24 FPS
16/04/2026
DJI Osmo Pocket 4 ထွက်ပါပြီ
Spec အရ Pocket 3 နဲ့ ထွေထွေထူးထူး အရမ်းကြီးမကွာသလို ဈေးလည်း အများကြီးသိပ်မကွာပါဘူး
Image Sensor Size ပိုကြီးသွားမယ် Slo-motion အတွက် 4k - 240 fps အထိ ရမယ် ပြီးတော့ Built In memory 107 GB ပါပါမယ် Speed ကတော့ 800 MB/s နဲ့ အဲ့ဒါကိုမှPocket 3လို SD card ထပ်စိုက်လို့ရပါမယ်
Battery ကို 1300 mAh ကနေ 1545 mAh အထိ တိုးပေးထားပါတယ် 36W QC support လည်းပေးထားပါတယ်
DJI Pocket 4 specs
================°
Sensor size 1 inch 50 MP (Maximum detail capture 37 MP at 1:1 ratio) Dynamic Range improves 2 Stops
- Lens are the same 20 mm f/2. Focus closest to 20 cm.
Lossless Zoom
Video 4K 120 FPS > 4K 240 FPS
6 types of Film Tone
D-Log M > D-Log does better color.
Low Light Video Mode
Built-in capacity 107 GB with micro SD Card
support.
Supports Wi-Fi 6 / USB 3.1
Battery increased to 1545 mAh from 1300 mAh. Fast charging up to 36w.
ဈေးနှုန်းကတော့
DJI Osmo Pocket 4 Standard Combo - 15,500 Baht
DJI Osmo Pocket 4 Creator Combo - 18,900 Baht
10/04/2026
White Balance (WB) ဆိုတာက
Camera က “အဖြူရောင်ကို တကယ်အဖြူဖြစ်အောင်” adjust လုပ်ပေးတဲ့ setting ပါ။
ဘာကြောင့်လိုအပ်လဲဆိုတော့
အလင်းရောင်တိုင်းမှာ color temperature မတူပါဘူး
Camera က မချိန်ထားရင် ပုံတွေက အဝါတောက်တောက်၊ အပြာတောက်တောက် ဖြစ်သွားနိုင်ပါတယ်
ဘာကြောင့် Professional photographer/Videographer တွေက Auto While Balance (AWB) ကိုမသုံးလဲဆိုရင် Auto White Balance (AWB) ကမကောင်းလို့မဟုတ်ပါဘူး Control မရလို့ဖြစ်ပါတယ် Auto White Balance (AWB) က camera ရဲ့ processor ကနေ automatic ချိန်တာဖြစ်လို့
Scene ပြောင်းတိုင်း WB လည်းပြောင်းတတ်ပါတယ်
ပထမဆုံးအချက်ကတော့ color မတည်ငြိမ်ခြင်း (inconsistent color) ကြောင့်ပါ
ဥပမာအနေနဲ့ AWB ထားပြီး camera pan လိုက်ရင် WB က Warm - Cool - Warm အရောင်တွေအမျိုးမျိုးပြောင်းနေပြီးတော့ results မှာ color shift ဖြစ်ပြီး flicker တွေထနိုင်ပါတယ် ဒါကို Photographer တွေတော်တော်များများက Raw မှာ color fix လို့ရပေမယ့် Videographer တွေအတွက်ကတော့ color fix ဖို့ခက်ခဲပါတယ်
ဒုတိယတချက်ကတော့ Shot Matching မရတာပါ
ကျွန်တော်တို့က shooting တခုမှာ colors တွေ themes တွေ vibes တွေတူရမယ် ဒါဆိုရင် ကျွန်တော်တို့က AWB နဲ့ရိုက်ရင် ပထမ sense တွေ ပုံတွေမှာ အရောင်တမျိုးထွက်ပြီး နောက်ထပ် နေရာပြောင်း အလင်းရောင်ပြောင်းပြီးရိုက်ရင် နောက်ထပ်အရောင်တမျိုးထပ်ပြီးထွက်လာမှာပါ ဒါဆိုရင်ကျွန်တော်တို့က Postproduction (Editing) မှာmatch လုပ်ရခက်ခဲသွားမှာပါ
နောက်တချက်ကတော့ Mix Lighting တွေမှာ AWB ပျက်တာပါ (ဥပမာအနေနဲ့ပြောရရင် Mixed lighting ဆိုတာက
အရောင်မတူတဲ့ အလင်းရောင် ၂ မျိုး (သို့) အများကြီးတစ်ခါတည်းရှိနေခြင်း ပါ ဒီလိုအချိန်မှာ skin tone မမှန်တာတွေ color shift ဖြစ်တာ ( Subject နေရာပြောင်းသွားရင် Camera က WB ကိုပြန် adjust လုပ်တတ် ) Objects တွေ color မမှန်တာ (အဖြူ shirt တစ်ခါတစ်လေ အဝါထင်
တစ်ခါတစ်လေ အပြာထင်) ဒါမျိုးတွေဖြစ်နိုင်ပါတယ်
နောက်ဆုံးတချက်ကတော့ Creative Control မရှိ (AWB ရဲ့အဓိကပြဿနာ)
Pro တွေက White Balance ကို color correct အတွက်တင်မဟုတ်ဘဲ style (mood) ဖန်တီးဖို့သုံးပါတယ်
• Warm cinematic look လိုချင်ရင် → Kelvin ကိုမြင့်ထား (warm tone)
• Cool / moody feel လိုချင်ရင် → Kelvin ကိုလျှော့ထား (blue tone)
ဒါပေမယ့် AWB သုံးလိုက်ရင်
Camera က “ဒါမမှန်ဘူး” လို့ယူဆပြီး auto ပြန်ညှိတတ်တယ် ကိုယ်တိုင်ချိန်ထားတဲ့ color mood ကို cancel လုပ်သွားပါတယ်
ပုံမှန်အားဖြင့် white balance (WB) ကို color temperature Kelvin (K) နဲ့တိုင်းတာပါတယ်
• 🔥 2000K – 3500K → Warm (အဝါ/လိမ္မော်)
• ☀️ 5000K – 6500K → Natural daylight
• ❄️ 7000K – 9000K → Cool (အပြာ)
Kelvin နည်းလေလေ = warm tone
Kelvin များလေလေ = cool tone
White Balance ရဲ့အရေးကြီးချက်
✔ Color Accuracy
• Skin tone မှန်ကန်
• Product color မပြောင်း
✔ Professional Look
• Video / photo က natural ဖြစ်တယ်
• Color grading လုပ်ရလွယ်တယ်
ဒါ့ကြောင့် Professional Photographer/ Videographer တွေက Auto White Balance (AWB) ကိုမသုံးဘဲ manual color ချိန်ရတဲ့ Kelvin (K) ကိုဘဲသုံးကြတာပါ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
10600