K H
28/03/2023
🙂
Stress တွေဖြေလျှော့နိုင်တဲ့ဝိုင်းလေးတစ်ဝိုင်း⭕
ဘီယာဝိုင်းလား.. လောင်းကစားဝိုင်းလား.. No No!
သံစဉ်တွေနဲ့ပြည့်နှက်နေမယ့်ဝိုင်းလေးတစ်ဝိုင်းပေါ့
ဒီထဲမှာဂစ်တာကျွမ်းတဲ့ကောင်လည်းပါသလို ခုမှစလေ့ကျင့်တဲ့ကောင်လည်းပါမယ်
သီချင်းဆိုကျွမ်းတဲ့သူလည်းပါသလို နောက်ကလိုက်ဆိုနေတဲ့ကီးကြောင်ကောင်လည်းပါမယ်
ဒါပေမယ့်သာယာနာပျော်ဖွယ်ဖြစ်သွားတာပဲ
မင်းကဘာဘွဲ့ရတာ.. မင်းကဘယ်လောက်ချမ်းသာတာ.. ဂုဏ်ဒြပ်တွေအားလုံးလည်း ဒီဝိုင်းရောက်တဲ့အခါ ဖျော်ဖြေသူနဲ့ခံစားသူဆိုတဲ့ ခေါင်းစဥ်တစ်ခုမဟုတ်တစ်ခုထဲအောက် ဝင်သွားရတာပဲ
“ ငါနဲ့နင်နဲ့ဘာကြောင့်ဝေးခဲ့ရ ” မေးခွန်းတွေနောက်မှာ “ အသည်းကွဲခဲ့တဲ့အမေ့ရဲ့သားလေးပြန်လာပြီ ” တွေလည်းဖြစ်ကုန်ရော
၁၉၀၀ ကျော်လောက်ကိုရောက်လိုက် ၂၀၂၃ ပြန်ရောက်လိုက် သီချင်းတွေနဲ့ အချိန်ခရီးသွားနေကြသလိုပါပဲ
ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ညသန်းခေါင်မှာဖြစ်ချင်ဖြစ်မယ်
နွေအလယ်နေ့ခင်းကြောင်ကြီးလည်းဖြစ်ချင်ဖြစ်မယ်
ဒါမယ့်စိတ်ကခန္ဓာကိုယ်နဲ့ကွာနေမိတော့ အပူချိန်တွေဘယ်တိုးနိုင်ပါတော့မလဲ
ကိုယ်ပိုင်ခံစားချက်တွေမပါပဲသီချင်းသံကိုခံစားပြီးတီးဆိုနေတဲ့ကောင်လည်းပါသလို တလောကမှ ကောင်မလေးထားခဲ့ခံရတဲ့ကောင်လည်းဆွေးလို့
အမေ့အိမ်ကိုသတိရနေတဲ့ကောင်ကလည်းဒီဝိုင်းမှာအလွမ်းဖြေနေလေရဲ့ ..
အခြေအနေတွေကွဲပြားပေမယ့် သူ့ Vibe နဲ့သူအဆင်ပြေနေတော့တာပါပဲ
ငါကဟို Music Taste မရှိလို့ဒီ Music Taste မဟုတ်လို့ဆိုတာလည်းမရှိဘူး
တီးသူ ရတဲ့သီချင်းတီးမယ် ဆိုတဲ့သူလည်းရတဲ့သီချင်းဆိုမယ် ဂစ်တာသံကြားမှာ သဘောထားကွဲပြားမှုတွေပျောက်ကွယ်နေတယ်
တချို့ကပလိန်းဆိုကြတယ် တချို့ကသောက်စရာတွေ တချို့ကယမကာတွေနဲ့ပေါ့..
သူ့အိမ်ဖိတ်ထားတဲ့တစ်ကောင်လည်း ရှုပ်ပွနေတာကိုသတိမထားမိတော့ဘူး
အိမ်မပိုင်တဲ့သူလည်းဖုန်းတဂွမ်ဂွမ်
ဘာမှန်းမသိ သူငယ်ချင်းခေါ်လို့လိုက်လာတဲ့ကောင်လည်းအိမ်ပြန်ဖို့ကိုမေ့ကုန်ရော..
တစ်ခါတလေ ကိုရေမွန်ရဲ့“ စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့ .. ”
လို့ဟစ်ကြပေမယ့်
မကြာပါဘူး နောက်နာရီဝက်လောက်ကျ “ အိုတစ်ယောက်ထဲမင်းမရှိရင်အသက်မရှင်ချင်ဘူးအချစ်ရယ်.. ” ဆိုပြီးဆရာငှက်သီချင်းနဲ့အဆွေးသံတွေထွက်လာကြပြန်ရော..
နေရာလား ..
တန်ဖိုးကြီးစတူဒီယိုခန်းထဲမှာလည်းဖြစ်တယ်
ရွာကထန်းတောထဲမှာလည်းဖြစ်တာပဲ..
တစ်ခါတလေမှာ လူငယ်တွေစုနေတဲ့ဂစ်တာဝိုင်းလေးတစ်ဝိုင်းဟာ လှုပ်ရှားရုန်းကန်နေကြရတဲ့လူငယ်တွေအတွက် စိတ်ဖြေလျှော့မှုအများကြီးပေးနိုင်ပါတယ်
ဒါပေမယ့် ပတ်ဝန်းကျင်ကိုအနှောက်အယှက်မဖြစ်စေဖို့ အသောက်အစားမများစေဖို့တော့လိုတာပေါ့ဗျာ..
ဂစ်တာဝိုင်းရဲ့နောက်ကွယ်မှာ ဆွေးနွေးတာတွေ ညီကိုသဖွယ်ရင်ဖွင့်တာတွေကလည်း ပြောမကုန်ပါဘူး
ဒါကလည်းမထူးဆန်းပါဘူးလေ
လူဆိုတာ ကျောက်ခေတ်ထဲကအုပ်စုဖွဲ့နေတတ်ကြတဲ့အမျိုးမဟုတ်လား..
ဘာရယ်မဟုတ်ပါဘူး
ခေါင်းထဲဝင်လာတဲ့ ဂစ်တာဝိုင်းအကြောင်းရေးထားတာပါ
တင်မယ်တင်မယ်နဲ့ အခုမှတင်ဖြစ်တာ
(ပုံကတော့ဂစ်တာဝိုင်းပုံရှာဖို့ခက်လို့ အေအိုင်နဲ့ပဲဆွဲလိုက်တော့တယ်🖌️)
|| https://t.me/moonlightxguitarchannel ||
Join my telegram channel
29/12/2022
😏😎
คลิกที่นี่เพื่อเป็นสมาชิก?
12/07/2024