Anoni Mus

Anoni Mus

แชร์

30/01/2026

ရာသီဥတုမှာဆို အေးချမ်းလှတဲ့ ဆောင်းရာသီကို အရမ်း အရမ်းကြိုက်တယ်။ ဒါပေမယ့် ချမ်း အေးပြီး အေးစိမ့်နေတဲ့ ဆောင်းရာသီက ကျွန်တော့်ရင်ထဲက လွမ်းဆွတ် သတိရမှုတွေကို ပိုပြီးဖြစ်ပေါ်စေပါတယ်ဗျာ။

ပရိတ်သတ်တွေအတွက် အမြဲကြိုးစားနေမယ့်

25/12/2025

🎅 Merry Christmas ပါခင်ဗျာ 🎅 အေးချမ်းသာယာ ပျော်ရွှင်သော နေ့ရက်များကို ရယူ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

ပရိတ်သတ်တွေအတွက် အမြဲကြိုးစားနေမယ့်

21/12/2025

ရာသီဥတုက အေးအေးလေးနဲ့ ကွေးရမယ့် အခြေအနေမှာ မကွေးနိုင်ပါဘူးဗျာ။ ဆောင်းညတွေကို ကျော်ဖြတ်ဖို့.. ဆောင်းညတွေမှာ နွေးထွေးစွာ အိပ်စက် အနားယူနိုင်ဖို့ အနွေးဓာတ်လေးက စောင်နဲ့ဖက်လုံးလေးပေါ့ဗျာ။

နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ ဒီဆောင်းညတို့ ရှည်လျှား... စိတ်ကူးလား တစ်ကယ့်အဖြစ်ပျက်လား
ကိုယ့်အိမ်မက်တို့ ဝေဝါး...နွေးထွေးတဲ့ တို့ချစ်ခြင်းများ အတူတူထွေးပိုက်ထားချင်မိတာ ပြန်ဆုံခွင့်ရချင်တယ် ဒီဆောင်းမှာ...

ပရိတ်သတ်တွေအတွက် အမြဲကြိုးစားနေမယ့်

16/12/2025

လူတိုင်းမှာ အခက်အခဲ ကိုယ်စီနဲ့ပါခင်ဗျာ။ ထုတ်ပြောတတ်တာနဲ့ ထုတ်မပြောတတ်တာပဲ ကွာတာပါ ခင်ဗျာ။ ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက် တစ်စုံတစ်ရာ ဖြစ်စေခဲ့ရင် ကျွန်တော် အနူးအညွန့်တောင်းပန်ပါတယ်ခင်ဗျာ။

ပရိတ်သတ်တွေအတွက် အမြဲကြိုးစားနေမယ့်

12/12/2025

မြို့ရွာတော်တော်များများရဲ့ မနက်ခင်းနဲ့ ညခင်းတွေမှာ ဆောင်းရာသီရဲ့ အငွေ့အသက်ကို စတင်ခံစားနေရပြီလို့ ပြောကြတယ်။

ဆောင်းစဝင်ပြီလို့ ပြောကြတယ်။ ကျွန်တော် အခုရောက်နေတဲ့ နေရာမှာလည်း
မနက် ညဆို ရာသီဥတုက အေးလာတာ သိသာတယ်နော်။

ဆောင်းဝင်ပြီဆိုတော့ ရာသီဥတု အေးတယ်လို့ ခံစားရရင် နွေးနွေးထွေးထွေး ဝတ်ကြပါ ခင်ဗျာ။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါဗျာ။

ပရိတ်သတ်တွေအတွက် အမြဲကြိုးစားနေမယ့်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok