BKK Promo Hub

BKK Promo Hub

แชร์

14/06/2025

Design တူရင်တူမယ် ဝတ်ရတဲ့ခံစားချက်ချင်းမတူဘူး

"Uniqlo" ဖက်ရှင်လောကရဲ့ သိပ္ပံပညာရှင် 🔵

Uniqlo က သာမန် သက်တောင့်သက်သာရှိတဲ့ နေ့စဉ်ဝတ်တွေ ထုတ်လုပ်နေတဲ့ Company ပဲ မဟုတ်ဘူး။ Elon Musk ကို အနာဂတ်အတွက် Mad Visionary လို့ပြောမယ်ဆိုရင် Uniqlo က ဖက်ရှင်လောကရဲ့ Mad Visionary ပဲ။ ဂျပန်ဖက်ရှင်လောကကို အဆင့်မြှင့်ဖို့ ရည်ရွယ်ချက်နဲ့ Uniqlo Lab မှာ စမ်းသပ်ပြီး လူသုံးကုန်တွေဖြန့်ချီတာ။ ရှင်းရှင်းပြောရရင် သူတို့ရဲ့ ထုတ်ကုန်အများစုက သိပ္ပံပညာနဲ့ လူမှု့ဘဝကြားကို ပေါင်းစပ်ထုတ်ထားတာမျိုး။ အသုံးလည်းကျမယ်၊ ဝတ်ရတာလည်းပျော်မယ်။

🟠 ဒီတော့ နေ့စဉ်ဖက်ရှင်ဘက်မှာဆို စွန့်ဦးတီထွင်ဦးဆောင်နေတဲ့သူပဲ။

ဘာလို့ စွန့်ဦးတီထွင်သူလဲဆိုတော့ ထုတ်ထားတာတွေလည်း ကြည့်ဦး။

➡️ Heattech: အနွေးထည်တွေရဲ့ iPhone လိုပဲ။ ခန္ဓာကိုယ်က ထွက်တဲ့ ရေငွေ့နဲ့ အပူကို ပြန်လည်စုပ်ယူ၊ အနွေးဓာတ်အဖြစ် ပြောင်းလဲပေးတဲ့ ဆံချည်မျှင်နည်းပညာကို သုံးပြီး Uniqlo lab မှာ စမ်းသပ်၊ ထုတ်လုပ်ပေးထားတာ။ ဆောင်းရာသီရောက်တာနဲ့ "Heattech ဝတ်ရမယ်" ဆိုတာမျိုး လူတိုင်းလိုလို သုံးနေကြတဲ့ အရာတစ်ခုဖြစ်နေပြီ။

➡️ AIRism: ပုံမှန်အဝတ်တွေထက် လေဝင်လေထွက်ပိုကောင်းလို့ ပေါ့ပါးအေးမြတဲ့ အဝတ်မျိုး။ အတော်လေးကို ပါးပြီး ချောမွေ့တဲ့ Microfibers တွေနဲ့ လုပ်ထားတာမို့ ချွေးစုပ်လည်းမြန်၊ အခြောက်လည်းမြန်လို့ ချွေးတအားထွက်ရင်တောင် အနံ့ဆိုးထွက်တာလည်းမရှိ။ ဝတ်ရတာလည်း ခြောက်သွေ့ပေါ့ပါးနေရော။

➡️ Ultra Light Down Jacket: နာမည်အတိုင်းပဲ။ "Ultra Light - အရမ်းပေါ့ပါး" ပြီး "Down - ငှက်မွှေးနု" နဲ့လုပ်ထားတဲ့ Jacket။ ခရီးသွားသွား၊ ဘယ်သွားသွား လေးလည်းမလည်းဘဲ သေးသေးလေးခေါက်ထားလို့ရတယ်၊ အရမ်းနွေးလို့ အေးတဲ့နေရာတွေကို သွားရင်တောင် သူ့ကိုပဲ ဝတ်ထားရုံနဲ့ရတာမျိုး။

