Creepy Canvas

Creepy Canvas

แชร์

31/08/2025

နာမည်ကြီး ဂိမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်

ဒီရုပ်ရှင် ဟာ နာမည်ကျော် ဂိမ်းစီးရီးတစ်ခုကို အခြေခံထားတဲ့ ရုပ်ရှင်ပါ

ဇာတ်လမ်းအစမှာ Umbrella ကော်ပိုရေးရှင်းရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုဖြစ်တဲ့ The Hive ထဲကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့သွားခဲ့ပါတယ်

အဲ့ဒီနောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူတွေဟာ လူသားစားဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ Alice နဲ့ သူ့ရဲ့အဖွဲ့ဟာ အသက်ရှင်ဖို့အတွက် ဖုတ်ကောင်တွေ၊ ခြောက်ခြားစရာ သတ္တဝါတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်

ဒီရုပ်ရှင်ဟာ ဂိမ်းကို နည်းနည်းပါးပါး ပြောင်းလဲထားပေမယ့် ကြည့်ရှုသူကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆွဲဆောင်ထားနိုင်ပါတယ်🧟‍♀️💥

ဒီရုပ်ရှင်ရဲ့ အားသာချက်ကတော့ မင်းသမီး Milla Jovovich ရဲ့ ဇာတ်ကောင် Alice ဟာ သာမန်ဇာတ်လိုက်တွေနဲ့မတူဘဲ ခပ်မိုက်မိုက်နဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ယောက်အဖြစ် ပုံဖော်ထားတာကို တွေ့ရပါတယ်

ရုပ်ရှင်ထဲက laser hall လိုမျိုး နာမည်ကြီး ဇာတ်ဝင်ခန်းတွေကလည်း ဒီရုပ်ရှင်ကို အမှတ်တရဖြစ်စေခဲ့ပါတယ်

ဂိမ်းအကြောင်း မသိတဲ့သူတွေတောင်မှ ဒီရုပ်ရှင်ကို ကြည့်ပြီးရင် နောက်ဆက်တွဲ ရုပ်ရှင်တွေကို သေချာပေါက် ဆက်ကြည့်ချင်စိတ် ဖြစ်ပေါ်လာစေမှာပါ ☣️👾

👇မူဗွီလင့်ခ် ကောမန့်မှာကြည့်👇

30/08/2025

စိတ္တဇဆန်ဆန် ခမ်းနားတဲ့ ရိုက်ချက်များကြောင့် နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်✍

စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Jack Torrance ဟာ သူ့ရဲ့မိသားစုနဲ့အတူ ဟိုတယ်ဟောင်းကြီးတစ်ခုမှာ အစောင့်အဖြစ် သွားရောက်နေထိုင်ခဲ့ပါတယ်

ဒါပေမဲ့ နောက်ပိုင်းမှာ မထင်မှတ်ထားတဲ့ ထူးဆန်းမှုတွေ

ခြောက်ခြားဖွယ်ရာတွေနဲ့ ကြုံတွေ့လာရပြီး Jack ရဲ့ စိတ်အခြေအနေက တဖြည်းဖြည်း ဆိုးဝါးလာခဲ့ပါတယ်

ဒီရုပ်ရှင်ဟာ သရဲတွေထက် လူတစ်ယောက်ရဲ့ ရူးသွပ်မှုနဲ့ စိတ်အခြေအနေ ပျက်စီးသွားရင်
ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို အသားပေးရိုက်ကူးထားလို့ ကြည့်ရှုသူရဲ့စိတ်ထဲမှာ ကောင်းကောင်းစွဲကျန်နေခဲ့မှာပါ👻🔪

🎨ဒီကားကို ကြည့်ပြီးရင် ရုပ်ရှင်ထဲက သင်္ကေတတွေ၊ ဇာတ်ကွက်တွေနဲ့ပတ်သက်ပြီး တွေးစရာတွေကျန်နေခဲ့မှာ အသေချာပါ

တစ်ချို့ဇာတ်ဝင်ခန်းတွေက ကြည့်ရှူတဲ့ ပရိသတ်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ဆန်းစစ်သုံးသပ်နိုင်အောင် ရိုက်ကူးထားတာဖြစ်ပြီး

