BURMA GATE

BURMA GATE

แชร์

11/06/2026

ရက်ရှ်ဖိုဒ်ကို မခေါ်ဖို ဆုံးဖြတ်လိုက်တဲ့ဘာစီလိုနာ
===========================
ဘာစီလိုနာဟာ မန်ယူတိုက်စစ်မှူးရက်ရှ်ဖိုဒ်ကို မခေါ်တော့ဖို
ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်
ဘာစီလိုနာဟာ ရက်ရှ်ဖိုဒ်ကို ပြီးခဲ့တဲ့ဘောလုံးရာသီက
အငှားနဲ့ ခေါ်ခဲ့တဲ့နေရာမှာ အငှားစာချုပ်သက်တမ်းပြည့်လို
အပြီး ခေါ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းနဲ့
ခေါ်မယ်လို မန်ယူနဲ့ သဘောတူထားခဲ့တာ ဖြစ်ပါတယ်
ဘာစီလိုနာဟာ ဘယ်တောင်ပံတိုက်စစ်အတွက်
နယူးကာဆယ်ကစားသမားအန်သိုနီဂေါ်ဒွန်ကို
ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက်မှာ
ရက်ရှ်ဖိုဒ်ကို အပြီးသတ် မခေါ်ဖို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်
ရက်ရှ်ဖိုဒ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘာစီလိုနာအတွက်
၁၄ ဂိုးအထိ သွင်းပေးခဲ့သူ ဖြစ်ပါတယ်
ဘာစီလိုနာဘက်က ရက်ရှ်ဖိုဒ်ကို သဘောတူညီထားတဲ့
ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းအောက် လျှော့ပေးဖို
ညှိနှိင်းတာကို မန်ယူဘက်က လက်မခံခဲ့လို မခေါ်ခဲ့တာလည်း ဖြစ်ပါတယ်
မန်ယူအနေနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်နေသေးတဲ့
ရက်ရှ်ဖိုဒ်ကို အသင်းမှာ ဆက်မထားချင်တာကြောင့်
အခြားအသင်း တစ်သင်းသင်းကို ရောင်းဖို ကြိုးပမ်းဖို များပါတယ်








#ရကရှ်ဖိုဒ်
#ဘာစီလိုနာ
#မနယူ
#ပရးမီးယာလိဂ်
#‌ဘောလုံးသတင်း
#အားကစားသတင်း
#နောက်ဆုံးရသတင်းများ

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

2 Charoenakorn Road, Klongsan
Bangkok
10600