➡️Basic T-shirts & Jeans: Uniqlo အကြောင်းပြောရင် ဒါတွေကိုလည်း မေ့လို့မရဘူး။ Basic but Best ဆိုသလို သူ့ရဲ့ T-Shirts တွေ Jeans တွေက ရိုးရှင်းပေမယ့် အကြာကြီးအသုံးခံတဲ့အပြင် Quality ကလည်း အမြင့်ထဲကမို့ ဗီရိုထဲ မဖြစ်မနေထည့်ထားဖို့လိုမယ် ဆိုတာမျိုး။

အကြိုက်ဆုံးပြောရရင် AIRism ပဲ။ မြန်မာပြည်လို ရာသီဥတုအတွက်ဆို မရှိမဖြစ်လို့တောင် ပြောရမယ်။

- အသားက ထိလိုက်တာနဲ့ အေးတယ်
- ချွေးစုပ်တာမြန်တယ်၊ ရေခြောက်တာလည်းမြန်တယ်။
- အနံ့ဆိုးတွေ ဖယ်ပေးတဲ့ နည်းပညာလည်း ပါတယ်။
- ကိုင်လိုက်ရင် ချောမွေ့နူးညံ့နေတာ။
- ဆွဲသားလည်းပါလို့ ပျော့ပျော့လေး။
- အကြိုက်ဆုံးအချက်ကတော့ လေဝင်လေထွက်ကောင်းတာပဲ။

🔵 Uniqlo လို့ လူတိုင်းခေါ်နေကြပေမယ့် တကယ်က "Unique Clothing Warehouse” ။ ပထမဆုံး "Fast Retailing" လို့ (၁၉၈၈)မှာ ပြောင်းပြီးမှ (၁၉၉၁)မှာ "Unique Clothing Warehouse” ရဲ့အတိုကောက် "UNIQLO" ဖြစ်လာတာ။

🔵 Uniqlo ရဲ့အစက (၁၉၄၉)ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Ogori Shoji လို့ခေါ်တဲ့ ယောကျ်ားလေးအဝတ်အထည်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ချည်ထည်အဓိကရောင်းတဲ့ ဂွမ်းဆိုင်တစ်ဆိုင်ပါ။

🔵 (၁၉၉၈) ခုနှစ်လောက်တုန်းက Uniqlo က Fleece Jacket တွေကို ¥1,900 လောက်နဲ့ ရောင်းပေးခဲ့တာ။ အဲ့အချိန်တုန်းက အတော်လေး ရောင်းအားကောင်းခဲ့တဲ့အပြင် ပထမဆုံးအနေနဲ့ Uniqlo လို့ ပြည်တွင်းပြည်ပ လူသိလာစေတဲ့ အစ ဆိုလည်းမမှားဘူး။

🔵 Uniqlo က ဖက်ရှင်လောကရဲ့ သိပ္ပံပညာရှင်ဆိုတော့ သူတို့ရဲ့ R&D (Research & Development) ကို ဖက်ရှင်ဒီဇိုင်းထက် ပိုဦးစားပေးတယ်။ Heattech, AIRism, Ultra Light Down စတဲ့ နည်းပညာတွေက ဒီ R&D ရဲ့ ရလဒ်တွေပါ။ Quality နဲ့ Comfort ကို အဓိကထားတာဖြစ်ပြီး နေ့စဉ်ဝတ်ကနေ တစ်သက်တာဝတ်ဆိုတဲ့ Concept ကို ဖန်တီးခဲ့တာ။

🔵 (၂၀၀၃)ခုနှစ်မှာ HeatTech, (၂၀၀၄) မှာ AIRism, (၂၀၀၆)မှာ Ultra Light Down Jacket ဆက်တိုက် launch လုပ်ပြီး ကမ္ဘာကျော်လာခဲ့တာပါ။

ဒီနေ့ချိန်ထိ "LifeWear" ဆိုတဲ့ Concept နဲ့ ဦးဆောင်နေနိုင်တာက Quality အတွက်ဆို စိတ်ချရတယ်၊ စျေးသက်သာတယ်၊ နည်းပညာအသစ်တွေရှိတယ်၊ ရိုးရှင်းပြီး outfit မရွေးဘူး၊ ဝယ်သူတွေလိုအပ်ချက်ကို အမြဲလေ့လာနေတာတွေပဲ။

