MM Tech Help
11/07/2025
Customer တယောက်အပ်ထားတဲ့
YouTube channel အတွက် Adsense PIN စာအိတ်လေး နှစ်ပတ်ကျော် အကြာမှာ ရောက်လာခဲ့ပါပြီ 📩
10/06/2025
Elon Musk ရဲ့ ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုဖြစ်တဲ့ Starlink ဟာ အိန္ဒိယဈေးကွက်ကို စတင်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး အလွန်သက်သာတဲ့ စျေးနဲ့ ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်
Starlink ဟာကမ္ဘာ့ပတ်လမ်းနိမ့် (LEO) ဂြိုဟ်တုတွေကို အသုံးပြုပြီး မြန်နှုန်းမြင့် အင်တာနက်ကို ပေးနေတာဖြစ်တာကြောင့် အိန္ဒိယလို ကျယ်ပြန့်တဲ့ ပထဝီဝင် အနေအထားနဲ့ အင်တာနက် ဝန်ဆောင်မှု လုံလောက်စွာမရသေးတဲ့ ဒေသတွေ များတဲ့ နိုင်ငံအနေနဲ့ Starlink ရဲ့ နည်းပညာဟာ ကျေးလက်နဲ့
ဝေးလံခေါင်သီတဲ့ ဒေသတွေ အတွက် အင်တာနက်သုံးစွဲမှုဆိုင်ရာ ပြောင်းလဲမှုတခုကို ယူဆောင်ပေးနိုင်စွမ်း ရှိပါတယ်။
Starlink အနေနဲ့ အိန္ဒိယရဲ့ တယ်လီကွန်မြူနီကေးရှင်းဌာန (DoT) ကနေ နိုင်ငံအတွင်းမှာ လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ရရှိထားပြီဖြစ်ပြီး လုပ်ငန်းစတင် လည်ပတ်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။
သတင်းတွေအရ Starlinl ဟာ 600 Gbps ကနေ 700 Gbps အထိ Bandwidth နဲ့ ကနဦး လုပ်ငန်းစတင်မှာဖြစ်ပြီး အသုံးပြုသု ၃ သောင်းကနေ ၅ သောင်းဝန်းကျင်ထိ ဝန်ဆောင်မှုပေးသွားမယ်လို့သိရပါတယ်။
၂၀၂၇ လောက်မှာတော့ 3 Tbps Bandwidth အထိ တိုးချဲ့သွားမယ်လို့ သိရပါတယ်။
ဈေးနှုန်းတွေအနေနဲ့ တလကို $10 ဝန်းကျင် ကနေ စတင်မှာဖြစ်ပြီး လက်ရှိ တခြားဒေသတွေက စျေးနှုန်းတွေနဲ့ ယှဉ်ရင် အများကြီး သက်သာနေပါတယ်။
ကမ္ဘာတစ်ဝန်းမှာ Starlink ရဲ့ စျေးနှုန်းဟာ $250 ကနေ $380 အထိ ရှိပါတယ်။ အိန္ဒိယက သုံးစွဲသူတွေအနေနဲ့ Starlink ကို တစ်လကို $10 နဲ့ ရရှိနိုင်တာဟာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု မရှိတဲ့ ဒေသ တွေက သုံးစွဲသူတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ အိမ်နီးချင်း ကျနော်တို့မြန်မာနိုင်ငံအနေနဲ့လည်း ဂြိုလ်တုအင်တာနက်ကို အခုလို ဈေးသက်သက်သာသာနဲ့ သုံးနိုင်မယ်ဆိုရင် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေအတွက် အတော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
เวลาทำการ
| จันทร์ | 08:00 - 23:00 |
| อังคาร | 08:00 - 23:00 |
| พุธ | 08:00 - 23:00 |
| พฤหัสบดี | 08:00 - 23:00 |
| ศุกร์ | 08:00 - 23:00 |
| เสาร์ | 08:00 - 23:00 |
| อาทิตย์ | 08:00 - 23:00 |