ဇာတ်ဆောင်တွေရဲ့ စိတ်ကူးယဉ်မှုလား၊ တကယ်ဖြစ်ပျက်တာလားဆိုတာကို မဆုံးဖြတ်နိုင်ဘဲ ကြည့်ရှုသူကို မေးခွန်းတွေအများကြီးနဲ့ ချန်ထားခဲ့မယ့် ကားကောင်းတစ်ကားပါ

ဒီကားက နှစ်ပေါင်းများစွာ ကြာသည်အထိ လူပြောများနေတဲ့ ဂန္တဝင်ရုပ်ရှင်တစ်ကားအဖြစ် ရပ်တည်နေခဲ့တာဘာကြောင့်လဲဆိုတာ တော့ကြည့်ပြီးမှ သုံးသပ်ကြည့်ပေါ့ 🧠🤔

👇မူဗွီလင့်ခ် ကောမန့်မှာကြည့်👇

29/08/2025

Horror ရုပ်ရှင်လောကမှာ ဂန္တဝင်မြောက်ဇာတ်ကား အဖြစ် ထာဝရနေရာယူထားမယ့် ရုပ်ရှင်

ရုပ်ရှင်ရဲ့ အစမှာ သူငယ်ချင်း ၅ ယောက်ဟာ တောအုပ်တစ်ခုထဲက အိမ်အိုကြီးဆီကို အပန်းဖြေခရီးထွက်ခဲ့ကြပါတယ်

အဲ့ဒီအိမ်အိုကြီးထဲမှာ ထူးဆန်း တဲ့စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ပြီးနောက် ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတွေ စတင်ခဲ့တာပါပဲ

ဒါရိုက်တာ Sam Raimi ဟာ ဘတ်ဂျက်နည်းနည်းနဲ့ အစွမ်းကုန်ကြိုးစားပြီး ဒီလိုရုပ်ရှင်ကို ဖန်တီးခဲ့တာဖြစ်ပြီး

သွေးထွက်သံယို အလွန်များတဲ့ ဇာတ်ဝင်ခန်းတွေ၊ ထိတ်လန့်စရာကောင်းတဲ့ ကင်မရာ ရိုက်ချက်တွေနဲ့ ကြည့်ရှုသူကို အသက်ရှူမှားလောက်အောင် ဖမ်းစားထားနိုင်ပါတယ်

သင်က Horror movieအစစ်အမှန်ကို ရှာဖွေနေတယ်ဆိုရင် ဒီကားကို မဖြစ်မနေ ကြည့်သင့်ပါတယ်။ 🩸😱

👇မူဗွီလင့်ခ် ကောမန့်မှာကြည့် 👇

24/08/2025

သာမန်ရုပ်ရှင်တစ်ခုထက် ပိုတယ်

ရုံတင်ပြီးပြီးချင်းမှာပဲ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို အကြီးအကျယ်ထိတ်လန့်စေခဲ့ပြီး

ရုံထဲမှာပဲ မူးလဲတာ ၊ ဆက်မကြည့်နိုင်ဘဲအော့အန်တာ

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေတဲ့အထိ ကြမ်းတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ကားပါ

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာမည်ကျော် မင်းသမီးတစ်ဦးရဲ့သမီးဖြစ်သူ Regan ဟာ အေးဆေးပြီး သာမန်ကလေးမလေးတစ်ယောက်ပါ

ဒါပေမဲ့ တစ်နေ့မှာတော့ သူမဟာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အပြုအမူတွေလုပ်လာခဲ့ပါတယ်

ဆေးပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့မှ သူမရဲ့အခြေအနေကို ရှာဖွေနိုင်ခြင်းမရှိတဲ့အခါ သူမရဲ့မိခင်က ဘာသာရေးဆိုင်ရာ နည်းလမ်းတစ်ခုကို စပြီးစဉ်းစားလာပါတော့တယ်

အဲ့ဒီနောက်မှာတော့ အတွေ့အကြုံရှိပြီး အသက်ကြီးရင့်တဲ့ ဘုန်းတော်ကြီး Father Merrin နဲ့ ခေတ်သစ်အတွေးအခေါ်ရှိတဲ့ Father Damien Karras တို့ဟာ Regan ရဲ့ ခန္ဓာကိုယ်ထဲ ပူးကပ်နေတဲ့ နတ်ဆိုးကို နှင်ထုတ်ဖို့အတွက် ဘဝနဲ့ရင်းပြီး ရုန်းကန်ကြရပါတော့တယ်