UNIQLO ကို အကြိုက်ဆုံးအချက်က အသစ်တွေလည်းထုတ်တယ်၊ ဒါပေမယ့် အဟောင်းကိုလည်းပြစ်မထားဘူး။ ရှိပြီးသားထုတ်ကုန်တွေကို ပြန်ပြန်ပြီး အသစ်သစ်တိုးတက်အောင်လုပ်တယ်။

Uniqlo ရဲ့ ပိုင်ရှင် Tadashi Yanai ကိုယ်တိုင်က "အနုပညာနဲ့ ဒီဇိုင်းက ကောင်းမွန်တဲ့ ဂျင်းတစ်ထည်ကို ဖန်တီးလို့မရဘူး။ ကောင်းမွန်တဲ့ ဂျင်းတစ်ထည်ကို ဖန်တီးဖို့က သိပ္ပံနဲ့ နည်းပညာပဲ လိုတာ" လို့ ပြောခဲ့ဖူးတယ်။ Uniqlo အောင်မြင်မှုနောက်ကွယ်က အတွေးအခေါ်လို့ပြောရမယ်။

ဒီတော့ မေးစရာရှိလာပြီ။

🟠 "Uniqlo က ဖက်ရှင်လောကကို နည်းပညာနဲ့ ပြောင်းလဲခဲ့တာလား၊ ဒါမှမဟုတ် တကယ်ကို ရိုးရှင်းတဲ့ အဝတ်အစားတွေပဲ ထုတ်နေတာလား"

➡️➡️⬇️⬇️🔵

Photos from BKK Promo Hub's post 11/06/2025

Korea Top - 18800 Mmk 📍‼️

ဆွဲသားပါလို့ ရင်28 ကနေ 38 ထိရပါတယ်‌ေ‌‌နာ်

💥 Org Price 40k 50 k က‌ေ‌ကျာ်ကို 50%Off sales ရှိလို့ ဒီဈေးနဲ့ရမှာပါနော် ။

🇹🇭𝙳𝚒𝚛𝚎𝚌𝚝 𝚏𝚛𝚘𝚖 𝙱𝙺𝙺 🇹🇭
🏷️ Fully Prepaid
🏷️ Waiting time - 2 to 3 Weeks

SHEIN,Lazada,Shopee, TikTok shop နဲ့တခြားထိုင်းနိုင်ငံကလိုချင်တာရှိရင်လဲ အားမနာတမ်းမေးပြီး Supplier ခသက်သာစွာနဲ့အကုန်မှာလို့ရပါတယ်ရှင် ❤️

-------------------------------------------
Disclaimer: No copyright infringement intended. Products of these photos are for resell purpose only. We do not own the trademarks of any products. All rights and credits go to the rightful owner

Photos from BKK Promo Hub's post 11/06/2025

Men Old Money Fashion Collections- 49900 Mmk 📍‼️

💥 Org Price 70k 80 k ဝန်းကျင်ပေါက်တဲ့ Luxury Quality ကိုဒီဈေးနဲ့ရမှာပါနော် ။

💥 Size chart လေးပါတင်ပေးထားတယ်နော်

🇹🇭𝙳𝚒𝚛𝚎𝚌𝚝 𝚏𝚛𝚘𝚖 𝙱𝙺𝙺 🇹🇭
🏷️ Fully Prepaid
🏷️ Waiting time - 2 to 3 Weeks

SHEIN,Lazada,Shopee, TikTok shop နဲ့တခြားထိုင်းနိုင်ငံကလိုချင်တာရှိရင်လဲ အားမနာတမ်းမေးပြီး Supplier ခသက်သာစွာနဲ့အကုန်မှာလို့ရပါတယ်ရှင် ❤️

-------------------------------------------
Disclaimer: No copyright infringement intended. Products of these photos are for resell purpose only. We do not own the trademarks of any products. All rights and credits go to the rightful owner

