီး အမှန်တွေ ပြင်ကြတယ်၊ အတူတူ အလုပ် လုပ်ကြတယ်ဆိုရင် ကျနော်တို့ စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိကြတဲ့ လူတွေပဲ။ ချင်းနဲ့ယော ဘိုးဘေးခေတ်ကစလို့ ကူးလူးသွားလာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာ နှစ်ပေါင်း ထောင်ချီနီးပါးတောင် ရှိတော့မယ်။ လက်သည်းဆိတ်ရင် လက်ထိပ်နာ ဆိုသလို ဖြစ်ရတဲ့လူတွေပါ။ မဆလ၊ နဝတ၊ နအဖ ခေတ်အဆက်ဆက် စစ်အစိုးရ အဆက်ဆက်က ဖွံဖြိုးတိုးတက်မှု မရှိအောင် လျစ်လျူရှုတာ၊ ချန်လှပ်တာမှာ.. ယောနဲ့ချင်းဟာ ကံကြမ္မာတူ၊ သမိုင်းတူ ပါပဲ။

ဒီတစ်ကြိမ် တော်လှန်ရေးမှာတော့... လွတ်မြောက်တဲ့သမိုင်းရေးဖို့၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးကြဖို့ အခက်အခဲတွေ၊ အတားအဆီးတွေကြားက တစ်ဦးနဲ့တစ်ဦး နားလည်သည်းခံပြီး အပြန်အလှန် ရိုင်းပင်း ပူးပေါင်းကြဖို့ပါ။

Credit: Salai Yaw Maung
မေလ ၁၅.၂၀၂၆
M2TV Channel

Photos from M2TV Channel's post 04/25/2026

◼️ဖလမ်းမြို့‌‌ လေဆိပ်အပါအဝင် နေရာအချို့ကို စစ်တပ်ပြန်သိမ်း
======================

▪️ချင်းညီနောင် (CB) အဖွဲ့က တစ်နှစ်ကျော်သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က ဆူရ်းဘုန်းလေဆိပ်အပါအဝင် နေရာအချို့ကို စစ်ကောင်စီက ဧပြီ ၂၅ နေ့လည်ခန့်က ပြန်လည်သိမ်းပိုက်ခဲ့ကြောင်းသိရှိရပါသည်။

▪️ဖလမ်းမြို့ဟာ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဆက်သွယ်ထားသလို အိန္ဒိယ နယ်စပ်ကုန်သွယ် လမ်းကြောင်းမြို့တစ်ခုလဲဖြစ်ပါသည်။ ၂၀၂၄ ကုန်ပိုင်က CB နဲ့မဟာမိတ်တွေက ဖလမ်းကိုသိမ်းပိုက်ထားပြီး ၂၀၂၅ တွင် CNA/F နဲ့မဟာမိတ်တစ်ချို့က CNO/CNDF ထံမှပြန်လည် သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါသည်။ ယခု စကစ ထိုးစစ်ကို CNDF, CB, CC ချင်းတပ်များခုခံခဲ့ကြသော်လည်းလေကြောင်းစစ်ကူ မခုခံနိုင်၍ နေရာအချို့လက်လွှတ်ခဲ့ရခြင်းဖြစ်ပါသည်။

M2TV Channel

Want your business to be the top-listed Media Company in Baltimore?
Click here to claim your Sponsored Listing.

Category

Website

Address

Baltimore, MD