Myanmar Resource Watch
28/04/2026
သယံဇာတဝန်ကြီးဖြစ်လာတဲ့ စစ်တပ်ရဲ့ စီးပွားရေး ပဲ့ကိုင်ရှင်
ယခုနှစ် ဧပြီလ (၁၀) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးဆန်းဦးကို ခန့်အပ်ခဲ့ပါတယ်။
ဦးဆန်းဦးကို ဝန်ကြီးအဖြစ်ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခဲ့သူကတော့ စစ်တပ်ရွေးကောက်ပွဲက တစ်ဆင့် ပေါ်ပေါက်လာတဲ့လွှတ်တော်က သမ္မတအဖြစ်ရွေးချယ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
ဧပြီလ (၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးခန့်အပ်ရန် အဆိုပြုသူ (၃၀) ဦးစာရင်းကို တင်ပြခဲ့တဲ့အထဲမှာ ဦးဆန်းဦး နာမည်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ပိုမိုဖတ်ရှုရန် 👇👇👇
https://myanmarresourcewatch.org/%e1%80%9e%e1%80%9a%e1%80%b6%e1%80%87%e1%80%ac%e1%80%90%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7/
23/04/2026
အရင်က ကြည်လင်တဲ့စမ်းချောင်းတွေ၊ လတ်ဆတ်တဲ့ ပျားလိမ္မော်နံ့တွေနဲ့ သင်းပျံ့နေခဲ့တဲ့ မိုင်းဆတ်မြို့လေးရဲ့ တောင်တန်းတွေမှာ အခုတော့ ရာဘာချက်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ဖုန်မှုန့်တွေပဲ ကြီးစိုးနေပါတော့တယ်။
“ဝ” ဒေသရဲ့ တောင်တက်လမ်းတစ်လျှောက်မှာ ရွှေ၊ ခဲမဖြူနဲ့ မြေရှားသတ္တုတွေကို အဆက်မပြတ် တူးဖော်နေကြတာဟာ ဒေသခံတွေအတွက်တော့ ရေရှည်မှာ ဘေးဒုက္ခတွေပဲ ကြွင်းကျန်ခဲ့စေပါတယ်။
ပိုမိုဖတ်ရှုရန်👇👇👇
https://myanmarresourcewatch.org/မြန်မာ့သယံဇာတများ
10/08/2025
"မင်းကင်းနှင့် ဆားလင်းကြီးမြို့နယ်များရှိ ရွှေတူးဖော်ရေးလုပ်ငန်းများ၏
စိန်ခေါ်မှုများနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှု"
_____________________________________________
ထပ်ဆင့်ကန်ထရိုက်ယူရသည့် ရွှေလုပ်ငန်းရှင်များ၏ ဘဝ
မင်းကင်းမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက်တွငရွှေတူးဖော်ရေးလုပ်ငန်း များသည် ဒေသခံများအတွက် အဓိကဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သော်လည်း၊နိုင်ငံရေးမတည်ငြိမ်မှုများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့်ရွှေလုပ်ငန်းရှင်များသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းသည် ရွှေထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး၊
ယခင်ကတည်းက ရွှေတူးဖော်ရေးလုပ်ငန်းများ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်မတိုင်မီ ဗဟိုအစိုးရ၏တိုက်ရိုက်စီမံခန့်ခွဲမှုအောက်တွင် လုပ်ကိုင်ခဲ့ရသော်လည်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းနိုင်ငံရေးပဋိပက္ခများကြောင့် အာဏာသိမ်းစစ်တပ်၏ ထိန်းချုပ်မှုမှ ကင်းလွတ်ခဲ့သည်။
အပြည့်အစုံကို - https://shorturl.at/Nhzj6 ဖတ်လို့ရပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Mae Sot