Photos from BKK Promo Hub's post 11/06/2025

Men Old Money Fashion - 49900 Mmk 📍‼️

💥 Org Price 60k 80 k ဝန်းကျင်ပေါက်တဲ့ Luxury Quality ကိုဒီဈေးနဲ့ရမှာပါနော် ။

💥 Size chart လေးပါတင်ပေးထားတယ်နော်

🇹🇭𝙳𝚒𝚛𝚎𝚌𝚝 𝚏𝚛𝚘𝚖 𝙱𝙺𝙺 🇹🇭
🏷️ Fully Prepaid
🏷️ Waiting time - 2 to 3 Weeks

SHEIN,Lazada,Shopee, TikTok shop နဲ့တခြားထိုင်းနိုင်ငံကလိုချင်တာရှိရင်လဲ အားမနာတမ်းမေးပြီး Supplier ခသက်သာစွာနဲ့အကုန်မှာလို့ရပါတယ်ရှင် ❤️

-------------------------------------------
Disclaimer: No copyright infringement intended. Products of these photos are for resell purpose only. We do not own the trademarks of any products. All rights and credits go to the rightful owner

Photos from BKK Promo Hub's post 11/06/2025

🪼🪼 JELLY BUNNY 50% OFF SALES
End of Season Promotion

မူရင်းစျေး 1 သိန်းကျော်ကနေ လျှော့တာဖြစ်လို့ လိုချင်တာရှိရင် ယူချပစ်လိုက်နော်😍

ဘတ်ဈးမငြိမ်လို့price ကို Cb လာမေး ပေးနာ်

ရေစိုခံ Jelly ဖိနပ်လေးတွေက ချစ်စရာ design လေးတွေနဲ့ လူကြီး လူငယ် အားလုံးအတွက် ရွေးချယ်စရာလည်း တော်တော်များပါတယ်။

Direct from Bkk 🇹🇭

🇹🇭 𝙳𝚒𝚛𝚎𝚌𝚝 𝚏𝚛𝚘𝚖 𝙱𝙺𝙺 🇹🇭
🏷️ Fully Prepaid
🏷️ Waiting time - 2 to 3 Weeks
ဆိုင်သမားများ supplier fees နဲ့ လက်ကားဈေးသီးသန့်ဝယ်ချင်လည်းရပါတယ်ရှင့်
SHEIN,Lazada,Shopee, TikTok shop နဲ့တခြားထိုင်းနိုင်ငံကလိုချင်တာရှိရင်လဲ အားမနာတမ်းမေးပြီး Supplier ခသက်သာစွာနဲ့အကုန်မှာလို့ရပါတယ်ရှင် ❤️

-------------------------------------------
&Na

Photos from BKK Promo Hub's post 11/06/2025

🧡 Venalisa Thailand Made Shoes🧡

ဒီနေ့ဘတ်‌ဈေးလးတက်နေလို့ နောက်ရက်တွကျရင် ကျဈေးနဲ့ပြန်ရောင်းပးပါမယ်ရှင်....

🧡 Office shoe စီးမလား Daily စီးမလား

🧡 ထိုင်းပြည်တွင်းထုတ်မလို့ Quality လဲ စိတ်ချရပါတယ်ရှင်

🧡 ဘန်ကောက် ဆိုင်ကနေ တိုက်ရိုက် ပစ္စည်းအစစ်သာဝယ်‌ေပးပါတယ်ရှင့်

🇹🇭 𝙳𝚒𝚛𝚎𝚌𝚝 𝚏𝚛𝚘𝚖 𝙱𝙺𝙺 🇹🇭
🏷️ Fully Prepaid
🏷️ Waiting time - 2 to 3 Weeks
ဆိုင်သမားများ supplier fees နဲ့ လက်ကားဈေးသီးသန့်ဝယ်ချင်လည်းရပါတယ်ရှင့်
SHEIN,Lazada,Shopee, TikTok shop နဲ့တခြားထိုင်းနိုင်ငံကလိုချင်တာရှိရင်လဲ အားမနာတမ်းမေးပြီး Supplier ခသက်သာစွာနဲ့အကုန်မှာလို့ရပါတယ်ရှင် ❤️

-------------------------------------------
&Na
Disclaimer: No copyright infringement intended. Products of these photos are for resell purpose only. We do not own the trademarks of any products. All rights and credits go to the rightful owner

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายของ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok