ko Bhone Lay Channel
ရယ်စရာ ဟာသ # # # # #
Video ပေးပါတယ်နော်
30/07/2025
**ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု ၈၀ စင်တီမီတာ (၃၁.၅ လက်မ) ကျော်သို့ ရွေ့လျားနေ – သိပ္ပံပညာရှင်များ "ပုံမှန်မဟုတ်" ဟုသတိပေး**
*(လေ့လာမှုအသစ်အရ)*
သိပ္ပံပညာရှင်များက ကမ္ဘာ့ဝင်ရိုး၏ တိမ်းစောင်းမှုသည် ၈၀ စင်တီမီတာ (၃၁.၅ လက်မ) အထိ ပြောင်းလဲသွားကြောင်း ထုတ်ဖော်ခဲ့သည်။
ဤဖြစ်စဉ်သည် သဘာဝအလျောက်ဖြစ်ပေါ်နှုန်းထက် အဆမတန် မြန်ဆန်လွန်းပြီး အဓိကတရားခံမှာ လူသားတို့၏ မြေအောက်ရေအလွန်အကျွံစုပ်ယူမှုပင် ဖြစ်သည်။
**အဓိကတွေ့ရှိချက်များ**
1. အကြောင်းရင်း
လူသားများသည် မြေအောက်ရေကို နှစ်စဉ် ကုဗကီလိုမီတာ သန်းနှင့်ချီ၍ စုပ်ယူနေခြင်းကြောင့် ကမ္ဘာ့ဒြပ်ထုဖြန့်ကျက်မှု ပြောင်းလဲသွားကာ ဝင်ရိုးတိမ်းစောင်းမှုကို ဖြစ်စေသည်။
ဤပမာဏသည် *ကမ္ဘာ့မျက်နှာပြင်ရှိ ရေချိုအားလုံး၏ ၂% ခန့်* ရှိပြီး ဂရင်းလန်ရေခဲပြင်အရည်ပျော်မှုထက် ၂ ဆပိုမိုသက်ရောက်မှုရှိသည်ဟု လေ့လာမှုက ဆို။
2. သက်ရောက်မှုများ
ရာသီဥတုအလွန်အမင်းပြောင်းလဲမှု
(မုန်တိုင်းများ၊ အပူလှိုင်းများ ပိုမိုပြင်းထန်လာနိုင်)။
ပင်လယ်ရေမျက်နှာပြင်တက်လာမှု နှင့် ရာသီစက်ဝန်းများ ပုံမှန်မဟုတ်ခြင်း။
- ယခင်က ဤပမာဏရွေ့လျားရန် **နှစ်ထောင်ချီကြာသော်လည်း** ယခု **ဆယ်စုနှစ်အတွင်း** ဖြစ်ပေါ်နေ။
3. **သတိပေးချက်**
- "ဤဖြစ်စဉ်သည် **ကမ္ဘာကြီးပြန်လည်မတုံ့ပြန်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ**" ဟု NASA နှင့် GFZ ဂျာမန်သုတေသနဌာနမှ ပညာရှင်များက သတိပေး။
Myanmar Pyi Thar
#ကမ္ဘာ့ဝင်ရိုးရွေ့လျား #ရာသီဥတုအရေးပေါ် #မြေအောက်ရေအလွန်အကျွံသုံး #သဘာဝဘေးအန္တရာယ်
Credit ပေးပါတယ်နော်
29/07/2025
လက်ထဲမှာ ပိုက်ဆံမပြတ်အောင်
သိထားသင့်တဲ့ နည်းလမ်း (၄)မျိုး
------------------------------------
တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိုက်ဖူးမှာပါ။ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို ( အနည်းအကျဉ်းဖြစ်စေ )သ-တ်မှတ်
သင့်ပါတယ်။
မြင်သမျှ ဝယ်ချင်နေပါက သင်တစ်ပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကိုစုဆောင်းနိုင်မယ့် နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်။
(၁) ၅၀/ ၃၀/ ၂၀ နည်း
ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက် ရည်ရွယ်ပါတယ်။
သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ
၅ဝရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် ထမင်းစရိတ်၊ အိမ်စရိတ်၊ ဘေလ် စသည် ဖယ်ပါ။
၃ဝရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိုအပ်သောအရာများအတွက်သုံးစွဲပါ။ အဝတ်အစား၊ အသုံးအဆောင်
၂ဝရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ။
(၂) ရိုးရှင်းသောနည်း
တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ်။
လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ။ တစ်ပိုင်းကို မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။
နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊အပျော်အပါးကိစ္စများအတွက်ထားပါ။ အပျော်အပါးမက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိငွေမပြတ်တော့ဘူးပေါ့။
(၃) အခြေခံဝင်ငွေနည်း
ပုံမှန်ဝင်ငွေမရှိပေမယ့် ငွေစုလိုသူများအတွက် ရည်ရွယ်ပါတယ်။
သင့်လစဉ် အနည်းဆုံးရသော ဝင်ငွေကိုတွက်ပါ။ထို့နောက် ကုန်ကျစရိတ်ကိုတွက်ပါ တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။
