The Protector
04/04/2026
🕢 ဒီနေ့ည Live ရှိတယ်နော် 😍
🎫 လက်မှတ်ဝယ်ချင်လည်းရတယ်။ အမောပြေ သီချင်းလေးတွေလည်း နားထောင်ရတယ်။ Live က တကယ်ပျော်စရာကောင်းတယ်။ မျှော်နေမယ် ဆက်ဆက်လာခဲ့ကြနော် 😘
မြန်မာစံတော်ချိန် ၇နာရီခွဲ၊ ထိုင်းစံတော်ချိန် ၈နာရီမှာ ဆရာ Pho Thagyan Account ကနေ Live လွှင့်ပါ့မယ်ရှင် 🥰
#မြန်မာဇာတ်ပွဲကြည့်ရအောင်
#ဇာတ်ပွဲ
#အောင်ဆန်းမျိုးဆက်ရန်ပုံငွေပွဲ
🍀💙 ဆိုင်းဆရာ ဆရာဖိုးသင်္ကြန်နဲ့ CDM မင်းသမီး ဆရာမစန်းနီလာဝင်းတို့က "မြန်မာဇာတ်ပွဲကြည့်ရအောင်" အစီစဉ်လေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်...
💃 တော်လှန်အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေထားတဲ့ "မြန်မာဇာတ်ပွဲကြီး" ကြည့်ရဖို့လည်း နီးကပ်လာပါပြီရှင်...
🗓️ ပွဲကြည့်ရန် တပတ်သာ လိုတော့တာမို့ လက်မှတ်လေးတွေ အပြေးလေး လာဝယ်ထားဖို့ ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်ရှင်...
#မြန်မာဇာတ်ပွဲကြည့်ရအောင်
#ဇာတ်ပွဲ
#အောင်ဆန်းမျိုးဆက်ရန်ပုံငွေပွဲ
03/04/2026
🍀🤍 “ပြည်သူ့အနုပညာရှင်သည် ပြည်သူ့ဘက်ကသာ ရပ်တည်မြဲ”
🙆 "မြန်မာဇာတ်ပွဲကြည့်ရအောင်" Project မှာ အနုသုခုမ ပညာရပ်တွေနဲ့ အားဖြည့်ပါဝင်မည့်သူကတော့ Five Starရဲ့ ခေါင်းဆောင်မင်းသမီး ဝါဝါလှိုင်ပဲ ဖြစ်ပါတယ်။
👰 "အနုသုခုမ" ဆိုတာဟာ နူးညံ့သိမ်မွေ့တဲ့ အနုပညာရပ်ကို ဆိုလိုခြင်း ဖြစ်သော်လည်း၊ ယနေ့ခေတ်တွင် ထိုနူးညံ့မှုသည် ပြည်သူ့ဘက်က ရပ်တည်သည့်အခါ ခိုင်မာထက်မြက်သည့် အင်အားတရပ် ဖြစ်လာပါတယ်။
👰 “အမျိုးသမီးတယောက်ရဲ့ နေရာဟာ အိမ်တွင်းမှာတင် မဟုတ်ပါဘူး။ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ နေရာတိုင်းမှာလည်း ဖြစ်ပါတယ်။” ဆိုတဲ့ မာလာလာ(Malala Yousafzai) ရဲ့စကားလိုပါပဲ - -မင်းသမီးကြီး ဝါဝါလှိုင်ဟာ တော်လှန်ရေးခရီးကြမ်းတွေထဲမှာ အမျိုးသမီးတဦးအနေနဲ့ ရပ်တည်ရင်း၊ အမျိုးသမီးတွေဟာလည်း တော်လှန်ရေးရဲ့ အဓိကမောင်းနှင်အား ဖြစ်နိုင်ကြောင်း၊ အနုပညာအားဖြင့်လည်း တိုက်ပွဲဝင်နိုင်ကြောင်း ပြသနေသူ ဖြစ်ပါတယ်။
💃 “မြန်မာဇာတ်ပွဲကြည့်ရအောင်” Project လေးမှာ မင်းသမီးကြီး ဝါဝါလှိုင်ရဲ့ ကပြဖျော်ဖြေမှုကို ကြည့်ရှုရင်း၊ အနုပညာ၏ စွမ်းအားကိုသာမက၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို မြတ်နိုးသော အမျိုးသမီးတဦး၏ နှလုံးသားကိုပါ ခံစားရစေမှာဖြစ်ပါတယ်။
🍀🤍 တော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုရင်း၊ သူမရဲ့ အနုသုခုမ ဖျော်ဖြေမှုကို ကြည့်ရှုအားပေး ကြရအောင်လားခင်ဗျာ...
03/04/2026
💛 ရိုးရာအနုပညာကိုလည်း မြတ်နိုးတယ်၊ တော်လှန်ရေးကိုလည်း အားဖြည့်ချင်တယ်ဆိုရင်တော့ ဒီပွဲလေးက လုံးဝ လက်လွှတ်ခံလို့မဖြစ်တဲ့ ပွဲတခုပါဗျာ။
🌼💛 CDM မင်းသား ရန်ငြိမ်းသူ ရဲ့ တဖိတ်ဖိတ်တောက်နေတဲ့ ရွှေရောင်ဝတ်စုံတွေဟာ အခွင့်ထူးခံဖို့မဟုတ်ဘဲ တော်လှန်ရေးအတွက် အလင်းရောင်ဖြစ်ဖို့ ဝတ်ဆင်ထားတာပါ။ အားလုံးအတွက် အလင်းပေးမယ့် မင်းသားလေး ရန်ငြိမ်းသူရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ စောင့်မျှော်ကြရအောင်နော် 🫶
💃 ပွဲကြည့်ရတာ ဝါသနာပါတဲ့ ပရိသတ်တွေအတွက်ရော၊ တော်လှန်ရေးကို အားဖြည့်ချင်သူတွေအတွက်ပါ တချက်ခုတ် နှစ်ချက်ပြတ်မယ့် အခွင့်အရေးဗျို့.....
03/04/2026
🤍🍀 မြန်မာ့ယဉ်ကျေးမှု အကအလှဆိုတာ မြန်မာတို့ရဲ့ မာန်ဖြစ်သလို၊ မတရားမှုကို တွန်းလှန်တဲ့နေရာမှာလည်း ဒီအနုပညာတွေဟာ လက်နက်တခု ဖြစ်ပါတယ်။
💃 ဝါရင့်မင်းသမီး တလက်ဖြစ်တဲ့ မင်းသမီးကြီး သက်ထားခင်ရဲ့ လှပကျော့ရှင်းတဲ့ ဟန်ပန်တွေနဲ့ စိတ်ဓာတ်ဟာ ပြည်သူ့အတွက်ဆိုတာ ဘယ်လောက်တောင် ထင်ရှားလိုက်သလဲဗျာ
💃 ဒီကဟန်နဲ့ တော်လှန်ရေးရံပုံငွေအတွက် အားဖြည့်ပေးဖို့ အသင့်ဖြစ်နေတဲ့ မင်းသမီး သက်ထားခင်ကို အားပေးကြရအောင်နော် 🫶
ဆိုတော့...
🙆 ကျွန်တော်တို့နဲ့အတူ အလှပဆုံးသော ကပြဖျော်ဖြေမှုတွေကို စောင့်မျှော်ကြည့်ရှု့ပေးကြပါဦးခင်ဗျာ...
03/04/2026
🍀🤍 တော်လှန်ရေးဆိုတာ လက်နက်ကိုင်မှမဟုတ်ပါဘူး ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့လည်း တိုက်ပွဲဝင်လို့ရတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အငယ်ဆုံးမင်းသားလေး သားအောင်ဆက် က သက်သေပြတော့မှာပါ။
🍀🤍 မြန်မာ့ရိုးရာ ကကြိုးကကွက်တွေကို စနစ်တကျနဲ့ ကျကျနန ဖျော်ဖြေပေးမယ့်အပြင်၊ တော်လှန်ရေးအတွက်ပါ ရံပုံငွေရှာဖွေပေးမယ့် ပွဲလေးပါခင်ဗျာ။
✨ ဘာကြောင့် ကြည့်သင့်လဲ?
1️⃣ ရိုးရာယဉ်ကျေးမှုရဲ့ အလှတရားကို ခံစားရမယ်။
2️⃣ ပြည်သူ့ဘက်တော်သား အနုပညာရှင်တွေကို ဝန်းရံနိုင်မယ်။
3️⃣ မိမိတို့ရဲ့ ပါဝင်မှုကနေ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေမယ်။
ဆိုတော့...
🌜မွန်းကြပ်လွန်းလှတဲ့ ဒီကာလတွေမှာ ခဏတာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ဘောင်တွေရဲ့အပြင်ဘက်ကို လှပတဲ့ အနုပညာတွေကြည့်ရှု့ခံစားရင်း ဖောက်ထွက်ကြရအောင်လားဗျာ 🫶🍀
01/04/2026
"အနုပညာသစ္စာကို ပြည်သူ့အတွက် အရင်းတည်ထားတဲ့ CDM အနုပညာရှင်များရဲ့ ဖျော်ဖြေပွဲ
✨ တခေတ်တခါက လွမ်းမောစရာ ဇာတ်ခုံအလှတွေ၊ ဆိုင်းသံဗုံသံတွေကို ပြန်လည်ကြည့်ရှု့ခွင့်ရမည့် "စစ်မှန်တဲ့ အနုပညာရှင်"များစွာရဲ့ တော်လှန်ဘဘင်ပွဲကြီးကို မကြာခင် မြင်တွေ့ရတော့မှာပါခင်ဗျာ။
🍀💙 မိသားစု၊ ဘဝနဲ့ အောင်မြင်မှုတွေကို နောက်မှာထားပြီး CDM အနုပညာရှင်များ အဖြစ် ပြည်သူ့ဘက်က ရပ်တည်ပေးနေတဲ့ "အနုပညာရဲ့ စစ်မှန်တဲ့ တန်ဖိုး" ကိုပါ တပါတည်း မြင်တွေ့ရမှာပါ။
💃 မြန်မာ့ယဉ်ကျေးမှု အနုပညာရဲ့ အနှစ်သာရကို အပြည့်အဝပေးမယ့် ဇာတ်ပွဲ။ အနုပညာရှင်တွေဟာ ပြည်သူ့စကားကို အနုပညာနဲ့ ပြောကြမယ့်ဇာတ်ပွဲကြီး...
🙆 "မြန်မာဇာတ်ပွဲကြည့်ရအောင်" ဇာတ်ပွဲကြီးကို ကြည့်ရှု့နိုင်ဖို့ လက်မှတ်တွေကို ဝယ်ယူလို့ရပါပြီ ခင်ဗျာ။
✅ ၅ ရက်၊ ဧပြီလ ၂၀၂၆: Online ပွဲကို Telegram private channel မှ တော်လှန်ပြည်သူတွေက ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။
ဆိုတော့...
✨ ရိုးရာမပျက် အနုပညာအင်အားတွေနဲ့အတူ ရှေးမူမပျက် တင်ဆက်မှုတွေကို ကြည့်ရှုခံစားနိုင်ဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။
#မြန်မာဇာတ်ပွဲကြည့်ရအောင်
#ဇာတ်ပွဲ
ုပညာရှင်များ
#ဖျော်ဖြေပွဲ
#အောင်ဆန်းမျိုးဆက်ရန်ပုံငွေပွဲ
သခင်
cover by Tauk Tee
#သခင်
#စောခူဆဲ
#ဆုန်သင်းပါရ်
19/06/2025
ချစ်တယ် ရှစ်ဆယ် 💙
အသက်ရှည်ကျန်းမာပါစေ အမေ🙏
Photo crd
22/02/2025
အောင်ဆန်းမျိုးဆက်ရဲ၊ဘော်တို့ ကျ၊ည်ကာဆင်ဖို့ ပြုလုပ်တဲ့ The Protector Campaign မှ ထောက်ပို့ငွေ စုစုပေါင်း 53,863,620 ကျပ် (ငါးရာသုံးဆယ့်ရှစ်သိန်းခြောက်သောင်းသုံးထောင့်ခြောက်ရာ့နှစ်ဆယ်ကျပ်) ရရှိပါတယ်ခင်ဗျာ။
