Myanmar Motorgraph
21/10/2025
Toyota Land Cruiser FJ (500D)
SUV/PPV based on Hilux IMV platform
2.7 liter gasoline
163 horsepower
6AT - 4WD.
28/06/2025
https://www.facebook.com/share/1C2MBDLRZQ/
YU7 ဟာ အမှာစာဖွင့်ပြီး ၃ မိနစ်အတွင်းမှာ အစင်းရေ ၃ သိန်းရောင်းချခဲ့ရပြီး ဒီရောင်းအားဟာ သူ့ရဲ့ ပထမ EV ဖြစ်တဲ့ SU7 sedan ၁၄ လတာရောင်းအားထက်ပိုများပါတယ်။
ဖုန်းလောကမှာ တစ်ရှိန်ထိုးအောင်မြင်လာခဲ့တဲ့ Xiaomi က သူ့ရဲ့ Automibile industry ဒုတိယခြေလှမ်းကို လှမ်းခဲ့ပါပြီ။ YU7 mid sized family SSUV ပါ။ SU7 sedan ကို မိတ်ဆက်ပြီး ၁ နှစ်အကြာမှာ YU7 ကို မိတ်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ Specification တွေနဲ့ စျေးနှုန်းထုတ်ပြရင်း ရောင်းချခဲ့ပါပြီ။
မိတ်ဆွေအနေနဲ့ တရုတ်ကားကြီးပါဆိုပြီး အထင်သေးရင်သေးသွားမှာပါ။ Xiaomi ဖုန်းစရောင်းခဲ့စဉ်ကလည်း တရုတ်ဖုန်းကြီးပါကွာဆိုပြီး အထင်သေးခဲ့ကြပေမယ့်လည်း အချိန်ကာလကြာမြင့်လာတဲ့အခါ Price to Performance ဖြစ်တယ်ဆိုပြီး လက်ခံလာကြပြီး အခုဆို Xiaomi မှ Xiaomi ဖြစ်နေကြသူတွေများနေပါပြီ။
YU7 စတင်မိတ်ဆက်စဉ်က Ferrari Purosangue နဲ့တူတယ်လို့ လူပြောများခဲ့ကြပါသေးတယ်။ ဒါပေမယ့် ရုပ်ထွက်ပိုင်း ဆင်သယောင်ရှိပေမယ့် YU7 မှာ ကိုယ်ပိုင်ဟန်တွေ ပိုင်ဆိုင်ထားပါတယ်။
YU7 က mid-szed SUV ၁ စင်းအဖြစ်ပွဲထွက်လာခဲ့တာဖြစ်ပြီး Brembo ဘရိတ်ကလစ်တွေ၊ ရှေ့ဘက်တည်ဆောက်ပုံဒီဇိုင်းတွေ၊ ရှေ့ဘီးနောက်ဘက်က လေထွက်ပေါက်တွေ၊ Spoiler တွေ နဲ့ နောက်ဘက် diffuser တွေက Sporty ဆန်တဲ့ အရသာကိုအပြည့်အ၀ပေးစွမ်းမှာပါ။
အတွင်းခန်းအပြင်အဆင်မှာတော့ Sporty ဆန်မှုထက် Family Forcus အဖြစ်တည်ဆောက်ပေးထားတာကို တွေ့ရပါတယ်။ ရှေ့ဘက် Windshield အောက်ခြေမှာ 43.3 ultrawide display ကို ထည့်သွင်းပေးထားပြီး Dashboard အလယ်မှာတော့ 16 လက်မအရွယ် LCD display ကြီးလည်း ပါရှိဦးမှာဖြစ်ပါတယ်။ နောက်ခန်းအတွက်လည်း LCD display ၂ ခုထည့်သွင်းပေးထားပါတယ်။ ရှေ့ဘက်ခုံတွေက queen seat တွေဖြစ်ပြီး နောက်ဘက်ခုံတွေကလည်း နောက်ကို ၁၃၅ ဒီဂရီလောက်လှန်လို့ရတာဖြစ်တဲ့အတွက် ခရီးဝေးတွေအတွက် သက်တောင့်သက်သာစီးနင်းနိုင်မှာပါ။
YU7 ကို entry level YU7၊ YU7 Pro နဲ့ YU7 Max ဆိုပြီး ရောင်းချသွားမှာဖြစ်ပြီး entry level YU7 မှာတော့ 235kW (316 hp) လျှပ်စစ်မော်တာ ၁ လုံး၊ 96.3 kWh battery တပ်ဆင်ပေးထားပါတယ်။ YU7 Pro နဲ့ YU7 Max တို့ကတော့ Dual Motor AWD စနစ်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
YU7 Pro က 365 kw( 489 hp )၊ YU7 Max ကတော့ 508 kW ( 681 hp) စွမ်းဆောင်ရည်အသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။