ရုပ်ရှင်ရဲ့ ဇာတ်အိမ်ခိုင်မာမှု၊ သရုပ်ဆောင်တွေရဲ့ အစွမ်းပြမှု ပြီးတော့ တဖြည်းဖြည်း အရှိန်မလျော့သလားတဲ့ ကြောက်စရာအငွေ့အသက်တွေက ဒီကားကို တကယ့် Masterpiece အဖြစ် သတ်မှတ်ခံရစေတာမို့ မကြည့်ဖူးသေးရင် ကြည့်လိုက်ပါ

#သည်းထိတ်ရင်ဖို

23/08/2025

ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Tommy နဲ့ သူ့ရဲ့သား Austin တို့ဟာ ဖခင်နဲ့သား နှစ်ဦး စလုံး အလောင်းစစ်ဆေးရေးသမား (Coroner) တွေ ဖြစ်ပါတယ်

တစ်ညမှာတော့ ထူးဆန်းတဲ့ အလောင်းတစ်ခုကို စစ်ဆေးဖို့အတွက် သူတို့ဆီ ရောက်ရှိလာပါတယ်

အဲဒီအလောင်းကတော့ ဘယ်သူဘယ်ဝါမှန်းမသိဘဲ၊ ခန္ဓာကိုယ်မှာလည်း ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ သေဆုံးနေတဲ့ Jane Doe လို့ခေါ်တဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ အလောင်းပါပဲ

ဒီအလောင်းကို စစ်ဆေးနေရင်းနဲ့ မထင်မှတ်ထားတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေဟာ ဓမ္မတာမဟုတ်ဘဲ ဆက်တိုက် ဖြစ်ပေါ်လာပါတော့တယ်

အလောင်းစစ်ဆေးခန်းဟာ တစ်ဖြည်းဖြည်းနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲလာပြီး သူတို့နှစ်ဦးဟာ အဲ့ဒီနေရာကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်ကြရပါတော့တယ်

ဒီရုပ်ရှင်ဟာ နေရာတစ်ခုတည်းမှာပဲ ဇာတ်အိမ်ကို တည်ဆောက်ထားပြီး ဇာတ်ကောင်နှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အဓိကထားပြီး ပုံဖော်ပြသွားပါတယ်

စိတ် ဖိစီးမှုနဲ့ သည်းထိတ်ရင်ဖို ခံစားမှုတွေကို အသေးစိတ် ဖန်တီးပြထားတာကြောင့် ပရိတ်သတ်ကို ဇာတ်လမ်းအဆုံးထိ တကယ်ဖြစ်နေသလို ခံစားရအောင် ဆွဲဆောင်ထားနိုင်ပါတာကတော့ ဒီကားရဲ့ အားသာချက်ပဲပေါ့

👇မူဗွီလင့်ခ် ကောမန့်မှာကြည့်ပါ👇

#စိတ်လှုပ်ရှားဖွယ်

22/08/2025

ကြည့်နေကြ သရဲတစ္ဆေကားတွေရဲ့ အစဉ်အလာပုံစံကို ဖောက်ထွက်ပြီး ထူးခြားတဲ့ စိတ်ကူးနဲ့ ဖန်တီးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းတစ်ကား

ဇာတ်လမ်းရဲ့ အစပိုင်းမှာပဲ ပရိတ်သတ်ကို ဘာတွေဖြစ်လာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့အတူ စိတ်ဝင်စားမှုကို ချက်ချင်း ဖမ်းစားလိုက်နိုင်တဲ့ကား

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Jay ဟာ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘဝဟာ အခြားသူတွေနဲ့ မတူဘဲ သာမန်အတိုင်းပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်

ဒါပေမဲ့ တစ်ရက်မှာတော့ သူမက ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဆိုင်ရပါတော့တယ်

ဘယ်သူမှမမြင်နိုင်တဲ့ ထူးဆန်းတဲ့အရာတစ်ခုက သူ့နောက်ကို ဖြည်းဖြည်းချင်း လိုက်နေတာပါပဲ

ဒီအရာက အရွယ်အစား၊ ပုံပန်းသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်ပြီး အမြဲတမ်း သူ့နောက်ကနေ တောက်လျှောက်လိုက်နေပါတယ်

Jay နဲ့ သူမရဲ့ သူငယ်ချင်းတွေဟာ ဒီအရာဆီကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာကို နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေရုန်းကန်ကြရပါတယ်

ဒီရုပ်ရှင်က စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနဲ့ ရင်တထိတ်ထိတ် ခံစားချက်တွေကို ရရှိစေမှာဖြစ်လို့

ကြည့်ပြီးသွားရင်လည်း ရင်ထဲမှာ စွဲကျန်နေစေမယ့် ဟော်ရာကားတစ်ကားအနေနဲ့ ဒီကားလေးကိုညွှန်းပေးချင်ပါတယ်

👇မူဗွီလင့်ခ်ကောမန့်မှာကြည့်ပါ👇

#သည်းထိတ်ရင်ဖို

21/08/2025

Jack, Billy, Jane နဲ့ Sam ဆိုတဲ့ မောင်နှမ လေးယောက်ဟာ သူတို့ရဲ့ မိခင် သေဆုံးပြီးနောက် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးမှာ စုပေါင်း နေထိုင်ခဲ့ပါတယ်

သူတို့ရဲ့ ဖခင်ဖြစ်သူဆီကနေ လွတ်မြောက်ဖို့အတွက် အိမ်ကို ပြင်ဆင်ပြီး သူတို့ရဲ့ ဘဝအသစ်ကို စတင်ဖို့ ကြိုးစားနေကြပေမဲ့

အိမ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိနေပြီး အိမ်ထဲကနေ ထူးဆန်းတဲ့ အသံတွေနဲ့ အဖြစ်အပျက်တွေက သူတို့ရဲ့ ဘဝကို တစ်စက္ကန့်ချင်းစီတိုင်း ခြိမ်းခြောက်နေပါတော့တယ်

ဒီအရာတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာကို ကြည့်ရှုသူအနေနဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ရှာဖွေစူးစမ်းရမှာ ဖြစ်ပါတယ်

ဒီရုပ်ရှင်က Jump Scareကို အားမပြုဘဲ၊ ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို အခြေခံပြီး တဖြည်းဖြည်းနဲ့ ပိုပြီးကြောက်လာအောင်ဖန်တီးထားတာဖြစ်ပါတယ်

သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းပြီးသွားတဲ့တိုင်အောင် စိတ်ထဲမှာ ကျန်ရစ်စေမယ့်ဇာတ်ကားကောင်းတစ်ကားပါ

#သည်းထိတ်ရင်ဖို #လျှို့ဝှက်ဆန်းကြယ် #ဇာတ်လမ်းမပေါက်ပါ #ရုပ်ရှင်သုံးသပ်ချက်

19/08/2025

နာမည်ကျော် Barbarian" ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်
တာရဲ့လက်ရာ😉

သာမန်မြင်တွေ့နေကြတဲ့ Horror ကားမျိုးမဟုတ်ဘဲ ဆန်းသစ်ထားတဲ့ ဇာတ်လမ်းပုံစံကြောင့် ပထမမိနစ်ကတည်းက စိတ်ဝင်စားစရာကောင်းနေအောင်ဆွဲဆောင်ထားနိုင်ပါတယ်

ကျောင်းတစ်ကျောင်းမှာ Justin လို့ခေါ်တဲ့ဆရာမအတန်းထဲက ကလေး တွေရုတ်တရက်ပျောက်ဆုံးမှုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး

ဇာတ်ကောင် ပေါင်းစုံရဲ့ ရှုထောင့်အမျိုးမျိုးကို ဖြည်းဖြည်းချင်း ဖော်ပြသွားတာက ဇာတ်ကားရဲ့အနှစ်လို့တောင်ပြောလို့ရပါတယ်

ဒီလို ဖော်သွားရင်းနဲ့မှ တစ်ခုပြီးတစ်ခု အဖြေတွေ ပေါ်လာတဲ့အခါ ကြောက်စရာကောင်းပြီး ထိတ်လန့်စရာကောင်းတဲ့ အလှည့်အပြောင်းတွေ ကို တွေ့ရမှာပါ

