MMGA
🛑 ၁၄ ရက်အပြင်မထွက်ရေးကမ်ပိန်း
♦️သတိပြုနိုင်ရန်
၁၄ ရက်အပြင်မထွက်ရေးကမ်ပိန်းဆိုတာက အကြောင်းမရှိသေရေးရှင်ရေး မဟုတ်ရင် မသွားလာတာကို ဆိုလိုတာပါ။
စက်ရုံအလုပ်သမားတွေကတစ်နေ့လုပ်မှ တစ်နေ့စားဘ၀ တွေ ဖြစ်တဲ့ အတွက်က စိန်ခေါ်မှုကြီးပါတယ်။
အလုပ်ပါမသွားလို့ အလုပ်ပြုတ်သွားရင် လဲ မကောင်းပါဘူး။
ဘာမှမလုပ်ပဲ အိမ်မှာနေနိုင်တဲ့ အနေအထားရှိတဲ့ သူတွေက လုံး၀ အပြင်မသွားခြင်းဖြင့်ပါ၀င်ပါ။
စက်ရုံလုပ်သားတွေကတော့ အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ်ပဲ ရှိပါမယ်။
ဒီကြားထဲ လုံး၀ အပြင်မထွက်တာကို ဆိုလိုပါတယ်။
လမ်းသလားမှုလုံး၀ရှောင်ရှားရန်
ကျန်းမာရေးကိစ္စကတော့ မဖြစ်မနေ ထွက်ကြရတာ ရှိပါမယ်။
အလုပ်မသွားရင်လဲ ပလိန်းကြီး ၄ ရက် ၅ ရက် ဆက်တိုက်ပျက်ရင် အလုပ်ပြုတ်သွားနိုင်တယ်မဟုတ်လား။
သောက်စားတဲ့နေရာတွေလုံး၀မသွားနဲ့၊ပွဲလမ်းသဘင်နေရာတွေလုံး၀မသွားနဲ့၊အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် အဲလိုပဲ ဖြစ်စေချင်ပါတယ်။
ကျနော်တို့စုစည်းရင်ရပါတယ်။
ကွန်ပလိန်းတွေသိပ်မတက်တာကောင်းပါတယ်။
၁၀ ရက်ကျော်နဲ့ ဒီမှာ လုံလုံခြုံခြုံနေနိုင်မဲ့ အခြေအနေနဲ့ လဲလိုက်တာပါ။
အချိန်တစ်ခု နေရအုံးမဲ့ နိုင်ငံဖြစ်တာကြောင့် အရိုးများသလေး ချေးခါးသလေး လုပ်လို့မရပါဘူး။
အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။
စား၀တ်နေရေး အခက်အခဲ မရှိသူတွေ အေးဆေးနေနိုင်သူတွေကတော့ ရာနှုန်းပြည့်ပါ၀င်နိုင်မယ်လို့ ယုံကြည်ပါတယ်။
နှုတ်ခမ်းမွှေးဘက်ကိုတောင် ပြန်လှည့်သွားမဲ့ အခြေ အနေ ဖြစ်တာကြောင့် တစ်ခါတည်းဖြေရှင်းလိုက်နိုင်မဲ့နည်းလမ်းလဲ ဖြစ်ပါတယ်။
ထိုင်းရောက်မြန်မာနိုင်ငံသားတွေဒီရက်တွေမှာ အထူးဂရုစိုက်တာကောင်းပါတယ်။နယ်စပ်နေရာတွေမှာပိုပြီးသတိထားရမဲ့အချိန်ဖြစ်နေပြန်ပါတယ်။
နေရာစုံမှာခုတ်မှု၊ရိုက်မှုတွေတစ်ချိန်ထဲ ဖြစ်နေတဲ့အချိန် T မီဒီယာတွေရဲ့ Highlights လုပ်ဖော်ပြမှုတွေကလဲ ဒီပြသာနာတွေကို ပိုဆိုးတဲ့အမြင် ဖြစ်လာအောင်လုပ်နေတာမျိုး ဖြစ်သွားပါတယ်။
အားလုံးဂရုစိုက်ကြပါ။
စိတ်အလိုလိုက်ပြီးတုံ့ပြန်တာတွေလဲ မဖြစ်အောင်ဂရုစိုက်ပါ။
တစ်ခဏတာ ဖြစ်လာတဲ့ဒေါသနောက်ကို လိုက်မိရင်းနဲ့ မဆုံးနိုင်တဲ့ နောက်ဆက်တွဲတွေ၊အကျိုးဆက်တွေကို ကိုယ်တစ်ဦးတည်းမဟုတ်ပဲ အများက ဆက်ကြုံတွေ့ရနိုင်လို့ဖြစ်ပါတယ်။
တစ်ချို့တွေလဲ စာတွေတင်ပြီး မေတ္တာရပ်ခံနေတာတွေလုပ်နေကြတာတွေ့ပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျ။
ဂရုစိုက်ကြပါမိတ်ဆွေတို့ခင်ဗျာ။
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
10240