အဲ့ဒီထဲကနေ နေ့စဉ်ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ အချိန်ကြာရင်စုငွေတွေ များလာပါမယ်။
(၄) တစ်ပတ်တစ်ကြိမ် ထုတ်နည်း
ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ်သူတွေအတွက်ပါ။
သင့်တစ်လတာ ဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကိုစုချင်လဲ ခွဲခြားပါ။ စုမယ့်ငွေကိုဖယ်ထားပါ။
သုံးဖို့ ချန်ထားသောငွေကို ၄ပုံ ခွဲပါ
တစ်ပတ်ကို ၁ပုံစာပဲသုံးပါ။ လစဉ်ဝင်ငွေကို ချိန်ဆပြီး သုံးစွဲပါ။
အားလုံးပဲ ပြည့်စုံသောဘဝက်ို ပိုင်ဆိုင်
နိုင်ပါစေ.....
ေးပါတယ်
29/07/2025
ပါမောက္ခချုပ် ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ ဩဝါဒကထာများ # # # #
ကံပွင့်+လာဘ်ပွင့်+စီးပွားပွင့်+
မဟာသမယသုတ်+မေတ္တသုတ်+ရတနသုတ်+တရားတော်များ နာယူပူဇော်ကြပါကုန်လော့ # #
29/07/2025
"တရုတ်ကြီးအဖောက်ပြောတဲ့ စီးပွားရှာသူတိုင်းသိသင့်တဲ့ စီးပွားရေးမြေပုံ ၇ ခု"
၁။ မင်းပိုင်တဲ့တောင်းထဲမှာ ကြက်ဥ ၁၀လုံး ရှိတယ်။
တစ်နေ့ကို ၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင် ဘာဖြစ်မလဲ။
ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။
တစ်လုံးလျှော့စားလိုက်တဲ့အတွက် မင်းလည်း ဘာမှမသိသာပါဘူး။
အဲဒီတော့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်၀င်ငွေ ၁၀ပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။ ၉ပုံတောင်သုံးရတဲ့အတွက် ဒီလောက်ကြီးလည်း ချိုးခြုံစရာမလိုဘူး မလား။
ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။
၂။ နောက်တစ်ခုက မင်းရဲ့၀င်ငွေထွက်ငွေတွေကို သေသေချာချာသိထားဖို့လိုတယ်။ မလိုအပ်ပဲနဲ့ ထွက်နေတဲ့လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။
အဲလိုမှ မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။ ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။
၃။ တတိယတစ်ခုက ငွေကိုစုပေမယ့် သက်မဲ့လိုသဘောမထားရဘူး။
နွားတွေ ကြက်တွေ မွေးသလိုပေါ့။
အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။
ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့နေရာတွေမှာ ထည့်၀င်မြုပ်နှံကွ။
အဲလိုမှ မလုပ်ပဲငွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။
လေဖြတ်တဲ့လူလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။
ဥပမာကွာ ငါ့သားမွေးတုန်းက ငါငွေလေးနည်းနည်းအတိုးချထားတယ်။ ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲထပ်မြုပ်တယ်။
အဲဒီကနေအတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့ ငွေကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ ။
ဒါဟာမြေပုံ ၃ပေါ့။
၄။ နောက်တစ်ခုက အလုပ်လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။ မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။
သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သလောက်ပဲလုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။
တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ်။
အပြောကလည်းကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း ၊ ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ယုံသွားတယ်။
အစစ်ဆိုရင်ပြန်ရောင်းရင် သိန်း ၂၀လောက် ရမှာကို။
ဒါနဲ့ ၁သိန်းနဲ့၀ယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်ဓာတ်မီးမပြောနဲ့ လက်နှိပ်ဓာတ်မီးတောင် မငြိမ်းဘူး။
စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။
တစ်သိန်းမို့ပေါ့ ၁၀သိန်းဆိုရင် ငါခွက်ဆွဲနေလောက်ပြီ။
အဲဒီတော့ ပြောချင်တဲ့ လေးအချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ် ၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြုပ်နှံမှုမှမလုပ်ရဘူး။
၅။ နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှားနေတာ မသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။ အိမ်ငှားစရိတ်ဟာ ကြာလာရင် အိမ်တစ်လုံးစာလောက်ရှိလာတယ်။
စိတ်ရှုပ်ရတယ်။
သေးတာကြီးတာမဓာန မဟုတ်ဘူး။
ကိုယ်ပိုင်ဖြစ်အောင်ကြိုးစားဖို့ပဲ။
အဲဒီအပေါက်က ငွေအထွက်ဆုံးပဲ ။
အဲဒီတော့ ကားပဲမောင်းမောင်း ၊ စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား ။
ဒါ ငါးခုမြောက်မြေပုံပဲ။
၆။ တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊
တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။
စကားပဲရှိတာကွ မလိုက်နာကြဘူး။
ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ်အတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်။ ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူမိသားစုကို မထိခိုက်စေဖို့ ၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။
ဒါ ခြောက်ခုမြောက်မြေပုံပဲ။
၇။ ၇ခကြျမွောကျ ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ ၊ ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ ၊
ကိုယ်ကရပ်ပေမဲ့ သူတို့ကကြိုးစားနေမှာ ၊
ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက်လေလေ ၀ငျငှကေောငျးလလေပေေါ့ကှာ ၊ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ဖောက်သည်တို့ အားပေးတဲ့ ပရိသတ်တို့ ဆိုတာ စိတ်ချရတာမဟုတ်ဘူး ..ကိုယ့်ထက်သာတဲ့လူ ၊
တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ ..အဲဒါတော့မြဲမြဲမှတ်ထား။
ငါပြောချင်တဲ့ ၇ခုမွောကျမွပေုံက ဒါပဲ။
မင်းသဘောပေါက်ဖို့ကတော့ အလုပ်တစ်ခုမှာ သဘာရင့် ဝါရင့်တာနဲ့
မကြီးပွားဘူးနော်
တော်တော်မကြီးပွားတာ..
ကုလို့ပျောက်တဲ့ဆရာ၀န်ဆီကိုပဲလူနာကသွားမှာနော်..
သဘာရင့်ဝါရင့်တယ်ဆိုပြီးသွားမှာမဟုတ်ဘူး...ဒီအချက်ကို မြဲမြဲသဘောပေါက်စမ်းပါ။
(ဆရာမင်းသိင်္ခရေးတဲ့ ဖျားသားချောင်းကရေမျှောကမ်းတင် အောင်ဗဒင် ဆိုတဲ့စာအုပ်ထဲက တရုတ်ကြီးအဖောက်က စီးပွားရေးလုပ်ဖို့ကြိုးစားနေတဲ့အောင်ဗဒင်ကို အကြံပေးနေတာပါ။ မှတ်သားစရာအချက်ကလေးတွေဖြစ်တဲ့အတွက် သုတဇုန် မိတ်ဆွေများအတွက် သင့်တော်သလိုပြန်လည်ရေးသားဝေမျှလိုက်ပါတယ် ၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်က အချက်တွေကို မြန်မာမှုပြုထားတာပါ)
Credit # # #&
လေးစားစွာဖြင့်
29/07/2025
အထင်လွဲခံရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးမှု တစ်မျိုးပါ
အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်
စိတ်ထိခိုက်သွားပြီး
ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းမှုတမျိုးပါ
မေတ္တာ ရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်
အစော်ကား ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါ
အကျင့် ကောင်းတယ် မကောင်းဘူး ဆိုတာ
အချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ်
ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်
စိတ်လောပြီး မငြင်းဆိုပါနှင့်
ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနှင့်
နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ မလိုအပ် သလို......
နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်
စကားပြောတတ်ဖို့
နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့
သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး
ဝမ်းနဲစရာ ကောင်းတာက
အခုထက်ထိ ပါးစပ်က
လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း ဘဝ
အမြင့်ဆိုတာ...
ပညာ ဘယ်လောက်တတ်တယ်
ဗဟုသုတ
ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ
ဒေါင်ကျကျ ပြားကျကျ
အပြုံး မပျက်တဲ့
မဟာ သဘောထား မျိုးကို
ဆိုလိုပါတယ်
စိတ်သဘောထား ကြီးတယ်ဆိုလဲ
သင် လူဘယ်လောက်များများ သိတယ်
ဘယ်လောက်များများ ခင်မင် တာနဲ့လဲ
မသက်ဆိုင်ပါ....
သင်လူ ဘယ်လောက်များများ ကို
လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ်
လောက နိယာမအရ...
အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို
ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး
ကိုယ့်ကိုကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။
credit # # # #
29/07/2025
🍒 ယုံကြည်မှုကို တန်ဖိုးထားပါ 🍒
တစ်ဖတ်ထဲ လှရုံနဲ့ မရဘူး
ဖိနပ်က နှစ်ဖတ်ရှိမှ ခရီးရောက်တာ
ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ
တစ်ယောက်တည်း ရှိယုံနဲ့မရဘူး။
သူ့ဘက် ကိုယ့်ဘက်ရှိမှ
အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
ယုံကြည်မှုဆိုတာ
ပျတ်စီးသွားပြီဆိုတဲ့အခါ
ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။
ဒါကြောင့်
ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။
ယုံကြည်လို့
ချေးငှားလိုက်တဲ့ ပိုတ်ဆံကို
မတောင်းခင်ကတည်းက
အလိုက်တသိ ပြန်ပေးရတယ်။
ယုံကြည်လို့
ကူညီပေးလိုက်တာကို
ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။
ယုံကြည်လို့
ပေးထားတဲ့ မေတ္တာကို
တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။
ယုံကြည်လို့
တွဲထားတဲ့ လက်တွေကို
နာကျင်ဒဏ်ရာတွေ မပေးရဘူး။
ယုံကြည်လို့ပေးထားတဲ့
အခွင့်အရေးကို
ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။
အဲ့ဒီယုံကြည်မှုထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
ကိုယ်ချင်းစာတရားတွေပါတယ်
သံယောဇဉ်တွေပါတယ်။
ဒါကြောင့် ယုံကြည်မှုကို
လွယ်လွယ်နဲ့ မဖျတ်စီးသင့်ဘူး
တကယ်လို့
ယုံကြည်မှုကို ဖျတ်စီးလိုက်တဲ့အခါ
တကယ်နစ်နာဆုံးရှုံးသွားတာက
ကိုယ်ဖြစ်နေတတ်တယ်။
ဒီလိုဘဲ
ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။
ဒါပေမယ့်
တကယ် ဝမ်းမနည်းပါဘူး
စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။
အဲ့ဒါက ဘာလဲဆိုတော့
အရင်လို စေတနာတွေ အကူအညီတွေ
ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။
ယုံကြည်မှုကို တန်ဖိုးထားပါ။
တစ်ချို့အရာတွေက
ပြန်လိုချင်ရင်တောင်မှ
ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။
Credit # # #
คลิกที่นี่เพื่อเป็นสมาชิก?