Ggi's Note

Ggi's Note

แชร์

08/10/2025

Nakhon Pathom မြို့ရဲ့ကျက်သရေဆောင်ဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစေတီဖြစ်တဲ့ Phra Pathomchedi ခေါ် နခေါပထုန်ဘုရားကြီး…

ခရီးသွားဧည့်သည်တွေအဆက်မပြတ်လာရောက်ဖူးမြှော်ပြီးဆုတောင်းကြပါတယ်..

ဘုရားရင်ပြင်မှာကျယ်ဝန်းပြီးသစ်ပင်ရိပ်တွေနဲ့အေးချမ်းလှပါတယ်…

တခါလောက်သွားရောက်ဖူးမြှော်သင့်တဲ့စေတီကြီးပါ..🙏🏻

လိုင်းကား no (402)ဆိုရင်ဘုရားကြီးရှေ့မှာဂိတ်ဆုံးပါတယ်..

02/10/2025

ပိတ်ရက်တွေမှာလူတွေစည်းကားနေပြီးမကြာသေးမှီကအသစ်ဖွင့်ထားတဲ့ Dusit Central Park..🌳

ပန်းခြံလေးဟာဆိုရင် Central Park shopping mall ရဲ့ (4လွှာကနေ7လွှာ)ထိရှိပြီးတော့ Rooftop Park ပုံစံလေးပါ..

အပေါ်ထပ်ကနေ လုံမနီ ပန်းခြံတခုလုံးကိုမြင်ရတဲ့အပြင်မြို့ပြရဲ့လှုပ်ရှားမှုကိုလဲခံစားလို့ရပါသေးတယ်..

ပန်းခြံထဲမှာ oxygen ထုတ်လွှတ်ပေးတဲ့အပင်လေးတွေအများကြီးစိုက်ထားတာကိုတွေ့ရပါတယ်.

Pet လေးတွေနဲ့အတူလမ်းလျှောက်ထွက်လို့ကောင်းတဲ့နေရာလေးတခုဆိုလဲမမှားပါဘူး..

Shopping ထွက်ရင်း relax လုပ်လို့ရမဲ့နေရာလေးပါ..

ညနေခင်းအချိန်လေးဆိုအရမ်းမိုက်…အခုကအသစ်ဖွင့်ထားတော့လူသွားအရမ်းများနေလို့အေးဆေးလည်ချင်တဲ့လူတွေအတွက်ပိတ်ရက်တွေမသွားဖို့အကြံပေးပါတယ်…

Train station ကထွက်တာနဲ့sky walk 3minsလောက်လျှောက်ရင်ရောက်တာမို့သွားလာရလွယ်ကူပါတယ်..

🚆BTS—Sala Daeng
MRT—Si Lom

Photos from Ggi's Note's post 01/10/2025

Koh Sichang is calling…🌊
Photo-crd

28/09/2025

🙆🏼‍♀️

27/09/2025

Bangkok မှာ Tourists တွေနဲ့ လူငယ်တွေအပြိုင်check-in လုပ်နေတဲ့Talad Noi ( street art )ဆိုတဲ့လမ်းလေးပါ.
Talad Noi & Song Wat Road တွေက street art နဲ့ coulourful wall art တွေကြောင့် hot spot ဖြစ်နေတာပါ..

Old building တွေအပြင် colorful wall arts တွေ နဲ့ ထူးထူးခြားခြား vibe တွေရှိတာမလို့
Photo shoot လုပ်လို့အရမ်းမိုက်ပါတယ်.

လမ်းတလျှောက်မှာလဲ hidden cafe’ တွေအပြင် social မှာpopular ဖြစ်နေတဲ့ဆိုင်လေးတွေရှိတာမလို့လိုက်ပတ်လျှောက်ကြည့်ပါ..

🚆MRT—Hua lamphong ကနေlocation

ထောက်ပြီးသွားနိုင်ပါတယ်..လမ်းလျှောက်သွားလို့လဲရ

Photos from Ggi's Note's post 26/09/2025
Photos from Ggi's Note's post 26/09/2025

အလုပ်အကိုင်တွေအဆင်ပြေစေဖို့ ငွေကြေးနဲ့ လာဘ်လာဘ

တွေ ပွင့်လန်းစေဖို့အတွက် လူတော်တော်များများ လာ

ရောက်ဆုတောင်းကြတဲ့ ဘန်ကောက်မြို့က မယ်တော်

ကျောင်း🙏

ထူးခြားတဲ့အချက်ကတော့ မယ်တော်ရဲ့ရုပ်ထုကို တိုက်ရိုက်ထိတွေ့ပြီး ဆုတောင်းလို့ရတာပါပဲ။ ကိုယ့်ရဲ့အခက်အခဲတွေဆန္ဒတွေကို မယ်တော်ရဲ့လက်ဖဝါးတော်ကိုထိပြီး အာရုံစိုက်ဆုတောင်းရင် အခက်အခဲတွေပြေလည်ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝတယ်လို့ယုံကြည်ကြပါတယ်။

အထူးသဖြင့်စီးပွားရေးနဲ့ ငွေကြေးကိစ္စတွေ အဆင်ပြေဖို့အတွက် ဆုတောင်းရင်ပိုပြီးထိရောက်တယ်လို့လည်း ဆိုကြပါတယ်။

ကိုယ်တိုင်သွားရောက်ဖို့ အဆင်မပြေသူတွေအတွက်လည်း ဒီပို့စ်လေးကို share ပြီး ဆုတောင်းထားနိုင်ပါတယ်။

အားလုံးရဲ့ဆုတောင်းတွေ ပြည့်ဝပြီး ကောင်းကျိုးတွေ ခံစားရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
🙏🙏🙏

Name : Wat Phai Ngoen Chotinaram
လိပ်စာ : 882 Chan 43 Alley, Bang Khlo, Bang Kho Laem, Bangkok 10120, Thailand

BTS—Saphan Taksin Exit 3ကနေ(1271) အနီရောင်၁၀Bတန်ကားကမယ်တော်

ကျောင်းရှေ့မှာဂိတ်ဆုံးပါတယ်။

ယုံယုံကြည်ကြည်ဆုတောင်းကြည့်ပါ။

တကယ်ပြည့်ဝပါလိမ့်မယ်။🙏🏻

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่

Bangkok