OpenTech by Phue
14/12/2025
Azure Fundamentals and Administrator Associate (Batch-11) Bootcamp Online Training
=================
☁ Cloud နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ IT Industry တော်တော်များများမှာ ကျွမ်းကျင်သော Cloud Engineer လိုအပ်ချက်ဟာ ပိုမိုများလာပါတယ်။
ထိုလိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန် Cloud Vendor တစ်ခုဖြစ်တဲ့ Microsoft ရဲ့ Azure Cloud Administration နှင့် ပတ်သက်၍ Microsoft Official Academic Course အတိုင်း လေ့လာရမည့်အပြင် အခြေခံမှစပြီး အဆင့်မြှင့်သည်အထိ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
✍ သင်တန်းတက်ရောက်လိုသူများ အောက်ပါ Registration Link ကိုနှိပ်ပြီး အချက်အလက်များကိုဖြည့်ရမည်ဖြစ်ပါတယ်။
https://forms.office.com/r/EPdQxqKEPD
ဘယ်သူသင်မှာလဲ?
🔻🔻🔻🔻🔻🔻
🌟 သင်ကြားရေးနယ်ပယ်တွင် over 9yrs experiences ရှိပြီး Microsoft Certified ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့
Sir. Thant Zin Phyo@Cracky ကိုယ်တိုင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
ဆရာဟာ Microsoft မှ တရာဝင်ချီးမြှင့်သော Microsoft Azure, Microsoft 365 MVP award တို့ကို ရရှိခဲ့ပြီး၊ Microsoft Certified Educator (MCE)၊ Microsoft Certified Trainer (MCT) တစ်ယောက်လည်းဖြစ်ပါတယ်။ Microsoft Certifications ပေါင်းများစွာကိုလည်း ဖြေဆိုအောင်မြင်ထားသူတစ်ယောက်ဖြစ်သည့်အပြင် ယခုလက်ရှိ Germany နိုင်ငံ Enterprise Organization တစ်ခုတွင် Cloud Architect တစ်ယောက်အနေဖြင့် လုပ်ကိုင်လျှက်ရှိပြီး၊ Telecom, Banking, Education Sectors များအတွက် Technical Training, Consultation and Solutions ပေါင်းများစွာကို လုပ်ကိုင်ဆောင်ရွက်ပေးလျှက်ရှိပါတယ်။
Trainer Profile
=========
https://www.credly.com/users/thant-zin-phyo
🌟 ဆရာကိုယ်တိုင် Sharing လုပ်ပေးထားတဲ့ Microsoft Azure Administrations Videos အချို့ကို ပေးထားတဲ့ Link မှာ ဝင်ရောက်လေ့လာလို့ရပါတယ်။
🔗 https://www.youtube.com/c/ThantZinPhyo
Opening Date and Fees
🔻🔻🔻🔻🔻🔻🔻
🗓 Date: 10 January, 2026 (Sat, Sun)
⏳Durations: 2 Months
⏰Time: 3:00PM to 6:00PM (MMT)
💸Normal Fees: 400,000Ks
💸Early Bird Discount: 350,000Ks
🧑💻Old Students: 300,000Ks
🔔 သင်တန်းကြေးကိုလည်း နှစ်ကြိမ်ခွဲသွင်းလို့ရပါတယ်
👨💻 ဘယ်လိုပုံစံမျိုးနဲ့သင်ကြားပေးမှာလဲ?
