Mae Fah Luang Agency, Valuverse
30/06/2026
📣 MFU 2/2026 (January Intake) အတွက်ကျောင်းလျှောက်လက်ခံပါပြီ။
🗓 Application Period
1st Round: 1-31 July 2026
2nd Round: 1-31 August 2026
3rd Round: 1-30 September 2026
4th Round: 1-31 October 2026 အတွင်းကျောင်းလျှောက်နိုင်ပါသည်။
✅ Result ကို
1st round: 11 August 2026
2nd round: 11 September 2026
3rd Round: 14 October 2026
4th Round: 10 November 2026 မှာကြေညာမှာဖြစ်ပါသည်။
🗓 4 January 2027 တွင် Semester စပါမည်။
✅ 2/2026 January Intake အတွက် အောက်ပါမေဂျာများကိုသာလက်ခံပါသည်။
▪️Environmental Health (5 ဦး)
▪️Business Administration (50 ဦး)
▪️Tourism Business and Events (30 ဦး)
မှတ်ချက်။ ။ လူဦးရေကန့်သတ်ထားသဖြင့် Major လူပြည့်နိုင်သည်။ Major တစ်ခုတည်းသာ လျှောက်ခွင့်ရှိသည်။
📎 MFU (Bachelor's Degree အတွက်) ကျောင်းလျှောက်ရန်လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများ
1. Passport (PV or PE)
2. အထက်တန်းအောင်လက်မှတ် (အောက်ဖော်ပြပါ System များထဲမှာ တစ်ခုသာလိုအပ်ပါသည်)
3. အထက်တန်းအမှတ်စာရင်း (အောက်ဖော်ပြပါ System များထဲမှာ တစ်ခုသာလိုအပ်ပါသည်)
4. Statement of Study Purpose (A4 တစ်မျက်နှာ)
5. English Language Requirements
- IELTS 5 (or)
- TOEFL IBT 35 (or)
- TOEFL ITP (Institutional Testing Program) 337 (or)
- TOEIC 400 (or)
- Placement Test 60%
မှတ်ချက်။ ။အထက်ပါ English Language Requirements များသည် မရှိမဖြစ်မဟုတ်ပါ။ မရှိပါက ကျောင်းကိုအရင်လျှောက်ပြီး ကျောင်းကလက်ခံလျှင် ကျောင်းမဖွင့်ခင် ၁ လ ဝန်းကျင် ကျောင်း၏ English placement test ကို online ဖြင့်ဖြေဆိုနိုင်ပါသည်။ Test Fee 500 Baht ဖြစ်ပြီး အောင်မှတ် 60% အထက်ရှိရပါမည်။
📎 Mae Fah Luang University မှ အောက်ပါ High School System များကို လက်ခံပြီး ကျောင်းလျှောက်ရန်အတွက် System တစ်ခုသာလိုအပ်ပါသည်။
(၁) Myanmar System
- စနစ်ဟောင်း ၁၀ တန်း အောင်လက်မှတ် နှင့် အမှတ်စာရင်း (Notary) (သို့မဟုတ်)
- စနစ်သစ် ၁၂ တန်း အောင်လက်မှတ် နှင့် အမှတ်စာရင်း (Notary) (သို့မဟုတ်)
- High School Completion Certificate and Transcript (in English or Notary)
(၂) American System
- GED Certificate and Transcript
Note: 2017 May လမတိုင် ဖြေဆိုထားသော GED ရမှတ်သည် တစ်ဘာသာချင်းအတွက် အနိမ့်ဆုံးရမှတ် ၄၁၀ မှတ်နှင့် Total Score 2,250 နှင့်အထက်ရှိရမည်။ 2017 May လနောက်ပိုင်း ဖြေဆိုထားသော GED ရမှတ်သည် တစ်ဘာသာချင်းအတွက် အနိမ့်ဆုံးရမှတ် ၁၄၅ မှတ်ရှိရပါမည်။
(၃) British System
- GCE A level Certificate and Transcript with grade results A*-E on at least 3 subjects (သို့မဟုတ်)
- LRN International A Levels Certificate and Transcript with Grades A*-E (သို့မဟုတ်)
- Cambridge Pre-U certificate Certificate and Transcript with grade result M1 or D1-D3 on at least 3 subjects
(၄) New Zealand System
(၅) International Baccalaureate (IB)
(၆) Business And Technology Education Council (BTEC)
📥 High School System အမှတ်စဉ် (၄) မှ (၆) အထိအပါအဝင် အခြားသောအသေးစိတ်အကြောင်းအရာများ သိရှိလိုသည်ဖြစ်စေ၊ ကျောင်းလျှောက်လိုသည်ဖြစ်စေ Page Messenger သို့ဆက်သွယ်နိုင်ပါသည်။
📮 Admin Personal Acc ထံသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
Link - https://www.facebook.com/profile.php?id=100011377288857&mibextid=2JQ9oc
💵 ကုန်ကျစရိတ် (Bachelor program)
https://www.facebook.com/101764564902202/posts/458740509204604/
🤷♂️Mae Fah Luang University ကို ဘာကြောင့်ရွေးသင့်သလဲ?
https://www.facebook.com/101764564902202/posts/410461494032506/
10/06/2026
𝐌𝐚𝐞 𝐅𝐚𝐡 𝐋𝐮𝐚𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐌𝐅𝐔) မှ 𝐏𝐡.𝐃. 𝐏𝐫𝐨𝐠𝐫𝐚𝐦 အသစ်ဖွင့်လှစ်ခြင်း 📣
Mae Fah Luang တက္ကသိုလ်၏ 2026 စာသင်နှစ် MFU 1/2026 August Intake အတွက် Ph.D. Program အသစ်ဖြစ်သော Doctor of Philosophy Programme in Health and Biomedical Analytics (Plan - 1.1, 1.2, 2.1) Program အသစ်အတွက် လျှောက်လွှာများကို လက်ခံနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
📅 Application Period
▪️ယခုမှစတင်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့အထိ
📥 MFU 1/2026 August Intake Admission နှင့်ပတ်သက်၍ အသေးစိတ်သိလိုလျှင်ဖြစ်စေ၊ ကျောင်းလျှောက်လိုလျှင်ဖြစ်စေ၊ Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။
📮 Admin Personal Account ထံသို့လည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
Link - https://www.facebook.com/share/1CVARBSipx/?mibextid=wwXIfr
17/03/2026
Mae Fah Luang University (MFU) ရှိ MFU Myanmar Christian Community ခရစ်ယာန်လူငယ်များ Fund Raising အတွက် စျေးရောင်းချသွားမည်ဖြစ်၍ လာရောက်အားပေးနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်ခင်ဗျ။
“ကြိုက်မှစား မမေရီရဲ့ မာလာအမှုန့်နဲ့ကြက်ခြေထောက်"
Hello 👀
ဒီအပတ် စနေနေ့လေးမှာ ကျွန်မတို့ MCC က worship service အနေနဲ့မဟုတ်ပဲ UTS ပွဲလေးမှာ Foodbooths လေးနဲ့ ရှိနေမှာဖြစ်ပါတယ်ရှင်။
အားလုံးကြိုက်ကြတဲ့ ရှယ်ကြက်ခြေထောက်မာလာထုံစပ်လေးကို ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ ရိုးရိုးကြက်ခြေထောက်မာလာမဟုတ်ပဲ "ကြိုက်မှစား မမေရီ မာလာအမှူန့်" လေးနဲ့ ရှယ်သုပ်ထားတဲ့ ကြက်ခြေထောက်မာလာလေးပါနော်။
ကျွန်မတို့ MCC မောင်နှမများကနေ ချစ်ခြင်းမေတ္တာအပြည့်နဲ့ပြုလုပ်ထားပြီး သန့်ရှင်းလတ်ဆတ်စွာဖြင့် အရသာထိမိနေတဲ့ ရှယ်ကြက်ခြေထောက်မာလာလေးကတော့ ပွဲကြီးနဲ့ ပွဲသေးဆိုပြီး နှစ်မျိုးရရှိနိုင်မှာပဲဖြစ်ပါတယ်။
🍗 ပွဲသေး : ၅၉ ဘတ်
🍗 ပွဲကြီး : ၈၉ ဘတ်
နဲ့ ရောင်းချပေးသွားမှာပါ။
ဒါ့အပြင် သုံးဘူးနဲ့အထက်ဝယ်ယူအားပေးမယ်ဆိုရင်
🍗 ပွဲသေး : ၅၅ ဘတ်
🍗 ပွဲကြီး : ၈၅ ဘတ်
နဲ့ special discount လေးလည်း ရှိပါမယ်နော်။
ကယ် ညွှန်းနေတာလည်းအရမ်းများနေပြီဆိုတော့ တကယ်လို့ စားချင်တယ်ဆိုရင် လာမယ့် 21 ရက်နေ့မှာ ကျွန်မတို့ရဲ့ MCC Foodbooths လေးကို လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်
ရှင်။
⚠️ အရေအတွက် အကန့်အသတ်လေးရှိလို့ တကယ်လို့ ကုန်သွားမှာစိုးရိမ်ရင်တော့ အော်ဒါလေးလည်းကြိုတင်ထားလို့ရပါတယ်နော်။
For preorder👇🏻
https://forms.gle/DESCGt1juDHDywJ66
14/03/2026
Mae Fah Luang တက္ကသိုလ်၏ Class of 2024 ဘွဲ့နှင်းသဘင်အခမ်းအနား အမှတ်တရပုံရိပ်များ 🎓
📸 Genesis - Photography
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 09:00 - 17:00 |