Camera For You - C4U
11/06/2026
တောင်ကိုးရီးယား Line up ကလည်း
Lee နဲ့ Kim နဲ့ များနေတယ် 😭
11/06/2026
ဗုဒ္ဓဟူးနေ့ အထိ Sold Out အမှာလေးတွေပါ ...
ပစ္စည်းပြတ်နေတဲ့
Canon 80D , Sony A6400 လေးတွေလည်း
၁လုံးစီ အသစ်၀င်ဖို့ရှိပါမယ် ...
မြန်မာပြည်တွင်းထဲ မပို့ဖြစ်တာတောင်
တကူးတက လူကြုံနဲ့ကော
Cargo တွေနဲ့ကော
ကိုယ့်အစီအစဉ်နဲ့ကိုယ်
အားပေးကြတဲ့အတွက် ...
ကျေးဇူးတင် အားနာမိပါတယ် ...
မြန်မာပြည်ထဲ ပို့နိုင်ဖို့ကြိုးစားနေပါတယ် ..
ကိုယ်တိုင်လည်း အလုပ်များ
ချာလပတ်ရမ်းနေတော့
ပြည်တွင်းထဲ Camera ပို့ဖို့ သိပ်အာရုံမစိုက်နိုင်သေးလို့ပါ
ထပ်ကြိုးစားနေပါတယ်ခင်ဗျာ ..
06/06/2026
Osmo Pocket 3 တွေထွက်တော့
ကိုယ့် Customer တွေက မေးကြတယ်
Osmo Pocket 4 ဘယ်တော့ထွက်မှာလဲ
စောင့်ချင်လို့တဲ့ ..
တကယ်လည်း Osmo Pocket 4 ထွက်ရော
" ဘာမှလည်း မကွာဘူး
Sale ချနေတုန်း
Osmo Pocket 3 ပဲ ၀ယ်ထားမှ " ဆိုတဲ့သူရယ်
" ဘာမှလည်း မကွာဘူး
Lens ၂လုံးပါတဲ့ Osmo Pocket 4 Pro ကိုပဲ
စောင့်မှာပေါ့ " ဆိုတဲ့သူရယ်
၂ပိုင်းထပ်ကွဲသွားတယ် ...
Osmo Pocket 4 Pro က ဘယ်ဆီနေမှန်းမသိဘူး ...
Insta360 Luna ကလည်း
အသစ်ထွက်မယ်ဆိုတော့
မျှော်ရပြန်ရော ...
ဒီကြားထဲ
Oppo တို့ Vivo တို့ကလည်း
Pocket Gimbal Camera ဈေးကွက်ကို
အတင်း ၀င်ချင်လာပြန်ရော
ဒါနဲ့ပဲ ဘာမှ မ၀ယ်ဖြစ်တော့ဘူး :3
စေတနာနဲ့ အကြံပေးပါရစေ...
ဒီကမ္ဘာကြီးမှာ နည်းပညာတွေက အသစ်အသစ်တွေထွက်နေသလို
Model တစ်ခုနဲ့ တစ်ခုလည်း
ထွေထွေထူးထူး ဘာမှမကွာပါဘူး ...
မကွာအောင်လည်း
နည်းပညာ Company တွေက
ဟိုဟာလေးနည်းနည်းထည့်
ဒီဟာလေး နည်းနည်းထည့်နဲ့
ဂျင်းထည့်နေကျတာပါ ...
ကျွန်တော့် အမြင်အရဆို
ဘာတွေ ဘယ်လိုထွက်ထွက် ..
အခုချိန်ထိ Osmo Pocket 3 ဟာ
သုံးလို့အဆင်ပြေဆုံးပါပဲ ...
အခုလို Sale ချတဲ့အချိန်ဆို
Standard Combo - 9000 B ကျော်
CC Combo - 12,000 B ကျော်နဲ့ရပါတယ်
ကိုယ့်အိုးကိုယ့်ဆန် တန်မှတန်
ရိုရိုသေသေသာကိုင်ရင်
သုံးပါလေ့ဗျာ တသက်လုံး..
Model အသစ်တွေဆိုတာ
ကျွန်တော်တို့သေသွားလည်း
ဆက်ပြီးထွက်နေဦးမှာပါပဲ ..
အဓိက ကတော့
ကိုယ်၀ယ်တဲ့ Camera ကို
ကိုယ်တိုင် အသုံးချပြီး ရိုက်နေဖို့ပါပဲ...
မသုံးဖြစ်ဘူးဆိုရင်တော့
သိကြားမင်းကိုင်တဲ့ Camera လိုက်ကိုင်လည်း
အဆင်ပြေမှာမဟုတ်ပါဘူး :3
คลิกที่นี่เพื่อเป็นสมาชิก?