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
🌟 Online Class ဖြစ်တဲ့အတွက် သင်ကြားမည့်ပုံစံကတော့ Microsoft Teams ကိုအသုံးပြုပြီးသင်ကြားပေးမည့်အပြင်
Video Record နှင့် လိုအပ်သော Resource Data များကိုလည်း Sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
သင်တန်းပြီးဆုံးသွားပါက ပြည်တွင်းပြည်ပ Company များတွင် Azure Cloud Engineer တစ်ယောက် အနေဖြင့် ရပ်တည်နိုင်မည့်အပြင်၊ International Exam ဖြေဆိုလိုသူတွေ အတွက်လည်း Azure Fundamentals (AZ-900) & Administrator (AZ-104) Exam များကို အခက်အခဲမရှိဖြေဆိုနိုင်အောင် Exam Training ပါ ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
Course Outline
============
☁ Azure Fundamentals (AZ-900)☁
✅ Learning path 01: Cloud concepts
✅ Learning path 02: Azure architecture and services
✅ Learning path 03: Management and governance
LABS OUTLINE
============
Lab 1: Walkthrough: Create a virtual machine
Lab 2: Walkthrough: Deploy Azure container instances
Lab 3: Walkthrough: Create a virtual network
Lab 4: Walkthrough: Create blob storage
Lab 5: Walkthrough: Create a SQL database
Lab 6: Walkthrough: Implement an Azure IoT Hub
Lab 7: Walkthrough: Implement Azure Functions
Lab 8: Walkthrough: Create a web app
Lab 9: Walkthrough: Create a VM with a Template
Lab 10: Walkthrough: Create a VM with PowerShell
Lab 11: Walkthrough: Create a VM with CLI
Lab 12: Walkthrough: Secure network traffic
Lab 13: Walkthrough: Implement Azure key vault
Lab 14: Walkthrough: Create an Azure Policy
Lab 15: Walkthrough: Manage access with RBAC
Lab 16: Walkthrough: Manage resource locks
Lab 17: Walkthrough: Implement resource tagging
Lab 18: Walkthrough: Exploring the Trust Center
Lab 19: Walkthrough: Use the Azure Pricing Calculator
Lab 20: Walkthrough: Use the Azure TCO Calculator
Lab 21: Walkthrough: Open a Support request
Lab 22: Walkthrough: Calculate composite SLAs
Lab 23: Walkthrough: Access Azure Preview features
☁ Azure Administrator Associate (AZ-104)☁
✅ Module-1 Identity
✅ Module-2 Governance and Compliance
✅ Module-3 Azure Administration
✅ Module-4 Virtual Networking
✅ Module-5 Intersite Connectivity
✅ Module-6 Network Traffic Management
✅ Module-7 Azure Storage
✅ Module-8 Azure Virtual Machines
✅ Module-9 Serverless Computing
✅ Module-10 Data Protection and
✅ Module-11 Monitoring
LABS OUTLINE
===========
Lab 1: Manage Microsoft Entra ID
Lab 2: Manage Subscriptions and RBAC
Lab 3: Manage Governance via Azure Policy
Lab 4: Manage Azure resources by Using ARM Templates
Lab 5: Manage Azure resources by Using Azure PowerShell
Lab 6: Manage Azure resources by Using Azure CLI
Lab 7: Manage Azure resources by Using the Azure Portal
Lab 8: Implement Virtual Networking
Lab 9: Implement Intersite Connectivity
Lab 10: Implement Traffic Management
Lab 11: Manage Azure storage
Lab 12: Manage virtual machines
Lab 13: Implement Web Apps
Lab 14: Implement Azure Kubernetes Service
Lab 15: Implement Azure Container Instances
Lab 16: Implement Data Protection
Lab 17: Implement Monitoring
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
📣လူဦးရေကန့်သတ်ချက်လေးရှိလို့ ကြိုတင် စာရင်းပေးထားဖို့ လိုပါမယ်နော်.....