မျှော်မှန်းတားဂတ်ဖြစ်တဲ့ $60,000 မှာ $12,000 ရရှိတာမို့ ရာနှုန်းအားဖြင့် 19.94% ရရှိခဲ့ပါတယ် ခင်ဗျာ။
ကမ်ပိန်းမှ ရရှိငွေနဲ့ ကျ၊ည်ကာ (၃၁) စုံစာသာ ဖြည့်နိုင်လိုက်ပါတယ်။ ကျ၊ည်ကာ အစုံရေ (၁၀၀) ဝယ်ယူထားမို့ အကြွေးအများကြီး တင်သွားပါတယ်။
ကမ်ပိန်းလေး ရပ်လိုက်ပြီဆိုပေမယ့် ကျ၊ည်ကာဖိုး ပေးချေရန် အကြွေးအများကြီး ကျန်သေးတာမို့ နိုင်သလောက်အားနဲ့ ကူကြပါဦးနော်။ စုပေါင်းအားနဲ့ ဘာမဆိုဖြစ်နိုင်ပါတယ် ခင်ဗျာ။
ရဲ၊ဘော်အားလုံး ရှေ့တန်းရောက်နေတဲ့အတွက် ကမ်ပိန်းကာလအတွင်း Live, Event, Entertain ဖြစ်စေတဲ့ အစီအစဉ်တွေ မထည့်နိုင်တဲ့အတွက် အားလုံးကို အားနာရပါတယ် ခင်ဗျာ။ အောင်ဆန်းမျိုးဆက် ရဲ၊ဘော်တို့က ရှေ့တန်းမှာ တိုက်၊ပွဲဝင်နေပါတယ်။ ကိုယ့်လူတို့က နောက်တန်းမှ နိုင်ရာဝန်ထမ်းကူရင်း အားဖြည့်ပေးကြပါဦး ခင်ဗျာ။
The Protector ကျ၊ည်ကာကမ်ပိန်းမှာပါဝင်ပေးကြတဲ့၊ ကျွန်တော်တို့ကို ခွန်အားကိုယ်စီ ပေးကြတဲ့ ထောက်ပို့ (တော်လှန်ပြည်သူ) အားလုံးနဲ့ ကမ်ပိန်းကြေညာပေးခဲ့သော မ Hazel’s Lifestyle ၊ တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ မ Chit Thu Wai ၊မ Myat Noe Aye - မြတ်နိုးအေး၊ ကို Khar Ra တို့အားလုံး၊ ဝိုင်းကူပေးကြတဲ့ အယောက်စီတိုင်းနှင့် အားအပြည့်ဖြင့် ကြိုးစားပေးပါသော The Protector Team မှ အဖွဲ့သားအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။
ရဲ၊ဘော်တို့အတွက် အသက်ကယ်ဖြစ်တဲ့ ကျ၊ည်ကာ ကူပေးကြသူ အားလုံး အားလုံးနှင့် ကမ်းပိန်းလေးမှာ ဝိုင်းဝန်းတွန်းပေးကြသူ အားလုံးကို နှစ်နှစ်ကာကာကျေးဇူးတင်ပါတယ် ခင်ဗျာ။
15/02/2025
The Protector Campaign ကနေ ကံထူးသွားတဲ့ ကံထူးရှင် (၁၀)ဦးရဲ့ ပေါက်မဲ နံပါတ်တွေပါ ခင်ဗျာ🤗
ပုံ (၁)ပုံချင်းစီတိုင်းမှာ Caption တွေ ရေးထားပါတယ် ခင်ဗျာ🥰
ကျနော်တို့ The Protector Campaign ရဲ့ ကူညီပါဝင်သူများခင်ဗျ ကျနော်နယ်ဘက်ကနေ Live လွှင့်ဖို့ အခက်အခဲလေးဖြစ်နေတာကြောင့် Live လေး နောက်ကျမည့်အကြောင်း ကြေငြာပါရစေဗျာ🙏🙏🙏🙏🙏 Live လွှင့်ဖို့ အစောကြီးကတည်းက စောင့်နေပေးခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ🙏🙏🙏
คลิกที่นี่เพื่อเป็นสมาชิก?