YU7 က ၅၁၉ မိုင် ( ၈၃၅ ကီလိုမီတာ)၊ YU7 Pro က ၄၇၂ မိုင် (၇၆၀ ကီလိုမီတာ) rage ရှိတဲ့အတွက် စိတ်ကျေနပ်စရာ range ရတယ်လို့ဆိုရမှာပါ။ YU7 Max မှာက 101.7 kWh battery Pack တပ်ဆင်ပေးထားပြီး ၄၇၈ မိုင် (၇၇၀ ကီလိုမီတာ) ထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
DC charger နဲ့ အားသွင်းမယ်ဆိုရင် 10-80% ကို ၁၂ မိနစ်နဲ့ ပြန်လည်ဖြည့်သွင်းနိုင်ပြီး ၁၅ မိနစ်အားသွင်းရုံနဲ့ ၃၈၅ မိုင် (၆၂၀ ကီလိုမီတာ) ထိ မောင်းနှင်နိုင်မယ်လို့ ဆိုထားပါတယ်။
YU7 မှာ ယာဉ်မောင်းနှင်မှုစနစ်အတွက် ဘေးကင်းလုံခြုံရေးစနစ်တွေလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒီလို Specification တွေနဲ့ ကားတစ်စင်းရဲ့ တန်ဖိုးက ဒေါ်လာ ၄၄,၇၀၀ အောက်မှာပဲ ဖြစ်တဲ့အတွက် Price to Performance ရတယ်လို့ ဆိုနိုင်ပါတယ်။
YU7 ရဲ့ အချက်အလက်တွေအရတော့ Price to Performance ဖြစ်တယ်ဆိုနိုင်ပေမယ့် ရေရှည်မှာတော့ ဘယ်လောက်ထိ reliable ဖြစ်တယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ကားချစ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ရုပ်ထွက်နဲ့ အတွင်းခန်းအသေးစိတ်ကိုတော့ ဒီ video လေးမှာ ကြည့်နိုင်ပါတယ်....
https://youtu.be/e6A3LVRdeYM
02/06/2025
31/05/2025
Toyota Land Cruiser FJ (500D) ကို နှစ်ကုန်ပိုင်း လောက်မှာမြင်တွေ့ရဖွယ်ရှိပြီး ထိုင်းမှာ ထုတ်မည်
Toyota ကနေ Land Cruiser FJ (Development project Code Name - 500D) ကို စတင်ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး လာမယ့် 2025 ခုနှစ်ကုန်ပိုင်းလောက်မှ စတင် တွေ့မြင်ကနိုင်ဖွယ်ရှိပါတယ်။ အဆိုပါ FJ(500D) ကို ပြီးခဲ့တဲ့ Februaryလ 17 ရက် နေ့တုန်းက ထိုင်းနိုင်ငံရှိ Ministry of Commerce ရဲ့ Department of Intellectual Property မှာ တရားဝင် trademark မှတ်ပုံတင်ခဲ့ပြီး "Land Cruiser FJ" ဆိုသော အမည်ဖြင့် ကမ္ဘာတဝှမ်းရောင်းချသွားမယ်လို့ သိရပါတယ်။ Land Cruiser FJ ကို အရှေ့တောင်အာရှဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်နေတဲ့ Hilux Champ ရဲ့ IMV-0 platform ပေါ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး 5ယောက်စီး SUV အဖြစ်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
စက်ပိုင်းဆိုင်ရာ အနေနဲ့ 2.7 liter 2TR-FE အမျိုးအစား inline 4 cylinders (2,694 cc) gasoline engine ကို 6-speed Automatic Transmission ကို RWD layout ဖြင့်ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး၊ စွမ်းဆောက်ရည်အားဖြင့် 166 hp / 245 Nm torque ထွက်ရှိမှာ ဖြစ်ကာ optional အနေနဲ့ 4-wheel drive model ကို Full-Time 4WD နဲ့ ထုတ်လုပ်ရောင်းချနိုင်ပါတယ်။