☎️ အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက
WhatApps: +66 634134234
Line: +66 634134234
10/12/2025
AWS VPC Endpoints
--
VPC အတွင်းက resources တွေက AWS services တွေနဲ့ communicate လုပ်ရတဲ့အခါ ပုံမှန်အားဖြင့် NAT Gateway သို့မဟုတ် Internet Gateway (IGW) ကိုဖြတ်ပြီး internet ပေါ်ကနေ တစ်ဆင့်ချိတ်ဆက်ရပါတယ်။ အဲ့အတွက်
- Data processing fee (NAT Gateway) ကျနိုင်တယ်။
- Public IP လိုတယ်။
- Internet ပေါ်ကို ဖြတ်ရတဲ့အတွက် Security အရ အားနည်းချက်တွေ ရှိနိုင်တယ်။
ဒီအစား VPC Endpoints ကိုသုံးလိုက်ပါက VPC ထဲက resources တွေနဲ့ AWS Services တွေအကြား communication ဟာ AWS internal network အတွင်းမှာပဲ ချိတ်သွားပါမယ်။
ဒီလိုအသုံးပြုခြင်းအားဖြင့်
- Public IP မလိုတော့ဘူး။
- အဲ့ communication က Internet Gateway / NAT Gateway မဖြတ်တော့ဘူး။
- Security ပိုကောင်းပြီး AWS Backbone နဲ့ တင် Direct ချိတ်ဆက်နိုင်တယ်။
ထိုအချက်တွေတာမက PC Endpoint တွေဟာ horizontally scalable, highly available, bandwidth limitation မရှိတဲ့ AWS-managed networking components တွေပဲ ဖြစ်ပါတယ်။
AWS VPC Endpoints မှာ အမျိုးအစား ၂ မျိုးရှိပြီး မိမိ Case ပေါ်မူတည်ပြီး ရွေးချယ်သုံးနိုင်ပါတယ်။
Gateway VPC Endpoint
- - -
Gateway Endpoint ဟာ Amazon S3 နဲ့ Amazon DynamoDB ကိုသာ VPC အတွင်းမှ private access လုပ်နိုင်အောင် support ပေးထားပါတယ်။ Free (အသုံးပြုခမရှိ) သဖြင့် cost-effective ဖြစ်ပြီး VPC to S3 & Dynamo DB access ကိုပဲ support လုပ်ပါတယ်။
Gateway Endpoint ကို create လုပ်ပြီးနောက် VPC Route Table ထဲမှာ S3 / DynamoDB Prefix Lists ကို Target က Gateway Endpoint ဖြစ်အောင် configure လုပ်ပေးရပါတယ်။
Traffic Flow:
Instance → Route Table → Gateway Endpoint → AWS Service
ဒီ process အကုန်လုံးက AWS internal network အတွင်းမှာပဲ ဖြစ်တာမို့ Security အရလည်း ကောင်းပါတယ်။
Interface Endpoint (AWS PrivateLink)
- - -
Interface Endpoint ဟာ fee ရှိပေမဲ့ Gateway Endpoint ထက် support range ပိုကျယ်ပြီး EC2 API, SSM, Secrets Manager, ECR API, KMS, SNS, SQS, CloudWatch, API Gateway ဆိုတဲ့ AWS services များအပြင် AWS Marketplace Partner services တွေ၊ Customer-owned endpoint services တွေစသဖြင့် အများကြီးကိုပါ support လုပ်ပါတယ်။
Interface Endpoint ကို create လုပ်တဲ့အခါ AWS က Subnet တစ်ခုချင်းစီထဲ ENI (Elastic Network Interface) ကို automatically create လုပ်ပေးပါတယ်။
ENI တစ်ခုချင်းစီမှာ Private IP ပါတယ်။
အဲ့ service ကို သွားမယ့် entry point အဖြစ်လုပ်ပေးပါတယ်။
Interface Endpoint Features
AWS Marketplace Partner Services တွေနဲ့ Connect လုပ်နိုင်တယ်
Customer/Partner Provided Endpoint Services တွေနဲ့ PrivateLink ဖြင့် ချိတ်ဆက်နိုင်
VPC Peering / Transit Gateway နှင့် တွဲသုံးပြီး Multi-VPC / Multi-region setup တွေထိ extend လုပ်နိုင်ပါတယ်။
Traffic Flow:
Instance → ENI (Interface Endpoint) → AWS PrivateLink → AWS Service Traffic အကုန်လုံးက AWS Internal Backbone ထဲမှာပဲ communicate လုပ်သွားပါတယ်။
https://www.learndevopsnow-mm.blog/articles/aws-vpc-endpoints-dec-9-2025/
คลิกที่นี่เพื่อเป็นสมาชิก?