The LA-SI

The LA-SI

แชร์

27/11/2025

Minuet in G
L. Van Beethoven





🎵 Piano 4 Hands တီးချင်းရဲ့ အကျိုးကျေးဇူးများ

1. Ensemble Skill (အဖွဲ့လိုက် တေးဂီတတီးဖျော်မှု တိုးတက်စေမှု)
• Rhythm ကိုတစ်ပြေးညီထားနိုင်ခြင်း
• Tempo ကိုတစ်ကိုယ်တော်မဟုတ်ဘဲ အတူညှိနိုင်ခြင်း
• Balance, phrasing, dynamics တို့ကို အချင်းချင်းနားထောင်ပြီး တဖန်တည်းညှိခြင်း
စတာတွေက ensemble performance အတွက် အရမ်းကောင်းတဲ့ လေ့ကျင့်မှုဖြစ်ပါတယ်။

2. Listening Skill (နားထောင်နိုင်စွမ်း တိုးတက်စေမှု)

တီးဖော်သူနှစ်ဦးရဲ့
• Melody
• Accompaniment
• Harmony
တွေကို အချင်းချင်းပေါင်းစပ်လိုက်ရတဲ့အတွက် sensitive listening skill တိုးတက်စေပါတယ်။

3. Coordination & Timing (ညှိနှိုင်းမှု တင်းတင်းကျပ်ကျပ် ဖြစ်စေခြင်း)

တီးနေချိန်မှာ ပုဂ္ဂလိက စတိုင်လည်းမတူ၊ Fingers technique မတူပါဘူး။
ဒီလိုမတူညီတာတွေကို သဟဇာတဖြစ်အောင်ညှိရတာက coordination ကို အပြင်းအထန် တိုးတက်စေပါတယ်။

4. Communication Skill (ဆက်သွယ်ပြောဆောနိုင်မှု တိုးတက်)

တီးဖော်သူနှစ်ယောက်
• Eye contact
• Breathing cues
• Body language
တွေကို အချင်းချင်းသုံးပြီး တက်တက်ကြွကြွ ဆက်သွယ်ရတာကြောင့် communication skill က ပိုကောင်းလာပါတယ်။

5. Confidence (Self-Confidence တိုးလာစေခြင်း)

Stage ပေါ် တီးရာမှာတောင်
• တစ်ယောက်တည်း မဟုတ်ဘဲ
• အတူတကွ သဘောကောင်းကောင်းလုပ်နိုင်တဲ့သူရှိသည့်အတွက်
self-confidence တိုးတက်စေပါတယ်။

6. Fun & Motivation (ပျော်စရာ+ တီးချင်စိတ်တိုးစေ)

7. Students အတွက် Learning Tool အထူးကောင်းခြင်း

စာသင်နေသူ (Beginner–Intermediate) တွေအတွက်
• Rhythm stability
• Note reading
• Musicality
တွေကို အလွယ်တကူ တိုးတက်အောင်လုပ်စေတဲ့လေ့ကျင့်မူကောင်းတစ်မျိုးပါပဲ။
🎹✨

Photos from The LA-SI's post 27/11/2025

🌟 ကလေးတွေအတွက် စန္ဒယား (Piano) သင်ယူခြင်းရဲ့ အံ့ဖွယ်အကျိုးကျေးဇူးများစွာရှိပါတယ်

🎹 ယနေ့ခေတ်ခါဘာကြောင့် ကလေးတွေ စန္ဒယားကို ပိုမိုလေ့လာ သင်ယူကြလဲဆိုရင်
စန္ဒယားတီးခြင်းဟာ ကလေးငယ်တင်္ဦးရဲ့ ဦးနှေဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးမြင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ အတူ တွေ့ရှိထားတဲ့ အကျိုးကျေးဇူးအချို့ကတော့...

• 🧠ဦးနှောက်စွမ်းရည် တိုးတက်လာခြင်း
• 🔢သင်္ချာနဲ့ ဘာသာစကား ကျွမ်းကျင်မှု မြင့်မားလာခြင်း: တေးဂီတ သင်္ကေတများ၊ စည်းချက် (Rhythm) နဲ့ တေးသွား (Melody) တို့ကို နားလည်အောင် လေ့လာခြင်းက သင်္ချာပိုင်းဆိုင်ရာ တွေးခေါ်မှုနဲ့ ဘာသာစကား (စာဖတ်၊ နားထောင်မှု) စွမ်းရည်တို့ကို တိုးတက်စေပါတယ်။
• 🛜မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု အားကောင်းလာခြင်း: သီချင်းများကို မှတ်သားခြင်းနဲ့ လက်နှစ်ဖက်ကို တစ်ပြိုင်နက်တည်း ညှိနှိုင်းတီးခတ်ခြင်းက ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
• 🤩လက်-မျက်လုံး ညှိနှိုင်းမှု (Hand-Eye Coordination) ပိုမိုကောင်းမွန်လာခြင်း။
• 🏆ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်လာခြင်း
• 👑ယုံကြည်မှု တိုးတက်လာခြင်း: သီချင်းတစ်ပုဒ်ကို အောင်မြင်စွာ တီးခတ်နိုင်ခြင်းက ကလေးငယ်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။
• 🫂စိတ်ဖိစီးမှု လျော့ကျစေခြင်း: ဂီတကုထုံး (Music Therapy) လိုပဲ စန္ဒယားတီးခြင်းက စိတ်ခံစားမှုများကို ထုတ်ဖော်ရာမှာ အထောက်အကူပြုပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။
• 🦾ဇွဲ၊ လုံ့လနဲ့ စည်းကမ်း: နေ့စဉ် လေ့ကျင့်ခြင်းက ကလေးတွေကို ဇွဲ၊ လုံ့လ၊ စည်းကမ်းနဲ့ အမှားတွေကနေ သင်ယူတတ်တဲ့ စိတ်ဓာတ်ကိုပါ သင်ပေးပါတယ်။

ကျွန်ုပ်တို့ရဲ့ သင်တန်းမှာ ဘာတွေ ရရှိမှာလဲ?
• 👨‍🏫 ကျွမ်းကျင်တဲ့ ဆရာမများ: ကလေးငယ်များနဲ့ အထူးကိုက်ညီတဲ့ သင်ကြားနည်းစနစ်များ။
• 🎈 ဂီတကို ဝါသနာပါလာအောင် လှုံ့ဆော်ပေးမယ့် သင်ခန်းစာများ။
• 🧠 ပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှု: ပညာရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေဖို့ အာရုံစိုက်သင်ကြားပေးခြင်း။

👉🏾ယနေ့ပဲ စာရင်းသွင်းပြီး သင့်ကလေးရဲ့ ဘဝမှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်လိုက်ပါ

ဆက်သွယ်ရန်: 0629190615 ,0997343138
📍 တည်နေရာ: 451, Village No. 10, Mae Pa Subdistrict, Mae Sot District, Tak Province, Thailand, Mae Sot, Thailand, 63110
🌐 ဝက်ဘ်ဆိုက်/လူမှုကွန်ရက်: [email protected]
***အိမ်တိုင်ရာရောက်အထူးသင်ကြားပေးခြင်းလည်းရှိပါတယ်

06/11/2025

#အသက်ရယ်ကိုယ်စိတ်မချလို့ပါကွာ

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่

Mae Sot