Land Cruiser FJ ကို လာမယ့် 2025 October လကုန်လောက်မှာ ကျင်းပမယ့် Japan Mobility 2025 ပွဲမှာ world debut အဖြစ် တရားဝင် မိတ်ဆက်ပွဲထုတ်သွားနိုင်ဖွယ်ရှိပြီး အာဆီယံဈေးကွက် အတွက်ကိုတော့ ကနဦး အနေနဲ့ ထိုင်းနိုင်ငံမှာ လာမယ့် November လကုန်လောက်မှာ ကျင်းပမယ့် Motor Expo ပွဲမှာ မိတ်ဆက်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာတော့ Land Cruiser FJ ရဲ့ patent image ပုံကြမ်းကိုသာ တွေ့မြင်နေရပြီး ကြားသိရသော သတင်းများအရ လာမယ့် 2026 မှ စတင်ကာ ထိုင်းနိုင်ငံ Chachoengsao Province မှာရှိတဲ့ Toyota ရဲ့ Ban Pho plant ကနေ ထုတ်လုပ်သွားမယ်လို့ သိရပါကြောင်း။
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
25/05/2025
Mitsubishi မှ EV ကားများကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်မည်
Mitsubishi မှထုတ်လုပ်သော လျှပ်စစ်ကားတစ်မျိုးဖြစ်တဲ့ MiEV Minicab EV ကားကို Thai နိုင်ငံ Chonburi မှာရှိတဲ့ Laem Chabang စက်ရုံမှာ တပ်ဆင်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Mitsubishi ဟာ MiniCab EV ကို Indonesia နိုင်ငံမှာ တပ်ဆင်ထုတ်လုပ်နေပြီးဖြစ်ကာ ထိုင်းနိုင်ငံဟာ အာဆီယံ ဒေသတွင်းမှာ ဒုတိယမြောက် Mitsubishi EV လျှပ်စစ်ကားထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာပါတယ်။ Mitsubishi MiniCab MiEV ဟာ Kei-segment အရွယ်အစားရှိ ကားတစ်မျိုးဖြစ်ပြီး (မြန်မာနိုင်ငံမှာ JDM MiniCab EV အစီးရေ အနည်းငယ်မျှရှိပါတယ်) စွမ်းဆောင်ရည် 41hp နဲ့ 196 Nm torque ထွက်ရှိတဲ့ လျှပ်စစ်မော်တာကို အသုံးပြုထားကာ အားအပြည့်သွင်းထားလျှင် အကွာအဝေး 150 km အထိ မောင်းနှင်နိုင်မယ့် 16 kWh lithium-ion battery ကို တပ်ဆင်ပေးထားပါတယ်။ Mitsubishi MiniCab MiEV ဟာ အသေးစား မြို့တွင်း လုပ်ငန်းသုံးအတွက်ကို ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး 2024 ခုနှစ်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ Lak Si Post Office နဲ့ Khlong Luang Post Office တို့မှာ pilot project အဖြစ် စမ်းသပ်အသုံးပြုခဲ့ကာ Charging Station များတပ်တင်အသုံးပြုခြင်း တို့ကိုပါ လုပ်ဆောင်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ Mitsubishi ရဲ့ ထုတ်ပြန်ချက်အရ MiniCab MiEV လျှပ်စစ်ကားကို တစ်ဦးတယောက်စီ ဝယ်ယူအသုံးပြုဖို့ လက်လီစနစ်ဖြင့် ရောင်းပေးမှာမဟုတ်ပဲ၊ စီးပွားရေးလုပ်ငန်းကြီးများနဲ့ အစိုးရ ဌာနဆိုင်ရာ ကဲ့သို့သော အဖွဲ့အစည်းများအတွက်ကိုသာ အရေအတွက်များစွာ အသုတ်လိုက် အမှာစာဖြင့်သာ လက်ခံထုတ်လုပ်ရောင်းချဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ သိရပါကြောင်း။
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
คลิกที่นี่เพื่อเป็นสมาชิก?