တချို့နေရာတွေမှာ အသည်းအသန် ကြောက်ရသလို၊ တချို့နေရာတွေမှာလည်း မမျှော်လင့်တဲ့ ဟာသဇာတ်ဝင်ခန်းလေးတွေနဲ့ ခံစားချက်တမျိုးတဖုံပြောင်းလဲစေမှာပါ

နောက်ဆုံး အချိန်ထိ ဘာဖြစ်မယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းရခက်တာကြောင့် အဆုံးထိ မျက်တောင်မခတ်တမ်း ကြည့်ရမယ့်ဇာတ်ကားပါ😉

🎬 🧠

18/08/2025

အိမ်အသစ်တစ်လုံးကို ပြောင်းရွှေ့လာပြီးနောက်မှာ ထိတ်လန့်ခြောက်ခြားစရာ အဖြစ်ဆိုးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့ မိခင်နဲ့ သူ့သမီးနှစ်ယောက်

နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ အဲဒီအိမ်ဟောင်းကို ပြန်လာတဲ့အခါမှာတော့ လွန်ခဲ့တဲ့ နှစ်တွေက အိပ်မက်ဆိုးတွေဟာ အသက်ဝင်လာပြန်ပါတော့တယ် ❗❗

ဇာတ်ကောင်တွေရဲ့ အတွေးထဲမှာ ရှိနေတဲ့ စိတ်ခြောက်ခြားမှုတွေဟာ ရုပ်ရှင်ကြည့်သူကိုပါ မွန်းကျပ်စေတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ကားမို့ ကြည့်ကိုကြည့်သင့်တယ်နော် 👻

ဒီဇာတ်ကားကို နာမည်ကျော်ပြင်သစ် Horror ဒါရိုက်တာ Pascal Laugier က ရိုက်ကူးထားတာဖြစ်ပြီး

ဝုန်းဒိုင်းထခြောက်တာ ထက် စိတ်ပိုင်းဆိုင်ရာကိုလှိုက်စားစေတဲ့ခြောက်ခြားမှုတွေကို ပိုအသားပေးထားတာဖြစ်ပါတယ် 😱

ကြည့်ပြီးရင် ခဏခဏ ပြန်စဉ်းစားမိပြီး ထိတ်လန့်စရာကောင်းတဲ့ ခံစားချက်တွေရရှိသွားနိုင်တာမို့ အခုပဲ ကြည့်လိုက်ပါ 😉

👇မူဗွီလင့်ခ် ကောမန့်မှာကြည့်👇

17/08/2025

မက္ကဆီကိုနိုင်ငံကနေ အမေရိကန်ကို အနာဂတ်အိပ်မက်တွေနဲ့ ရွှေ့ပြောင်းလာတဲ့ မိန်းကလေးတစ်ယောက်

တရားမဝင်နေထိုင်သူဖြစ်နေတော့ အလုပ်လုပ်ဖို့ ခက်ခဲတဲ့အခါမှာ သူမက အိမ်ဟောင်းကြီးတစ်ခုမှာ နေစရာရှာပြီး ဝင်နေလိုက်ပါတယ်

အဲဒီအိမ်ထဲ ရောက်ပြီးနောက်ပိုင်းမှာတော့ သူမတစ်ယောက်တည်းမဟုတ်ဘဲ ထူးဆန်းတဲ့အရာတွေ၊ ကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေကို တွေ့ကြုံရပါတော့တယ် 😱

ဒီဇာတ်ကားရဲ့ အကောင်းဆုံးအချက်ကတော့

👉လူတစ်ယောက်ရဲ့ ပိတ်မိနေတဲ့ စိတ်ခံစားချက်

👉ဘဝမှာ ရွေးစရာလမ်းမရှိတော့တဲ့ ဖိအားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရုန်းကန်ရပုံကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာပါပဲ

စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေက ရုပ်ရှင်ကြည့်သူကိုပါ မွန်းကြပ်စေတဲ့အထိကို ဆွဲဆောင်မှုရှိနေပြန်ပါတယ် 👻

ဒီဇာတ်ကားကနာမည်ကြီး စာရေးဆရာ Adam Nevill ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်

ခံစားချက်ပြင်းပြင်းနဲ့ စိတ်ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို လက်မလွှတ်သင့်ပါဘူးနော် 😉

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่

Chiang Rai